#Local_News
Published - 29 July 2022
အိမ်ထောင်စုများ၏ နေ့စဉ်ဝယ်ယူစားသောက်နေရသည့် အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ရာခိုင်နှုန်း ၃၀မှ ရာခိုင်နှုန်း ၇၀
အထိ သိသာစွာမြင့်တက်ခဲ့ကြောင်း Save The Children ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
စားသောက်ကုန်ဈေးနှုန်းများ တက်လာသကဲ့သို့ စီးပွားရေးကျဆင်းမှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ အလယ်အလတ်ဝင်ငွေရှိသည့် အိမ်ထောင်စုများသည်လည်း ဆင်းရဲမွဲတေမှုအညွှန်းကိန်းအဆင့်အောက်သို့ လျော့ကျလျက်ရှိကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီမှစပြီး နိုင်ငံ၏ စီးပွားရေးကျဆင်းမှု၊ အလုပ်အကိုင်အများအပြားဆုံးရှုံးမှု၊ စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းခံရမှုနှင့် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုများသည် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုများကို ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။
ယင်းအပြင် Save The Children မှ ကောက်ယူထားသည့်အချက်အလက်များအရ ၈၀ ရာခိုင်နှုန်းသော မိသားစုများ၏ အဓိကစိုးရိမ်မှုသည် ယင်းတို့အတွက် အစားအသောက်ပုံမှန်ရရှိရေးဖြစ်ကြောင်း ဖော်ပြထားသည်။
အလားတူ အိမ်ထောင်စု ငါးခုတွင် တစ်ခုသည် ၎င်းတို့၏ ကလေးငယ်များအတွက် အစားအသောက်မလုံလောက်မှုဖြစ်နေပြီး အချို့အိမ်ထောင်စုများသည်လည်း အစားအသောက်အတွက် အကူအညီထောက်ပံ့မှုများဖြင့် ရပ်တည်နေရကြောင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 29 July 2022
လျှပ်စစ်ဓာတ်အား သုံးစွဲဝန်အားများသော အချိန်များတွင် အရေးပေါ်ဝန်အားလျှော့ထိန်းညှိခြင်းများ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ နေရာအချို့တို့၌ အချိန်ပိုင်းယာယီဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အသိပေးကြေညာထားသည်။
ဇူလိုင်လ ၂၈ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် 230kV မန်စံ-ရွှေစာရံ မဟာ ဓာတ်အားလိုင်း အပြစ်ဖြစ်ပွားခဲ့ပြီး အဆိုပါ အပြစ်ဖြစ်မှုအား အချိန်နှင့်တစ်ပြေးညီ ရှာဖွေစစ်ဆေးခဲ့ရာ တာဝါတိုင်အမှတ် (၆၁၃) ယိုင်နဲ့နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ဆဖာ်ပြထားသည်။
