တောင်ကိုရီးယားနိုင်ငံ ဂျောင်ဂျူမှာ သောကြာနေ့ကပြုလုပ်တဲ့ ၃၂ ကြိမ်မြောက် APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးပထမအပိုင်းကို တရုတ်သမ္မတရှီကျင့်ဖျင် တက်ရောက်ခဲ့ပါတယ်။
#Asia_News
Published 03 November 2025
#APEC #တရုတ်သမ္မတရှီကျင့်ဖျင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 03 November 2025
၁။ ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်းရောင်း/ငှား ဈေးများမြင့်တက်နေသော်လည်း ဈေးကွက်လည်ပတ်နေ
၂။ ဒေါ်လာငါးသန်းကျော်တန်ဖိုးရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၄)ခုကို ခွင့်ပြုပေး
၃။ သကြားအထွက်နှုန်းကောင်းမွန်ရန် ကြံမျိုးကောင်းနှင့်နည်းပညာများပေးနေ
၄။ (၃၂)ကြိမ်မြောက်APECစီးပွားရေးခေါင်းဆောင်များအစည်းအဝေး၌ ရှီကျင့်ဖျင်မိန့်ခွန်းပြော... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
သကြားအထွက်နှုန်းကောင်းမွန်စေဖို့ တောင်သူတွေကို အရည်အသွေးကောင်းတဲ့ ကြံမျိုးတွေအပြင် စိုက်ပျိုးရိတ်သိမ်းချိန်လွန်နည်းပညာပေး တာ တွေ ဆောင်ရွက်နေတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနကသိရပါတယ်။
#Local_News
Published 03 November 2025
#သကြား #ကြံ
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး၌မတည်တန်ဖိုး အမေရိကန်ဒေါ်လာငါးသန်းကျော်တန်ဖိုးရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၄)ခုကိုခွင့်ပြုပေးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီကနေသိရပါတယ် ။
#Local_News
Published 03 November 2025
#ရန်ကုန်တိုင်းဒေသကြီး
#YMG/NN #Yangon_Times
ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်းရှိ အိမ်ခြံမြေ၊ ကွန်ဒို၊ တိုက်ခန်းတွေရဲ့ ရောင်းဝယ်ငှား ဈေးနှုန်းတွေ မြင့်တက်နေပေမယ့်ဈေးကွက် ပုံမှန်လည်ပတ်လျှက်ရှိတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေထံကသိရပါတယ်။
#Local_News
Published 03 November 2025
#ရန်ကုန်အိမ်ခြံမြေ #ကွန်ဒို
#YMG/SW #Yangon_Times
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ကြီးမှူးပြီးနိုင်ငံတကာ အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲကို ကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 03 November 2025
#အထည်အလိပ် #မြန်မာနိုင်ငံအထည်ချုပ်
#YMG/SW #Yangon_Times
၂ နိုဝင်ဘာ၊၂၀၂၅-
