#Local_News
Published 10 April 2024
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အခါသမယတွင် မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်နိုင်ရန်နှင့် ပြည်သူများအား ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယား K-pop အနုပညာရှင်များ ပထမအဖွဲ့သည် ဧပြီ လ ၉ရက်ညနေပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။
ကိုရီးယား K-pop အနုပညာရှင်များ ပထမအဖွဲ့တွင် (ရုပ်ရှင်/ ရုပ်သံဇာတ်လမ်းတွဲပေါင်း များစွာ ရိုက်ကူးထားသည့် သရုပ်ဆောင် ဘတ်အွန်းဟီး၊ K-pop အဆိုတော်များ ဖြစ်ကြသည့် Rejen၊ Henny နှင့် 7 Kids Doll Group၊ Astel Dance Group နှင့် DJ-Saemi တို့ အပါအဝင် အနုပညာရှင် ၂၄ ဦးပါဝင်ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ သမ္မတဟိုတယ်တွင် တည်းခိုကြကာ ဧပြီ ၁၀ ရက်တွင် နေပြည်တော်သို့ သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
ထပ်မံ၍ ကိုရီးယား K-pop အနု ပညာရှင်ငါးဦးပါအဖွဲ့သည် ဧပြီ ၁၁ ရက်တွင်လည်းကောင်း၊ ၁၉ ဦးပါအဖွဲ့သည် ဧပြီ ၁၄ ရက်တွင် လည်းကောင်း အသီးသီးထပ်မံရောက်ရှိကြမည်ဖြစ်ကြောင်းနှင့် ဧပြီ ၁၂ ရက်ညတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တင်ဆက်မည့် Friday Night Live Show တွင်လည်း ကိုရီးယားနာမည်ကျော် တေးသံရှင်များ ပါဝင်ဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။
#Local_News #K-pop အနုပညာရှင် #ရန်ကုန်သို့ရောက်ရှိ #YMG/LW #Yangon_Times
ဧပြီ(၁၀)ရက်မှာ စစ်ကိုင်းတိုင်း၊ ပဲခူး တိုင်း၊ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တိုမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာဖို့ ရှိတယ်။ ဧပြီလ(၁၁)ရက်နဲ့(၁၂)ရက်တို့မှာ ဒေသ(၉)ခုမိုးရွာဖို့ ရှိတယ်။
#Local_News
Published_ 10 April 2024
#နေ့အပူချိန်ပြင်း #မိုးထစ်ချုန်းရွာ
#tthl #Yangon_Times
#World_News
Published 10 April 2024
လွန်ခဲ့တဲ့ တစ်နှစ်ကျော်ခန့်က အီရန်ကနေ ယီမင်ရှိ ဟူသီတပ်ဖွဲ့များသို့ ပို့ဆောင်နေစဥ် သိမ်းဆည်းရမိခဲ့တဲ့ ခြေလျင်တပ်ဖွဲ့ လက်နက်ထောင်ချီနဲ့ ခဲယမ်းပေါင်း ၅ သိန်းကျော်ကို အမေရိကန်က ယူကရိန်းထံသို့ ပေးပို့ခဲ့ကြောင်း အမေရိကန်စစ်တပ်က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။
ဒါဟာ ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်လည်ရယူရန် ကြိုးပမ်းနေတဲ့ ယူကရိန်းအတွက် အမေရိကန်အစိုးရကနေ ယခုနောက်ဆုံး စစ်ရေးထောက်ပံ့မှုကြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်လာ ၆၀ ဘီလီယံတန်ဖိုးရှိ ထောက်ပံ့မှုကြီးအတွက် အောက်လွှတ်တော် ဥက္ကဌ မိုက်ခ်ဂျွန်ဆန်က မဲဆန္ဒဖြင့်ဆုံးဖြတ်ရန် ငြင်းဆန်နေတာကြောင့် အမေရိကန်လက်နက်တွေကို ယူကရိန်းထံပေးပို့မယ့် ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အစီအစဥ်တွေ အရာမထင်ဖြစ်နေပါတယ်။
