ရှမ်းပြည်နယ်က ဒေသထွက်ကုန်တစ်ခုဖြစ်တဲ့ စတော်ဘယ်ရီသီးနှံကို ရန်ကုန်အပါအဝင်မြို့ကြီးတွေကမှာယူတာများပြားနေတယ်လို့ စတော်ဘယ်ရီစိုက်ပျိုးရောင်းချသူတွေဆီက သိရပါတယ်။
#Local_News
Published 03 December 2023
#စတော်ဘယ်ရီသီးနှံ #စိုက်ပျိုးရောင်းချသူ
#YMG/NN #Yangon_Times
၂ ဒီဇင်ဘာ ၂၀၂၃
--တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်(ရေ) နှင့် မြန်မာနိုင်ငံ တပ်မတော်(ရေ)တို့မှ ရေပြင်ရန်ကာကွယ်ရေး၊ ဝေဟင်ရန်ကာကွယ်ရေး၊ ရေအောက်ရန် ကာကွယ်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်
-မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည် ထပ်မံလွှဲပြောင်းပေး
-၂-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် တို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများ
-လောက်ကိုင်တွင်သွားရောက် အလုပ်လုပ်ကိုင်၍ ပြန်လာသူများအား MNDAA မှ အတင်းအဓမ္မ စစ်သားစုဆောင်းနေမှုများ
နှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားခဲ့ပါတယ်။
ပြောကြားချက်အပြည့်အစုံကိုပြန်လည်ဖော်ပြပေးပါတယ်။
-ymg/knl
#Daily_News
Published 02 December 2023
၁။ ကျပ်သိန်း ၅၀၀၀ ဆုကြီးကို ရန်ကုန်မြို့မှ သက်ကြီးပင်စင်စားဦးလေးကြီး စတင်ဆွတ်ခူး
၂။ ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အားကစားအသင်းရွှေနှစ်ဆုအပါအဝင် ဆု ၁၄ ဆုဆွတ်ခူးရရှိ
၃။ လားရှိုး-သီပေါကို ဆက်သွယ်ထားသည့် စဉ့်အင်တံတား ကျိုးကျသွားသောကြောင့် ကုန်စည်စီးဆင်းမှု အခက်အခဲဖြစ်နေဟုဆို
၄။ ငွေကြေးဖောင်းပွမှုမြင့်မားလာသဖြင့် တောင်ကိုရီးယားတွင် တစ်ပတ်နွမ်းအထည်ဆိုင်များ၌ ဝယ်ယူသူများပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ရှမ်းပြည်မြောက်ပိုင်း သီပေါ လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ စဉ့်အင်တံတားဟာ ဒီဇင်ဘာ ၁ရက်နေ့ ညနေပိုင်းက တိုက်ပွဲများကြောင့် ကျိုးကျခဲ့တယ်လို့ဒေသခံတွေထံက သိရပါတယ်။
#Local_News
Published 02 December 2023
#လားရှိုး-သီပေါ #ပြည်ထောင်စုလမ်းမကြီး #စဉ့်အင်တံတားကျိုးကျ
#YMG/LW #Yangon_Times
#Local_News
Published 2 December 2023
မူဆယ်မြို့နှင့် နယ်နိမိတ်ထိစပ်နေသည့် တရုတ်ပြည်ကျယ်ဂေါင်တွင် နေထိုင်သူများကို ရွှေလီမြို့ဘက်သို့ ရွှေ့ပြောင်း နေထိုင်ဖို့ တရုတ်မှတာဝန်ရှိသူတွေကညွှန်ကြားထားကြောင်း မူဆယ်မြို့နယ်ရှိ ဒေသခံ ပြည်သူများထံက သိရသည်။
ဒီဇင်ဘာ ၂ရက်မှာ တရုတ်ပြည်ဘက်က တာဝန်ရှိသူတွေက ကျယ်ဂေါင်မြို့ရှိ ဒေသခံတွေကို လိုက်လံပြောကြား ခြင်း ဖြစ်ပြီး စာထုတ်ပြီး ညွှန်ကြားတာမျိုးတော့မရှိကြောင်း သိရသည်။