◾️အဓိက ဖြစ်စဉ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ဂျီးရီးယားနိုင်ငံတွင် ဖြစ်လာနိုင်သည့် စစ်ရေး လှုပ်ရှားမှု များအတွက် စီစဉ်ရန် ပင်တဂွန်စစ်ဌာနချုပ်ကို အမိန့်ပေးထားကြောင်း ကြေညာခဲ့သည်။ ဤလှုပ်ရှားမှု သည် နိုင်ဂျီးရီးယားအစိုးရက ခရစ်ယာန်များကို နှိပ်စက်ညှဉ်းပန်းမှုများမှ ကာကွယ်ပေးရန် ပျက်ကွက်နေ သည်ဟူသော ထရမ့်၏ စွပ်စွဲချက်များအပြီးတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
◾️ထရမ့်၏ ပြောဆိုချက်များ
▶️ နိုင်ဂျီးရီးယားသို့ ပေးအပ်နေသည့် အမေရိကန်၏ အကူအညီနှင့် ထောက်ပံ့မှုအားလုံးကို ရပ်တန့်ပစ် မည်ဟု ခြိမ်းခြောက်ခဲ့သည်။
▶️ ခရစ်ယာန်များကို ပစ်မှတ်ထားနေသည့် "အစ္စလာမ္မစ်အကြမ်းဖက်သမားများ" ကို ရှင်းလင်းရန် အမေရိကန်က "လက်နက်အပြည့်အစုံဖြင့်" ဝင်ရောက်စွက်ဖက်နိုင်သည်ဟု သတိပေးခဲ့သည်။
▶️ "လျင်မြန်၊ ပြင်းထန်ပြီး အပြတ်သားဆုံး" ဖြစ်နိုင်ဖွယ်ရှိသော တိုက်ခိုက်မှုများအတွက် ပြင်ဆင်ရန် စစ်ရေးဝန်ကြီးဌာန (Department of War) (ယခင်ကာကွယ်ရေးဝန်ကြီးဌာန)ကို ညွှန်ကြားခဲ့သည်။
▶️ နိုင်ဂျီးရီးယားနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုများအတွက် "အထူးစောင့်ကြည့်ရမည့် နိုင်ငံ" အဖြစ် ကြေညာခဲ့သည်။
▶️ နိုင်ဂျီးရီးယားတွင် "ခရစ်ယာန်ဘာသာသည် ယင်း၏တည်ရှိမှုကို ခြိမ်းခြောက်ခံနေရသည့် အန္တရာယ်" နှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။
◾️နိုင်ဂျီးရီးယား အစိုးရ၏ တုံ့ပြန်မှု
သမ္မတ ဘိုလာ အာမက် တီနူဘူ (Bola Ahmed Tinubu) က ထရမ့်၏ စွပ်စွဲချက်များကို ပယ်ချခဲ့ပြီး အောက်ပါအတိုင်း ပြောကြားခဲ့သည်-
▶️ နိုင်ဂျီးရီးယားသည် ဘာသာရေးအရ သည်းမခံတတ်သော နိုင်ငံမဟုတ်။
▶️ ဘာသာရေးလွတ်လပ်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကာအကွယ်ပေးထားသည်။
▶️ အစိုးရသည် နှိပ်စက်ညှဉ်းပန်းမှု ပုံစံအားလုံးကို ဆန့်ကျင်သည်။
◾️နောက်ခံအခြေအနေနှင့် အချက်အလက်များ
နိုင်ဂျီးရီးယား၏ လူဦးရေ: သန်း ၂၂၀ ခန့်ရှိပြီး ခရစ်ယာန်နှင့် မွတ်စလင်ဦးရေ ထက်ဝက်စီနီးပါး အုပ်စု ခွဲခြားထားသည်။
နိုင်ဂျီးရီးယားရှိ အကြမ်းဖက်မှုများသည် အောက်ပါတို့မှ မြစ်ဖျားခံသည်။
▶️ ဘာသာရေး အစွန်းရောက်မှု (ဥပမာ - ဘိုကို ဟာရမ်)
▶️ လယ်သမား-ကျွဲနွားကျောင်းသူများအကြား ပဋိပက္ခများ၊ လူမျိုးရေးပဋိပက္ခများနှင့် ခွဲထွက်ရေး လှုပ်ရှားမှုများ။
▶️လေ့လာဆန်းစစ်သူများက တိုက်ခိုက်ခံရသူအများစုမှာ နိုင်ငံ၏ မြောက်ပိုင်းရှိ မွတ်စလင်များဖြစ် ကြောင်း မှတ်ချက်ပြုသည်။
