သင်္ကြန်ကာလနီးလာ၍ရွှေဈေးကွက်အေးနေ'သင်္ကြန်နီးလာတော့ ရွှေကုန်သည်တွေက ပြည်တွင်း၊ ပြည်ပခရီးစဉ်တွေသွားလာနေကြတဲ့အတွက် ဈေးကွက်ထဲအရောင်းအေးနေတာဖြစ်ပါတယ်'
#Local_News
Published_ 08 April 2024
#ရွှေဈေးကွက်အေးနေ #သင်္ကြန်ကာလနီး
#YMG/NN #Yangon_Times
သင်္ကြန်နဲ့ကထိန်မှာ အိုးစည်ဒိုးပတ်တွေအမှာ အများဆုံးနိုင်ငံကထိုင်းနိုင်ငံဖြစ်ပြီး မလေးရှား၊ လာအို၊ ဂျပန်နဲ့ဩစတြေးလျနိုင်ငံတွေကလည်းအမှာ များနေတယ်။
(ဒို့ဗမာ အိုးစည်ဒိုးပတ်ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး)
#Local_News
Published_ 08 April 2024
#အိုးစည်ဒိုးပတ် #သင်္ကြန်နဲ့ကထိန်
#tthl #Yangon_Times #YMG_News #Yangon_Media_Group
၈ ဧပြီ ၂၀၂၄
ဗီဇာတစ်ခုတည်းဖြင့် မြန်မာနိုင်ငံအပါအဝင် အာဆီယံ ခြောက်နိုင်ငံကို ဝင်ရောက်နိုင်မည့် ပူးတွဲဗီဇာအစီအစဉ်တစ်ခုကို ထိုင်းနိုင်ငံက ဖြစ်မြောက်ရေးကြိုးစားနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းအရသိရပါတယ်။
ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်းသည် ရှန်ဂန်ပုံစံဗီဇာ Schengen-type မျိုးကို ကမ္ဘောဒီးယား၊လာအို၊ မလေးရှား၊ မြန်မာ၊ဗီယက်နမ်တို့နှင့်အတူ ဆောင်ရွက်ဖို့ ပြီးခဲ့တဲ့လတွေအတွင်း ဆွေးနွေးခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
အဆိုပါ အာဆီယံခြောက်နိုင်ငံဟာ ၂၀၂၃ခုနှစ်အတွင်းမှာ နိုင်ငံခြားသားခရီးသည် စုစုပေါင်း သန်း ၇၀ ဝင်ရောက်ခဲ့တာဖြစ် တယ်လို့ တရားဝင်ကိန်းဂဏန်းများအရသိရပါတယ်။ အဲဒီအထဲမှာ ထိုင်းနှင့် မလေးရှားတို့ဆီဝင်ရောက်တဲ့ခရီးသည်က စုစုပေါင်းရဲ့ တစ်ဝက်ကျော်ရှိနေပြီး ခရီးသွားလုပ်ငန်းကနေ ဒေါ်လာ ၄၈ ဘီလျံဝင်ငွေရရှိခဲ့တာဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ် ဆရက်သာရဲ့ ခရီးသွားလုပ်ငန်း ဦးစီးဦးရွက်အစီအစဉ်တွေထဲမှာ ဗီဇာတစ်ခုတည်း အစီအစဉ်ဟာ သူ့ရဲ့ ရည်မှန်းချက်အပြင်းပျဆုံးအစီအစဉ်ဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ ဒေါ်လာ ၅၀၀ဘီလျံ စီးပွားရေးရဲ့ ၁၂ ရာခိုင်နှုန်းခန့်ဟာ ခရီးသွားကရရှိတာဖြစ်ပြီး အလုပ်အကိုင်စုစုပေါင်းရဲ့ ၂၀ရာခိုင်နှုန်းခန့်ဟာ ခရီးသွားလုပ်ငန်းတွေမှာရှိနေပါတယ်။
ဥရောပသမဂ္ဂနှင့်မတူတာက ဆရက်သာရဲ့ ခြောက်နိုင်ငံ တစ်ဗီဇာ စိတ်ကူးဟာ စိန်ခေါ်မှုတွေကြုံရနိုင်တယ်လို့ ချလာလောင်ကွန်းတက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာန ပါမောက္ခတစ်ဦးက ထောက်ပြပါတယ်။ ဘာဖြစ်လို့လဲဆိုတော အဲဒီ ခြောက်နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးလုပ်ထုံးလုပ်နည်းတွေဟာ မတူညီကြဘဲရှိနေတဲ့အပြင် ဗီဇာအတည်ပြုချက်အတွက် အားလုံးက ပူးပေါင်းညှိနှိုင်းပြီး အတည်ပြုရမယ့်သဘောရှိနေတယ်လို့ သူက ဝေဖန်သုံးသပ်ထားပါတယ်။