အဆိုပါ 230kV ဓာတ်အားလိုင်း အပြစ်ဖြစ်ပွားမှုကြောင့် ရွှေလီဓာတ်အားထုတ်စက်မှ လျှပ်စစ်ဓာတ်အားပို့လွှတ်ပေးနိုင်မှု (300)MW ခန့် လျော့နည်းလျှက်ရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားထုတ်လွှတ်မှုလျော့နည်းနေချိန်၌ ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန် လျှပ်စစ်ဓာတ်အားသုံးစွဲဝန်အားများသော အချိန်များတွင် အရေးပေါ်ဝန်အားလျှော့ထိန်းညှိခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ယနေ့(ဇူလိုင် ၂၉)ရက်နေ့မှစ၍ ယခင်မီးပေးနေသည့်အုပ်စု A,B အတိုင်းအလှည့်ကျဓာတ်အားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အချို့တွင် အသိပေးထုတ်ပြန်ထားသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 28 July 2022
တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း (က) ရက်ကွက်၊ မြို့ပတ်လမ်းပေါ်မှာရှိတဲ့ ပီဇာဆိုင်အခန်းတခုအတွင်းမှာရှိတဲ့ အောက်ခင်းကြွေပြားတွေနဲ့ နံရံတွေရုတ်တရတ် အပူချိန်ပြင်းလာတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
#Yangon_Media_Group
Published 29 July 2022
သောကြာနေ့မှာ ဖွင့်မဲ့ အမေရိကန်ထီဆုငွေဟာ အမေရိကန်ဒေါ်လာ ၁.၀၂ ဘီလျံအထိရှိလာလို့ ကံကောင်းတဲ့ စတိုးဆိုင်လို့ နာမည်ကြီးနေတဲ့ ကာလီဖိုနီးယားက 7-ELEVEN စတိုးဆိုင်တစ်ဆိုင်မှာ ထီထိုးမယ့်လူအုပ်ကြီးနှင့် ပြည့်နေပါတယ်။
အဲဒီဆိုင်မှာ ကာလီဖိုနီးယား ချီနိုဟေးလ် Chino Hills က ဖြစ်ပြီး လွန်ခဲ့တဲ့ (၆)နှစ်က အဲဒီဆိုင်မှာ ဒေါ်လာ ၁,၆ ဘီလျံဆုငွေရှိတဲ့ ထီဆုကြီး ပေါက်ခဲ့ပါတယ်။ အဲဒီနောက် လူတွေက အဲဒီဆိုင်ကို တစ်ကမ္ဘာလုံးမှာ ကံအကောင်းဆုံး 7-ELEVEN ဆိုင်လို့ သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။
၂၀၁၆ခုနှစ် ဇန်နဝါရီလတုန်းက အမေရိကန်ဒေါ်လာ ၁.၆ ဘီလျံခန့် ရှိတဲ့ ထီဆုငွေကို အဲဒီဆိုင်မှာ ထိုးတဲ့လူတစ်ယောက်ဟာ အခြား လူနှစ်ဦးနှင့်အတူ ဂဏန်းခြောက်လုံး မှန်ပြီး ထီပေါက်ခဲ့ကြကာ ဆုငွေကို ခွဲဝေယူခဲ့ကြပါတယ်။
အဲဒါကြောင့် ကာလီဖိုနီးယားက 7-ELEVEN ဆိုင်ကို အဝေး အနီးက လူတွေဟာ အပင်ပန်းခံလာရောက်ကြပြီး ကံနှစ်ခါကောင်းနိုင်တယ် ယုံကြည်ကြပြီး ကြာသပတေးနေ့က တန်းစီပြီး ထီလာထိုးနေကြပါတယ်။
“ ဒီဆိုင်က ကံကောင်းတဲ့ဆိုင်ဗျ။ ကျွန်တော့်အတွက်လည်း ကံကောင်းမယ်လို့ မျှော်လင့်တာပြ”လို့ ထီလာထိုးသူတစ်ဦးဖြစ်တဲ့ ဗစ်ဂျိုဆိုင်းက ပြောပါတယ်။
အဲဒီဆိုင်ပိုင်ရှင် ဘာဘီယာအက်ဝဲလ်ဟာ ဒီဆိုင်ကို ဆယ်စုနှစ်သုံးစုကျော်ကြာ ပိုင်ဆိုင်လုပ်ကိုင်နေသူဖြစ်ပါတယ်။ ဆိုင်မှာလာထိုးသူ ထီဆုကြီးပေါက်ပြီးနောက် ၂၀၁၆ ကစပြီး ဆိုင်ဟာ တစ်ချိုးတစ်ကွေ့ပြောင်းခဲ့ပါတယ်။
“ ဂျက်ပေါ့က တန်ဖိုးကြီးလာတဲ့အချိန်တိုင်း ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်ကလူတွေ အများကြီးလာပြီး ထီထိုးကြတာပဲ” လို့ သူကပြောပါတယ်။
“အခြားမြို့ကလူတွေတောင်လာပြီးထီထိုးကြတယ်။ လာ့စ်ဗီဂက်စ်လိုနေရာမျိုးကတောင် ဒီကိုလာကြတယ်” လို့ သူက ဆက်ပြောပါတယ်။
