Published 31 July
နိုင်ငံတော် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး၂/၂၀၂၂ကို ဇူလိုင်(၃၁)ရက်က ကျင်းပပြီး ယာယီသမ္မတ ဦးမြင့်ဆွေက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၂၁ (ခ)အရ နစက အား ပေးအပ်ထားတဲ့ တာဝန်ကို သက်တမ်းနောက်ထပ်(၆)လ ထပ်မံတိုးမြှင့်ပေးလိုက်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါအစည်းအဝေးကို ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချူပ်မှူးကြီး စိုးဝင်းနှင့် နိုင်ငံတော် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဝင်များတက်ရောက်ခဲ့ကြပြီး ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူ ကျန်းမာရေးအရ ခွင့်ပန်ကြားခဲ့ပါတယ်။
နစက ဥက္ကဋ္ဌက တိုင်းပြည်၏ လက်ရှိအခြေအနေများနှင့် နစက၏ လုပ်ဆောင်များကို အစီရင်ခံသုံးသပ်တင်ပြခဲ့ပြီး လုပ်ငန်းတာဝန်များကို အောင်မြင်ပြီးမြောက်သည်အထိ ထမ်းဆောင်နိုင်ရေးအတွက် နစကကို နောက်ထပ်(၆)လသက်တမ်း ထပ်မံတိုးမြှင့်ပေးနိုင်ပါရန် ဆက်လက်တင်ပြခဲ့တာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ အချိန်ကာလတိုးမြှင့်ပေးရန်ကိစ္စနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၂၁ ပုဒ်မခွဲ (ခ)၏ လုပ်ပိုင်ခွင့်များအရလည်းကောင်း၊ ပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံအရေးပေါ်အခြေအနေကြေညာထားသည့်ကာလကို နောက်ထပ်ခြောက်လတိုးမြှင့်သတ်မှတ်ရတင်ပြမှုကို နိုင်ငံတော်အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက သဘောတူညီခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ပြည်တွင်းပြည်ပ တားဆီးနှောက်ယှက်မှုများ၊ အခက်အခဲများကြားမှ ကြံ့ကြံခံပြီး နိုင်ငံတော်ရဲ့ အမျိုသား အကျိုးစီးပွားဖြစ်တဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့အတွက် နစကရဲ့လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုတယ်လို့ ယာယီသမ္မတ ဦးမြင့်ဆွေက အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယခုသက်တမ်း(၆)လတိုးမြှင့်တဲ့အတွက် နစကဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၃၁)ရက်အထိ တာဝန်တွေ ဆက်လက်ထမ်းဆောင်ခွင့်ရရှိသွားတာဖြစ်ပါတယ်။
ymg/knl





TV Yangon Times Matters အစီအစဉ်
Published - 31 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ကပ္ပတိန်စိုးမင်းအောင်(မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားအဖွဲ့ချူပ်ဥက္ကဌ)နှင့်အတူ
-"သင်္ဘောသားအရေးနဲ့ပတ်သက်ပြီး အဓိကကျတဲ့ သင်္ဘောသားတွေရဲ့ ရပိုင်ခွင့်တွေ မဆုံးရှုံးအောင်လို့ ကာကွယ်ပေးတယ်ဆိုတဲ့အကြောင်း
-သင်္ဘောသားအရေးကိုလုပ်တဲ့အခါမှာ သင်္ဘောသားအရေးနဲ့ဆက်နွယ်တဲ့ မိသားစုရဲ့သာရေးနာရေးတွေပါ တွဲပြီးပါလာတယ်ဆိုတဲ့အကြောင်း
-သင်္ဘောသားလောကမှာ အိမ်ပိုင်ရာပိုင်ရဖို့ခက်ခဲလာလို့ ကျွန်တော်တို့အနေနဲ့ သင်္ဘောသားတွေအိမ်ပိုင်ရာပိုင်ရဖို့ ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာစဉ်းစားပြီး အိမ်ရာစီမံကိန်းလုပ်ဖို့ Statement ထုတ်ခဲ့တယ်ဆိုတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 31 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ကပ္ပတိန်စိုးမင်းအောင်(မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားအဖွဲ့ချူပ်ဥက္ကဌ)နှင့်အတူ
-"သင်္ဘောသားအရေးနဲ့ပတ်သက်ပြီး အဓိကကျတဲ့ သင်္ဘောသားတွေရဲ့ ရပိုင်ခွင့်တွေ မဆုံးရှုံးအောင်လို့ ကာကွယ်ပေးတယ်ဆိုတဲ့အကြောင်း
-သင်္ဘောသားအရေးကိုလုပ်တဲ့အခါမှာ သင်္ဘောသားအရေးနဲ့ဆက်နွယ်တဲ့ မိသားစုရဲ့သာရေးနာရေးတွေပါ တွဲပြီးပါလာတယ်ဆိုတဲ့အကြောင်း