@ymg/knl
#Local_News
Published 8 April 2024
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-အေးသာယာအဆင်းလမ်းတွင် ဒေါင်ဖန်းအမျိုးအစား(၂၂)ဘီးယာဉ်သည် ဘရိတ်ပေါက်၍ တောင်ကြီး-အေးသာယာအတက်လမ်းအတိုင်း မောင်းနှင်လာသောယာဉ်(၃)စီးအား ဝင်တိုက်မှုဖြစ်ပွားကြောင်း မီးသတ်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဧပြီလ ၇ ရက် ညနေ ၆နာရီ ၂၅မိနစ် ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယာဉ်တိုက်မှုကြောင့် အမျိုးသား ၁ဦး အမျိုးသမီး ၃ဦး ေ-သဆုံးခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကို ရှမ်းပြည်နယ် မီးသတ်ဉီးစီးမှူးရုံးမှ သူနာတင်ယာဉ်(၁)စီး၊ တောင်ကြီးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ တောင်ကြီးမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၇နာရီ ၃၀မိနစ် အချိန် တွင် ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား၅)ဦး၊ အမျိုးသမီး (၇)ဦး၊ စုစုပေါင်း (၁၂)ဦးအနက် အမျိုးသား(၄)ဦး၊ အမျိုးသမီး (၄)ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၃)ဦး(သေဆုံး)တို့အား အေးမေတ္တာလူမှုကူညီရေးအသင်းနှင့် ရွှေညီအကိုလူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဉ်များဖြင့် တောင်ကြီးမြို့၊ စပ်စံထွန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #တောင်ကြီး-အေးသာယာအဆင်းလမ်း #ယာဉ်၃စီးကိုဝင်တိုက်၄ဦး ေ-သဆုံး #YMG/LW #Yangon_Times
ယခုလအတွင်း သက်ြန်ကာလအတွက် ရဟန်းခံရှင်ပြုအလှုပွဲများ ကျင်းပချိန်ဖြစ်တာကြောင့် သကြားဈေးကောင်းရနေတယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 06 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဗိုလ်တထောင်စေတီရဲ့ စတုတ္ထအကြိမ်မြောက် ကုသိုလ်ပြု မေတ္တာသွေးလှူဒါန်းပွဲကို ဗိုလ်တထောင်စေတီတော် ၊ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံမှာ ကျင်းပသွားမှာဖြစ်ပြီး သွေးလှူဒါန်းလိုချင်သူတွေ အနေနဲ့ ပါဝင်လှူဒါန်းနိုင်တယ်။
Yangon_Times/tthl
#Local_News
#Published_ 06 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 07 April 2024
အမေရိကန်တက္ကဆပ်မှ မွေးမြူရေးခြံလုပ်သားတစ်ဦးဟာ အလွန်ကူးစက်ပျံ့နှံ့လွယ်တဲ့ ငှက်တုပ်ကွေးရောဂါ ကူးစက်ခံရပြီးနောက် ကျွမ်းကျင်သူများက သတိပေးချက်များ ထုတ်ပြန်လာပါတယ်။
အဆိုပါကူးစက်မှုကို အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေး(CDC)မှ ဧပြီ ၁ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