ဒစ်စနေလန်းကိုလာတဲ့သူတွေကလည်း သူ့ဆိုင်ကို လာလာကြည့်တတ်ကြတယ်လို့လည်း သူကပြောပါတယ်။ သူ့ဆိုင်နှင့် နာမည်ကျော် အပန်းဖြေဥယျဉ်ကြီးဟာ မိုင် ၂၀ပဲဝေးတာဖြစ်ပါတယ်။
ဒီကိုလာသူတွေဟာ အထူးသဖြင့် ထီလာထိုးကြသူတွေဖြစ်ပေမယ့် ထီလာထိုးရင် အခြားပစ္စည်းပစ္စယတွေလည်း ဝယ်တတ်ကြလို့ သူအတွက်ကအတော့်အတော်စီးပွားဖြစ်နေတယ်လို့ သိရပါတယ်။
#Source_AFP
#US_Lotttery
#LUCKIEST_7-ELEVEN_IN_THE_WORLD
#Jackpot_1.02_Billion
#Local_News
Published _ 29 July 2022
ပြီးခဲ့သည့် ရက်ပိုင်းများတွင် စက်သုံးဆီစျေးနှုန်းများ ကျဆင်းပြီးနောက် ယနေ့ ဇူလိုင်လ ၂၉ ရက်တွင် အနည်းငယ်ပြန်တက်လာခဲ့သည်ကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှထုတ်ပြန်သည့် ရည်ညွှန်းလက်လီစျေးနှုန်းများအရ သိရသည်။
ယင်းကဲ့သို့ ပြန်တက်လာသဖြင့် ရန်ကုန်တိုင်းအတွင်း 92 Ron တစ်လီတာလျင် ၁၈၂၀ ကျပ်အထိဖြစ်လာခဲ့ကြောင်း သိရသည်။
မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ ထားဝယ်၊ မုံရွာ၊ ပုသိမ်၊ ဘားအံ၊ မော်လမြိုင်စသည့် မြို့များတွင် စက်သုံးဆီစျေးနှုန်းမှာ 92 Ron တစ်လီတာလျင် ၁၈၀၀ ကျပ်အထက်၌ ရှိသည်။
မြစ်ကြီးနား၊ စစ်တွေ၊ လားရှိး၊ တောင်ကြီးနှင့်လွိုင်ကော်တို့၌ 92 Ron တစ်လီတာလျင် ၁၉၀၀ ကျပ်ကျော်၊ ဟားခါးနှင့် ကျိုင်းတုံတို့တွင် တစ်လီတာ ၂၀၀၀ ကျပ်ကျော် ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန်ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၁၈၂၀ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၈၉၀ ကျပ်၊ HSD (500 ppm) တစ်လီတာလျင် ၂၁၆၅ ကျပ် သတ်မှတ်ခဲ့သည်။
HSD (50 ppm)နှင့် HSD (10 ppm)တို့မှာ တစ်လီတာလျင် ၂၂၂၀ ကျပ်အဖြစ် စက်သုံးဆီ ရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ်မှတ်ခဲ့သည်။
ထိုစျေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ကာ စက်သုံးဆီဝယ်ယူသူများအနေဖြင့် ကျေနပ်မှုမရှိပါက ကော်မတီသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းလည်း သိရသည်။
ymg/NN
#Yangon_Media_Group
#Health_Tips
Published 29 July 2022
ချောကလက်စားသုံးခြင်းဖြင့် သွေးပေါင်ချိန်လျော့ကျနိုင်ကြောင်း သုတေသီများတွေ့ရှိထားပါတယ်။
ကိုကိုးမှုန့်မှာပါဝင်တဲ့ ‘ဖလေဗာနောလ်’ အန်တီအောက်ဆီဒန့်က သွေးကြောတွေကို ပြေလျော့စေပါတယ်။
ဆာရေးတက္ကသိုလ်ရဲ့တွေ့ရှိချက်အရ ကိုကိုးမှုန့်ဖြည့်စွက်စာသုံးစွဲသူတွေက ၃ နာရီအတွင်းသွေးပေါင်ချိန်ကျပြီး သွေးကြောတွေကိုချဲ့ပေးနိုင်ပါတယ်။
ဖလေဗာနောလ်ပါဝင်တဲ့ ဆေးတောင့်တွေမှာ ချောကလက်မည်းတွေလို ၅၀၀ ဂရမ်မျှ ပါဝင်ပါတယ်။
