Published_6 April 2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီး ပဓာန နာယက နိုင်ငံတော်ဩ ဝါဒစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး၏ အန္တိမ ဈာပနသာဓုကီဋ္ဌနပူဇာသဘင် အခမ်းအနားအား ယနေ့ ဧပြီလ ၆ ရက် မွန်းလွဲပိုင်းက တာချီလိတ်မြို့ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အန္တိမဈာပနသာဓုကီဋ္ဌနပူဇာသဘင် အခမ်းအနားသို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင် မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာ ဘိဝံသ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ရေ၊ လေ)၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်း ပြည်နယ် ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိ ကြီးများ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းရင်းသား စာပေနှင့်ယာဉ်ကျေးမှု အဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံ ပြည်သူလူထုများ၊ ရပ်မိရပ်ဖများ၊ ဆရာတော်ဘုရားကြီး၏ ဆွေတော်၊ မျိုးတော်များနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ စည်ကားသိုက်မြိုက်စွာ တက်ရောက်ပူဇော်ကြကြောင်း သိရသည်။
ကြွရောက်တော်မူကြသည့် ဆရာတော်ဘုရားကြီးများမှ သံဝေဂ သုံး ဂါထာကို ရွတ်ဆိုပွားများ၍ အခမ်း အနားကို ဖွင့်လှစ်ကြပြီးနောက် ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများ က သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြကြောင်း သိရသည်။
နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်ဘုရားကြီး၏ ဥတုဇ ရုပ်ကလပ်တော် အား စိန်ကတ္တီပါ လွှမ်းခြုံကြပြီး နောက် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့၊ ရှမ်းပြည်နယ် သံဃာ့နာယကအဖွဲ့၊ သာသနာ ရေးနှင့် ယဉ် ကျေးမှု ဝန်ကြီးဌာန၊ ပြည်ပထေရဝါဒသာသနာပြုအဖွဲ့များမှ ပေးပို့သော သံဝေဂ ဉာဏ်ပွားတော်မူ ကြောင်း သဝဏ်လွှာများကို သက်ဆိုင်ရာ ပင့်ဖိတ်ထားသော ဆရာတော်ကြီးများက ဖတ်ကြားပူဇော်ကြကာ နဂါးနှစ် ကောင်ဆရာတော်ဘုရားကြီး၏ထေရုပ္ပတ္တိကို ဖတ်ကြားပူဇော်ကြပြီးနောက် တက်ရောက် လာကြသည့် ဧည့်သည်တော်ကြီးများက ပံသုကူသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော် အနီး သတ်မှတ်နေရာများတွင် တင်လှူပူဇော်ကြပြီး သံဃာတော်များက အနိစ္စာ ဝတသင်္ခါရ အစချီသံဝေဂ သုံး ဂါထာကို ရွတ်ဆို ပွားများ၍ ပံသုကူ သင်္ကန်း အလှူ တော်ခံကာ လှူဒါန်းမှုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
၎င်းနောက်နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် ဘုရားကြီး၏ ဥတုဇ ရုပ် ကလပ်တော်အား လောင်တိုက် တော်ပေါ်သို့ ပင့်ဆောင်ကြပြီးနောက် ဆရာတော်၊ သံဃာတော်များက အနိစ္စာဝတသင်္ခါရာအစချီသော သံဝေဂဂါထာကိုရွတ်ပွားတော်မူ ကြပြီး သာဓုသုံးကြိမ်ခေါ်ဆိုကာ တေဇောဓာတ်ဖြင့် မီးပူဇော်ကြကြောင်း သတင်း ရရှိသည်။
Yangon_Times/PP
#Local_News
#Published_ 06 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 06 April 2024
၁။ နွေစပါးပေါ်ချိန် အိပ်စပို့တာများ ဈေးချဝယ်ယူနေ၍ ပြည်ပပို့ဆန်များ ဈေးကျနေ
၂။ မေလမှစပြီး Green Card မရှိသည့် ဆရာ၊ဆရာမများ ပုဂ္ဂလိကကျောင်းများ၌ အလုပ်မရနိုင်တော့ဟုဆို
၃။ ကုန်ပစ္စည်းတန်ဖိုးထက် သယ်ယူစရိတ်တန်ဆာခ ပိုများသဖြင့် ယခုနှစ်တွင် မြေထည်ပစ္စည်း ဝယ်လိုအားကျဆင်း
၄။ ဒဏ္ဍာရီလာတရုတ်ဧကရာဇ်ကို ဂုဏ်ပြုခြင်းအခမ်းအနား ဧကရာဇ်ဗိမာန်တွင်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
အသစ်ပြဌာန်းလိုက်တဲ့ ပုဂ္ဂလိကပညာရေးဥပဒေအရ မေလကနေစပြီး ကိုယ်ပိုင်ကျောင်းဆရာလက်မှတ် Green Card မရှိတဲ့ ကျောင်းဆရာ၊ဆရာမ တွေကို ပုဂ္ဂလိကကျောင်းတွေမှာ အလုပ်ခန့်လို့မရတော့ဘူး။ ပုဂ္ဂလိကကျောင်းတွေအပြင် သင်တန်းကျောင်းတွေအားလုံး ဧပြီ(၁၂)ရက် နောက်ဆုံးထားမှတ်ပုံတင်မှ ပိတ်သိမ်းမခံရမှာ ဖြစ်တယ်။
(မြန်မာနိုင်ငံ ပုဂ္ဂလိကကျောင်းများအသင်း ဥက္ကဌဦးနေအုပ်)
Yangon_Times/tthl
#Local_News
