#Local_News
Published 28 December 2024

▪️ ကိုရီးယား‌ရောက် မြန်မာများ၏ပတ်စ်ပို့ကိစ္စအတွက် Appပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း ဆိုးလ်ရှိမြန်မာသံရုံးက ထုတ်ပြန်ထားသည်။

▪️ ကိုရီးယားနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ် ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းနှင့် သက်တမ်းတိုးသည့်လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် Glow Mate Application ကို ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

▪️ ဇူလိုင်လ ၂၂ ရက်မှစတင်ကာမြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ် ကိစ္စရပ်များနှင့် ပတ်သက်၍ လူကိုယ်တိုင်သွားပြီး ကြိုတင်ရက်ချိန်းယူသည့်စနစ်အစား Online Appointment စနစ်သို့ ပြောင်းလဲဆောင်ရွက်ခဲ့ရာ လက်ရှိဆောင်ရွက်နေသည့် Online Appointment စနစ် အသုံးပြုခဲ့ချိန်တွင် ကြုံတွေ့ခဲ့သည့် အခက်အခဲနှင့် အတွေ့အကြုံများကို အခြေခံပြီး ကောင်စစ်ဆိုင်ရာကိစ္စများ ယခုထက် ပိုမိုလွယ်ကူလျင်မြန် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန်‌ေရးအတွက် Glow Mate Application ကို ပြောင်းလဲအသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။

▪️ ထို့ကြောင့် လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ကြိုတင်ရက်ချိန်းယူမည့်သူများအ‌နေဖြင့် လက်ရှိအသုံးပြုနေသည့် Online Appointment စနစ်ကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် မတ်လနောက်ပိုင်းအတွက် ရက်ချိန်းရယူမည့်သူများအနေဖြင့် ဒီဇင်ဘာ ၂၇ ရက်မှစတင်ကာ Glow Mate Application ကတစ်ဆင့် ကြိုတင်ရက်ချိန်းယူရမည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times