ရန်ကုန်တိုင်းထဲက မှော်ဘီ၊ ကမ္ဘာအေးအပါအဝင် နေ့အပူအချိန်(၄၀) ဒီဂရီဆဲလ်ဆီးယပ်နဲ့ (၄၀)ဒီဂရီ ဆဲလ်ဆီးယပ်အထက်ရှိတဲ့ ဒေသ(၃၀)အထိရှိလာတယ်။ အပူဒဏ်ကြောင့်မူးဝေ၊ခေါင်းကိုက်တာ၊ ကြွက်တက်တာ၊ ချွေးခြောက်တာ၊ကိုယ်အပူချိန်မြင့်တက်တာ၊ သတိလစ်တာတွေမဖြစ်အောင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်တွေ လိုက်နာဖို့လိုတယ်။
Yangon_Times/tthl
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဘင်္ဂလားဒေရှ့နိုင်ငံကို တင်ပို့ဖို့ ချင်း(ဂျင်း)ထွက်ရှိတဲ့ဒေသမှာ ဝယ်ယူမှုများနေတဲ့ အတွက် ပြည်တွင်းဈေးကွက် မှာ ချင်းတစ်ပိသာကို ကျပ်၆၀၀၀ ကျော်သို့ ဈေးမြင့်တတ်လာတယ်လို့ ကုန်သည်တွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
၅ ဧပြီ ၂၀၂၄
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင် Chen Hai သည် မြန်မာအတာသင်္ကြန် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံခေါင်းဆောင်ဟောင်းများဖြစ်သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး(ငြိမ်း)တို့ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ၍ နှစ်သစ်ကူးဂါရဝပြုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန် ထားပါတယ်။
ထို့အပြင် တရုတ်သံရုံး ဒုတိယသံအမတ်ကြီး Cao Jing သည် ရန်ကုန်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦး၊ဝန်ကြီးချုပ်ဟောင်းဦးနု၏ သမီး ဒေါ်သန်းသန်းနုနှင့် မြန်မာတရုတ်ချစ်ကြည် ရေးအသင်း ဥက္ကဋ္ဌ ဟောင်း ဦးစိန်ဝင်းအောင်တို့ထံလည်း သွားရောက်ဂါရဝပြုခဲ့ကြောင်းသိရပါတယ်။
-ymg/knl
Published 5 April 2024
ရန်ကုန်တိုင်းအပါအဝင် နိုင်ငံတစ်ဝန်းရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များကို သင်္ကြန်ပွဲတော်ကာလ၌ နေ့စဉ် ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာန(ရန်ကုန်)မှ သိရသည် ။
မဟာသင်္ကြန်ပွဲတော်ကာလအတွင်း အများပြည်သူသွားလာမှုများ အဆင်ပြေချောမွေ့စေရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအပါအဝင် နိုင်ငံတစ်ဝန်းဖွင့်လှစ်ထားသော မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင်အများစုကို နေ့စဉ် ဖွင့်လှစ်ရောင်းချပေးသွားမည် ဖြစ်သည်။
အဓိကအားဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဆိုင်များကိုလည်း ယခင် သင်္ကြန်ကာလများ ထက်ပိုမိုဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး အပြင် မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ဆိုင် ၄၁ ဆိုင်တွင် ၃၄ ဆိုင်ကို နေ့စဉ်ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချပေးမည်ဖြစ်သည်။
အဆိုပါ မဟာသင်္ကြန်ကာလအတွင်း ဖွင့်လှစ်ပေးမည့် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ အရောင်းဆိုင်များအနေ ဖြင့် နံနက် ၅ နာရီမှ ည ၇ နာရီထိ ဖွင့်လှစ်ရောင်းချပေးသွားမည် ဖြစ်ပြီး သင်္ကြန်ကာလအတွင်းမှာ ယာယီပိတ်ထားလျက်ရှိ သည့် အရောင်းဆိုင်များကိုတော့ ဧပြီလ ၁၈ ရက်မှ စတင်ပြီး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်းသိရသည် ။
မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၄၁ ဆိုင်၊ မန္တလေးတိုင်း ဒေသကြီးတွင် နှစ်ဆိုင်၊ မကွေးတိုင်းဒေသကြီးတွင်သုံးဆိုင် စုစုပေါင်း ၄၆ ဆိုင်ရှိကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 5 April 2024
ထိုင်း နိုင်ငံ ကန်ချနဘူရီခရိုင် မင်အ်မြို့ နောင်ဘွန်ကျေးရွာ အုပ်စု ၄ ရှိ စွန့်ပစ်အိမ်တစ်အိမ်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၂၀ ခန့်ကို ဧပြီ ၄ရက် က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရသိရသည်။
