#WorldTechnology
Published 9 July 2022
ယခုနှစ်အစောပိုင်းတုန်းက အထူ ၁.၈ မီလီမီတာသာရှိတဲ့ ကမ္ဘာ့အပါးလွှာဆုံးလက်ပတ်နာရီကို 'ဘူလ်ဂေရီ'မှထုတ်လုပ်ခဲ့ပြီး အတော်လေးသတင်းကြီးသွားခဲ့ပါတယ်။
အခုဆိုရင် 'ရစ်ချတ်မေးလ်'နဲ့ 'ဖာရာရီ'တို့ကပူးပေါင်းပြီး RM UP-01 ဖာရာရီလက်ပတ်နာရီကို ထုတ်လုပ်ခဲ့ပါတယ်။
ထိုနာရီအသစ်ဟာ 'ဘူလ်ဂေရီ'ရဲ့ Octo Finissimo Ultra လက်ပတ်နာရီထက် ၀.၀၅ မီလီမီတာ ပိုမိုပါးလွှာတာကြောင့် ကမ္ဘာ့အပါးလွှာဆုံးလက်ပတ်နာရီဂုဏ်ပုဒ်ကို ရယူလိုက်ပါပြီ။
ဖာရာရီက မမျှော်မှန်းနိုင်တဲ့ နည်းပညာတွေနဲ့ ပြောင်မြောက်လှတဲ့ လက်ပတ်နာရီဒီဇိုင်းကို ၁.၇၅ မီလီမီတာအထူနဲ့ ထုတ်လုပ်အောင်ပွဲခံသွားပါပြီလို့ 'ရစ်ချတ်မေးလ်'က ဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။
ကမ္ဘာ့စံချိန်တင်လက်ပတ်နာရီ RM UP-01 ဖာရာရီကို လိုချင်တယ်ဆိုရင်တော့ ဒေါ်လာ ၁,၈၈၈,၀၀၀ နဲ့ရောင်းချသွားမှာ ဖြစ်ပါတယ်။
"တကယ့်လက်တွေ့မှာတောင် အခြားနာရီဒီဇိုင်းတွေအတိုင်း အခြေခံလိုအပ်ချက်တွေနဲ့အညီ ထုတ်လုပ်ကြပါတယ်၊ ဒီလိုအပါးလွှာဆုံးနာရီထုတ်လုပ်ဖို့ကတော့ အသုံးပြုသူရဲ့တစ်နေ့တာဘဝမှာ လိုအပ်ချက်တွေဖြည့်ဆည်းနိုင်ဖိုစဉ်းစားရပါတယ်" လို့ ရှင်းပြသွားပါတယ်။
ထိုနာရီကိုစမ်းသပ်ထုတ်လုပ်ဖို့ စုစုပေါင်းကြာချိန် နာရီ ၆ ထောင်ကျော် ကြာမြင့်ခဲ့ပါတယ်။
အောက်ခံပြားနဲ့ စက်သွားကုပ်တို့ကို ပွတ်တိုက်မှုဒဏ်ခံနိုင်တဲ့ အလွိုင်းအမျိုးအစားဖြစ်တဲ့ အဆင့် ၅ တိုင်တေနီယမ်ဖြင့် ပြုလုပ်ထားပါတယ်။
အလွိုင်းက အဆင့် ၅ တိုင်တေနီယမ် ၉၀ ရာခိုင်နှုန်း၊ အလူမီနီယမ် ၆ ရာခိုင်နှုန်း၊ ဗနေဒီယမ် ၄ ရာခိုင်နှုန်းဖြင့် ပြုလုပ်ထားပါတယ်လို့ ဆိုပါတယ်။
အောက်ခံပြားက လေးထောင့်ဝိုင်းပုံစံထဲမှာရှိပြီး အချိန်ပြမှတ်ကတော့ အပေါ်ဘက်အလယ်တည့်တည့်မှာရှိပါတယ်။
ထိုလက်ပတ်နာရီကို ကိုယ်တိုင်ရစ်လှည့်ချိန်ညှိနိုင်ပြီး ပါဝါအားက ၄၅ နာရီကြာခံနိုင်ပါတယ်။
လုပ်ဆောင်ချက်ခလုတ်က ၁၀ နာရီနဲ့ ၁၁ နာရီလက်တံကြားမှာရှိပြီး အသုံးပြုသူတွေက ရစ်လှည့်ကာရွေးချယ်လုပ်ဆောင်နိုင်ပါတယ်။
ဒီလိုနာရီမျိုးလိုချင်တယ်ဆိုရင် လက်မြန်ခြေမြန်နဲ့ ဝယ်နိုင်အားရှိဖို့လိုတယ်လို့ ဆိုပါတယ်။
RM UP-01 နာရီကို အခု ၁၅၀ သာထုတ်လုပ်ဖို့ကန့်သတ်ထားပါတယ်။
'ဘူလ်ဂေရီ'က Octo Finissimo Ultra နာရီကိုထုတ်လုပ်ပြီး ၃ လအကြာမှာပဲ ဖာရာရီရဲ့နာရီအသစ်ထွက်ပေါ်လာတာဖြစ်ပါတယ်။
Source: Reuters
#Yangon_Media_Group
Published_ 8 July 2022
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။
နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အခမ်းအနားသို နိုင်ငံတော်သံဃမဟာနာယကအဖွဲဥက္ကဋ္ဌ၊ မန္တလေးမြို၊ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသော ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ၏ ဩဝါဒါစရိယဆရာတော်ကြီးများ အပါအဝင် ပင့်ဖိတ်ထားသည့် ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူကြပါတယ်။
ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဗန်းမော်ဆရာတော်ဘုရားကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပါတယ်။
ဆက်လက်၍ ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ် တရားတော်များကို နာယူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး တိုက ဗန်းမော်ဆရာတော်ဘုရားကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပါတယ်။
ထိုနောက် နစကဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီးတိုက နိုင်ငံတော်သံဃမဟာနာယကအဖွဲ ဒုတိယဥက္ကဋ္ဌ၊ မိတ္ထီလာမြို၊ သာသနဝေပုလ္လပါဠိတက္ကသိုလ် ကျောင်းတိုက်၊ ပဓာန နာယကအဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ကောဝိဒ ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ ဒုတိယဥက္ကဋ္ဌ၊ မိတ္ထီလာ ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတိုအတွက် ရေစက်သွန်းချ အမျှပေး ဝေကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြပါတယ်။
အခမ်းအနားအပြီးတွင် ဗန်းမော်ဆရာတော်ဘုရားကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါတယ်။



#AsiaSociety
Published 8 July 2022
ဂျပန်ကျေးလက်ဒေသက တိတ်ဆိတ်ငြိမ်သက်တဲ့ အိမ်တစ်အိမ်မှာ အသက် ၇၀ ခန့်ရှိပြီဖြစ်တဲ့'ဟာရူမီချီရှီဘာဆာကီ'က ပန်းချီဆွဲခြင်းအနုပညာ ဗီဒီယိုများကို ယူကျူ့ဘ်ပေါ်ကနေ ပြသလျက်ရှိပြီး ၅ နှစ်အတွင်းသူ့မှာ ဖော်လိုဝါ ၁.၄ သန်းရှိလာခဲ့ပါတယ်။
#Yangon_Media_Group
Published 8 July 2022
“ကျွန်တော်တို့ဆီရောက်လာတဲ့အချိန်မှာ သူ့လည်ပင်းမှာ ကျည်ဒဏ်ရာနှစ်ခုနှင့်ပါ” လို့ ဂျပန်နိုင်ငံ နိုရာပြည်နယ်ဆေးရုံက အရေးပေါ်ဆေးဝါးပါမောက္ခ ဟီဒီတာဒါဖူကူရှီးမားက ပြောပါတယ်။ အဲဒီဆေးရုံဟာ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သေနတ်အပစ်ခံရလို့ ပို့ဆောင်ခဲ့တဲ့ဆေးရုံဖြစ်ပါတယ်။
“ကျွန်တော်တို့သွေးသွင်းခဲ့ပြီး သွေးယိုစီးတာကို ရပ်တန်ဖို့ကြိုးစားခဲ့ကြပေမယ့် ကံအကြောင်းမလှစွာပဲ လုပ်ဆောင်လို့မရတော့ပါဘူး” လို့ ပါမောက္ခကဆက်ပြောပါတယ်။
Source AFP
#Local_News
Published_8 July 2022
မြန်မာအလုပ်သမားအသစ် ၁၅၀ ဦး တောင်ကိုရီးယားသို့ ထပ်မံသွားရောက်ခွင့်ရမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၏ ဇူလိုင်လ ၈ ရက် ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
အဆိုပါ အလုပ်သမားများအနေဖြင့် ကိုရီးယားနိုင်ငံသို့ ဇူလိုင်လ ၁၈ ရက်တွင်သွားရောက်ရမည် ဖြစ်သောကြောင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ပင်လုံခန်းမသို အာမခံကြေး၊ ဝန်ဆောင်ခစရိတ်၊ လေယာဉ်လက်မှတ်ပေးသွင်းခြင်းတို့ကို ဇူလိုင်လ ၁၀ ရက်တွက် လာရောက် ပေးသွင်းကြရန်လည်း သွားရောက်ကြမည့် အလုပ်သမားများအား အကြောင်းကြားထားကြောင်း သိရသည်။