''ကျယ်ဂေါင်ဘက်မှာနေတဲ့ အမျိုးတွေလှမ်းပြောတာ သူတို့တွေကို အဲ့မြို့ကတာဝန်ရှိသူတွေက ဒီနေ့သို့မဟုတ်မနက် ဖြန်ကို ရွှေလီဘက်က်ိုပြောင်းရွှေ့နေထိုင်ဖို့ လာပြောသွားတယ်လို့ပြောတယ်၊ မူဆယ်ဘက်မှာက နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်နေတော့ မတော်တဆ ကျယ်ဂေါင်ဘက်ကို ထိမှာစိုးလို့ ပြောင်းခိုင်းတယ်ထင်တာပဲ သေချာတော့ မသိဘူး''ဟုမူဆယ်မြို့နေဒေသခံတစ်ဦးက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ အစပြုပြီး မူဆယ်မြို့အနီးတိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့ကာ လက်ရှိမှာလဲ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး တိုက်ပွဲများ ပြင်းထန်နေတာကြောင့် ဒေသခံပြည်သူများကို လူမှုကူညီရေးအသင်းများက ဘေးလွတ်ရာကို ခေါ်ဆောင်ပေးပြီး ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရကြောင်း သိရသည်။
#Local_News #ကျယ်ဂေါင် #ရွှေလီဘက်သို့ပြောင်းရွှေ့ #YMG/LW #Yangon_Times
#Local_News
Published 02 December 2023
ပြည်တွင်းစက်သုံးဆီ ရောင်းဈေးနှုန်းများသည် အာဆီယံဒေသတွင်းနိုင်ငံများထက်များစွာလျော့နည်းသက်သာလျက်ရှိပြီးနိုင်ငံတွင်း၌ အဓိကသုံးစွဲနေသော ဒီဇယ်ဆီဈေးနှုန်းများကို သက်သာစွာဖြင့် သုံးစွဲနိုင်ရန် ပိုမိုအလေးထားဆောင်ရွက်ပေးနေကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
စက်သုံးဆီလိုအပ်ချက်ကို ပြည်ပမှ ဝယ်ယူတင်သွင်းရာတွင် နိုင်ငံတော်အနေဖြင့် လိုအပ်သော ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသဖြင့် လက်ရိပြည်တွင်းစက်သုံးဆီ ရောင်းဈေးနှုန်းများသည် အာဆီယံဒေသတွင်း နိုင်ငံများထက် များစွာ လျော့နည်းသက်သာလျက်ရှိသည်ဟု ဆိုသည်။
နိုင်ငံအတွင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုမှန်ကန်မြန်ဆန်စေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ တွင်းထွက်တူးဖော်ရေးလုပ်ငန်းများနှင့် ရေလုပ်ငန်းများတွင် အဓိကသုံးစွဲနေသော ဒီဇယ်ဆီကို လုံလုံလောက်လောက် ဈေးနှုန်းသက်သာစွာဖြင့် သုံးစွဲနိုင်ရန် နိုင်ငံတော်အနေဖြင့် ပိုမိုအလေးထား ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆက်လက်ပြောကြားသည်။
ယမန်နေ့က ဓာတ်ဆီ 92 Ron နှင့် 95 Ron တစ်လီတာ ပျမ်းမျှ ကျပ် ၃၄၀ ခန့် မြင့်တက်ခဲ့ပြီး ဒီဇယ်ဆီဈေးနှုန်းသည် တစ်လီတာလျင် ကျပ် ၁၀ မှ ၁၅ ကျပ် ဝန်းကျင်သာ ဈေးတက်ခဲ့ကြောင်း၊ ယနေ့တွင်လည်း ရိုးရိုးဒီဇယ် တစ်လီတာ ၂၂၁၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၂၃၀၅ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။
စက်သုံးဆီဈေးနှုန်းသည် အဓိကအားဖြင့် ကမ္ဘာ့ရေနံဈေးနှုန်း၊ အဓိကဝယ်ယူတင်သွင်းသည့် စင်္ကာပူနိုင်ငံမှ ထုတ်ပြန်သော MOPS ဈေးနှုန်းနှင့် ပြည်တွင်းနိုင်ငံခြားငွေ လဲလှယ်နှုန်းတို့အပေါ် မူတည်၍ အတက်/အကျ ဖြစ်ပေါ်လျက်ရှိကြောင်း ၊သီလဝါဆိပ်ကမ်းဒေသကြီးတွင် ပြည်ပမှ စက်သုံးဆီသင်္ဘောများ စဉ်ဆက်မပြတ် ဆိုက်ကပ်လျက်ရှိပြီး သက်ဆိုင်ရာ သိုလှောင်ကန်စခန်းများမှတစ်ဆင့် နိုင်ငံတစ်ဝှမ်းသို့ စက်သုံးဆီများ လိုအပ်သလို ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#Local_News #ပြည်တွင်းစက်သုံးဆီဈေးနှုန်းလျော့ #ဒီဇယ်ဆီဈေးနှုန်း #YMG/NN #Yangon_Times
Page 446 of 1739