▶️ အမေရိကန်သည် နိုင်ဂျီးရီးယားကို ၂၀၂၀ ခုနှစ်တွင် "အထူးစောင့်ကြည့်ရမည့်နိုင်ငံ" အဖြစ် ပထမဆုံး စာရင်းသွင်းခဲ့ပြီး၊ နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်စေရန် ၂၀၂၃ ခုနှစ်တွင် ထိုသတ်မှတ်ချက်ကို ရုပ်သိမ်းခဲ့သည်။
◾️နိုင်ဂျီးရီးယား၏ တရားဝင် ထုတ်ပြန်ချက်
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကီမီဘီ အီဘီယန်ဖာ (Kimiebi Ebienfa) က နိုင်ဂျီးရီးယား နိုင်ငံသည် ဘာသာတရား မခွဲခြားဘဲ နိုင်ငံသားအားလုံးကို ကာကွယ်ရန် တာဝန်ရှိကြောင်း၊ ကွဲပြားစုံလင် မှုသည် နိုင်ငံ၏ အင်အားဖြစ်ကြောင်း အလေးထား၍ ထပ်လောင်းပြောကြားခဲ့သည်။
သတင်းရင်းမြစ် - AP
#World_Health
Published 02 November 2025
■ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ရီရှီဆူနက်က ဆီးကျိတ်ကင်ဆာ စစ်ဆေးပရိုဂရမ် အရေးတကြီးလိုအပ်နေပြီး အသက်ပေါင်းများစွာကို ကယ်တင်နိုင်လိမ့်မယ်လို့ BBC ကို ပြောခဲ့ပါတယ်။
■ ဆူနက်က ဆီးကျိတ်ကင်ဆာသုတေသနပရဟိတအတွက် သံအမတ်ဖြစ်ပါတယ်။
■ ဆီးကျိတ်ကင်ဆာက အချို့တွေမှာ အလျင်အမြန်ပျံ့ပွားပြီး အချို့မှာတော့ ဖြည်းဖြည်းချင်းသာ ပျံ့ပွားပါတယ်။
■ ဆီးကျိတ်ဆိုတာက သစ်ကြားသီးအရွယ်အစားခန့်ရှိတဲ့ ဂလင်းတစ်ခုဖြစ်ပြီး တင်ပါးခွက်အတွင်း ဆီးအိမ်အောက်မှာ ရှိပါတယ်။
■ ဆီးကျိတ်ကင်ဆာက နှစ်တွေကြာအောင် ရောဂါလက္ခဏာမပြသလို အချို့တွေဆိုရင် ဘာပြဿနာမှတောင် မဖြစ်ပွားကြပါဘူး။
■ ဒါပေမဲ့ အချို့တွေမှာတော့ ကင်ဆာပျံ့ပွားမြန်ပြီး အသက်အန္တရာယ်ပေးနိုင်ပါတယ်။
■ စောစီးစွာ ရောဂါတွေ့ရှိရင်တော့ အောင်မြင်စွာကုသနိုင်ဖို့ အကောင်းဆုံးအခွင့်အရေး ရှိပါတယ်။
■ အမျိုးသား ၈ ယောက်မှာ ၁ ယောက်နှုန်းက တစ်ချိန်ချိန်မှာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ပြီး ယူကေမှာ နှစ်စဉ် ၅၂,၃၀၀ ဦး ဆီးကျိတ်ကင်ဆာ တွေ့ရှိလျက်ရှိကာ နှစ်စဉ် ၁၂,၂၀၀ ဦး အသက်ဆုံးရှုံးနေကြောင်း ဆီးကျိတ်ကင်ဆာသုတေသနယူကေက ပြောပါတယ်။
■ အသက် ၇၅ နှစ်အထက်အမျိုးသားတွေမှာ အဖြစ်များပြီး အသက် ၅၀ အောက်တွေကတော့ အဖြစ်နည်းပါတယ်။
■ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့ မကြာခဏ ဆီးသွားရခြင်း၊ ဆီးသွားရန်ခက်ခဲခြင်း၊ ဆီးသွားနည်းခြင်းနဲ့ ဆီးသွားရန်အချိန်ကြာခြင်း၊ ဆီးနဲ့သုတ်ပိုးထဲ သွေးပါခြင်းတို့ ဖြစ်ပါတယ်။
■ ဒီရောဂါအတွက် သီးသန့်ရောဂါရှာဖွေရေး မရှိဘဲ ဆရာဝန်တွေက အချက်အလက်အမျိုးမျိုးအပေါ် အခြေခံကာ သုံးသပ်ပေးကြပါတယ်။
■ ရောဂါအစောပိုင်းအဆင့်မှာဆိုရင် စောင့်ကြည့်ဆဲအခြေအနေအဖြစ် သတ်မှတ်ပြီး အချို့ကတော့ ခွဲစိတ်မှုတွေ၊ ဓာတ်ရောင်ခြည်ကုသနည်းတွေနဲ့ ကုသနိုင်ပါတယ်။
Source: BBC.
