တရုတ်ပြည်ရှိ ဂျပန်စွန့်ပစ်ဓာတုလက်နက်များ ဖျက်ဆီးရေးလုပ်ငန်းစဉ်အား OPCWအကြီးအကဲနှင့် ကိုယ်စားလှယ်များသွားရောက်စစ်ဆေးကြည့်ရှု
ဓာတုလက်နက်များ တားမြစ်ရေးအဖွဲ့အစည်း(OPCW) အကြီးအကဲက တရုတ်နိုင်ငံသို့ မကြာသေးမီကသွားရောက်ခဲ့ကာ တရုတ်ပြည်မှာ ဂျပန်တို့စွန့်ပစ်ထားတဲ့ ဓာတုလက်နက်များ ဖယ်ရှားဖို့က ကမ္ဘာကြီးမှာ ဓာတုလက်နက်များ ကင်းစင်ပပျောက်ရေး အဓိကဦးတည်ချက်တွေထဲက တစ်ခုဖြစ်တယ်လို့ ထပ်မံပြောကြားသွားပါတယ်။
#World_News
Published 19 October 2024
#OPCW #ဓာတုလက်နက်
#YMG #Yangon_Times #Yangon_Media_Group
Published 16 October 2024
တောင်ကိုရီးယား ဂျော်လာစီရင်စု ဂွန်ဆန်ရှိ မန်ဂျောင်မြစ်ကနေ ရရှိတဲ့ ငှက်မစင်တွေထဲကနေ အလွန်ကူးစက်မြန်တဲ့ H5N3 ငှက်တုပ်ကွေးရောဂါပိုးများ ပထမဆုံးတွေ့ရှိခဲ့တယ်လို့ ကျေးလက်နဲ့ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။
Source CCTV
#Daily_News
Published 19 October 2024
၁။ သီတင်းကျွတ်ပွဲတော်ကာလ ဖြစ်သောကြောင့် သကြားအရောင်းအဝယ်ကောင်းနေ
၂။ ဒီဇယ်ဈေးတက်၍ ရထားလက်မှတ်ခများပြောင်းလဲသတ်မှတ်မည်
၃။ 'အာရှဖလားအမျိုးသမီး ဖူဆယ်ခြေစစ်ပွဲ' မြန်မာအပါအဝင်နိုင်ငံ(၄)ခု၌ စတင်ကျင်းပမည်
၄။ တရုတ်ပြည်ရှိ ဂျပန်စွန့်ပစ်ဓာတုလက်နက်များဖျက်ဆီးရေးလုပ်ငန်းစဉ်အား OPCW အကြီးအကဲနှင့် ကိုယ်စားလှယ်များ သွားရောက်စစ်ဆေးကြည့်ရှု ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန် ဈေးကွက်အတွက်ဒီကနေ့ ထုတ်ပြန်ချက်အရ စက်သုံးဆီအမျိုးအစား ဈေးနှုန်းအားလုံး အမြင့်တန်းမှာဈေးငြိမ်နေတယ်လို့ သိရပါတယ်။
#Local_News
Published 19 October 2024
#စက်သုံးဆီဈေးမြင့် #စက်သုံးဆီအမျိုးအစား
#YMG/NN #Yangon_Times
ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်မြောက်ပိုင်းမှာဖြစ်ပေါ်လာမယ့်ဆိုင်ကလုန်းမုန်တိုင်းနဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင်တိုင်းနဲ့ ပြည်နယ်ခြောက်ခုမှာ မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့ မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။
#Local_News
Published 19 October 2024
#ဆိုင်ကလုန်းမုန်တိုင်း #မိုးသက်လေပြင်းကျနိုင်
#YMG/NN #Yangon_Times
#Local_News
Published 19 October 2024
▪️ စပိန်ရထားတွဲများဖြင့် ပြေးဆွဲမည့်ဘူတာ လမ်းကြောင်းရှိ ဘူတာပလက်ဖောင်းများကို ပြင်ဆင်ခြင်းများ ဆောင်ရွက်နေကြောင်း မြန်မာ့မီးရထားမှ သိရသည်။
▪️ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ စပိန်နိုင်ငံထုတ် Diesel Electric Multiple Unit(DEMU)ရထားတွဲဆိုင်းများဖြင့် ရန်ကုန်-ပဲခူးလမ်းပိုင်းတွင် စမ်းသပ်ပြေးဆွဲနေရာ လိုက်ပါစီးနင်းသည့် ခရီးသွား ပြည်သူများ အဆင်ပြေစေရန် ရထားဘူတာပလက်ဖောင်း အမြင့်ကို ထပ်မံတိုးမြှင့်နိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။
▪️ အဆိုပါလုပ်ငန်းများကို ယခုအောက်တိုဘာလအတွင်း ဆောင်ရွက်လျက်ရှိပြီး ရထားစီးခရီးသည်များ အခက်အခဲမရှိစေရန် မူလအမြင့် လေး ပေရှိသည့် ဘူတာပလက်ဖောင်းများအား နောက်ထပ် တစ်ပေခွဲထပ်မံမြှင့်တင်နိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ရထားဘူတာများတွင် ပလက်ဖောင်းများမြှင့်တင်ခြင်းကို လာမည့်နိုဝင်ဘာလအတွင်း မြို့ပတ်အထူးရထား အဖြစ် ပြေးဆွဲသွားမည့်လမ်းပိုင်းရှိ ဘူတာများအတွက်ပါ အဆင်ပြေစေရန် ပြင်ဆင်မှုများဆောင်ရွက်နေကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 19 October 2024
