အခုနှစ်အတွင်းရေလွှမ်းမိုးမှု ဒဏ်ခံရတဲ့ မိုးစပါးစိုက်ဧက တစ်သန်းခန့်သာရှိတဲ့အပြင် လက်ကျန်နဲ့ အရန်ဆန်တွေပါရှိတာကြောင့် ပြည်တွင်းစားသုံးမှုဖူလုံတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က နေသိရပါတယ်။
#Local_News
Published 13 August 2024
#ပြည်တွင်းစားသုံးမှုဖူလုံ #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
#Local_News
Published 13 August 2024
▪️ စင်ကာပူစွမ်းအင်ကုမ္ပဏီဖြစ်သည့် Sembcorp သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ ဓာတ်အား ပေးစက်ရုံကို ယာယီရပ်ဆိုင်းလိုက်ကြောင်း ဩဂုတ် ၁၂ ရက်က အသိပေးထုတ်ပြန်လိုက်သည်။
▪️ လျှပ်စစ်စွမ်အားဝန်ကြီးဌာနလက်အောက်ခံ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (EPGE) ထံ အခြေအနေများ တင်ပြခဲ့ပြီးနောက် လုပ်ငန်းပိတ်သိမ်းရန်အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ လက်ရှိနယ်မြေ အခြေအနေများကြောင့် ယာယီရပ်ဆိုင်းခြင်းဖြစ်ကာ ဝန်ထမ်းများ၏ ဘေးကင်း လုံခြုံမှုသည် Sembcorp ၏ အဓိက ဦးစားပေးဖြစ်ကြောင်း ဖော်ပြထားသည်။
▪️ ထို့အပြင် အခြေအနေများ လုံခြုံတည်ငြိမ်သွားပြီဆိုပါက လုပ်ငန်းများ ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း သိရသည်။ Sembcorp သည် ၂၀၁၈ ခုနှစ်မှစတင်ပြီး မြင်းခြံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို စတင်လည်ပတ်ခဲ့ခြင်း ဖြစ်ပြီး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ၂၂၅ မဂ္ဂါဝပ် ထုတ်လုပ်ပေးနေသည့် စက်ရုံဖြစ်ကြောင်း သိရသည်။
▪️ Sembcorp အနေဖြင့် အခြေအနေများ လုံခြုံသွားပါက ကျိုးကြောင်းဆီလျော်စွာ လက်တွေ့လျင် မြန်စွာ လုပ်ငန်းများ ပြန်လည်စတင်ရန် ကြိုးပမ်း သွားမည်ဖြစ် ကြောင်းအသိပေးထားသည်။
#YMG/NN #Yangon_Times
ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့မှ ဆီလီကွန်ကုန်ကြမ်းတွေမဝင်တာ၊ ဈေးနှုန်းကြီးမြင့်တာတွေကြောင့် မြန်မာနိုင်ငံက ဆီလီကွန်ပုံတူပန်းပုရုပ်တုလုပ်ငန်း လုပ်ကိုင်နေသူတွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။
#Local_News
Published 13 August 2024
#ဆီလီကွန်ပုံတူပန်းပုရုပ်တု #ကုန်ကြမ်းပြတ်ပြီးဈေးနှုန်းတက်
#YMG/tthl #Yangon_Times
#Local_News
Published 13 August 2024
▪️ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ခန့်အပ်ခံရသည့်Ms. Ma Jiaသည် သြဂုတ်လ(၁၂) ရက်တွင် မြန်မာနိုင်ငံကိုရောက်ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။
▪️ Ms. Ma Jia သည် ၂၀ ယောက်မြောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဖြစ်ပြီး အာရှနှင့် အာဆီယံတွင် သံတမန်အတွေ့အကြုံများစွာရှိသည့်သူတစ်ဦးလည်းဖြစ်ကြောင်းသိရသည်။
▪️ သံအမတ်ကြီး Ms. Ma Jia ရောက်ရှိချိန်တွင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် သံတမန်ရေးရာဦးစီးဌာနမှ တာဝန်ရှိအရာရှိများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ အဓိကသံတမန်အရာရှိများမှလေဆိပ်တွင်ကြိုဆိုခဲ့ကြကြောင်း သိရသည်။
#YMG/tthl #Yangon_Times
၁၁ ဩဂုတ် ၂၀၂၄
မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းဒေသ ဆောလျင်စွာပြန်လည်တည်ငြိမ်လာစေဖို့ မျှော်လင့်တယ်လို့ တရုတ်နိုင်ငံက ပြောကြားလိုက်ပါတယ်။
ဩဂုတ်လ ၉ ရက်က တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှာကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတကာသတင်းဌာနတစ်ခုရဲ့ မေးမြန်းချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် မစ္စ မော်နင်း Ms. Mao Ning ကဖြေကြားသွားတာဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတွင် စစ်ပွဲဖြစ်ပွားသည်ကို တရုတ်အနေဖြင့် မတွေ့မြင်လိုဘူးလို့လည်း မစ္စမော်နင်းက ဆက်လက်ပြောကြားပါတယ်။ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ အခြေအနေပြောင်းလဲလာမှုကို အမြဲတစေ များစွာ ဂရုပြုလျက်ရှိတယ်လို့လည်း သူမကပြောပါတယ်။
တရုတ်နိုင်ငံက ယင်း၏နည်းလမ်းဖြင့် မြန်မာနိုင်ငံဘက်အသီးသီးက အပစ်အခတ်ရပ်စဲရန် အမြဲတစေ ဦးဆောင်ဖျောင်းဖျလျက်ရှိပြီး ဆွေးနွေးညှိနှိုင်းမှုဖြင့် ပြဿနာကိုဖြေရှင်းကာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုကို ဆောလျင်စွာ ဖော်ဆောင်ရန် လုပ်ဆောင်လျက်ရှိတယ်လို့လည်း မစ္စမော်နင်းက ဖြည့်စွက်ပြောပါတယ်။
တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာဆွေးနွေးရန် ဆက်လက် တက်တက်ကြွကြွတိုက်တွန်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တတ်စွမ်းသမျှပံ့ပိုးကူညီမှုများ လုပ်ဆောင်သွားမည်ဖြစ်တယ်လို့ သူမကပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
@ymg/knl
၅ ဩဂုတ် ၂၀၂၄
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ အခြေအနေများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်း ထွန်း က ဩဂုတ်၄ ရက်ညတွင် မီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။ ပြောကြားချက်အပြည့်အစုံကို ဖော်ပြပေးအပ် ပါတယ်။
@ymg/knl
ပျူမြို့ဟောင်းများမှ အသစ်တူးဖော်တွေ့ရှိရတဲ့ 'ပျူအက္ခရာနှင့်ပျူစာပေများ'အကြောင်း ဆွေးနွေးပွဲပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 4 August 2024
#ပျူမြို့ဟောင်း #'ပျူအက္ခရာနှင့်ပျူစာပေများ'
#YMG/tthl #Yangon_Times
Page 787 of 2481