#World_Health
Published 2 Nov 2025
■ သံပရာရည်သောက်ခြင်းက ခန္ဓာကိုယ်သန့်စင်ပေးခြင်း၊ ဇီဝဖြစ်စဉ်မြှင့်တင်ပေးခြင်း၊ အစာခြေနိုင်ခြင်းတို့ ပေးစွမ်းနိုင်တယ်လို့ ယုံကြည်ထားပါတယ်။
■ အိန္ဒိယမှ အစာအိမ်အူလမ်းကြောင်း ဆရာဝန်ကြီး ဒေါက်တာ ဂေါ်ရက်ဗ်မက်တာက သံပရာကို မှန်ကန်စွာသောက်သုံးရင် အကျိုးရှိနိုင်ပေမယ့် အများထင်ထားသလို အံ့ဖွယ်ဆေးမဟုတ်ကြောင်း ရှင်းပြထားပါတယ်။
■ (၁) သံပရာရည်က ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးပေမယ့် ခန္ဓာကိုယ်ကနေ အဆိပ်အတောက်တွေ ဖယ်ရှားပေးနိုင်တာ မဟုတ်ပါဘူး။
■ (၂) သံပရာရဲ့ အက်ဆစ်ဓာတ်က အစာခြေအင်မ်ဇိုင်းများ ထုတ်လုပ်စေကာ အစာခြေခြင်းကို ကူညီထောက်ပံ့ပေးပေမယ့် တစ်ဦးနဲ့တစ်ဦး အာနိသင်ကွဲပြားနိုင်ပါတယ်။
■ (၃) အချိုရည်ထက်စာရင် ကယ်လိုရီလျှော့ချနိုင်ပေမယ့် အဆီတွေကို လောင်ကျွမ်းစေတာမဟုတ်ဘဲ ကိုယ်အလေးချိန်ကို တိုက်ရိုက်မလျှော့ချပေးနိုင်ပါဘူး။
■ (၄) အက်ဆစ်လျှံတက်သူတွေ၊ အစာအိမ်ရောင်သူတွေ၊ အစာအိမ်အနာရှိသူတွေ သတိထားသင့်ပြီး သံပရာရဲ့ ဆစ်ထရစ်အက်ဆစ်က အစာအိမ်နံရံတွေ ထိပါးစေနိုင်ပါတယ်။
■ (၅) သံပရာရည်များလွန်းခြင်းက သွားကြွေလွှာတွေကို တိုက်စားစေတာကြောင့် သံပရာရည်သောက်ပြီးရင် ရေနဲ့ဆေးကြောသန့်စင်သင့်ပါတယ်။
■ (၆) သံပရာရည်သောက်တဲ့အခါ ရေများများဖြင့်သောက်သင့်ပြီး တစ်နေ့ကို တစ်ကြိမ်လောက်သာ သောက်သင့်ပါတယ်။
■ (၇) သံပရာရည်ကိုပဲ မှီခိုသုံးစွဲနေတာမျိုးက မှားယွင်းပြီး မျှတတဲ့အစားအစာကိုသာ ဦးစားပေးစားသောက်သင့်ပါတယ်။
■ (၈) သံပရာရည်ကို တော်သင့်ရုံသာ သောက်သုံးပါက ကျန်းမာရေးနဲ့ ညီညွတ်သလို လူကိုလန်းဆန်းစေနိုင်ပေမယ့် အရာအားလုံးအတွက် ဖြေဆေးမဟုတ်ပါဘူး။
Source: India Today.