နှလုံးသွေးကြောစနစ်အပေါ် ကိုကိုးမှုန့်ဖလေဗာနောလ်ရဲ့ ကောင်းကျိုးသက်ရောက်မှုက အံ့အားသင့်လောက်စရာဖြစ်တယ်လို့ ပရော်ဖက်ဆာ’ခရစ္စရှန်ဟေ့စ်’က ရေးသားခဲ့ပါတယ်။
“ဖလေဗာနောလ်တွေက ထိရောက်မှုရှိတဲ့အပြင် ချောကလက်အမည်းကလည်း အလားတူပါပဲ၊ အကျိုးသက်ရောက်မှုရရှိဖို့ လိုအပ်တာထက် ၃ ဆလောက်နည်းပြီး ဖလေဗာနောလ်စားသုံးကြတာကြောင့် အနည်း ငယ်မျှစားရင်တောင် အကျိုးကျေးဇူးရနိုင်ပါတယ်၊ ချောကလက်ချည်းပဲ စားသုံးခြင်းဖြင့် အခြားဝေဒနာများဖြစ်တတ်ပေမယ့် ဝိုင်နီ၊ ဘလူးဘယ်ရီ၊ ဟင်းနုရွယ်တို့ကနေလည်း ရရှိနိုင်ပါတယ်” လို့ ဖော်ပြထားပါတယ်။
အင်္ဂလိပ်လူမျိုး ၃ ဦးမှာ ၁ ဦးနှုန်းက သွေးပေါင်ချိန်တိုးနေပြီး နှလုံးရောဂါနဲ့ လေဖြတ်ခြင်းအန္တရာယ် ဖြစ်နိုင်ချေများနေပါတယ်။
စမ်းသပ်ခံမယ့်လူ ၁၁ ဦးကို ကိုကိုးမှုန့်စားတဲ့နေ့နဲ့ မစားတဲ့နေ့ တလှည့်စီဖြင့် စမ်းသပ်ခဲ့ပုံကို Frontiers in Nutrition ဂျာနယ်မှာဖော်ပြခဲ့ပါတယ်။
ကိုကိုးမှုန့်စားတဲ့နေ့တွေမှာ သွေးပေါင်ချိန်နည်းသွားခဲ့ပြီး သွေးကြောများ ပိုကျယ်လာခဲ့ပါတယ်။
သွေးပေါင်ချိန်နည်းနေပြီးသားအချိန်မှာတော့ ထိုထက်နည်းသွားတာမျိုးမဖြစ်ခဲ့ပါဘူး။
နောက်တစ်ဆင့်အနေနဲ့ လူနာတွေမှာစမ်းသပ်ပြီး အသုံးဝင်ခြင်းရှိ/မရှိ လေ့လာသွားမှာဖြစ်ကြောင်း ပရော်ဖက်ဆာ’ဟေ့စ်’က ပြောကြားခဲ့ပါတယ်။
“ဆေးတောင့်တွေနဲ့ အစားထိုးပေးလို့ရ/ မရမသိသေးပေမယ့် ကြိုးစားကြည့်သွားမှာပါ၊ သွေးတိုးမရှိတဲ့သူတွေမှာတော့ ဆေးပေးခြင်းက သက်ရောက်မှုရှိမှာမဟုတ်ပါဘူး” လို့ ဆိုပါတယ်။
Source: The Sun
#Yangon_Media_Group
#World_Health
Published 29 July 2022
ကိုဗစ်-၁၉ ရောဂါဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ဟာ မျိုးဗီဇကွဲများထွက်ပေါ်လာပြီး ခန္ဓာကိုယ်ထဲက အင်တာဖရွန်လို့ခေါ်တဲ့ ရောဂါခုခံအားစနစ်ကို ရှောင်ရှားနိုင်တယ်လို့ ယူဆရကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ဒါကြောင့် ကမ္ဘာတဝန်းရှိလူအများအပြားမှာ ရောဂါကူးစက်မြန်လာပြီး ရောဂါပြင်းထန်လာတဲ့ သဘောရှိပါတယ်။
ထိုတွေ့ရှိချက်ကို အမေရိကန်သိပ္ပံဂျာနယ်တစ်ခုမှာ ဖော်ပြခဲ့ကြပါတယ်။
အင်တာဖရွန်ဆိုတာက ခန္ဓာကိုယ်ထဲက မူလသဘာဝခုခံအားစနစ်ရဲ့ အရေးကြီး အစိတ်အပိုင်းဖြစ်ပြီး ဗိုင်းရပ်စ်ရောဂါတွေရန်မှ ကာကွယ်ပေးရာမှာ ကူညီထောက်ပံ့ပေးပါတယ်။
အင်တာဖရွန်က ပရိုတိန်းတစ်မျိုးဖြစ်ပြီး ဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့အခါ ဆဲလ်တွေကနေ ထုတ်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
အဲဒီအခါ ထိုပရိုတိန်းတွေက အချက်ပြလိုက်ပြီး ခုခံအားစနစ်ကိုအသိပေးလိုက်ပါတယ်။
