#Local_News
Published 9 April 2024
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ ၁၂၀ လမ်းနှင့် ၆၈ လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်းမီးသတ်တပ်ဖွဲ့၏သတင်း ထုတ်ပြန်မှုအရသိရသည်။
ဧပြီလ ၉ရက် နေ့လည် ၁နာရီ ၅၅မိနစ် အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြိမ်းသတ်ခဲ့ရာ ၂နာရီ ၁၉မိနစ်အချိန် တွင် မီးငြှိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် လူနေအိမ် အချို့ မီးလောင်ဆုံးရှုံးခဲ့ကာ မီးလောင်သည့် အကြောင်းအရာနှင့် ဆုံးရှုံးမှုတန်ဖိုးကိုသက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၇ ရက် မနက်အစောပိုင်းတွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၆၈လမ်း(မင်္ဂလာကန်လမ်း)၊ ၁၂၅ လမ်းနှင့် ၁၂၆ လမ်းကြားက စက္ကူစက်ရုံတစ်ရုံတွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
#ပြည်ကြီးတံခွန် #မီးလောင်မှုဖြစ်ပွား #YMG/LW #Yangon_Times
တရုတ်ပြည်သူသန်း(၁၄၀၀)အတွက် အရည်အသွေးမြင့် အဝတ်အထည်လိုအပ်ချက်ဈေးကွက် ရှိနေပြီးမြန်မာအထည်ချုပ်လုပ်သားတွေရဲ့ အဝတ်အထည်ထုတ်လုပ်တဲ့ ထုတ်ကုန်စွမ်းအားဟာအရှေ့ တောင်အာရှမှာသာမက ကမ္ဘာမှာပါယှဉ်ပြိုင်နိုင်စွမ်းရှိတယ်။
(တရုတ်လုပ်ငန်းရှင်များအသင်း၊အထည်ချုပ်အသင်းခွဲမှကိုယ်စားလှယ် Mr.Sui Xigang)
#Local_News
Published_ 09 April 2024
#အရည်အသွေးမြင့်အဝတ်အထည် #မြန်မာအထည်ချုပ်လုပ်သားစွမ်းအင်
#tthl #Yangon_Times
မိုးစပျစ်ရာသီအတွက် ကိုင်းပြင်ခြင်းများစတင်ပြုလုပ်နေပြီလို့ စပျစ်စိုက်ပျိုးသူတွေဆီက သိရပါတယ်။
#Local_News
Published_ 09 April 2024
#မိုးစပျစ်ရာသီ #စပျစ်စိုက်ပျိုးသူ
#YMG/NN #Yangon_Times
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်နှင့်ဝေါမြို့နယ်အတွင်းမှာရှိတဲ့ မိုးယွန်းကြီးအင်းဘေးမဲ့တောကို သင်္ကြန်ကာလမှာ ဖွင့်လှစ်ထားမှာဖြစ်ပြီး ညအိပ်တည်းခိုဖို့အတွက် ကြိုတင်စုံစမ်းတာတွေရှိတယ်လို့ moeyungyi wetland resort မှ တာဝန်ရှိသူတွေထံက သိရပါတယ်။
#Local_News
Published_ 09 April 2024
#မိုးယွန်းကြီးအင်းဘေးမဲ့တော #လာရောက်လည်ပတ်သူများ
#YMG/LW #Yangon_Times
၉ ဧပြီ ၂၀၂၄
မြန်မာနိုင်ငံရဲ့ ရတနာသဘာဝဓာတ်ငွေ့တွင်းမှာ ရင်းနှီးမြှပ်နှံလုပ်ကိုင်နေတဲ့ အမေရိကန် စွမ်းအင်ကုမ္ပဏီ ချက်ဗရွန် ဟာ ရင်းနှီးမြှပ်နှံမှုကနေ နှုတ်ထွက်သွားပြီးနောက် သူ့ရှယ်ယာ ၄၁.၁ ရာခိုင်နှုန်းကို အပြင်ကိုမရောင်းချတော့ဘဲ လက်ရှိ ရှယ်ယာပါတနာကုမ္ပဏီနှစ်ခုက ပြန်ခွဲဝေယူလိုက်ကြပါတယ်။
အဆိုပါကုမ္ပဏီနှစ်ခုက ထိုင်းနိုင်ငံရဲ့ PTTEP ပီတီတီရှာဖွေထုတ်လုပ်ရေးကုမ္ပဏီနှင့် မြန်မာအစိုးရပိုင် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)တို့ဖြစ်ကြတယ်လို့ ဘန်ကောက်ပို့စ်က သတင်းရေးသားပါတယ်။
ချက်ဗရွန်ရဲ့ရှယ်ယာနှုတ်ထွက်သွားပြီးနောက် ထိုင်းနိုင်ငံရဲ့ PTTEP ကုမ္ပဏီရဲ့ရှယ်ယာဟာ ၆၂.၉၆ ရာခိုင်နှုန်း မြင့်တက်သွားစေမှာဖြစ်ပါတယ်။
ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းဟာ မုတ္တမပင်လယ်ကွေ့မှာတည်ရှိပြီး တစ်နှစ်ကို သဘာဝဓာတ်ငွေ့ ၆ ဘီလီယံ ကုဗမီတာထွက်ရှိနေပါတယ်။ ထွက်ရှိသမျှ သဘာဝဓာတ်ငွေ့ရဲ့ ၇၀ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့တင်ပို့နေပြီး ကျန် ၃၀ရာခိုင်နှုန်းကိုတော့ မြန်မာ MOGE က ပြည်တွင်းသုံးအဖြစ် ခွဲဝေရယူထားပါတယ်။
ရတနာစီမံကိန်းဟာ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံစလုံးရဲ့ စွမ်းအင်လုံခြုံရေးအတွက် မဟာဗျူဟာမြောက်အရေးပါနေ တာဖြစ်တယ်လို့ PTTEP က ထိုင်းစတော့အိတ်ချိန်းသို့ထုတ်ပြန်တဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။
“ PTTEPဟာ စီမံကိန်းရဲ့အော်ပရေတာဖြစ်တာနှင့်အညီ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံစလုံးရဲ့ ပြည်သူတွေလိုအင်တွေ ဖြည့်ဆည်းဖို့နှင့် စွမ်းအင်လုံခြုံရေးဆက်လက်ထိန်းသိမ်းဖို့ စီမံကိန်းကနေ သဘာဝဓာတ်ငွေ့တွေ ဆက်လက်ထုတ် လုပ်နေမှာဖြစ်တယ်” လို့ PTTEP ကပြောပါတယ်။
@ymg/knl
EVလျှပ်စစ်ကားတွေကို ခန့်မှန်းခြေဒုတိယနှစ်ဝက်မှာ စတင်ထုတ်လုပ်နိုင်မှာဖြစ်ပြီး နှစ်ကုန်ပိုင်းမှာ လျှပ်စစ်ကားကို ဈေးကွက်မှာ ရောင်းချနိုင်မှာဖြစ်တယ်။ အနာဂတ်မှာ မြန်မာနိုင်ငံမှာလျှပ်စစ်ကား တွဲဖက်ပစ္စည်းတွေထုတ်လုပ်တာသာမက မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်အဖြစ် လည်းထုတ်လုပ်နိုင်ဖို့လည်းစီစဉ်ထားတယ်။
(မြန်မာအားသစ်မာန်ကုမ္ပဏီမှ Mr.Liu Yonghong)
#Local_News
Published_ 09 April 2024
#EVလျှပ်စစ်ကား #လျှပ်စစ်ကားတွဲဖက်ပစ္စည်း
#tthl #Yangon_Times
#Local_News
Published 9 April 2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့၏သတင်း ထုတ်ပြန်ချက်အရသိရသည်။
ဧပြီ ၉ ရက် နံနက် ၁၀ နာရီ ၂၀မိနစ် အချိန်ကလောင်ကျွမ်းခဲ့သဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်း၊ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းနှင့် တာမွေမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၀နာရီ ၂၄မိနစ် အချိန် တွင် မီးငြှိမ်းခဲ့ကြောင်း သိရသည်။
"မီးငြှိမ်းသတ်မှုနိုင်ခဲ့တဲ့အတွက် မီးစလောင်တဲ့ နေအိမ်တစ်လုံးပဲ လောင်ကျွမ်းခဲ့တာပါ အခြားနေအိမ်တွေကို မကူးစက်ခဲ့ဘူး လူထိခိုက်ဒဏ်ရာရရှိတာလဲ မရှိပါဘူး"ဟုသွားရောက် ကူညီပေးခဲ့သည့်ရှင်သန်ရေးကူညီမှုအသင်းမှ အသင်းဝင်တစ်ဦးကပြောသည်။
မီးလောင်သည့် အကြောင်းရာနှင့်ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#Local_News #စက်ဆန်းရပ်ကွက် #မီးလောင်မှုဖြစ်ပွား #YMG/LW #Yangon_Times
#Local_News
Published_ 09 April 2024
အခုရက်ပိုင်းအတွင်း နေ့အပူချိန်များပြင်းနေသော်လည်း သင်္ကြန်နီးချိန် နောက်နှစ်ရက် အတွင်းဒေသ(၇)ခု၌ မိုးရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဧပြီ(၉)ရက်ညနေပိုင်းတွင် ကချင်ပြည်နယ်တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာခိုင်နှုန်း ၈၀ရှိသည်ဟုဆိုသည်။