#Published_ 06 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ကုန်ပစ္စည်းတန်ဖိုးထက် သယ်ယူစရိတ် တန်ဆာခပိုများတဲ့အတွက် ယခုနှစ်မှာ မြေထည်ပစ္စည်း ဝယ်လိုအား ကျလာတယ်လို့ မြေထည်လုပ်ငန်း လုပ်ကိုင်သူတွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 06 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
နွေစပါးပေါ်ချိန် အိပ်စပိုတာတွေ ဈေးချဝယ်ယူနေ၍ ပြည်ပပို့ဆန်တွေ ဈေးကျနေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 06 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 06 April 2024
မွန်ပြည်နယ်ရှိ တောင်ဝိုင်းတော်ပေါ်၌ ယနေ့ နေ့လယ်ပိုင်းက တောမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းလူမှုကူညီရေးအသင်းအဖွဲ့များမှသိရသည်။
အဆိုပါမီးလောင်အား သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့များနှင့်လူမှုကူညီရေးအသင်းများမှ သွားရောက်ကူညီ ကြကြောင်းသိရသည်။
' တောင်ဝိုင်းတောင်ပေါ်မှာ တောမီးလောင်နေတာဟုတ်ပါတယ်၊ကျွန်တော်တို့အဲ့ဒီအပေါ်ရောက်နေပါတယ်။ ' ဟု ဘိုဘိုဝင်းRescueအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။
ယင်း တောမီးလောင်မှုသည် တောင်ဝိုင်းတောင်ဆင်းလမ်းရှိ ရဟန္တာရုပ်တုတော်များ ကြွရာလမ်းတစ်လျှောက်နှင့် နီးကပ်နေကြောင်း တွေ့ရသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တောင်ဝိုင်းတောင် တောင်တက်လမ်းလျှောက်ဘုရားဖူးရာသီကို (၃)လအဖြစ် သတ်မှတ်လေ့ရှိကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 06 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 6 April 2024
ထိုင်းနိုင်ငံရှိ အထောက်အထားမရှိသော မြန်မာအလုပ်သမား များကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI ထုတ်ပေးရာ ၁ သိန်း ၆ သောင်းကျော် ရှိပြီးဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောသည်။
ဧပြီလ ၅ ရက် မနက်ပိုင်းက အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပသည့်“ ပြည်ပတွင် အလုပ်လုပ် ကိုင်မှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီ”အစည်းအဝေး တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများကို မည်သူ မည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificates of Identity – CI) ထုတ်ပေးရေး စခန်း ၅ ခုနှင့် Mobile Unit (၃) ခုကို ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီ ၂၃ရက်နေ့မှစ၍ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရာ ၂၀၂၄ခုနှစ် ဧပြီ ၄ရက် နေ့အထိ ၁၆၀,၉၀၃ ဦး ဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရသည်။
CI စခန်းများတွင် ဝင်ငွေခွန် ကောက်ခံခြင်းလုပ်ငန်းစဉ်နှင့် e-ID အချက်အလက်ကောက်ယူသည့် လုပ်ငန်းစဉ်များကိုပါ တွဲဖက်ဆောင်ရွက်ပေးလက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမား များကို CI ထုတ်ပေးခြင်းအားဖြင့် အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံအတွင်း နယ်ကျော် သွားလာခွင့် ရွှေ့ပြောင်းအလုပ်သမားများ၏ သတ်မှတ်ထားသောလုပ်ခလစာ၊ ဥပဒေပါအကျိုး ခံစားခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ နေထိုင်ခွင့်၊ ထိုင်းဘဏ်များ၌ ငွေစာရင်းဖွင့်လှစ်ခွင့်ရရှိ၍ မြန်မာနိုင်ငံသို့ တရားဝင်လမ်းကြောင်းမှတစ်ဆင့် မိသားစုလွှဲပို့ငွေများ ပြန်လည်လွှဲပြောင်းရေး ဆောင်ရွက်နိုင်ခွင့်၊ ထိုင်းနိုင်ငံအတွင်း ခရီးသွားလာခွင့်နှင့် လေယာဉ်စီးနင်းခွင့်၊ မြန်မာနိုင်ငံသို့ လေကြောင်းမှတစ်ဆင့် ပြန်လည်ဝင်ရောက်ခွင့်အစရှိသည့်တို့ ပြုလုပ်နိုင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းခွင်များ၌ CI လက်မှတ်ကိုင်ဆောင်ပြီး အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများကိုအချက်အလက်ကောက်ယူပြီးသည့်နေ့မှစ၍ ၄၅ ရက် အတွင်း အချက်အလက်မှန်ကန်ပြီး ခွင့်ပြုသူများကို PJ နိုင်ငံကူးလက်မှတ်ထုတ်ပေးမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံး ကအသိပေးထုတ်ပြန်ချက်ရသိရသည်။
Yangon_Times/LW
#Local_News
#Published_ 06 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 607 of 2131