-သင်္ဘောသားလောကမှာ အိမ်ပိုင်ရာပိုင်ရဖို့ခက်ခဲလာလို့ ကျွန်တော်တို့အနေနဲ့ သင်္ဘောသားတွေအိမ်ပိုင်ရာပိုင်ရဖို့ ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာစဉ်းစားပြီး အိမ်ရာစီမံကိန်းလုပ်ဖို့ Statement ထုတ်ခဲ့တယ်ဆိုတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 31 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ကပ္ပတိန်စိုးမင်းအောင်(မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားအဖွဲ့ချူပ်ဥက္ကဌ)နှင့်အတူ
-"သင်္ဘောသားအရေးနဲ့ပတ်သက်ပြီး အဓိကကျတဲ့ သင်္ဘောသားတွေရဲ့ ရပိုင်ခွင့်တွေ မဆုံးရှုံးအောင်လို့ ကာကွယ်ပေးတယ်ဆိုတဲ့အကြောင်း
-သင်္ဘောသားအရေးကိုလုပ်တဲ့အခါမှာ သင်္ဘောသားအရေးနဲ့ဆက်နွယ်တဲ့ မိသားစုရဲ့သာရေးနာရေးတွေပါ တွဲပြီးပါလာတယ်ဆိုတဲ့အကြောင်း
-သင်္ဘောသားလောကမှာ အိမ်ပိုင်ရာပိုင်ရဖို့ခက်ခဲလာလို့ ကျွန်တော်တို့အနေနဲ့ သင်္ဘောသားတွေအိမ်ပိုင်ရာပိုင်ရဖို့ ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာစဉ်းစားပြီး အိမ်ရာစီမံကိန်းလုပ်ဖို့ Statement ထုတ်ခဲ့တယ်ဆိုတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
[Forwarded from Su Thet Office]
#LocalNews
Published - 31 July 2022
ဇူလိုင် ၃၀ရက်နေ့တွင် YBS 42 ယာဥ်လိုင်း အနုကြမ်းစီးခံရသည်ဆိုသည့်သတင်းမှာ အမှားသာဖြစ်ကြောင်း အဆိုပါယာဥ်လိုင်းမှ ပြန်လည်ဖြေရှင်းထားသည်။
YBS 42 ယာဥ်လိုင်းအားတာ၀န်ယူ ပြေးဆွဲပေးလျက်ရှိသည့် ရွှေပြည်သာသားအများနှင့်သက်ဆိုင်သောကုမ္ပဏီလိမိတက် တာ၀န်ရှိသူတစ်ဦးက YBS 42 ယာဥ်လိုင်းမှာ အဆိုပါဖြစ်စဥ်မျိုး ပြီးခဲ့သည့်နှစ် ၂၀၂၁ တုန်းကသာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ ဇူလိုင် ၃၀ ရက်နေ့ YBS 42 ဖြစ်စဥ်သည် လုံး၀ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရသည်။
ယမန်နေ့ ဖြစ်ပွားခဲ့သည့်ဖြစ်စဥ်အရ 6P-6057 ကားနံပါတ်မှာYBS 42 လုံး၀မရှိကြောင်းအတည်ပြုထားကြောင်း သိရသည်။
"ဒီလိုဖြစ်စဥ်မျိုး မနေ့က လုံး၀မဖြစ်ခဲ့ပါဘူး။ ဖြစ်ခဲ့ရင်လည်း ကျတော်တို့က သက်ဆိုင်ရာတာ၀န်ရှိသူ တွေကို ဒီလိုဖြစ်တယ် ပျက်တယ် တွေကို တင်ပြရပါတယ်၊၊ အခုဖြစ်ပုံက အရင်သတင်းဟောင်းကိုဘဲ ပြန်တင်တာလားဆိုတာတော့ မသိပါဘူး။ ဒီသတင်းအရင်းမြစ်ကို စတင်တာ SPT INFORMATION က credit ပေးပြီးစတင်တာတော့ တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ တက်မယ်ဆိုလည်း သက်ဆိုင်ရာယာဥ်လိုင်းတာ၀န်ခံဆီကို အရင်ဆုံးစုံစမ်းသင့်ပါတယ်။ အခုက acc တခုကနေတင်တာကို အတည်ယူပြီးမတင်သင့်ပါဘူး။ အဲဒီ acc က အစစ်ရောဟုတ်နိုင်လား ဒါတွေစုံစမ်းပြီး သတင်းတခုကို အသေချာတင်သင့်ပါတယ်။အခုက acc အတုတွေနဲ့ လိုက်လုပ်နေတာအများကြီးပါ"ဟု ရွှေပြည်သာသားအများနှင့် သက်ဆိုင်သော ကုမ္ပဏီလိမိတက် တာ၀န်ရှိသူတစ်ဦးကပြောသည်။
ရွှေပြည်သာသားကုမ္ပဏီသည် YBS 42၊ YBS 65 ယာဥ်လိုင်းများကို တာ၀န်ယူပြေးဆွဲပေးနေခြင်းဖြစ်ပြီး YBS 42 သည် တရက်လျှင် အစီးရေ ၉၀နှုန်း၊ YBS 65 သည် တရက်လျှင် အစီးရေ ၁၀၀နှုန်း၊ယာဥ်လိုင်းတူ YBS 65 (YUPT)မှ တရက်လျှင်အစီးရေ ၆၀နှုန်း၊ YBS 65 ကုမ္ပဏီ၂ခု ပေါင်း တရက်အစီးရေ ၁၆၀ နှုန်းထိ ပြေးဆွဲပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published_31 July 2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇူလိုင်(၃၁)ရက်တွင်ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရသိရသည်၊၊
ဇူလိုင်လ(၃၀)ရက်က တစ်ညလုံးရွာထားသည့်မိုးကြောင့် ချောင်းရေများလျှံပြီး ပြင်ဦးလွင်ရှိ ရပ်ကွက်တော်တော်များများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်၊၊

