#World_Health
Published 04 May 2025
▪️ ဒေလီတက္ကသိုလ်ပရော်ဖက်ဆာတစ်ဦးဖြစ်တဲ့ အသက် ၄၆ နှစ်အရွယ်အမျိုးသမီး ဂျိုစနာဟာ အန္တရာယ်များတဲ့ကိုယ်ဝန်ကနေ သုံးမွှာပူးမွေးဖွားနိုင်ခဲ့ပါတယ်။
▪️ ဒီသုံးမွှာပူးကို ကိုယ်ဝန်သက်တမ်း ၂၅ ပတ်ဖြင့် လမစေ့ဘဲမွေးဖွားခဲ့ပြီးနောက် ဘာအန္တရာယ်မှမရှိဘဲ ကလေးအထူးကြပ်မတ်ဆောင်(NICU)မှာ ၂၂၅ရက်တိုင်အောင် အသက်ရှင်နေပါတယ်။
▪️ ဖန်ပြွန်သန္ဓေနည်းလမ်းဖြင့် ရရှိခဲ့တဲ့ မိန်းကလေး ၃ဦးရဲ့ စုစုပေါင်းမွေးဖွားအလေးချိန် ၂.၅ ကီလိုဂရမ်သာရှိခဲ့ပြီး ကျန်းမာရေးပြဿနာဘာမှမရှိဘဲ အမ်ရီတာဆေးရုံမှ ဆင်းသွားခဲ့ပြီဖြစ်ပါတယ်။
▪️ ဂျိုစနာဟာ ဖန်ပြွန်သန္ဓေကို နှစ်တွေကြာအောင် ကြိုးစားခဲ့ပြီး ဆီးချိုအမျိုးအစား(၁)၊ သွေးတိုးရောဂါတို့ ခံစားနေသူဖြစ်ပါတယ်။
▪️ ကိုယ်ဝန်နောက်ဆုံးရက်သတ္တပတ်တွေမှာ အဆုတ်ရောင်လည်းဖြစ်ပွားခဲ့ပြီး အရေးပေါ် ဗိုက်ခွဲမွေးဖွားခဲ့ရပါတယ်။
▪️ ဒီလိုမျိုးအခြေအနေတွေ ခက်ခဲခဲ့ပေမယ့် ခွဲစိတ်မှုရလဒ်ကတော့ ကောင်းမွန်ခဲ့ပါတယ်။
▪️ ဒေါက်တာ ဟမ်မန့်ရှာမာဦးဆောင်တဲ့ အဖွဲ့ကတော့ နည်းပညာအဆင့်အတန်းနဲ့ စိတ်ရောကိုယ်ပါ ကြိုးစားမှုတို့ကို ပြသခဲ့ကြပါတယ်။
▪️ ၂၅ပတ်ဖြင့် မွေးဖွားခဲ့ပေမယ့် သုံးမွှာပူးဟာ အသက်ရှူဖို့ရာ စက်ကိရိယာအကူအညီ မလိုအပ်ခဲ့ပါဘူး။
▪️ အထူးကြပ်မတ်ဆောင်မှာ ၂၂၅ရက်ကျော်ကြာအောင်နေပြီးနောက် ရောဂါကူးစက်မှုတွေ၊ ကိုယ်တွင်းသွေးယိုစိမ့်မှုတွေ မရှိခဲ့ကြပါဘူး။
▪️ ဂျိုစနာက ကလေးတွေရဲ့ ရောဂါခုခံအားနဲ့ အာဟာရဓာတ်တို့အတွက် မရှိမဖြစ်အရေးကြီးတဲ့ မိခင်နို့ကို ဆက်လက်တိုက်ကျွေးနေပါတယ်။
▪️ အိန္ဒိယမှာ နှစ်စဉ်နှစ်တိုင်း လမစေ့ဘဲမွေးဖွားမှုပေါင်း ၃ သန်းခွဲကျော်ရှိနေပြီး အသက် ၅ နှစ်အောက်သေဆုံးသူ ၃ သိန်းနီးပါးရှိနေပါတယ်။
▪️ ဒါကြောင့် အဆင့်မြင့်ကလေးစောင့်ရှောက်ရေး၊ ကျွမ်းကျင်သူနာပြု၊ လှူဒါန်းနို့ချိုရရှိရေး၊ မိခင်ထောက်ပံ့ရေးစနစ်တို့ အရေးကြီးပုံကို အိန္ဒိယက အလေးပေးဖော်ပြနေပါတယ်။
#Source: India Today
ရှန်ကျိုး-၁၉ အာကာသယာဉ်မှူးများမှ ပြန်လည်ယူဆောင်လာတဲ့ အာကာသစမ်းသပ်နမူနာများ လေ့လာရခြင်းက ကမ္ဘာပေါ်ရှိ ပစ္စည်းအသစ်များထုတ်လုပ်ခြင်းနဲ့ အနာဂတ်မှာ လူသားတို့ရဲ့ အာကာသလှုပ်ရှားမှုများအတွက် နည်းပညာဆိုင်ရာပံ့ပိုးပေးနိုင်လိမ့်မယ်လို့ တရုတ်သိပ္ပံအကယ်ဒမီမှ သုတေသီများဆိုပါတယ်။
#Asia_Space
Published 03 May 2025
#ရှန်ကျိုး-၁၉အာကာသခရီး #အာကာသပစ္စည်းနမူနာများ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 03 May 2025
၁။ တရုတ်နိုင်ငံဆေးဝါးအဖွဲ့ မန္တလေးတွင် ငလျင်ဘေးနှင့်ဆက်စပ်သော ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေ
၂။ ပို့ကုန်အားလုံး လိုင်စင်ပြန်လည်လျှောက်ထားရမည်
၃။ “ငလျင်အပြီး အဆောက်အဦး အကဲဖြတ်ခြင်းနှင့် ပြုပြင်ခြင်းနည်းပညာ” တစ်ရက်သင်တန်းပြုလုပ်မည်
၄။ ရှန်ကျိုး-၁၉ အာကာသခရီး၌အာကာသပစ္စည်းနမူနာများအား ကမ္ဘာပေါ်သို့ယူဆောင်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published_3 April 2025
▪️ တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ကူညီပေးသည့် ၁၁ သုတ်မြောက် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် အသင့်နေအိမ် (Prefabricated ရုံးခန်းနှင့် ဆက်စပ်ပရိဘောဂများ စုစုပေါင်း ၃၄၀ စုံ) အလုံး ၃၄၀ ကို ထောက်ပံ့လိုက်သည်။