ထိုအခါခုခံအားစနစ်အသက်ဝင်လာကာ ဗိုင်းရပ်စ်တွေကို တိုက်ခိုက်ပြီး ရောဂါပိုးဖြတ်သန်းမယ့်လမ်းကြောင်းမှန်သမျှကို နှောင့်ယှက်ပါတော့တယ်။
ထိုနည်းလမ်းနဲ့ ဗိုင်းရပ်စ်ပွားခြင်းကို ဟန့်တားတာကြောင့် အင်တာဖရွန် (interferons)လို့ ခေါ်ကြတာဖြစ်ပါတယ်။
ကိုယ်ခံအားစနစ် ၂ မျိုးထဲက ပထမတစ်မျိုးကတော့ မူလသဘာဝခုခံအားနစ် တစ်နည်းအားဖြင့် မွေးရာပါဖြစ်ပါတယ်။
ဒီစနစ်ထဲမှာ အင်တာဖရွန်တွေနဲ့ အရေပြား အချွဲတွေမှာပါတဲ့ ဆဲလ်တွေနဲ့ဖွဲစည်းထားပါတယ်။
ပြင်ပရောဂါပိုးမွှားတွေဝင်ရောက်တဲ့အခါ ထိုနေရာကို ဝိုင်းဝန်းတိုက်ခိုက်ကြပါတယ်။
ဒီလိုရောဂါပိုးကိုတိုက်ထုတ်တဲ့ဖြစ်စဉ်မှာ အင်တာဖရွန်က အလွန်အရေးပါတဲ့ကဏ္ဍမှ ပါဝင်နေပါတယ်။
မူလကိုယ်ခံအားက ရောဂါကိုမခုခံနိုင်တဲ့အခါ ရောဂါပိုးကိုမှတ်မိပြီးတိုက်ထုတ်ပေးတဲ့ ကိုယ်ခံအားစနစ်က အလုပ်လုပ်ရပါတယ်။
ဒီစနစ်မှာတော့ ပဋိပစ္စည်း(antibody)တွေ၊ တီဆဲလ်တွေနဲ့ဖွဲစည်းထားကာ ရောဂါဖြစ်စေတဲ့အရာကို ရှာဖွေမှတ်သားထားလိုက်ပါတယ်။
ဒီလိုနည်းလမ်းနဲ့ တူညီတဲ့ရောဂါပိုး နောက်ထပ်မဝင်နိုင်အောင် ကာကွယ်ပေးပေမယ့် အမြဲတည်ရှိနေတာတော့ မဟုတ်ပါဘူး။
ကိုဗစ်ရောဂါပိုးတွေက မျိုးဗီဇကွဲများထွက်ပေါ်လာပြီးနောက် ကမ္ဘာအနှံက လူသန်းပေါင်းများစွာကို ကူးစက်စေခဲ့တဲ့အပြင် ကိုယ်ခံအားစနစ်ရဲ့ ပဋိပစ္စည်းတွေနဲ့ တီဆဲလ်တွေကိုပါ ရှောင်ရှားလာနိုင်တာကို သိပ္ပံပညာရှင်များတွေ့ရှိလာရပါတယ်။
အင်တာဖရွန်အမျိုးမျိုးရှိတဲ့ အထဲက ၁၇ မျိုးကို လေ့လာခဲ့ကြပြီး ကိုဗစ်မျိုးဗီဇကွဲတွေနဲ့ ဘယ်လိုတုံ့ပြန်ဆောင်ရွက်သလဲဆိုတာကို သိချင်ခဲ့ကြပါတယ်။
အချို့တွေက မူလ SARS-COV-2 ကို ထိရောက်စွာကာကွယ်နိုင်ခဲ့ပေမယ့် မျိုးဗီဇကွဲတွေကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။
အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ်တွေထဲက ကူးစက်မှုအမြန်ဆုံး အိုမီခရွန်မျိုးဗီဇကွဲကို အင်တာဖရွန်တွေက တားဆီးနိုင်စွမ်းမရှိခဲ့ပါဘူး။
ဒါကြောင့် အင်တာဖရွန်များများရရှိအောင် ကုသနည်းတွေ လိုအပ်လာတာဖြစ်ပါတယ်။
ဗီဇဆင့်ကဲပြောင်းလဲလာတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲတွေနဲ့ နောက်ထပ်မျိုးဗီဇကွဲတွေကို လေ့လာဖို့ လိုအပ်လာပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published_29July 2022
၂၀၂၂ ခုနှစ် 'တရုတ်နိုင်ငံနိုင်ငံတကာ ခရီးသွားပြပွဲ'ကို ဇူလိုင်လ (၂၄) ရက်ကတရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ကျင်းပပြီးစီးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှထုတ်ပြန်လိုက်သည်၊၊
အဆိုပါပွဲတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မလေးရှား၊ တောင်ကိုရီးယားစသဖြင့် နိုင်ငံနှင့်ဒေသ(၇၁)ခုမှ အွန်လိုင်းနှင့်အော့ဖ်လိုင်းပုံစံဖြင့် ပြပွဲတွင် ပါဝင်ခဲ့ကြသည်။