ယူကရိန်းတပ်တွေက လက်နက်နဲ့ ခဲယမ်းတွေ လျော့နည်းလာတာကြောင့် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ယူကရိန်းကို လက်နက်ထောက်ပံ့ဖို့ နည်းလမ်းသစ်တွေ ရှာဖွေနေကြတာ ဖြစ်ပါတယ်။
ဧပြီ ၄ ရက်နေ့က အမေရိကန်ကနေ ယူကရိန်းသို့ ပေးပို့လိုက်တဲ့ လက်နက်တွေဟာ ယူကရိန်းတပ်ဖွဲ့တစ်ဖွဲ့အတွက်တော့ လုံလောက်တယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်က X ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အီရန်သံတမန်ကိုယ်စားလှယ်ကတော့ ထိုလက်နက်ခဲယမ်းတွေဟာ အီရန်တွေရဲ့ပစ္စည်း မဟုတ်တဲ့အတွက် ဘာမှမပြောလိုဘူးလို့ ဆိုလိုက်ပါတယ်။
ထိုလက်နက်တွေထဲမှာ AK-47 ရိုင်ဖယ်တွေ၊ စက်သေနတ်တွေ၊ စနိုက်ပါရိုင်ဖယ်တွေ၊ လက်ပစ်ဗုံးတွေ ၅ ထော်ကျော်နဲ့ ခဲယမ်းပေါင်း ၅ သိန်းကျော် ပါဝင်ကြောင်း CENTCOM က ဖော်ပြထားပါတယ်။
ထိုလက်နက်တွေကို ၂၀၂၁ မေလ ၂၂ ရက်နေ့မှ ၂၀၂၃ ဖေဖော်ဝါရီ ၁၅ ရက်နေ့အတွင်း မည်သည့်နိုင်ငံမှ ပိုင်ဆိုင်ခြင်းမရှိတဲ့ သင်္ဘော ၄ စင်းကနေ အမေရိကန် စစ်သင်္ဘောတွေနဲ့ မိတ်ဖက်တပ်များမှ တားဆီးခဲ့ကြပြီး သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။
ထိုလက်နက်တွေကို အီရန်အစ္စလာမ် တော်လှန်ရေးအစောင့်တပ်မှ ဟူသီတပ်ဖွဲ့များထံ ပေးပို့ခဲ့တာဖြစ်ကြောင်း CENTCOM က ဖော်ပြထားပါတယ်။
#World_News #ယူကရိန်းထံသို့အမေရိကန်ပေးပို့ထောက်ပံ့ #Source: Reuters
#Lcoal_News
Published_ 10 April 2024
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ(၁)ရက်မှ (၁၅)ရက်အထိ (၁၅)ရက်ကြာ စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း(၄၂၀၀၀)ခန့်ဖြင့် ကောက်ယူဆောင်ရွက်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
သန်းခေါင်စာရင်း ရည်ညွှန်းချိန်မှာ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက် ညသန်းခေါင်ယံအချိန်ဖြစ်ပြီး အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခုကို မေးမြန်းကောက်ယူမည်ဖြစ်သည်ဟုဆိုသည်။
"သန်းခေါင်စာရင်းကောက်ယူရာတွင် Tablet များအသုံးပြု၍ CAPI စနစ်ဖြင့် ကောက်ယူသည့်အတွက် မေးမြန်းကောက်ယူထားသည့် အချက်အလက်များအား အချိန်တိုအတွင်း နေပြည်တော်ရုံးချုပ်ရှိ Server သို့ ပေးပို့နိုင်ပြီး အားလုံး ကောက်ယူပြီးစီးသည်နှင့် လူဦးရေဆိုင်ရာ အချက်အလက်များကို အမြန်ဆုံးထုတ်ပြန်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်း၏ ရှေ့ပြေး