#Local_News
Published 8 July 2025
▪️ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ၏ ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG)မှ “အပြောစွမ်းရည်ကို သင်ကြားပေးမယ်” ဟူသည့် ခေါင်းစဉ်ဖြင့် ဂျပန်ဘာသာစကား သီးခြားစွမ်းရည် သင်ကြားရေးနည်းစနစ်သင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ယခုသင်တန်းတွင် ကျောင်းသားတို့၏ အပြောစွမ်းရည်ကို ပျိုးထောင်ပေးရန်အတွက် level အလိုက်မည်သည့်အချက်များကို အာရုံစိုက်ပြီး မည်သို့ပြုလုပ်နိုင်မည်ဟူသည့်အချက်များ လက်တွေ့ကျကျလေ့လာပြီး ဆရာများအနေဖြင့် အတန်းတွင်းပြုလုပ်နိုင်သည့်အရာများကို ရှာဖွေဖော်ထုတ်သွားကြမည်ဖြစ်ကြောင်း သိရသည်။
▪️ သင်တန်းကို ဇူလိုင်လ ၂၆ရက် (စနေ) မှ စက်တင်ဘာလ ၂၀ရက် (စနေ) အထိ အပတ်စဉ် စနေနေ့တိုင်း၊ မနက် ၉နာရီမှ ၁၂နာရီအထိ သင်ကြားမည်ဖြစ်ပြီးသင်တန်းကြေးအခမဲ့ဖြင့်(၈)ကြိမ်လုံး ဂျပန်ဖောင်ဒေးရှင်းရန်ကုန်သို ကိုယ်တိုင်လာရောက်တက်ရောက်နိုင်သူများ၊ မြန်မာလူမျိုးများအား ဂျပန်ဘာသာစကားသင်ကြားပေးနေသူများ JLPT N2 အထက်ရှိပြီး တက်ကြွစွာအကြံဉာဏ်များ ထုတ်နိုင်သူများ လျှောက်ထားတက်ရောက်နိုင်ကြောင်း သိရသည်။
▪️ သင်တန်းတက်ရောက်ရန် ယခုလ ၁၆ ရက်နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးကြောင်း လက်မှတ် (Certificate) ကို ၇ကြိမ်နှင့်အထက်တက်ရောက်ပြီး အတန်းပြီးဆုံးပြီးနောက်ကောက်ယူသည့် စစ်တမ်းကို ဖြေဆိုပြီးသူများကိုသာ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times