အမည်စာရင်းတွင်ပါရှိသူများအနေဖြင့် အာမခံသူနှစ်ဦး၏ မှတ်ပုံတင်မိတ္တူ၊အိမ်ထောင်စုဇယားမိတ္တူ၊ အမှန်တကယ်နေထိုင်ကြောင်းရပ်ကွက်ထောက်ခံစာ(သို့မဟုတ်)ပြစ်မှူကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာတို့ကို ယူဆောင်လာကြရန်လည်းလိုကြောင်း၊ ယင်းနေ့တွင်အကြိုသင်တန်းတက်ရောက်ကြရမည်ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံ၌ မြန်မာလုပ်သား ၄၀၀၀၀ ကျော် တရားဝင် သွားရောက်လုပ်ကိုင်နေကြောင်း အလုပ်သမားဝန်ကြီးဌာနက သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published _ 8 July 2022
တောင်ကိုရီးယားနိုင်ငံသို့ မြန်မာအလုပ်သမား ၈၄ ဦးကို ဇူလိုင်လ ၇ ရက်တွင် ထပ်မံပို့ဆောင်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ထုတ်ပြန်ထား သည်။
ကုန်ထုတ်လုပ်သား ၇၅ ဦး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား ၉ ဦး စုစုပေါင်း ၈၄ ဦးသည် ရန်ကုန်လေဆိပ်မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ အစိုးရသည် မြန်မာနိုင်ငံမှအလုပ်သမားများအား ပြန်လည်လက်ခံလျက်ရှိရာ ဇူလိုင်လ ၅ ရက်တွင်လည်း ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် ၁၃၀ ကို ရန်ကုန်မှအင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိများသည် တောင်ကိုးရီးယားသို့ ရောက်ရှိလာသော မြန်မာလုပ်သားများကို ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားကာ လိုအပ်သည်များကူညီပံ့ပိုးပေးလျက်ရှိကြောင်း ယင်းမှ သိရသည်။
တောင်ကိုရီးယားနိုင်ငံအစိုးရသည် ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားခြင်းကို ကာကွယ်ထိန်းချုပ်ရန်အတွက် ၂၀၂၀ ခုနှစ် ၊ ဇွန် ၁ ရက်မှစ၍ ပြည်ဝင်ခွင့် ပိတ်ထားခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် မြန်မာနိုင်ငံမှ အလုပ်သမားများ ပြန်လည်ခေါ်ယူခဲ့ပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် မြန်မာအလုပ်သမား ၆၄ ဦးကို ပထမအကြိမ် တရားဝင်စေလွှတ်ခဲ့ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published _ 8 July 2022
ပြည်တွင်းမှာစိုက်ပျိုးထားတဲ့ ကြက်သွန်နီတွေ ဈေးကောင်းမရဘဲ အိမ်နီးချင်းနိုင်ငံတွေကပါ အဝယ်ရပ်လိုက်တာကြောင့် ပြည်ပတင်ပို့မှုအခြေအနေ လုံးဝရပ်ဆိုင်းနေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 8 July 2022
လတ်တလောမှာ နယ်မြေဒေသမတည်ငြိမ်တဲ့နေရာတွေ အပါအဝင်ဒေသအသီးသီးက မသန်စွမ်းသူတွေမှာ ရာသီတုပ်ကွေးရောဂါတွေအဖြစ်များနေတယ်လို့ မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းဥက္ကဌဒေါက်တာကိုကိုဦးကပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_8 July 2022
နိုင်ငံဘဏ္ဍာအသိမ်းခံထားရသည့် မော်တော်ယာဉ်များကို လေလံတင်မရောင်းဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
"လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် နိုင်ငံတော်မှ နိုင်ငံပိုင် (ပြည်သူ့ဘဏ္ဍာ) အဖြစ် သိမ်းဆည်းထားသည့် မော်တော်ယာဉ်များကို လေလံစနစ်ဖြင့် ထုခွဲရောင်းချမည်ဆိုသော သတင်းများ ထွက်ပေါ်နေကြောင်း သိရှိရပါသည်။ လက်ရှိအခြေအနေတွင် ဘဏ္ဍာသိမ်းမော်တော်ယာဉ်များ လေလံတင်ရောင်းချမည့် အစီအစဉ်မရှိပါကြောင်း အသိပေးကြေညာအပ်ပါသည်"ဟု အဆိုပါဌာနက ထုတ်ပြန်ထားခြင်း ဖြစ်သည်။
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်တီအစည်းအဝေးတွင် လေလံမပစ်မီ ဖမ်းဆီရမိသော ပစ္စည်းများပျက်စီးဆုံးရှုံးသွားလျှင် ဖမ်းဆီးပေးသူများ၏ ကြိုးပမ်းအားထုတ်မှုများ အချည်းနှီးဖြစ်နိုင်သကဲ့သို့ နိုင်ငံဘဏ္ဍာရရှိမှုလည်း လျော့နည်းသွားမည်ဖြစ်၍ ပုပ်သိုးပျက်စီးလွယ်ကုန်စည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်မြန်ဆန်ဆန် လေလံတင်ရောင်းချသွားမည်ဟု ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ပြောကြားထားဖူးသည်။
သို့သော်လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြောသည့် "ပုပ်သိုးပျက်စီးလွယ်ကုန်စည်များ"တွင် တော်တော်ယာဉ်များ ပါဝင်သည်ဟု ဆိုလိုခြင်းမဟုတ်ကြောင်းလည်း နစက အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဦးဆောင်သည့် ကော်မတီအနေဖြင့် ၂၀၂၂ ဇန်နဝါရီလမှ မေလအထိခန့်မှန်းငွေကျပ် ၂၁ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့ကာ ယခင်နှစ်ထက် ကျပ် ၁၃ ဘီလီယံကျော် ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 8 July 2022
ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရတဲ့အပေါ် များစွာ အံ့ဩတုန်လှုပ်မိသလို မြန်မာနိုင်ငံအနေနဲ့ရှုတ်ချတယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရမှုအပေါ် မြန်မာနိုင်ငံရဲ့ သဘောထားကို မေးမြန်းရာမှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အခုလိုပြောကြားထားပါတယ်။
"ကျွန်တော်တို့ ဒီဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးသေနတ်နဲ့လုပ်ကြံခံရတဲ့ သတင်းကြားသိရပါတယ်၊၊ မြန်မာနိုင်ငံအနေနဲ့ဒီသတင်းနဲ့ပတ်သက်လို့ များစွာအံ့သြတုန်လှုပ်မိပါတယ်၊၊ ဒီလိုလုပ်ကြံရန်ကြိုးစားမှုကိုလည်း ကျွန်တော်တို့ရှုတ်ချပါတယ်၊၊ ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးဟာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေကောင်းနဲ့ မိတ်ဆွေဟောင်း ဖြစ်တဲ့အတွက် အမြန်ဆုံး ပြန်လည်ကျန်းမာစေရေး ဆုမွန်ကောင်းတောင်းပါတယ်"လို့ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဂျပန်ဝန်ကြီးချုပ်ဟောင်းကို လုပ်ကြံဖို ကြံစည်တာကို ရှုတ်ချပြီး မြန်မာနိုင်ငံအနေနဲ့လည်း ပြည်တွင်း ပြည်ပဘယ် အကြမ်းဖက်လုပ်ရပ်မျိုးကိုမဆို ပြင်းထန်စွာ ရှုတ်ချတယ်လိုလည်း ထည့်သွင်းပြောခဲ့ပါတယ်၊၊