လူဦးရေစာရင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်တွင် ထုတ်ပြန်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း" လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲ၌ထည့်သွင်းပြောကြားခဲ့သည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် တိုင်းနှင့် ပြည်နယ်အလိုက် ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စု စသည်တို့ကို အခြေခံ၍ ၂၀၂၄ ခုနှစ်တွင် ရှိလာမည့် ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စုအရေအတွက် ၁၃ သန်းခန့်ကို အခြေခံတွက်ချက်ထားကြောင်း၊
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မြေပြင်ကွင်းဆင်းရေးဆွဲမှုအရ သန်းခေါင်စာရင်းယူနစ် (Census Unit) ၈၀၀၀၀ ခန့်ရှိပြီး စာရင်းကောက်ကွက်ပေါင်း ၁၁၀၀၀၀ ခန့်ရှိမည်ဖြစ်ကြောင်း၊
သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂၀၀၀ ခန့်ဖြင့် ကောက်ယူဆောင်ရွက် ရန်လျာထားကြောင်း သိရသည်။
နေပြည်တော်ကောင်စီအနေဖြင့် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၁၀၉၄ ဦး ခန့်ထားဆောင်ရွက်ရန် လျာထားကြောင်းနှင့် စာရင်းကောက်ယူရာတွင် တွေ့ရှိရာအရပ်၌ ကောက်ယူသည့် မူ (De Facto) ဖြင့် အသုံးပြုမည်ဖြစ်ပြီး စာရင်းကောက်များက Tablet များ အသုံးပြု၍ ကွန်ပျူတာအထောက် အကူပြု လူတစ်ဦးချင်းကောက်ယူသည့်စနစ် (Computer Assisted Personal Inter-views-CAPI) ဖြင့် ကောက်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
#Lcoal_News #ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက် #tthl #Yangon_Times
#World_Technology
Published 10 April 2024
အရိုးကင်ဆာရောဂါမှ သက်ရှိဆဲလ်များရဲ့ သိပ်သည်းဆကို တိကျစွာတွက်ချက်ပေးနိုင်မယ့် စက်ရုပ်မှတ်ဉာဏ်မှတ်သားပုံစံကို ဂျပန်တက္ကသိုလ်တစ်ခုမှ သုတေသီများ ဖန်တီးလိုက်ပါတယ်။
အဆိုပါ AI ပုံစံက ရောဂါဆိုင်ရာပုံရိပ်တွေကနေ တွက်ချက်တာ ဖြစ်ပါတယ်။
ထိုနည်းလမ်းက လက်ရှိနည်းလမ်းတွေထက် ပိုမိုတိကျစွာ ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။
လက်ရှိကင်ဆာကုသနည်းတွေက ခွဲစိတ်မှုရော ဓာတုဆေးပစ္စည်းတွေပါ ပါဝင်ပေမယ့် အသက်ရှင်မှုနှုန်း နည်းပါးပြီး ကင်ဆာပျံ့နှံ့နေဆဲလို့ တင်ပြကြပါတယ်။
ဒီနောက် ပျက်စီးသွားတဲ့ တစ်ရှူးတွေကို ဆရာဝန်တွေက လေ့လာတွက်ချက်ရပါတယ်။
ကျူရှူတက္ကသိုလ်မှ သုတေသီတွေက AI မှတ်သားပုံစံဖြင့် ရှင်သန်ဆဲလ်တွေနဲ့ ပျက်စီးဆဲလ်တွေကို ပိုမိုတိကျစွာ ခွဲထုတ်နိုင်အောင် ပြုလုပ်ခဲ့ကြပါတယ်။
သူတို့ရဲ့နည်းလမ်းက ရှင်ကျန်နေသေးတဲ့ ကင်ဆာဆဲလ်တွေကိုလည်း ရှာတွေ့နိုင်တယ်လို့ သိပ္ပံပညာရှင်အဖွဲ့က ဆိုပါတယ်။
AI အသုံးပြုပြီး အကျိတ်ရောဂါပိုင်းဆိုင်ရာ ပုံရိပ်များကို ဆန်းစစ်ခြင်းဖြင့် လူသားတွေရဲ့ အမျိုးမျိုးသော အကဲဖြတ်မှုများ မလိုအပ်တော့ဘဲ တိကျစွာ တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။
