#LocalNews
Published_20 April 2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်အတွင်း၌ ယနေ့ ဧပြီလ ၂၀ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုများကြောင့် လူနေအိမ် (၂)နှစ်လုံးပြိုလဲသွားကာ အလုံး(၅၀) အမိုးလန်ပျက်စီးသွားကြောင်း သိရသည်။
ယင်းအပြင် သစ်ပင်ကြီးငယ်များ၊ဆက်သွယ်ရေးတာဝါတိုင်များ၊လျှပ်စစ်မီးတိုင်များလည်း ကျိုးကျပြိုလဲမှုများ ဖြစ်ခဲ့ရကြောင်း ၊ မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်မှ နေအိမ် ၂ လုံး၊ စကုမြို့ အမှတ်(၁)ရပ်ကွက်မှ နေအိမ် ၄ လုံး၊ ကံသာကျေးရွာမှ နေအိမ် ၄ လုံး၊ ကံကုလားကျေးရွာမှ နေအိမ် အလုံး(၃၀)၊ တောင်မန်းကျေးရွာမှ နေအိမ်တစ်လုံး၊ ကြာကန်ကျေးရွာမှ နေအိမ် ၃ လုံး၊ ဆင်ခေါင်းကျေးရွာမှ နေအိမ် ၄ လုံး၊ ကျောက်တန်းကျေးရွာမှ နေအိမ်တစ်လုံးနှင့် ကဒီးကျေးရွာတွင် နေအိမ် ၂ လုံး ပြိုလဲကာ နေအိမ်တစ်လုံးအမိုးလန်ပျက်စီးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။
လေပြင်းတိုက်ခတ်မှုများရှိခဲ့သော်လည်း လူနှင့်တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိခဲ့ပေ။
ymg/mt
#Yangon_Media_Group
#LocalNews
Published_20 April 2022
ရခိုင်ပြည်နယ်တစ်ခုလုံးသို့ သင်္ကြန်ကာလအတွင်းမှာ လေကြောင်းနဲ့ ဝင်လာတဲ့ ခရီးသည် တစ်သောင်းခြောက်ထောင်ကျော်ရှိတယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_20 April 2022
မဲသဝေါဒေသကို စစ်မီးပွားမကျရောက်လာစေဖို့ ထိုင်းနယ်ခြားစောင့်တပ်၊ မြန်မာဘက်က နစက မဲသဝေါအခြေစိုက်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 20 April 2022
မြန်မာနိုင်ငံအတွင်း ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့ကစတင်ပြီး ပြည်ပလေကြောင်းခရီးစဉ်တွေကို စတင်ခွင့်ပြုလိုက်တဲ့အတွက် လာရောက်မယ့် ခရီးသည်တွေအနေနဲ့ လက်မှတ်ဝယ်ရာမှာ ကော်မာရှယ်လေယာဉ်နဲ့ ကယ်ဆယ်ရေးလေယာဉ် ကွဲပြားစွာ ဝယ်ယူဖို့လိုပါတယ်။
#Yangon_Media_Group
#LocalNews
Published - 20 April 2022
ကချင်ပြည်နယ်အတွင်းရှိ ပူတာအိုဒေသတွင် ဓါတ်ဆီတစ်ဂါလံလျှင် ၁၂,၀၀၀ ကျပ်အထိ ပေါက် ဈေးရှိနေပြီး ဓါတ်ဆီရရှိဖို့အတွက် ဒေသခံများက ဆီဆိုင်များမှာအလုအယက်ဝယ်ယူနေကြရတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published -20 Apr 2022
ရန်ကုန်တိုင်းဒေသကြီးအတွင် အများပြည်သူသုံးယာဉ်လိုင်းအချို့နေရာတွင် လျှပ်စစ်ကားများဝင်ရောက်ပြေးဆွဲရေးအတွက် ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ YRTA ကနေ ယာဉ်လိုင်းကုမ္ပဏီအချို့ကိုဆက်သွယ်မေးမြန်းပြီး သဘောထားတောင်းခံတယ်လို့ သိရပါတယ်။
