၂၈ ဖေဖော်ဝါရီ ၂၀၂၅
နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း နိုင်ငံတော် အဆင့် တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်မည် ဖြစ်ကြောင်းသိရ သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်က ဖိတ် ကြား၍ သွားရောက်ခြင်းဖြစ်ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ချစ်ကြည်ရေးခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံ ဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ်နှင့်တွေ့ဆုံ ဆွေးနွေးခြင်း၊ ရုရှားနိုင်ငံ ဒူးမား လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်းများ အပါ အဝင် ရုရှားအစိုးရ အဖွဲ့မှတာဝန်ရှိ သူများနှင့် တွေ့ ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက် သွားမည်ဖြစ်ပြီး ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေး ဆောင်ရွက်သွား မည်ဟုလည်းသိရသည်။
အဆိုပါချစ်ကြည်ရေးခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီးနှင့်အတူ နစကကောင်စီအဖွဲ့ဝင်များနှင့် အစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားမည်ဖြစ်ကြောင်းလည်း အဆိုပါသတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။