ဂျပန်နိုင်ငံ၊ နာရာမြို့မှာ ဇူလိုင် (၈) ရက်၊ မနက် (၁၁) နာရီခွဲလောက်က ကျင်းပတဲ့ နိုင်ငံရေး အခမ်းအနားတစ်ခုမှာ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး တက်ရောက်ပြီး မိန့်ခွန်းပြောနေစဉ် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ymg/tthl
#Yangon_Media_Group
#Local_News
Published - 8 July 2022
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ပြည်တွင်းလုပ်သား (၃ဝဝဝ) ကျော် အလုပ်အကိုင်အခွင့်အလမ်းရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၆)ခုကို ရန်ကုန်တိုင်းအတွင်း လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂ဝ၂၂) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှခွင့် ပြုထားသည့် လုပ်ငန်းများသည် စက်မှုကဏ္ဍမှဖြစ်ပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃) ခု နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၃) ခုဖြစ်ကြောင်း အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏသည် အမေရိကန်ဒေါ်လာ ၆ ဒသမ ၆၅၉ သန်းဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၃၇၃ နေရာ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ဆောင်မည့် မတည်ငွေ ရင်းပမာဏ ဒေါ်လာငါးသန်း (သို့မဟုတ်) ငွေကျပ်သန်း ၆ဝဝဝ အထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အတည်ပြု လျှောက်လွှာများအား စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published _ 8 June 2022
ရန်ကုန်မြို့ရှိ Mercury Online Shopping Mall ၏ ဖြည့်ဆည်းရေးစင်တာတာဝန်ခံဖြစ်သည့် တာမွေမြို့နယ်နေ ကိုအာကာမိုးကိုကို (၂၃)နှစ်သည် ယမန်နေ့ ဇူလိုင်လ ၆ ရက်ညပိုင်းက ရုံးကားဖြင့် နေအိမ်သို့ပြန်လာစဉ် ပစ္စည်းများ လုယက်ခံရ၍ သတ်ဖြတ်ခံခဲ့ရကြောင်း Mercury shopping Page တွင်ထုတ်ပြန်ထားသည်။
ကိုအာကာမိုးကိုကိုသည် နေအိမ်သိုရုံးကား Suzuki Pickup ဖြင့် အိမ်ပြန်လာစဉ် အမည်၊ နေရပ်လိပ်စာ၊ အသက်(စုံစမ်းဆဲ)တို့မှ ကားတံခါးအားဖွင့်၍ တက်လာပြီးနောက် ပါလာသည့်ပစ္စည်းများအား လုယက်စဉ် အသာတကြည်မပေးသဖြင့် ထိုးကြိတ်ရိုက်နှက်ကာသတ်ဖြတ်ခဲ့ကြကြောင်း သိရသည်။
ကိုအာကာမိုးကိုကို၏ ရုပ်အလောင်းနှင့် ရုံးကားအား လှိုင်သာယာမြို့နယ်ရှိ လမ်းဘေး၌ စွန့်ပစ်ထားခဲ့ကာ ပြန်လည်တွေ့ရှိချိန်၌ ကားပေါ်တွင် အဝတ်စုတ်၊ ကွမ်းတံတွေးများ ကျန်ခဲ့သည်ကို တွေ့ရှိခဲ့ရပြီး ဖြည့်ဆည်းရေးစင်တာ တာဝန်ခံသည် ကွမ်းစားခြင်း ဆေးလိပ်သောက်ခြင်းမရှိကြောင်း Mercury မှထုတ်ပြန်ခဲ့သည်။
လုယက်မှုကျူးလွန်သူများသည် ကိုအာကာမိုးကိုကို၏ iPhone 12 ၊ ASUS M4 13 DA Laptop နှင့် ငွေကျပ် ၄ သိန်းတို့အား ယူဆောင်သွားခဲ့ကြောင်း ယင်းမှသိရသည်။
သေဆုံးသူ ကိုအာကာမိုးကိုကို၏ ရုပ်အလောင်းအား ဇူလိုင်လ ၉ ရက်တွင် ရေဝေးသုဿာန်၌ ဂူသွင်းသဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
Page 1731 of 1994