Published-14 December 2023
မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ( MCIA) နှင့်ထိုင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗီယက်နမ် နိုင်ငံတို့မှ ကုမ္ပဏီများနှင့် ပြောင်းဝယ်ယူ ရောင်းချခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ဖြစ်သောကြောင့် ပြည်ပ ပြောင်းတင်ပို့မှုပိုမိုများလာနိုင် လာနိုင်ကြောင်းယင်းအသင်းမှသိရသည်။
အဆိုပါလက်မှတ်ရေးထိုးပွဲကို ယခုအပတ်အတွင်း နေပြည်တော်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ လက်မှတ်ရေးထိုးရာတွင် ထို့နောက် မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းနှင့် ပြည်ပကုမ္ပဏီ (၇) ခုတို့က ပြောင်းဝယ်ယူရောင်းချရန် နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ကြပြီးတရုတ်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများအနေဖြင့် ပြောင်းဝယ်လိုအားများပြားသည့်အတွက် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဈေးကွက်တည်ငြိမ်မှုနှင့် ကုန်သွယ်မှုပမာဏ တိုးတက်လာမည်ဖြစ်ကြောင်းသိရသည်။
Yangon-Times/NN
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
"ပုံမှန်သုံးလကို ဆီကြိတ်စက်အကြီး ၇လုံး၈လုံးလောက် ရောင်းချနေရာမှ အခုသုံးလအတွင်း ဆီစက်လုံးရေ ၂၀လောက်ရောင်းချရတယ်။ မနှစ်ကထက် နှစ်ဆလောက်ပိုရောင်းရတယ်။ သယ်ယူပို့ဆောင်စရိတ်တွေ တိုးလာတဲ့အတွက် ဆီစက်တွေ ဈေးကျပ်၅သိန်းမှ ၁၀သိန်းအထိ တက်လာတယ်" အောင်ဇမ္ဗူ ဆီစက်ရောင်းချသည့်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး
Yangon-Times/tthl
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထွက်ရှိတဲ့ ပဲစဉ်းငုံများကို ပွဲခမယူဘဲ ကာလပေါက်ဈေး အတိုင်ပေးပြီး တန်၂၀၀၀ကျော် ၀ယ်ယူသွားမယ်လို့ မကွေးတိုင်း တောင်သူဖွံဖြိုးရေးအဖွဲ့ထံက သိရပါတယ်။
Yangon-Times/LW
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published_ 14 December 2023
AFC Futsal Asian Cup 2024 အုပ်စု မဲခွဲပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းက မလေးရှားနိုင်ငံ အာရှဘောလုံးအဖွဲ့ချုပ် ရုံးတွင် ကျင်းပခဲ့ရာ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် အိမ်ရှင် ထိုင်းအသင်း၊ ဗီယက်နမ် အသင်း ၊ တရုတ်အသင်းများနှင့် အတူ အုပ်စု (က)၌ ယှဉ်ပြိုင်ရမည် ဖြစ်သည်။
AFC Futsal Asian Cup 2024 ပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ပြီး အုပ်စု ပွဲစဉ်များကို ၂၀၂၄ ခုနှစ် ဧပြီ ၁၇ ရက်တွင် စတင်ကျင်းပသွားမည် ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် ရောက်ရှိသော အသင်းလေးသင်းသည် ဥဇဘက်ကစ္စတန် နိုင်ငံတွင် ကျင်းပမည့် ဖူဆယ် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ခွင့် ရရှိမည် ဖြစ်သည်။ ဥဇဘက်ကစ္စတန် အသင်းအနေဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပါက ကွာတားဖိုင်နယ်တွင် ရှုံးနိမ့်သော အသင်းအများအနေဖြင့် Play-Off ပွဲများ ပြန်လည်ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အဆင့် ၅ နေရာ ရရှိသော အသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မည် ဖြစ်သည်။
