#Local_News
Published_23 November 2022
ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်ဒေသအတွင်း နေထိုင်သော အသက် ၁၄နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်ရန် ကြိုးပမ်းသည်ဟူသည့် စွပ်စွဲချက်ဖြင့် မြန်မာအလုပ်သမားတစ်ဦး အဖမ်းခံရကြောင်း ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအရေးဆောင်ရွက်နေသူများက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်တွင် အသက် ၂၃ နှစ်အရွယ် မောင်ထူးလေးဆိုသူကို မဲဆောက်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံဒသတွင်း သတင်းများတွင်လည်း ဖော်ပြကြသည်။
မဲဆောက်ဒေသ မယ်ပကရမ်းရွာတွင် မိဘအုပ်ထိန်းသူများ အလုပ်သွားနေချိန် နေအိမ်၌ မိန်းကလေးတစ်ဦးတည်းကျန်ခဲ့ချိန် နေအိမ်တံခါးကို လာခေါက်သဖြင့် သူမ၏ မောင်ဖြစ်သူဟု ထင်မှတ်၍ နေအိမ်တံခါးကို ဖွင့်ပေးလိုက်ရာ မောင်ဖြစ်သူမဟုတ်ဘဲ အဆိုပါ မြန်မာအလုပ်သမားက နေအိမ်အတွင်းသို့ ဝင်လာကာ မိန်းကလေးငယ်အား ချုပ်ကိုင်ပြီးအခန်းထဲခေါ်ဆောင်အဓမ္မပြုကျင့်ရန်ကြိုးပမ်းခဲ့ကြောင်း သိရသည်။
ယင်းမိန်းကလေးငယ်က အမျိုးမျိုးပြောပြ ရုန်းကန်ကာ နေအိမ်အပြင်သို့ထွက်ပြေး အကူညီတောင်းခံခဲ့ကြောင်း၊ အဓမ္မကျူးလွန်ရန် ကြံစည်သည့် မြန်မာအလုပ်သမားလည်း ထွက်ပြေးခဲ့ပြီး ကြံစိုက်ခင်းအတွင်း ဝင်ပုန်းအောင်းနေခဲ့စဉ် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအခါ အဆိုပါ လူငယ်ကို ကနဦး အနေဖြင့် မဲဆောက်ရဲစခန်း၌ စစ်ဆေးနေပြီး ခြိမ်းခြောက်အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုဖြင့် အမှုဖွင့် တရားစွဲဆိုထားသိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_23 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ခုနှစ်လကျော်ကာလအတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ပြည်ပသို့ ပို့ကုန်တင်ပို့မှုတွင် လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၁ ဘီလီယံ ၊ တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၇၉ သန်း၊ ရေထွက်ပစ္စည်းတင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၄၃၉ ဒသမ ၉၄ သန်းရရှိထားပြီး သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၉၇ ဒသမ ၃၅ သန်း၊ သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၉ ဒသမ ၇၂ သန်း၊ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်နှင့် အခြားကဏ္ဍတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၁၀ ဒသမ ၈၁ သန်းရရှိထားကြောင်း စာရင်းများအရ သိရသည်။
အဆိုပါ တင်ပို့မှုတွင် နိုင်ငံပိုင်ကဏ္ဍတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၅ ဘီလီယံရရှိပြီး ပုဂ္ဂလိကကဏ္ဍတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၇၁ ဘီလီယံရရှိထားကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း စက်သုံးဆီ နှင့် စားသုံးဆီ၊ သံမဏိပစ္စည်း၊ ဓာတ်မြေဩဇာ၊ နို့ထွက်ပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများ တင်သွင်းခဲ့ရကြောင်း သိရသည်။ ယင်းအပြင် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၇ ဘီလီယံ ပိုမိုရရှိထားကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 23 November 2022
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေသည် ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ဥက္ကဋ္ဌ၊ Senior Minister ၊ H.E. Kittinitikosalbindit Om Yentieng နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များဆွေးနွေးပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဆိုပါ နားလည်မှုစာချွန်လွှာကို နှစ်နိုင်ငံအကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ သတင်းအချက်အလက်များဖလှယ်ရန်၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များဖြစ်သည့် စစ်တမ်းကောက်ယူခြင်း၊ အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှုဆန်းစစ်ခြင်း၊ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ခြင်းနှင့် နည်းပညာ အထောက်အကူပြု ကျွမ်းကျင်သင်တန်းများ ဖွင့်လှစ်နိုင်ရေးတို့ ပူးပေါင်းဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း သိရပါတယ်။
ထို့ပြင် အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့၏ (၁၈)ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ကျင်းပရာ မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါပြီး အာဆီယံအဖွဲဝင်နိုင်ငံ များနှင့်အတူ ASEAN-PAC နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်၍ ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။
အဆိုပါအစည်းအဝေးသို့ ASEAN-PAC အဖွဲ့ဝင်နိုင်ငံများရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အေဂျင်စီများမှ အကြီးအကဲများအပါအဝင် ကိုယ်စားလှယ် စုစုပေါင်း (၅၉) ဦး ပါဝင်တက်ရောက်ကြကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_22 November 2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အနောက်မြောက်ဘက်(၁၇)မိုင်လောက်အကွာက နဘူးလယ်ဒေသမှာ အကောင်အထည်ဖော်မယ့် ထားဝယ်အထူးစီးပွားရေးဇုန်ကို အထောက်အကူပြုဖို့နဲ့ ပြည်တွင်း ရထားလမ်းကွန်ရက်နဲ့လည်းချိတ်ဆက်နိုင်ဖို ရေး- ထားဝယ် - မြိတ် ကမ်းခြေရထားပတ်လမ်းကို ဖောက်လုပ်မယ်လို့ မြန်မာ့ မီးရထားကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 22 November 2022
မြန်မာနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ နိုင်ငံတကာကျောင်း International Schoolတွေမှာအောင်မြင်ခဲ့သူတွေအနေနဲ့ ပြည်တွင်း၊ ပြည်ပတက္ကသိုလ်တွေမှာ တက်ရောက်ဖို့အခက်ကြုံနေတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_22 November 2022
ယခုရက်ပိုင်းထဲမှာ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးဟာ အရောင်းအဝယ်အေးနေတယ်လို့ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းက ကုန်သည်တစ်ဦးဖြစ်သူ ဦးသန်းစိုးရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 22 November 2022
လာမယ့်ဒီဇင်ဘာလ ကြံရာသီစတင်ချိန်တွင် တရုတ်ကိုတင်ပို့မယ့် ကြံတစ်တန်ကို ယွမ် ၃၈၀ အထိ ဈေးရနေတယ်လို့ မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Yangon_Media_Group
Page 1467 of 2077