ပြင်ဦးလွင်၊အနီးစခန်း ဘူတာချောင်းရေလျှံနေပြီးတွင် လမ်းမပေါ်များအထိ ရေများလျှံတက်နေကြောင်းနှင့် တစ်ခါမှမကြုံဖူးလောက်အောင် ရေကြီးရေလျှံမှုများဖြစ်ပွားနေကြောင်း ဒေသခံများထံမှသိရသည်၊၊
ပြင်ဦးလွင်မြို့နယ်ရှိ ရပ်ကွက်ကြီး(၁)နှင့် ရပ်ကွက်ကြီး(၄)အတွင်းကိုလည်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့သဖြင့် ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ကူညီဆောင်ရွက်ခဲ့ကြောင်းသိရသည်၊၊
ပြင်ဦးလွင်မြို့ဘူတာလမ်းတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ရေကြီးရေလျှံမှုကြောင့် ပြောင်းရွေ့ရန်လိုအပ်နေသူများကို သန္တိသုခ အခမဲ့လူမှုကူညီရေး အသင်းအဖွဲ့အပါအဝင် အသင်းအဖွဲ့များကလည်း ကူညီဆောင်ရွက်ပေးနေကြောင်းသိရသည်၊၊



ymg/tthl
#Yangon_Media_Group
#LocalNews
Published_ 31 July 2022
၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁) ရက်မှ ဇူလိုင်လ(၁၆)ရက် အထိမြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၁၀,၇၆၆) ဦးနှင့် သေဆုံးသူ(၄၃)ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကပြောသည်၊၊
ဇူလိုင်လ(၂၉)ရက်ကကျင်းပသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများ၏ ဝန်ထမ်းအိမ်ရာများတွင် ခြင်ကျားနှင့် ပိုးလောက်လမ်းကင်းစင်ရေး လှုပ်ရှားမှုအတွက် ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်၊၊
ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင်လည်း ဖြစ်ပွားမှုများနှင့်သေဆုံးမှုရှိကြောင်းသိရသည်၊၊
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက"သွေးလွန်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံတွင် အဓိက ကူးစက်မြန်ရောဂါတစ်ခုဖြစ်ပြီး(၂)နှစ်မှ (၃)နှစ်လျှင် တစ်ကြိမ်ဖြစ်ပွားမှုများပြားလေ့ရှိကြောင်း၊ နှစ်အလိုက်ဖြစ်ပွားမှုကိန်းဂဏန်းများအရ (၂၀၂၂) ခုနှစ်သည် ရောဂါဖြစ်ပွားမှုများပြားနိုင်သောကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နှီးနွယ်ဝန်ကြီးဌာနများကို ဖိတ်ကြားပြီး ဗဟိုအဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ၂၀၂၂ ခုနှစ်၊ မေလ (၂၃)ရက်နေ့တွင် ကျင်းပခဲ့ကြောင်း၊ ဝန်ကြီးဌာနများ၏ ဝန်ထမ်းအိမ်ရာများတွင် ခြင်ကျားနှင့် ပိုးလောက်လမ်းကင်းစင်ရေးလှုပ်ရှားမှု (Campaign) အားအကောင်အထည်ဖော်ဆောင်ရွက်သွားရန်အတွက် ယခု ညှိနှိုင်းအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် အသက်အရွယ် မရွေး၊ နေရာဒေသမရွေး ကျေးလက်နှင့်မြို့ပြများတွင်ပါ ဖြစ်ပွားနိုင်သဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ခြင်နှင့်ပိုးလောက်လမ်းပေါက်ပွားနိုင်သည့်နေရာများနှင့် ခြင်ခိုအောင်း နိုင်သည့် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းတိုကို စီမံချက်အသွင် စနစ်တကျဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများ၊ ကုသရေးလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးပစ္စည်းများနှင့် ပညာပေးစာစောင်များ၊ လုပ်ငန်းလမ်းညွှန်စာအုပ်များကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဝေထားပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများ၏ ဝန်ထမ်းအိမ်ရာများတွင် ခြင်ကျားနှင့် ပိုးလောက်လမ်းကင်းစင်ရေး လှုပ်ရှားမှု အတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်ကြောင့် ကူးစက်တတ်သည့်ရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နှီးနွယ်ဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုသည် အလွန်အရေးကြီးသည့်အတွက် ဝန်ကြီးဌာနများမှ ပါဝင်ဆွေးနွေးပေးကြပါရန် လိုအပ်ပါကြောင်း"ပြောကြားခဲ့သည်။
ymg/tthl
#Yangon_Media_Group
Page 1934 of 2296