▪️ ယင်းပစ္စည်းများ ယမန်နေ့ မေလ ၂ ရက် ညပိုင်းက ရန်ကုန်မြို့သို့ရောက်ရှိခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူးအိုးယန်သောက်ပင်း - Mr. Ouyang Daobing နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တို့က ယနေ့မေလ ၃ ရက်တွင် လွှဲပြောင်းပေးအပ်မှုလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published 3 May 2025
▪️ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ အွန်လိုင်းမှ တဆင့် နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းကို ပြန်လည်လက်ခံနေပြီရာ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် ငွေပေးချေရာတွင် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ငွေပေးချေမှု National QR Standard ဖြစ်သည့် MMQR ကို မေလ၂ရက်မှ စတင်ကာအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
▪️ ယခင်က နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် Online ငွေပေးချေမှုအား KBZ Pay စနစ်, MPU ကတ် စနစ်နှင့် AYA Pay စနစ်များဖြင့် လက်ခံဆောင်ရွက်ပေး လျက်ရှိပြီး ယခုအခါ အများပြည်သူ ပိုမိုလွယ်ကူအဆင်ပြေစွာ ငွေပေးချေနိုင်ရန်အတွက် MMQR ဖြင့် ငွေပေးချေခြင်းကို ထပ်မံ ဆောင်ရွက်ပေး ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် မေလ (၂)ရက်နေ့မှ စ၍ သက်ဆိုင်ရာ ငွေပေးချမည့်နေ့ရက်တွင် MMQR စနစ်နှင့် နည်းပညာချိတ်ဆက်မှု အသင့်ဖြစ်သည့် မိုဘိုင်းဘဏ်လုပ်ငန်းစနစ်များ၊ Mobile Wallet ဆောင်ရွက်သော ဘဏ်များနှင့်ငွေပေးချေမှုအဖွဲ့အစည်းတိုင်း၏ MMQR စနစ်အသီးသီးတို့ဖြင့် မိမိတို့၏ မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် ငွေပေးချေနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Asia_Lifestyle
Published 03 May 2025
▪️ အိမ်မွေးတိရိစ္ဆာန်ထိန်းကျောင်းသူလီက ခွေးတစ်ကောင် သင်ကြားမှုတစ်ခုတတ်မြောက်တိုင်း ပျော်ရွှင်မှုခံစားရပါတယ်။
▪️ လီက တရုတ်အလယ်ပိုင်း ဟူဘေပြည်နယ်မြို့တော်ဝူဟန်မှာ ခွေးမူကြိုဖွင့်ထားပြီး ခွေးထိန်းကျောင်းပေးသလို အလေ့အကျင့်ကောင်းတွေ တတ်မြောက်လာစေရန် လေ့ကျင့်သင်ကြားပေးပါတယ်။
▪️ လီရဲ့ဂေဟာမှာ ခွေးတွေက နေ့ပိုင်းအတွင်း လွတ်လပ်စွာသွားလာနိုင်ပြီး အချို့ကတော့ နေ့ပိုင်းထိန်းကျောင်းခံဖို့ လာကြသလို အချို့ကတော့ ပိုင်ရှင်တွေခရီးသွားတဲ့အခါ ခေတ္တလာရောက်နေထိုင်ကြပါတယ်။
▪️ "ခွေးတွေက အိမ်မှာဘယ်သူမှမရှိရင် အထီးကျန်ရတာမျိုး၊ လှောင်အိမ်ထဲ ထည့်ရတာမျိုးကို ပိုင်ရှင်တွေက မလိုလားကြတာကြောင့် ဂေဟာမှာဆိုရင် လွတ်လပ်စွာလှုပ်ရှားခွင့် ပေးထားတယ်" လို့ လီကပြောပါတယ်။
▪️ အစားစားချိန်ကို လေ့ကျင့်သင်ကြားပေးတဲ့ကဏ္ဍ သတ်မှတ်ကာ ထိုင်ခြင်း၊ လှည့်ခြင်း၊ လက်လှုပ်ခါခြင်းစတဲ့ အပြုအမူများ လေ့လာသင်ကြားရပြီး စနစ်ကျတဲ့ အစာကျွေးခြင်းနဲ့ တစ်ကောင်ချင်း ညွှန်ကြားပြသမှုတွေကနေ အမိန့်ပေးချက်တွေကို ဖြည်းဖြည်းချင်း နားလည်လာကြပါတယ်။
▪️ တုပေါင်လို့ခေါ်တဲ့ ခွေးဖြူလေးကတော့ ဂေဟာစဖွင့်ထဲက တက်ရောက်နေသူဖြစ်ပြီး ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာနိုင်စွမ်းကြောင့် ခွေးတွေကြားမှာ အတန်းခေါင်းဆောင်နေရာ ရထားပါတယ်။
▪️ တုပေါင်ကို စခေါ်လာတုန်းကဆိုရင် နေရာတိုင်းလိုက်ပြီး သန့်ရှင်းခဲ့ရကြောင်း၊ အခုတော့ ပြောသမျှကို နားထောင်သဘောပေါက်လာပြီ ဖြစ်ကြောင်း တုပေါင်ရဲ့ပိုင်ရှင်က ပြောပါတယ်။