ရောဂါရှာဖွေရေးမှာ အကန့်အသတ်ရှိနေတဲ့ ရှားပါးရောဂါတွေမှာလည်း AI ကို အသုံးချသွားမှာ ဖြစ်ကြောင်း တက္ကသိုလ်မှ သင်ကြားရေးဆရာ မာကိုတိုအင်ဒိုက ပြောပြသွားပါတယ်။
#World_Technology #ကင်ဆာကုသပြီးနောက်အကျိတ်ဆဲလ် #ဂျပန်သိပ္ပံပညာရှင်များAIနည်းပညာအသုံးပြု #Source: WION
#Local_News
Published 10 April 2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ဝါယာလက်(၂)လမ်းထိပ်တွင် ကားမီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ဧပြီ လ ၁၀ ရက် မနက် အစောပိုင်း ၃နာရီ ၅၄ မိနစ်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာမရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့သဖြင့် ၄နာရီ ၆ မိနစ်က မီးငြှိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ခဲ့သည့် ကားမှာ ပရိုဘောက်အမျိုးအစားဖြစ်ပြီး ကားစက်နှိုးရာမှ လောင်ခြင်းဖြစ်ကြောင်းအနီးနား နေထိုင်သူများထံက သိရသည်။
အဆိုပါ ကားမီးလောင်မှုကြောင့် ကားတစ်စီးလုံးခန့်ပျက်စီးဆုံးရှုံးခဲ့ကာ မီးလောင်သည့် အကြောင်းရာနှင့်ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#Local_News #ကားမီးလောင်မှုဖြစ် #YMG/LW #Yangon_Times
#World_Health
Published 10 April 2024
သာမန်ရေသန့်ဗူးတွေထဲက အလွန့်အလွန် သေးငယ်သော မိုက်ခရိုနာနိုပလတ်စလစ်တွေ ထိတွေ့ခြင်းဟာ တစ်လီတာကို အမှုန်ပေါင်း ၁၀၅ မှုန်လောက် ရှိတယ်လို့ မကြာသေးမီက လေ့လာတွေ့ရှိခဲ့ပါတယ်။
နာနိုပလတ်စတစ်အမှုန်တွေက အလွန်သေးငယ်တာကြောင့် သွေးကြော၊ ဆဲလ်များနဲ့ ဦးနှောက်ထဲသို့ ဝင်ရောက်ကာ ကျန်းမာရေးပြဿနာများ ဖြစ်လာစေနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ရေသန့်ဗူးတွေ နေရောင်နဲ့ ထိတွေ့တဲ့ခါ BPA နဲ့ သယ်လိတ်တို့လို ဓာတုပစ္စည်းတွေက ရေထဲဝင်ရောက်သွားပါတယ်။
မိုက်ခရိုပလတ်စတစ် ဝင်ရောက်သွားတဲ့ ရေတွေက ရောင်ရမ်းခြင်းဖြစ်စေပြီး ဆဲလ်တွေကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
ဒါ့အပြင် နာနိုအမှုန်တွေက ကင်ဆာနဲ့ နှလုံးသွေးကြောရောဂါတို့လို နာတာရှည်ရောဂါများလည်း ဖြစ်စေနိုင်ပါတယ်။
ရေသန့်ဗူးအစား ဖန်ခွက်နဲ့ စတီးခွက်လိုမျိုးပစ္စည်းတွေက ဓာတုပစ္စည်းများ မပါဝင်ပါဘူး။
ဒါ့အပြင် အိမ်မှာ အရည်အသွေးမြင့် ရေစစ်စနစ်တပ်ဆင်ခြင်းဖြင့်လည်း ရေကိုဘေးကင်းစွာ သောက်သုံးနိုင်မှာ ဖြစ်ပါတယ်။
အခြားလူတွေကိုလည်း ပလတ်စတစ်ဗူးကနေ ဘေးကင်းတဲ့နည်းလမ်းများဖြင့် ရေသောက်သုံးဖို့ မျှဝေရမှာ ဖြစ်ပါတယ်။
#World_Health #ပလတ်စတစ်ရေသန့်ဗူးမှရေသောက်ခြင်း #ကျန်းမာရေးအန္တရာယ်ဖြစ်နိုင် #Source: IndianExpress