ဧပြီ(၁၀)ရက်နှင့်(၁၁)ရက်တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တိုတွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်သည်ကြောင်း သိရသည်။
ကချင်အစရှိသည့်မြန်မာနိုင်ငံအထက်ပိုင်းတွင်မိုးရွာသွန်းမှု၊မိုးသီးကြွေမှုများရှိခဲ့ပြီးမြန်မာနိုင်ငံအောက်ပိုင်းဒေသများ၊ရန်ကုန်၊ ပဲခူး၊ ဧရာဝတီအစရှိသည့်မြစ်ဝကျွန်းပေါ်ဒေသများတွင်မိုးရွာသွန်းရန်လိုအပ်နေပြီး ယခုရက်ပိုင်း အတွင်းမြန်မာနိုင်ငံအောက်ပိုင်းနှင့်မြစ်ဝကျွန်းပေါ်ဒေသအချို၌မိုးရွာရန်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#Local_News #နောက်နှစ်ရက်အတွင်းဒေသ(၇)ခု #မိုးရွာမည် #tthl #Yangon_Times
#Local_News
Published_9 April 2024
ကမ္ဘောဒီးယားနိုင်ငံ၊ ခေတ္တနိုင်ငံအကြီးအကဲနှင့် အထက်လွှတ်တော် ဥက္ကဋ္ဌ ဆမ်ဒက် ဟွန်ဆင် အား ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းသည် ဧပြီ ၈ ရက်တွင် ဖနောင်ပင်မြို့ရှိ အထက်လွှတ်တော်၌ သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံရာတွင် သံအမတ်ကြီးက မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေ အနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနှင့် ကမ္ဘောဒီးယားတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုအပေါ်အခြေခံ၍ နယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးခဲ့ပါတယ်။
ဆမ်ဒက်ဟွန်ဆင်က ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူ ထမ်းဆောင်ပြီးနောက် ပထမဆုံးလက်ခံတွေ့ဆုံသည့် သံအမတ်ကြီးဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား တူညီသည့် ရိုးရာဓလေ့ထုံးတမ်းများအပေါ် အခြေခံ၍ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ်တွင် ကျရောက်မည့် နှစ်(၇၀)မြောက် သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ် လှုပ်ရှားမှုများ ပြုလုပ်နိုင်ရေးနှင့် နှစ်နိုင်ငံခေါင်းဆောင်များအကြား ထိတွေ့ ဆက်ဆံမှု တိုးမြှင့်ရေး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
#Local_News #ဆမ်ဒက်ဟွန်ဆင် #မြန်မာသံအမတ်ကြီးမှသွားရောက်ဂါရဝပြုတွေ့ဆုံ #Ymg_mnn #Yangon_Media_Group
#Local_News
Published_ 9 April 2024
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် ဥရောပသမဂ္ဂကိုယ်စား ဘယ်လ်ဂျီယံ နိုင်ငံကတင်သွင်းသည့် “မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ပါ ဆုံးဖြတ် ချက်ကို ဧပြီလ ၄ ရက်တွင် မြန်မာနိုင်ငံမပါဝင်ဘဲ အတည်ပြုချမှတ်ခဲ့ပြီး ကုလသမဂ္ဂ၏ တစ်ဖက်သတ်ဖိအားပေးမှုသည် အပြုသဘောသော ဆောင်ပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူဖြစ်စေမှာမဟုတ်ကြောင်း နစက ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန် ပြောဆိုလိုက်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တံခါးဖွင့်အစည်းအဝေးကို နယူးယောက်မြို့၌ ဧပြီလ ၄ ရက်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ဆွေးနွေးခဲ့တာဖြစ်ပြီး ဂျီနီဗာမြို့၌ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၅) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်မှ ဧပြီလ ၅ ရက်အထိကျင်းပခဲ့ပါသေးတယ်။