▪️ ခွေးတွေအတွက် ရုပ်ပိုင်းဆိုင်ရာ အသိပညာပေးအချိန်လည်းရှိပြီး ညနေကျရင်တော့ လီက ပိုင်ရှင်တွေထံ တင်ပြရပါတယ်။
▪️ ခွေးလေးတွေ သင်ကြားမှုတစ်ခု တတ်မြောက်တိုင်း အောင်မြင်မှုလို ခံစားရသလို ပိုင်ရှင်တွေအတွက်လည်း စိတ်ချလက်ချ ခရီးသွားနိုင်တယ်လို့ လီကပြောသွားပါတယ်။
ငလျင်ဒဏ်သင့်ဒေသတွေအတွက် အိန္ဒိယနိုင်ငံက လှူဒါန်းတဲ့ ကာကွယ်ဆေးတွေရောက်ရှိလာပြီလို့ WHO Myanmar မှ သိရပါတယ်။
#Local_News
Published 03 May 2025
#အိန္ဒိယကဆေးလှူဒါန်း #ဆေးများရောက်ရှိ
#YMG/SW #Yangon_Times
ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းတွေ နှစ်ပတ်ဆက်တိုက်ပြန်လည် မြင့်တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီး
ကြပ် ရေးကော်မတီက သိရပါတယ်။
#Local_News
Published 03 May 2025
#စက်သုံးဆီဈေးနှုန်းပြန်တက် #သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း
#YMG/NN #Yangon_Times
မြန်မာနိုင်ငံက ငလျင်ဘေးသင့်ခဲ့သူတွေအတွက် တရုတ်နိုင်ငံဆေးဝါးအဖွဲ့ဟာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်လုပ်ဆောင်ပေးနေကြောင်း သိရပါတယ်။
#Local_News
Published 03 May 2025
#တရုတ်နိုင်ငံဆေးဝါးအဖွဲ့ #ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း
#YMG #Yangon_Times #Yangon_Media_Group
“ငလျင်အပြီး အဆောက်အဦး အကဲဖြတ်ခြင်းနှင့် ပြုပြင်ခြင်းနည်းပညာ” တစ်ရက်တာသင်တန်းကို ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ် (MCEF ) မှ သိရပါတယ်။
#Local_News
Published 03 May 2025
#အဆောက်အဦးအကဲဖြတ်ခြင်း #ပြုပြင်ခြင်းနည်းပညာ
#YMG/SW #Yangon_Times
ပို့ကုန်လုပ်ငန်းတွေအားလုံး ပုံမှန်အတိုင်း Automatic Licensing နဲ့ Non-Automatic Licensing စနစ်တို့နဲ့ လျှောက်ထားရယူပြီးမှသာ ဆောင်ရွက်ရမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးလာပါတယ်။
#Local_News
Published 03 May 2025
#ပို့ကုန်လုပ်ငန်း #လိုင်စင်ပြန်လည်လျှောက်ထား
#YMG/NN #Yangon_Times
#Local_News
Published 3 May 2025
▪️ ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်များ၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ယနေ့ညနေအထိခန့်မှန်းချက်အရ ရခိုင်ပြည်နယ်တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်မည်ဖြစ်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။
▪️ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေများမှာ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာ သွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားကြောင်း သိရသည်။
▪️ နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း ၊နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်ဖြစ်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။
▪️ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်မှာမူ မိုးအသင့်အတင့် ထစ်ချုန်းရွာပြီး၊ တစ်ခါတစ်ရံ သည်းထန်နိုင်ပြီးရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။
▪️ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက် နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်ဖြစ်ပြီးရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 427 of 2057