ymg_mnn
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မလေးရှားမှာ နိုင်ငံတကာက အော်ဒါရရှိမှုနည်းပါးနေတာကြောင့် စက်ရုံပိတ်သိမ်းမှု အချို့ပင်ရှိနေပြီး ပြည်ပလုပ်သားခေါ်ယူမှု လျော့ကျနေကာ လာမယ့်တရုတ်နှစ်ကူးပြီးလျှင်လည်း လုပ်သားသစ်ခေါ်ယူမှု ဆက်လက်လျော့ကျနိုင်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF) ကသိရပါတယ်။
Yangon-Times/NN
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
လမ်းပန်းဆက်သွယ်ရေး အခက်ခဲနဲ့ ကုန်အ၀င်နည်းလာတဲ့အတွက် ရှမ်းကြက်သွန်ဖြူ တစ်ပိသာကိုကျပ် ၂၀၀၀ ကျော် ဈေးမြင့်လာတယ်လို့ ရန်ကုန်ရှိ ကြက်သွန်ပွဲရုံတွေထံက သိရပါတယ်။
Yangon-Times/LW
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published-14 December 2023
တနင်္သာရီတိုင်း၊ ထားဝယ်မြို့၌ရေခဲပို့သည့် ကားတစ်စီး အရှိန်လွန်ပြီး နေအိမ်ဈေးဆိုင်ကို ဝင်တိုက်ခဲ့သဖြင့် လူခြောက်ဦး ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းများမှ သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၃ ရက်၊ နေ့လည် ၁၂ နာရီခွဲ ခန့်တွင် ထားဝယ်မြို့၊ ဗျောတောဝလမ်းဆုံ အနီး၌ ရေခဲပို့သည့်ကားတစ်စီး အရှိန်လွန်ပြီး နေအိမ်ဈေးဆိုင်ကို ဝင်တိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်မှာ ခေါင်းကွဲဒဏ်ရာနှင့် ဈေးဆိုင်ပိုင်ရှင်နှင့် ဈေးဝယ်သူအမျိုးသမီးလေးဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သောကြောင့် ထားဝယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထို့အပြင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်အား သက်ဆိုင်ရာမှ စစ်ဆေးနေပြီး ထားဝယ်မြို့မ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။
Yangon-Times/NN
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 14 December 2023
လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငြွေဖင့် ထိုင်းနိုင်ငံ Khon Kaen University က အကောင်အထည်ဖော် ဆောင်ရွက်မည့် LMC Strengthening Dairy Innovation (SDI) Programme စီမံကိန်းကို လာမည့် ၂၀၂၄ ခုနှစ်တွင် စတင်မည် ဖြစ်ကာ အဆိုပါစီမံကိန်း အနေဖြင့် လန်ချန်း - မဲခေါင် မြစ်ဝှမ်းဒေသအတွင်းရှိ တရုတ်၊ ထိုင်း၊ မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံ များမှ နို့စားနွားမွေးမြူရေးနှင့် နို့နှင့် နို့ထွက်ပစ္စည်း ထု
တ်လုပ်မှု လုပ်ငန်းများ အဆင့်မြှင့်တင်ရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် မြန်မာနိုင်ငံနို့လုပ်ငန်းအသင်းမှ သိရသည်။