သိပ္ပံပညာရှင်တွေက သေဆုံးပြီးသား အန္တာတိကပင်ဂွင်းထောင်ချီကို စစ်ဆေးနေကြပြီး H5N1 ငှက်တုပ်ကွေးဗိုင်းရပ်စ်က နို့စားနွားများထံ ကူးစက်ခဲ့ကာ လူကိုကူးစက်တာဖြစ်ပြီး ထိုမွေးမြူရေးခြံလုပ်သားမှာ ဗိုင်းရပ်စ်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
လူနာဟာ မျက်စိနာသလိုမျိုး မျက်လုံးနီခြင်းသာ ရောဂါလက္ခဏာပေါ်ပြီး ပြန်လည်သက်သာနေပြီ ဖြစ်ပါတယ်။
လူနာကို သီးခြားခွဲထားခိုင်းထားပြီး တုပ်ကွေးပိုးသတ်ဆေးဖြင့် ကုသနေတယ်လို့ CDC က ဖော်ပြထားပါတယ်။
တက္ကဆပ်မှာတင် မဟုတ်ဘဲ ငှက်တုပ်ကွေးဟာ အမေရိကန် အခြားပြည်နယ်တွေမှာလည်း နွားတွေကို ကူးစက်ထားပါတယ်။
အမေရိကန်မှာ ငှက်တုပ်ကွေးရောဂါ လူသားတွေထံ ကူးစက်တာဟာ ဒါဒုတိယအကြိမ်ဖြစ်ပြီး ပထမဆုံးအကြိမ်ကတော့ ၂၀၂၂ က ကိုလိုရာဒိုမှာ ဖြစ်ခဲ့ပါတယ်။
ဒီတုပ်ကွေးရောဂါက နှစ်ပေါင်းများစွာတိုင်အောင် ကပ်ရောဂါစာရင်းထဲမှာ ထိပ်ဆုံးကရှိနေပြီး ကပ်ရောဂါဖြစ်လာနိုင်ခြေ များတယ်လို့ ပစ်ဘာ့ဂ်မှ ငှက်တုပ်ကွေးသုတေသီ ဒေါက်တာ ဆူရက်ရှ်ကူချီပူဒီက ပြောပြပါတယ်။
ဒီဗိုင်းရပ်စ်သာ မျိုးဗီဇပြောင်းသွားရင် ကိုဗစ်ထက် အဆ ၁၀၀ ပိုဆိုးနိုင်ပြီး အသက်သေဆုံးနိုင်ခြေ များနိုင်ကြောင်း ကာကွယ်ဆေးစက်ရုံမှ အကြံပေး ဂျွန်ဖူလ်တန်က ပြောပြခဲ့ပါတယ်။
တစ်ကမ္ဘာလုံးအရဆိုရင် ၂၀၀၃ ဇန်နဝါရီကနေ ၂၀၂၄ ဖေဖော်ဝါရီအထိ နိုင်ငံပေါင်း ၂၃ နိုင်ငံကနေ ငှက်တုပ်ကွေးရောဂါ ကူးစက်သူ ၈၈၇ ဦးရှိခဲ့ကာ အသက်ဆုံးပါးနိုင်ခြေရှိသူ ၄၆၂ ဦးရှိခဲ့ကြောင်း WHO က ဆိုပါတယ်။
ငှက်တုပ်ကွေးဗိုင်းရပ်စ်တွေ မွေးမြူရေးခြံထဲမှာ ပျံ့ပွားပြီဆိုရင် ရောဂါပိုးရှိသူ တိရိစ္ဆာန်တွေ အရာဝတ္ထုတွေကို ထိတွေ့တဲ့သူတွေမှာ ကူးစက်နိုင်ခြေ ရှိပါတယ်။
ငှက်တုပ်ကွေးနဲ့ ပတ်သက်ပြီး လူတွေမှာ ခုခံကာကွယ်နိုင်စွမ်း မရှိသေးတာကြောင့် ရောဂါကူးစက်မှုတွေ ဖြစ်ပွားလာပါက အသက်ဆုံးပါးနိုင်မှုနှုန်း မြင့်မားနိုင်ပါတယ်။
Influenza A ဗိုင်းရပ်စ်ကြောင့် မွေးမြူရေးတိရိစ္ဆာန်တွေမှာ ရောဂါဖြစ်ပွားကြပြီး ဝမ်းလျှောခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ဦးခေါင်းဖောရောင်ခြင်း၊ ရုတ်တရက်သေဆုံးခြင်းတို့ ဖြစ်တတ်ပါတယ်။
လူတွေမှာတော့ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ ဖျားနာခြင်း စသဖြင့် လက္ခဏာအပျော့စားသာ ဖြစ်နိုင်ကာ ပြင်းထန်ရင်တော့ အဆုတ်ရောင်အထိ ဖြစ်နိုင်ပါတယ်။
ငှက်တုပ်ကွေးအတွက် တိကျတဲ့ကုသမှု မရှိသေးဘဲ ပိုးသတ်ဆေးများကိုသာ ညွှန်းပေးလေ့ရှိပါတယ်။
Source: India Today.
#World_Health
#Published_ 06 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 606 of 2131