ကမ္ဘာပေါ်မှာ အဝလွန်သူအများဆုံးရှိတဲ့ နိုင်ငံတွေထဲမှာ အိန္ဒိယနိုင်ငံက ထိပ်ဆုံးနိုင်ငံတွေထဲ ပါဝင်နေပြီး အိန္ဒိယလူမျိုးတွေဟာ ကယ်လိုရီများစွာပါဝင်တဲ့ အဆင့်ဆင့်ထုပ်ပိုးပြီး အစားအစာများကို ပိုမိုစားသုံးလာကြတာကြောင့် ဖြစ်ပါတယ်။
#Asia_Health
Published_ 09 April 2024
#အဝလွန်သူအများဆုံးစာရင်း #ထိပ်ဆုံး၌ အိန္ဒိယနိုင်ငံပါဝင်
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 09 April 2024
၁။ တရုတ်နိုင်ငံမှ EV ကားတင်သွင်းခြင်းအပြင် မြန်မာနိုင်ငံ၌ EVကားထုတ်လုပ်ရန်အစီအစဉ်ရှိ
၂။ သင်္ကြန်ကာလ မိုးယွန်းကြီးအင်းဘေးမဲ့တောဖွင့်လှစ်ထားမည်ဖြစ်ပြီး ညအိပ်တည်းခိုရန်အတွက် ကြိုတင်စုံစမ်းသူများရှိဟုဆို
၃။ မိုးစပျစ်ရာသီအတွက် ကိုင်းပြင်ခြင်းများစတင်ပြုလုပ်
၄။ အဝလွန်သူအများဆုံးစာရင်းတွင် ထိပ်ဆုံး၌ အိန္ဒိယနိုင်ငံပါဝင်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၉ ဧပြီ ၂၀၂၄
မြန်မာနိုင်ငံ ရန်ကုန်မြို့သည် ယနေ့ ဧပြီ ၉ ရက် တိုင်းတာချက်များအရ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး အဓိက မြို့ကြီးများတွင် အဆင့် (၅)နေရာ၌ ရှိခဲ့ကြောင်း သိရပါတယ်။
အမေရိကန်နိုင်ငံ ကာလီဖိုနီးယားအခြေစိုက် လေအရည်အသွေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် အိုင်ကျူအဲယား IQAir ၏ လတ်တလော အဆင့်ထုတ်ပြန်ချက်အရ ရန်ကုန်မြို့၏ လေအရည်အသွေးညွှန်းကိန်း သည် ၁၅၄တွင်ရှိပြီး လေထုအညစ်ညမ်းဆုံးအဓိက မြို့များ The Most Polluted Major Cities နှိုင်းယှဉ်ထုတ်ပြန်သတ်မှတ်ချက်အရ ကမ္ဘာပေါ်တွင် ပဥ္စမမြောက် လေထုအညစ်ညမ်းဆုံးအဆင့်ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။
ပထမအဆင့်ရရှိသည့်မြို့မှာ ဆီနီဂေါနိုင်ငံ ဒါ့ကာမြို့ဖြစ်ပြီး လေအရည်အသွေးအညွှန်းကိန်း ၂၀၂ ရှိပါတယ်။
ဒုတိယအဆင့်တွင်ညွှန်းကိန်း ၁၉၇ဖြင့် နီပေါနိုင်ငံ မြို့တော် ခတ္တမန်ဒူ၊တတိယနေရာတွင် ညွှန်းကိန်း ၁၇၈ဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ စတုတ္ထနေရာတွင် ညွှန်းကိန်း ၁၅၅ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တို့ရှိခဲ့ကြောင်း အဆိုပါ အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
မြန်မာနိုင်ငံ၏ လေအရည်အသွေးညွှန်းကိန်း ၁၅၄ သည် အုပ်စုခွဲခြားသတ်မှတ်ချက်အရ ကျန်းမာရေးနှင့်မညီညွတ် သည့် အုပ်စုတွင်ရှိနေတာဖြစ်ပါတယ်။
ညွှန်းကိန်း၀- ၅၀ အထိ ကောင်းမွန်သောအဆင့်အုပ်စု၊ ၅၁-၁၀၀ အထိ အတန်အသင့်ကောင်းမွန်သောအုပ်စု၊ ၁၀၁-၁၅၀ အထိ သတ်မှတ်သော လူအုပ်စုများအတွက် ကျန်းမာရေးနှင့်မညီညွတ်သောအုပ်စု၊ ၁၅၁- ၂၀၀ အထိ ကျန်းမာ ရေးနှင့်မညီညွတ်သော အုပ်စု၊၂၀၁-၃၀၀ အထိ ကျန်းမာရေးနှင့် အလွန်မညီညွတ်သောအုပ်စုနှင့် ၃၀၀ နှင့်အထက် သည် အန္တရာယ်ဖြစ်စေသောအုပ်စုဟု သတ်မှတ်ထားကြောင်းသိရပါတယ်။
Source: IQAir