စီမံကိန်းအရ (၁) သက်ဆိုင်ရာနိုင်ငံများမှ မွေးမြူရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ နို့စားနွားမွေးမြူသူများ၊ နို့ နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်သူများအား နည်းပညာသင်တန်းများ ပို့ချပေးခြင်း၊ (၂) နည်းပညာဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ (၃) မဲခေါင် - လန်ချန်းဒေသတွင်း နိုင်ငံများအကြား နို့စားနွားမွေးမြူရေးနှင့်၊ နို့ နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရေးဆိုင်ရာ ကွန်ယက် ဖွဲ့စည်းတည်ထောင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရ
သည်။
အဆိုပါ သင်တန်းများနှင့်အလုပ်ရုံဆွေးနွေးပွဲများ ကို ၂၀၂၄ ခုနှစ် မေလ တွင် စတင်နိုင်ရန် ပြင်ဆင်ထားသောကြောင့် ယင်း သင်တန်းများ နဲ့ အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံမှ သင်တန်းသားများ စေလွှတ်နိုင်ရေး အတွက် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံနို့လုပ်ငန်း အသင်းတို့က သက်ဆိုင်ရာအဖွဲ့အစည်းများသို့ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်လျက်ရှိက စိတ်ပါဝင်စားသည့် နို့စားနွားမွေးမြူသူများ၊ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်သူများအနေဖြင့် သင်တန်းသွားရောက်ရန်နိုင်ငံကူးလက်မှတ် အပါအဝင် အခြား လိုအပ်နိုင်သည့် စာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားရန်အတွက် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ နို့လုပ်ငန်းအသင်းမှ သတိပေးထုတ်ပြန်ထားသည်။
Yangon-Times/LW
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published_ 14 December 2023
(၁၀)ကြိမ်မြောက် တရုတ်-အာဆီယံ (နန်နင်း) ဇာတ်သဘင် ရက်သတ္တပတ်သို့ မြန်မာနိုင်ငံမှ ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာ့ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှသိရသည်။
အဆိုပါဖျော်ဖြေပွဲ၌ မြန်မာ့ဇာတ်သဘင်အဖွဲ့ဝင်များက မြန်မာ့ဆိုင်းဝိုင်း၊ မြန်မာ့ရုပ်သေး၊ နှစ်ပါးသွားအက၊ မဟော်သဓာဇာတ် စသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်ဟုဆိုသည်။
တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့မှ (၁၀)ရက်နေ့အထိ ကျင်းပသည့် (၁၀)ကြိမ်မြောက် တရုတ်-အာဆီယံ (နန်နင်း) ဇာတ်သဘင်ရက်သတ္တပတ်သို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းနှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဖိုးချစ်တို့ ဦးဆောင်သည့် မြန်မာ့ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့ ပါဝင်ဖျော်ဖြေခဲ့ခြင်းဖြစ်သည်။
(၁၀)ကြိမ်မြောက် တရုတ်-အာဆီယံ (နန်နင်း) ဇာတ်သဘင်ရက်သတ္တပတ် ဖွင့်ပွဲအခမ်းအနားကို ၆-၁၂-၂၀၂၃ ရက်နေ့၌ ကျင်းပခဲ့ပြီးနောက် ၇-၁၂-၂၀၂၃ ရက်နေ့တွင် Guangxi Culture and Art Center ၌ မြန်မာ့ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့၏ ဇာတ်သဘင်ဖျော်ဖြေပွဲကို ကျင်းပခဲ့ရာ နန်နင်း ကွန်မြူနစ်ပါတီကော်မတီ အမြဲတမ်း အဖွဲ့ဝင်နှင့် ပြန်ကြားရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Zhao