ယင်းအစည်းအဝေးတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အပြန်အလှန်ဆွေးနွေးမှုနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ၏ အပြန်အလှန်ဆွေးနွေးမှုတို့ကို မတ်လ ၁ ရက်နှင့် ၁၉ ရက်တို့တွင် အသီးသီးပြုလုပ်ခဲ့ပြီး အဆိုပါဆုံးဖြတ်ချက်အဆိုတွင် မြန်မာနိုင်ငံ၏ လူ့အခွင့် အရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ အခြေအမြစ်မရှိသည့် တစ်ဖက်သတ်စွပ်စွဲဖော်ပြချက်များ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
နစကအစိုးရအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးအပ်ရေး လိုအပ်သူများထံ အချိန်နှင့် တစ်ပြေးညီပေးပို့နိုင်ရေး အလေးထားဆောင်ရွက်လျက် ရှိပြီး မြန်မာနိုင်ငံတစ်ဝန်း၌ ကုလသမဂ္ဂ အဖွဲ့အစည်း ၁၆ ဖွဲ့၏ရုံးခွဲများ ဖွင့်လှစ်ထားရှိပါတယ်။
၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ ရရှိသော စာရင်းများအရ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၌ နိုင်ငံခြားသားဝန်ထမ်း ၁၃၀ ကျော်၊ ပြည်တွင်းခန့်ဝန်ထမ်း ၁,၆၀၀ ခန့် အပါအဝင် ဝန်ထမ်းစုစုပေါင်း ၁,၇၀၀ ကျော်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရပါတယ်။
လွန်ခဲ့သော သုံးနှစ်အတွင်း အစိုးရအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများအား နိုင်ငံတစ်ဝန်း ခရီးသွားလာခွင့် အကြိမ် ၁ဝဝဝ ကျော်နှင့် မြန်မာနိုင်ငံအခြေစိုက်သံရုံးများအား အကြိမ် ၆ဝ ကျော် ခွင့်ပြုပေးခဲ့ပြီး ၂ဝ၂၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တစ်ခုတည်းအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းများအား စုစုပေါင်း အကြိမ် ၂၅၀ ခန့်နှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများအား အကြိမ် ၃၀၀ ကျော် ခရီးသွားလာခွင့်ပြုခဲ့ပါတယ်။
ဥရောပသမဂ္ဂကိုယ်စား ဘယ်လ်ဂျီယံနိုင်ငံက တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက် အဆိုကို မြန်မာနိုင်ငံအနေဖြင့် ပြတ်သားစွာခြွင်းချက်မရှိပယ်ချပြီး ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရာတွင် တစ်ဖက်သတ် ဖိအားပေးမှုများသည် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများအတွက် အထောက်အကူပြုမည်မှာဟုတ်ကြောင်း ဖော်ပြထားပါတယ်။
#Local_News #ကုလသမဂ္ဂ၏တစ်ဖက်သတ်ဖိအားပေးမှု #Ymg_mnn #Yangon_Media_Group
#World_News
Published 09 April 2024
မြောက်အမေရိကအနှံ့မှ လူအုပ်ကြီးဟာ တနင်္လာနေ့မွန်းတည့်ချိန်မှာ နေအမှောင်ဖုံးကွယ်တာကို ကြည့်ရှုခဲ့ကြပါတယ်။
၇ နှစ်အတွင်း တိုက်ကြီးတစ်ခုလုံး အမှောင်ကျစေတဲ့ ပထမဆုံးနေလုံးဝကြတ်ခြင်း ဖြစ်စဥ်မှာ တေးသီချင်းများ၊ လက်ထပ်မင်္ဂလာပွဲများဖြင့် အောင်ပွဲခံခဲ့ကြပါတယ်။