အဆိုပါ သဘောထားတောင်းခံမှုကို ဖုန်းဖြင့်ဆက်သွယ်ပြောဆိုတာဖြစ်ပြီး မည်သည့်ယာဉ်အမျိုးအစားမည်သည့်ကုမ္ပဏီက လုပ်ကိုင်ဆောင်ရွက်မယ်ဆိုတာကိုတော့ တရားဝင်စာရွက်စာတမ်းနဲ့အကြောင်းကြားတာမျိုးမရှိဘူးလို့ ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ ယာဉ်လိုင်းကုမ္ပဏီ တစ်ခုကနေသိရပါတယ်။
"ဘာကားအမျိုးအစားလည်း ဘယ်နှစ်ယောက်ဆံ့တာလည်း ဘယ်သူလုပ်မှာလည်းဆိုတာမသိရပါဘူး ဖုန်းနဲ့ဆက်သွယ်မေးမြန်းပြီး သဘောထားတောင်းခံတာပဲ စာရွက်စာတမ်းမပေးပါဘူးသဘောထားသိချင်တယ်ပဲပြောတယ် ကုမ္ပဏီဘက်ကတော့ ဒါရိုက်တာအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီးမှ သဘောထားအကြောင်းပြန်ပေးမယ်ပြောထားတယ်"လို့ ယာဉ်လိုင်းကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မတ်လ ၂၉ ရက်နေ့ကပြုလုပ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိမိတို့နိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ မီးရထားနဲ့မော်တော်ယာဉ်တွေမှာ လျှပ်စစ်ကားနဲ့ လျှပ်စစ်ရထားတွေ အစားထိုးသုံးစွဲပါက စက်သုံးဆီသုံးစွဲမှုကို လျော့ချချွေတာနိုင်မယ်လို့ ပြောပါတယ်။
ပြည်ပကတင်သွင်းတဲ့ လောင်စာဆီတွေကို ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍမှာ ၇၂ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍမှာ ၂၆ ရာခိုင်နှုန်းနဲ့ လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍမှာ ၁ ရာခိုင်နှုန်းသာ အသုံးပြုနေပြီး လျှပ်စစ်ကား၊ လျှပ်စစ်ရထားတွေ အစားထိုးသုံးစွဲပါက စက်သုံးဆီသုံးစွဲမှုတွေ ချွေတာနိုင်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဒါ့အပြင် Public Transportations ကိစ္စရပ်တွေမှာ လျှပ်စစ်ကို အသုံးပြုနိုင်မယ်ဆိုပါက နိုင်ငံအတွက် များစွာအကျိုးရှိမှာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 20 April 2022
ဒီကနေ့ ဧပြီ ၂၀ ရက်၊ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် အတွင်းမှာ
ပရိုဘောက်တက္ကစီယာဥ်နှင့် ဘေးတွဲဆိုင်ကယ်တိုက်မိမှုဖြစ်ပွားပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ယာဥ်မတော်တဆမှုဖြစ်စဥ်ဟာ မင်္ဂလာဒုံမြို့နယ်၊ Terminal စက်သုံးဆီဆိုင်ဘေးလမ်းကြား သဃန်းကျွန်းကြီးကျေးရွာအုပ်စု ဇောတိကလမ်းထိပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ယာဥ်တိုက်မှုဖြစ်ပွားရာသို့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ဖြစ်တဲ့ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရတာပါ ။
ဒါ့အပြင် ယာဥ်တိုက်မှုကြောင့် ဦးခေါင်းကွဲဒဏ်ရာရရှိခဲ့သည့် လူနာအမျိုးသားကိုလည်း မေဓါဝီ ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။
Photo - ပုလဲအရန်မီးသတ်တပ်ဖွဲ့
ymg/kg
#Yangon_Media_Group
Page 1932 of 2070