ထိုင်းအာဏာပိုင်များထံ မြန်မာအလုပ်သမားများ နေထိုင်သည်ဟု သတင်းပေးရရှိသဖြင့် နံနက်၉ နာရီအချိန့်တွင် ဒေသခံအာဏာပိုင်အဖွဲ့များ သွားရောက်စစ်ဆေးခဲ့ရာ မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါနေအိမ်တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာအလုပ်သမား အမျိုးသား ၉၄ဦး အမျိုးသမီး ၂၉ဦး စုစုပေါင်း ၁၂၃ ဦး တွေ့ရှိ ပြီး ဖမ်းဆီးခဲ့ကြောင်း သိရသည်။
စစ်ဆေးမေးမြန်းချက်အရ ယင်းအလုပ်သမားများသည် ပွဲစားကို အလုပ်သမား တစ်ဦးလျှင် လမ်းခရီးအကွာအဝေးပေါ်မူတည်ပြီး ဘတ် ၁၅၀၀၀မှ ဘတ်၃၀၀၀၀ထိပေးရကာ ယခုနေအိမ် တွင် လာကြိုမည့်ကားသမားကို စောင့်နေကြောင်းသိရှိရသည်။
ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမား များ ကို အားလုံးကို ကန်ကျနဘူရီ လူဝင်မှုကြီးကြပ်ရေးသို့ ပို့ဆောင်ပြီးနောက် ဥပဒေအရ အရေးယူဆောင်ရွက်ပြီးလျှင် မိခင်နိုင်ငံထံ ပြန်လည်လွှဲပြောင်း ပို့ဆောင်မည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင်ဖေါ်ပြထားသည်။
Yangon_Times/LW
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 5 April 2024
ရန်ကုန်မြို့တော် မဟာ သင်္ကြန်ပွဲတော်တွင် ပြည်သူများ အန္တရာယ်ကင်းစွာလာရောက် လည်ပတ်ရေကစားနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ အစည်းအဝေး ကိုဧပြီ ၃ရက်က ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ထံ ကသိရသည်။
အဆိုပါ အစည်းဝေးကိုပြည်သူ့ရင်ပြင်ရှိ ကွပ်ကဲရေးရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအစည်းဝေးတွင် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြည်သူ့ရင်ပြင်နှင့် မြို့တော် ခန်းမတွင်ကျင်းပမည့် သင်္ကြန် ပွဲတော်များသို့ လာရောက် လည်ပတ် ရေကစားကြမည့် ပြည်သူများ အန္တရာယ်ကင်းစွာ လည်ပတ် ရေကစားနိုင်ရေး၊ မဟာသင်္ကြန်ပွဲတော် အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးပိုင်းဆိုင်ရာများကို အလေးထားဆောင်ရွက်သွား ကြရန်လိုအပ်ကြောင်း၊ လုံခြုံရေး ကျိုးပေါက်မှုဖြစ်စဉ်များ မဖြစ်ပွား စေရေးနှင့် ကော်မတီဝင်များ အနေဖြင့် သက်ဆိုင်ရာကဏ္ဍ အလိုက် ပေါင်းစပ်ဆောင်ရွက် သွားရန် လိုအပ်ကြောင်းနှင့် လုံခြုံရေးစီမံချက်ပါအတိုင်း တိတိကျကျလိုက်နာ၍ အကောင် အထည်ဖော် ဆောင်ရွက်သွား ကြရန်လိုအပ်ကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် အမှတ် (၂)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး၊ ကွပ်ကဲရေးမှူး ရဲမှူးချုပ်ဝင်းမင်း သိန်းက ကော်မတီမှ ဆောင်ရွက် မည့် လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး ရှင်းလင်းတင်ပြချက်များ နှင့်ပတ်သက်၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက မဟာသင်္ကြန်ပွဲတော် အစမှ အဆုံးတိုင် အန္တရာယ်ကင်းကင်း ဖြင့် အဆင်ပြေချောမွေ့စွာပြီးစီး အောင် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ တပ်ဖွဲ့များနှင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်သွားကြရန်မှာကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/ မြို့နယ်များတွင် ဗဟိုမဏ္ဍပ် (၄၃) ခု၊ ရေကစားမဏ္ဍပ် (၁၇၆)ခု၊ လမ်းလျှောက်သင်္ကြန် (၂)ခုတို့ဖြင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
' ငွေကြေးနဲ့ပတ်သက်တဲ့ ချေးငွေ၊ ဆုကြေးစတဲ့ အွန်လိုင်းကနေ အုပ်စုဖွဲ့လိမ်လည်မှုတွေ ဆက်လက်ရှိနေတယ်လို့ ကျုးလွန်ခံရသူတွေဆီက သိရပါတယ် '
Yangon_Times/NN
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 609 of 2131