#Local_News
Published _22 June 2023

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်း၌ ယနေ့ဇွန်လ ၂၂ ရက် နံနက်က သေဆုံးနေသော အိမ်ခြေမဲ့တစ်ဦး၏ ရုပ်အလောင်းကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။

 

"ရပ်ကွက်ကအကြောင်းကြားတာ၊ ဆိပ်ကမ်းသာလမ်း အပေါ်မှာ တိုက်အမှတ် ၂၀၅ ရဲ့ လှေကားမှာတွေ့တာ။ မျက်နှာမှာ ဒဏ်ရာနည်းနည်းရထားတယ်။ သူက အသက် ၄၀ ကျော် နီးပါးရှိပြီ။ အိမ်ခြေမဲ့ပါ"ဟု ရပ်ကွက်နေသူတစ်ဦးပြောသည်။

 

ရုပ်အလောင်းကို လင်းလက်လူမှုကူညီရေးအသင်းကသယ်ယူ၍ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းသိရသည်။

 

#ymg/ynzw #အိမ်ခြေမဲ့အမျိုးသားတစ်ဦးသေဆုံးနေ
#Yangon_Times/BM