လတ်တလောနှစ်များတွင် ယူနန်သည် အာဆီယံ (၁၀)နိုင်ငံကို ချိတ်ဆက်ပေးသော အရေးပါအချက်အချာနေရာနှင့် လမ်းကြောင်း အားသာချက်ကို ဖော်ထုတ်၍ ခရီးသွားဧည့်သည်များ အပြန်အလှန်သွားလာမှုကို မြှင့်တင်ပြီး နိုင်ငံအသီးသီး၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး စည်ပင်ဝပြောရေးကို အားဖြည့်ကူညီပေးခဲ့ပါသည်ဟုဆိုသည်၊၊
ယူနန်သည် ကူမင်း-ဘန်ကောက်၊ ကူမင်း-ဟနွိုင်း၊ ကူမင်း-ရန်ကုန်၊ လန်ချန်း-မဲခေါင်၊ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စသည့် နိုင်ငံတကာခရီးသွားစင်္ကြံ (၅)ခုကို ကြိုးပမ်းတည်ဆောက်ကာ လေ့လာရေးခရီး၊ ကျန်းမာရေးနှင့်ညီညွတ်စွာ အပန်းဖြေအနားယူနိုင်ရေး၊ အားလပ်ရက် အပန်းဖြေရေး၊ လက်တွေ့အတွေ့အကြုံများ ခံစားနိုင်ရေး စသည့်ခရီးသွားထုတ်ကုန်များကို ဖော်ထုတ်ဒီဇိုင်းဆွဲပြီး အရှေ့တောင်အာရှဒေသ ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြောရေးကို မြှင့်တင်ရင်း အာရှ-ပစိဖိတ် အေးအတူပူအမျှအသိုက်အဝန်းမှ ပုံဖော်ထားသော သာယာလှပသည့်ရုပ်ပုံလွှာများကိုအကောင် အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်၊၊

ymg/tthl
#Yangon_Media_Group
#Local_News
Published - 28 July 2022
လက်ရှိအခြေအနေမှာတော့တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးက ပုံမှန်နီးပါးအတိုင်း ပြန်လည် လည်ပတ်နေပြီဖြစ်တယ်လို မူဆယ်ကုန်စည်ဒိုင်၊ ဆန်ကုန်သည်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#World_Culture
Published 28 July 2022
ကိုလံဘတ်စ်မတိုင်ခင်ခေတ်က ရှေးဟောင်းပစ္စည်း ၂,၅၀၀ ခန့်ကို စပိန်စုဆောင်းရှာဖွေရေးမိသားစုထံမှ လက်ခံရရှိခဲ့ကြောင်း မက္ကဆီကိုက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။
#Yangon_Media_Group
#World_Technology
Published 28 July 2022
အိုဟိုင်ယိုပြည်နယ်တက္ကသိုလ်မှ သုတေသီများက စမတ်ဆွဲကြိုးအသစ်တစ်မျိုးကို တီထွင်ထုတ်လုပ်လိုက်ကြပြီး ထိုဆွဲကြိုးဝတ်ဆင်ထားသူရဲ့ချွေးထဲမှာပါလာတဲ့ ဓာတုဓာတ်ပစ္စည်းတွေနဲ့ ပါဝင်မှုပမာဏတို့ကို တိုင်းတာပေးနိုင်မှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 28 July 2022
ပြည်တွင်း ဆန်စပါးဈေးကွက်မှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ၇၀၀၀၀ ကျပ်ကနေ ၇၆၀၀၀၀ ကြား မြင့်တက်နေရတာဟာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နယ်မြေမတည်ငြိမ်မှုတွေနဲ့ ဆက်စပ်နေတယ်လို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
#Yangon_Media_Group
Page 1693 of 1994