Yongfu နှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်ဖြစ်သူ Ms. Fan Qin စသည့်အရာရှိကြီးများ၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း၊ ကောင်စစ် ဝန်ချုပ်ရုံး မိသားစုများ၊ ကောင်စစ်ဝန်ချုပ်ရုံးမှ ဖိတ်ကြားထားသော နန်နင်းမြို့ရှိ ကွမ်ရှီးတိုင်းရင်းသားလူမျိုးစု တက္ကသိုလ်၌ မြန်မာဘာသာ သင်ယူနေသည့် တရုတ်ကျောင်းသား/သူများ၊ ဆရာ/ဆရာမများ၊ ပညာတော်သင် ရောက်ရှိနေသော မြန်မာကျောင်းသား/သူများ၊ နန်နင်းအခြေစိုက် Panorama မဂ္ဂဇင်းမှ သတင်းမီဒီယာအဖွဲ့များ စသဖြင့် ဧည့်ပရိသတ် (၄၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
လာရောက်ကြည့်ရှုကြသည့် တရုတ်၊ မြန်မာပရိသတ်များအား တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ကြပြီး ကွမ်ရှီးမီဒီယာများတွင် ထုတ်လွှင့်ပြသနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းနှင့် တရုတ်-အာဆီယံ (နန်နင်း) ဇာတ်သဘင်ရက်သတ္တပတ် ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ၁၀ရက်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
Yangon_Times/tthl
#Published_ 14 December 2023
#YMG #Yangon_Times #YMG_News
#Yangon_Media_Group
Published 14 December 2023
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အပေါ် စွပ်စွဲပြစ်တင်ထားတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုကို တရားဝင်ခွင့်ပြုချက်ရရန် အမေရိကန် အောက်လွှတ်တော်က ဗုဒ္ဓဟူးနေ့မှာ မဲဆန္ဒပြုခဲ့ကြပါတယ်။
ဒီမိုကရက်တစ်ဦးဖြစ်တဲ့ ဂျိုးဘိုင်ဒင်ရဲ့ လုပ်ရပ်မှားတွေအကြောင်း အထောက်အထား မတွေ့ရှိထားပေမယ့် ရီပတ်ဘလစ်ကန်တွေကတော့ စည်းလုံးညီညွတ်စွာ ကြိုးပမ်းအားထုတ်နေကြတာ ဖြစ်ပါတယ်။
ရီပတ်ဘလစ်ကန်တွေ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်က ဘိုင်ဒင်စုံစမ်းစစ်ဆေးမှုကို အတည်ပြုဖို့အတွက် ၂၂၁-၂၁၂ မဲဆန္ဒပြုခဲ့ကြပါတယ်။
ဂျိုးဘိုင်ဒင်ရဲ့သား ဟန်တာဘိုင်ဒင်ဟာ တံခါးပိတ်သက်သေခံ ထွက်ဆိုရန် ငြင်းဆန်ပြီးနောက် ဂျိုးဘိုင်ဒင်က သားဖြစ်သူရဲ့ နိုင်ငံခြားစီးပွားရေးတွေကနေ မမှန်မကန် အကျိုးအမြတ် ရယူခဲ့လားဆိုတာကို စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။
အိမ်ဖြူတော်ကတော့ ဒီစုံစမ်းမှုဟာ အကျိုးအကြောင်း မဆီလျော်ဘဲ နိုင်ငံရေးအရ လှုံ့ဆော်နေတာဆိုပြီး အသိအမှတ် မပြုပါဘူး။
ဘိုင်ဒင်ဟာ ၂၀၂၄ ရွေးကောက်ပွဲမှာ ယှဥ်ပြိုင်ဖို့ ပြင်ဆင်နေပြီး ရီပတ်ဘလစ်ကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ ထပ်မံယှဥ်ပြိုင်ရဖွယ် ရှိနေပါတယ်။
ထရမ့်ဟာ အမေရိကန်သမိုင်းမှာ စွပ်စွဲချက် ၂ ကြိမ်တိုင်တင်ခံရတဲ့ ပထမဆုံးသမ္မတဟောင်း ဖြစ်လာပြီး လက်ရှိမှာလည်း နောက်ထပ် ရာဇဝတ်စစ်ဆေးမှု ၄ ခုအတွက် ပြင်ဆင်နေပါတယ်။
အောက်လွှတ်တော်က သမ္မတကို စွပ်စွဲချက်တင်ဖို့ မဲဆန္ဒပြုကြရင်တောင် အထက်လွှတ်တော်မှာ မဲဆန္ဒ ၃ ပုံ ၂ ပုံရရှိရန် လိုအပ်တာကြောင့် အဆိုပါအားထုတ်မှုဟာ အောင်မြင်ဖို့ အလွန်အခွင့်နည်းနေပါတယ်။