နေကြတ်ခြင်းနီးကပ်ရာ မက္ကဆီကို အပန်းဖြေကမ်းခြေကနေ အမေရိကန်-မက္ကဆီကိုနယ်စပ်ရှိ နိုင်ယာဂရာ ရေတံခွန်တန်းအကျော် မြောက်ပိုင်းစွန်းနဲ့ အိုဟိုင်ယိုမြစ် ကမ်းရိုးတန်းများအထိ လူအုပ်တွေဟာ အံ့ဩခြင်းပုံသဏ္ဍာန်များဖြင့် စောင့်ကြည့်ခဲ့ကြပါတယ်။
လူဦးရေ ၃ သောင်းခန့်ရှိတဲ့ ရပ်ဆဲလ်ဗီးလ် အာကန်ဆက်စ်မြို့မှာ စုံတွဲပေါင်း ၄၀၀ နီးပါးက အစုလိုက်လက်ထပ်ခဲ့ကြပါတယ်။
နိုင်ယာဂရာရေတံခွန်မှာ စုဝေးကြတဲ့ လူပေါင်း ၂ ထောင်ခန့်မှာ အနည်းဆုံး မင်္ဂလာပွဲ ၂ ပွဲနဲ့ လက်ထပ်ခွင့်တောင်းဆိုခြင်း ၁ ပွဲရှိခဲ့ပါတယ်။
နေလုံးဝကြတ်ခြင်းက စက္ကန့် ၃၀ လောက်ကြာမြင့်ခဲ့ပြီး လူအားလုံး အော်ဟစ်ကြွေးကြွော်ခဲ့ကြပါတယ်။
ကောင်းကင်ပြန်လင်းလာချိန်မှာ တီးဝိုင်းအဖွဲ့တစ်ဖွဲ့က Man on the Moon သီချင်း တီးခတ်ခဲ့ပါတယ်။
နိုင်ယာဂရာရေတံခွန်မြစ်တလျှောက် စင်္ကာပူ၊ လန်ဒန်တို့မှပင် လာတဲ့သူများအပါအဝင် လူ ၃၀၉ ဦးဟာ နေဝတ်စုံများ ဝတ်ဆင်လာကြတဲ့ အများဆုံးလူအုပ်ကြီး ဖြစ်ခဲ့ကြောင်း ပွဲစီစဥ်သူများက ဆိုပါတယ်။
ယခု နေလုံးဝကြတ်ခြင်းဟာ ၂၀၁၇ နောက်ပိုင်း မြောက်အမေရိကမှာ ပထမဆုံးဖြစ်ခဲ့ပြီး ၂၀၄၄ မတိုင်ခင်အထိ နောက်ဆုံးအကြိမ် ဖြစ်နိုင်ပါတယ်။
နေကွယ်ချိန်က နေရာအလိုက် ၄ မိနစ်မှ စက္ကန့် ၃၀ အထိ ကြာမြင့်ခဲ့ပြီး ထိုအချိန်အတွင်း ကောင်းကင်မှ ကြယ်များပေါ်လာပြီး ငှက်နဲ့ အခြားတိရိစ္ဆာန်များကတော့ တိတ်ဆိတ်နေပါတယ်။
နောက်ဆုံးနေကွယ်အရိပ်က နယူးဖောင်းလန်းရှိ မြောက်အမေရိကတိုက်ကနေ ထွက်ခွာသွားပါတယ်။
နေကြတ်ရာလမ်းကြောင်းရှိ အမေရိကန်နယ်မြေမှ လူပေါင်း ၃၂ သန်းနဲ့ အစိုးရအရာရှိများအပါအဝင် နောက်ထပ်လူ ၅ သန်းခန့်က အဲဒီကို သွားကြမယ်လို့ ခန့်မှန်းရပါတယ်။
ဒီဖြစ်စဥ်က တကယ်ကို သာယာကြည်နူးစရာကောင်းတဲ့ အနေအထားဖြစ်ပြီး လူတွေကျေနပ်ခဲ့ကြတယ်လို့ မာလ်ဗာနေးစတာနက်ခ်က သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။
#World_News #နေလုံးဝကြတ်စဉ်မင်္ဂလာပွဲများကျင်းပ #တေးသီချင်းများဖြင့်အောင်ပွဲခံ #Source: Reuters
#Local_News
Published 9 April 2024
မန္တလေးမြို့၊ ဈေးချိုဈေးတွင် ယနေ့ဧပြီ ၉ ရက်နံနက်ပိုင်းက ဈေးလာဝယ်ရင်း အမျိုးသမီးတစ်ဦး မူးလဲခဲ့ကြောင်း မဏီစလလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ အမျိုးသမီးသည် ဈေးချိုတော် ၂၈လမ်းနှင့် ၂၉လမ်းကြား၊ ၈၅လမ်းနှင့် ၈၆လမ်းကြားတွင် ဈေးဝယ်နေရင်း မူးလဲခဲ့သောကြောင့် အနီးနားရှိ ပြည်သူတစ်ဦးက အသင်းထံသို့ အကူညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့အကူညီတောင်းခဲ့သဖြင့် အသင်းက အရေးပေါ်ကားဖြင့် ထွက်ခွာကူညီပြီး ပြည်သူ့ဆေးရုံကြီး OPD သို့ ရောက်ရှိချိန်တွင် ဆုံးပါးသွားပါသဖြင့် ၎င်းအမျိုးသမီးရုပ်အလောင်းကို ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်း "မဏီစလ" လူမှုကူညီရေးအသင်း (မန္တလေး)မှ သိရသည်။
#ဈေးလာဝယ်သည့်အမျိုးသမီး #ဆေးရုံကြီးအရောက်တွင်ကွယ်လွန် #Local_News #YMG/LW #Yangon_Times
Page 423 of 1648