#Local_News
Published_ 09 April 2024
(၉)နှစ်နီးပါးမကျင်းပဖြစ်သည့် ‘အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ’ ဧပြီ(၁၇)ရက်မှ မေလ(၂၁)ရက်အထိ ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း အာဆီယံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
၂၀၀၃ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်များတွင်နောက်ဆုံးကျင်းပခဲ့သည် အဆိုပါပြိုင်ပွဲကို ယခု၂၀၂၄-၂၀၂၅ခုနှစ်တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်ဟု ဆိုသည်။
ပြိုင်ပွဲတွင်မြန်မာကလပ်အသင်းအပါအဝင် အသင်း(၁၄)သင်းပါဝင်ယှဉ်ပြိုင်ရန်ရှိပြီး မြန်မာ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား ၊လာအိုတို့မှကလပ်အသင်းတစ်သင်းစီသည်ခြေစစ်ပွဲ Play Offကစားရမည်ဖြစ်ပြီး ခြေစစ်ပွဲပြီးမှ နောက်ဆုံးအဆင့် ခြောက်သင်းကိုနှစ်အုပ်စုခွဲပြီး အိမ်ကွင်း၊ အဝေးကွင်းနှစ်ကျော့စီယှဉ်ပြိုင်ရမည်ဖြစ်သည်ဟုဖော်ပြထားသည်။
အင်ဒိုနီးရှား၊ မလေးရှား၊ထိုင်း၊ ဗီယက်နမ်တို့မှ ကလပ်အသင်းနှစ်သင်း စီ၊စင်ကာပူနှင့် ဖိလစ်ပိုင်တို့မှကလပ်အသင်း တစ်သင်းစီတို့ကတော့ နောက်ဆုံးအဆင့်ကို တိုက်ရိုက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
‘အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ’တွင် မြန်မာမှ ၂၀၀၃ ခုနှစ်ရော ၂၀၀၅ ခုနှစ်ပါ ဘဏာအခွန်အသင်း ပါဝင်ယှဉ်ပြိုင် ခွင့်ရခဲ့ပြီး၂၀၀၃ ခုနှစ်က နှုတ်ထွက်ခဲ့ကာ ၂၀၀၅ ခုနှစ်တွင် အုပ်စုအဆင့်ဖြင့် ထွက်ခဲ့ရကြောင်းနှင့် ယခု၂၀၂၄ ခုနှစ်တွင် မြန်မာမှ ကလပ်အသင်းတစ်ခုသာယှဉ်ပြိုင်ခွင့်ရမည်ဖြစ်၍ လိဂ်ချန်ပီယံအသင်း သို့မဟုတ် ဒုတိယရရှိသည့်အသင်းကို စေလွှတ်နိုင်ခြေရှိကြောင်း သိရသည်။
၂၀၀၃ ခုနှစ်တွင်‘အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ’တွင် ချန်ပီယံအဖြစ် အိန္ဒိယအသင်း East Bengal Football Club[ မှရရှိခဲ့ပြီး ၂၀၀၅ခုနှစ် ‘အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ’တွင် ချန်ပီယံအဖြစ် စင်ကာပူနိုင်ငံမှ Tampines Rovers ကရရှိခဲ့ကြောင်း၊မြန်မာဘဏာအခွန်ကလပ်အသင်းမှ ကျော်သူရသည် ၂၀၀၅ခုနှစ်တွင်သွင်းဂိုး (၄)ဂိုးဖြင့် အကောင်းဆုံးအားကစားသမားတစ်ဦး ဖြစ်ခဲ့ကြောင်း သိရသည်။
#Local_News #‘အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ’ #tthl #Yangon_Times
အရင်နှစ်တွေကထက် သကြားဈေးနှုန်းမြင့်တက်နေတာကြောင့် သကြားစက်အချို့ကြံတစ်တန်ကြမ်းခင်းဈေး
များ အပိုထပ်ဆောင်းတိုးပေးရန်ရှိနေတယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published_ 09 April 2024
#သကြားဈေးနှုန်းမြင့်တက် #ကြံထွက်ပစ္စည်းလုပ်ငန်းရှင်
#YMG/NN #Yangon_Times
Page 422 of 1648