တရုတ်သမ္မတရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တောင်ကိုရီးယား ဘူဆန်မှာ တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ရှေ့ဆက်နိုင်အောင် အားထုတ်သင့်တယ်လို့ ကြာသပတေးနေ့ကပြောသွားပါတယ်။
#World_Politics
Published 1 November 2025
#ဒေါ်နယ်ထရမ့် #ရှီကျင့်ဖျင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 1 November 2025
၁။ တောင်ကြီး-ပေါမူ-တောင်ကြီးခရီးစဉ် စတင်ပြေးဆွဲ
၂။ ရုပ်ရှင်သမိုင်းပြတိုက် ခေတ္တပိတ်ထားမည်
၃။ စက်သုံးဆီဈေးအားလုံးပြန်လည်မြင့်တက်လာ
၄။ နှစ်နိုင်ငံဆက်ဆံရေးလမ်းခရီးရှေ့ဆက်ဖြောင့်ဖြူးသင့်ကြောင်း ထရမ့်အားရှီကျင့်ဖျင်တိုက်တွန်း... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 01 November 2025
■ တရုတ်ဟာ ရှန်ကျိုး-၂၁ အာကာသယာဉ်ကို သောကြာနေ့က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး အာကာသယာဉ်မှူး ၃ ဦးကို ၆ လတာ အာကာသမစ်ရှင်ထမ်းဆောင်ရန် အာကာသစခန်းသို့ စေလွှတ်ခဲ့ပါတယ်။
■ တရုတ်အနောက်မြောက်ပိုင်း ကျူကွမ်ဂြိုဟ်တုလွှတ်တင်ရေးဌာနကနေ ပေကျင်းစံတော်ချိန် ည ၁၁ နာရီ ၄၄ မိနစ်မှာ Long March-2F ဒုံးပျံဖြင့် အာကာသယာဉ်ကို လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။
■ နောက် ၁၀ မိနစ်အကြာမှာ အာကာသယာဉ်က ဒုံးပျံကနေ ခွဲထွက်သွားပြီး သတ်မှတ်ထားတဲ့ ပတ်လမ်းကြောင်းသို့ ဝင်ရောက်နိုင်ခဲ့ပါတယ်။
■ အာကာသယာဉ်မှူးတွေ အခြေအနေကောင်းမွန်ပြီး အာကာသယာဉ်လွှတ်တင်မှု အောင်မြင်ပြီးစီးခဲ့ကြောင်း တရုတ်အာကာသထိန်းချုပ်ရေးအေဂျင်စီ (CMSA)က ပြောပါတယ်။
■ ထို့နောက် အာကာသစခန်းရဲ့ အဓိကဗဟိုမိုဂျူး တီယန်ဟီမှာ ဆင်းသက်နိုင်ခဲ့ပြီး လုပ်ငန်းစဉ်တစ်ခုလုံး ၃ နာရီခွဲခန့် ကြာမြင့်ခဲ့ပါတယ်။
■ ရှန်ကျိုး-၂၀ အာကာသအဖွဲ့ဝင်တွေက ရှန်ကျိုး-၂၁ အဖွဲ့သားတွေ ရောက်ရှိလာတာကို ကြိုဆိုဖို့အသင့်ရှိနေပါတယ်။
■ ရှန်ကျိုး-၂၁ အာကာသခရီးစဉ်မှူး ကျန်းလူနဲ့ ယာဉ်မှူး ဝူဖေ၊ ကျန်းဟောင်ကျန်းတို့ဟာ အာကာသယာဉ်မောင်းနှင်သူ၊ ပျံသန်းရေးအင်ဂျင်နီယာတို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူတွေ ဖြစ်ပါတယ်။
■ အာကာသယာဉ်မှူးသစ်တွေက စနေနေ့နံနက်ပိုင်းမှာ ယခင်ရောက်ရှိနေသူတွေနဲ့ တွေ့ဆုံပြီး ပတ်လမ်းကြောင်းလက်လွှဲခြင်း စတင်ခဲ့ပါတယ်။
■ ၆ ဦးစလုံးက တရုတ်အာကာသယာဉ်သမိုင်းကြောင်းမှာ ၇ ကြိမ်မြောက် အာကာသထဲအတူဆုံတွေ့ခြင်းအတွက် ဓာတ်ပုံရိုက်ကူးခဲ့ကြပါတယ်။
■ တာဝန်များလက်လွှဲရေးနဲ့ လုပ်ငန်းတာဝန်များ လုပ်ဆောင်ဖို့အတွက် သူတို့ဟာ ၅ ရက်လောက် အတူတကွ နေထိုင်လုပ်ကိုင်သွားကြမှာ ဖြစ်ပါတယ်။
Source: Xinhua
Page 241 of 2055