အထက်လွှတ်တော်မှာ ဘိုင်ဒင်ရဲ့ ဒီမိုကရက်တွေက ၅၁-၄၉ ဖြင့် ထိန်းချုပ်ထားတာကြောင့် ဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၂၄ ရွေးကောက်ပွဲ စည်းရုံးရေးတွေမှာ အကျင့်ပျက်မှု စွပ်စွဲချက်များကို အသုံးချသွားဖွယ် ရှိနေပါတယ်။
ရီပတ်ဘလစ်ကန်တွေက စစ်ဆေးမှုကို တရားဝင်စတင်ပြီးနောက် ၃ လအကြာမှာ မဲဆန္ဒပြုခြင်း ပြုလုပ်လာတာဖြစ်ပြီး ဒါဟာ သမ္မတကို ရာထူးမှဖယ်ရှားဖို့ လိုအပ်တဲ့လုပ်ရပ် မဟုတ်ပါဘူး။
၂၀၀၉ မှ ၂၀၁၇ သမ္မတဘာရက်အိုဘာမား လက်ထက်မှာ ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျိုးဘိုင်ဒင်နဲ့ ယင်းမိသားစုဟာ နိုင်ငံခြားလုပ်ငန်းတွေကနေ အကျိုးအမြတ်ရခဲ့တယ်လို့ အောက်လွှတ်တော် ရီပတ်ဘလစ်ကန်တွေက စွပ်စွဲထားကြပြီး ထိုကာလအတွင်း ယူကရိန်းနဲ့ တရုတ်တို့မှာ ဟန်တာဘိုင်ဒင်ရဲ့ စီးပွားရေးများအပေါ် အာရုံစိုက်နေကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ထိုလုပ်ငန်းတွေကို ထောက်ပံ့ပေးတဲ့ လုပ်ရပ်တွေ၊ ထိုကနေ အကျိုးအမြတ်ရခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကိုတော့ မပြနိုင်ခဲ့ပါဘူး။
ထိုစွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဂျိုးဘိုင်ဒင်ရဲ့မှတ်ချက်က ‘’အောက်လွှတ်တော်ဟာ တိုင်းပြည်အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး အကူအညီမပေးဘဲ ကျွန်ုပ်ကို အလိမ်အညာတွေနဲ့ စွပ်စွဲနေကြပါတယ်’’ လို့ ဆိုပါတယ်။
ဟန်တာဘိုင်ဒင်ဟာ မူးယစ်ဆေး၊ အရက်သေစာ စွဲလမ်းခြင်းကိစ္စများနဲ့ ပတ်သက်ပြီး ရာဇဝတ်စစ်ဆေးမှုများကို နှစ်တွေတိုင်အောင် ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။
Source: Reuters
#World_News
#Published_ 14 December 2023
#YMG #Yangon_Times #YMG_News
#Yangon_Media_Group
Published-14 December 2023
ယခုဒီဇင်ဘာ ၁၀ရက်တာကာလအတွင်း ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု လျာထားချက် အပေါ် ၃၄ရာခိုင်နှုန်းကျော် ဆောင်ရွက်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ထိုသို့ဆောင်ရွက်ထားရာတွင် ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၆.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁၈.၅၀၀) ဒေါ်လာသန်း ဖြစ်ရာ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၅.၁၆၉) ဒေါ်လာသန်း၊ သွင်းကုန်(၁.၂၀၂)ဒေါ်လာသန်း၊ စုစုပေါင်း (၆.၃၇၁) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှု လျာထားချက် အပေါ် (၃၄.၄၃၈%) ဆောင်ရွက်ပြီးဖြစ်ကြောင်းသိရသည်။
ထို့အပြင် ဒီဇင်ဘာလ (၁၀)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဖရဲသီး၊ ရော်ဘာ၊ ရှောက်ကောပါကောနှင့် ဧည့်မထဆန်များကို တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများ တင်သွင်းနိုင်ခဲ့ကြောင်းသိရသည်။
Yangon-Times/NN
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 624 of 1687