▪️ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ မြို့သစ်ရပ်ကွက်၌ ဗန္ဓုလဈေး၌ နှစ်ထပ်ဈေးရုံသစ်ကို ကျပ်သန်းပေါင်း ၆၀၀ကျော် အကုန်အကျခံတည်ဆောက်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
▪️ အဆိုပါ ဗန္ဓုလဈေး၌ RC နှစ်ထပ်ဈေးရုံသစ်ကို ယင်းနှစ်ထပ်ဈေးရုံသစ်ကို စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ တာဝန်ယူ၍ ငွေကျပ် ၆၈၆ ဒသမ ၆ သန်း အကုန်အကျခံ၍ တည်ဆောက်နေခြင်းဖြစ်သည်။
▪️ ဈေးရုံသစ်အဆောက်အအုံသည် အလျား ၂၇၉ ပေ၊ အနံ ၂၄ ပေရှိကာ အောက်ထပ်တွင် အလျား ၁၂ ပေ၊ အနံ ၁၀ ပေစီရှိသော ရှေ့ဘက်မျက်နှာလှည့် ဆိုင်ခန်း ၂၂ ခန်းနှင့် ဘေးဘက်မျက်နှာလှည့် ဆိုင်ခန်း ၂၂ ခန်း၊ စုစုပေါင်းဆိုင်ခန်း ၄၄ ခန်း ပါရှိမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် အပေါ်ထပ်တွင် Hall Type ပြုလုပ်ကာ မင်္ဂလာပွဲများ၊ အလှူပွဲများနှင့် အခမ်းအနားများ ကျင်းပနိုင်မည့် ခန်းမတစ်ခု ပါဝင်မှာဖြစ်ပြီး ကျန်အပိုင်းကို Super Market များ၊ Shopping Mall များ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တည်ဆောက်မှုလုပ်ငန်းများသည်လတ်တလောတွင် ၅၀ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပြီး ယခုနှစ်အတွင်းအပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
'အာရှဖလားအမျိုးသမီး ဖူဆယ်ခြေစစ်ပွဲ'တွေကိုဇန်နဝါရီ (၁၁)ရက်မှ (၁၉)ရက်အထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး အိမ်ရှင်နိုင်ငံတွေအဖြစ် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ဥဇဘက်ကစ္စတန်တိုမှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 19 October 2024
#'အာရှဖလား #အမျိုးသမီးဖူဆယ်ခြေစစ်ပွဲ'
#YMG/tthl #Yangon_Times
ဒီဇယ်ဆီစျေးတိုးမြင့်လာမှုကြောင့် မီးရထားလက်မှတ်ခတွေ ထောင်ဂဏာန်းထပ်ပြီးတိုးမြှင့်လာဖို့ရှိတယ်လို့ မြန်မာ့မီးရထား၊ မော်လမြိုင်ဘူတာကြီးရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 19 October 2024
#ဒီဇယ်ဆီစျေးမြင့်လာ #မော်လမြိုင်ဘူတာကြီး
#YMG/tthl #Yangon_Times
သီတင်းကျွတ်ပွဲတော်ကာလ ဖြစ်တာကြောင့် အခုရက်ပိုင်းအတွင်းသကြား အရောင်းအဝယ်ကောင်းနေတယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 19 October 2024
#သီတင်းကျွတ်ပွဲတော် #သကြား အရောင်းအဝယ်ကောင်း
#YMG/NN #Yangon_Times
#World_News
Published 19 October 2024
▪️ ကျူးဘားနိုင်ငံမှာ အဓိကဓာတ်အားပေး စက်ရုံကြီးတွေထဲကတစ်ခု ပျက်စီးသွားသဖြင့် နိုင်ငံတဝှမ်း ဓာတ်အားပြတ်တောက်ပြီးနောက် နာရီပိုင်းအကြာမှာပဲ သောကြာနေ့ ညနေခင်းလောက်မှာ ဓာတ်အားလိုင်းအချို့ လျှပ်စစ်ပြန်ရနေပြီလို့ တာဝန်ရှိသူများက ပြောပါတယ်။
▪️ လူဦးရေ ၁၀ သန်းလောက်ရှိတဲ့ နိုင်ငံရဲ့ အများစုကတော့ သောကြာနေ့ညအထိ ဓာတ်အားမရသေးပေမယ့် အဓိကဆေးရုံကြီးများ အပါအဝင် မြို့တော်ဟာဗားနား အချို့နေရာတွေမှာ ခဏအတွင်းမှာပဲ ဓာတ်အားပြန်ရခဲ့ပါတယ်။
▪️ ရေနံလောင်စာသုံး ဓာတ်အားပေးစက်ရုံ အနည်းဆုံး ၅ ခုကို ညတွင်းချင်း ပြန်လည်မောင်းနှင်ခဲ့ကာ နေရာအများအပြားမှာ ဓာတ်အားပြန်လည် ရရှိစေတယ်လို့ လျှပ်စစ်ဓာတ်အားလိုင်းပိုင်ရှင် UNE က ဆိုပါတယ်။
▪️ ကွန်မြူနစ်အစိုးရက ကျောင်းများနဲ့ မရှိမဖြစ်မဟုတ် လုပ်ငန်းများကို သောကြာနေ့ အစောပိုင်းမှာ ပိတ်သိမ်းခိုင်းခဲ့ပြီး အစိုးရလုပ်သားအများစုကို အိမ်ပြန်လွှတ်ခဲ့ပါတယ်။
▪️ အပန်းဖြေနေရာများ နိုက်ကလပ်များကိုလည်း ပိတ်သိမ်းဖို့ အမိန့်ပေးခဲ့ပါတယ်။
နေ့လယ်မတိုင်ခင်မှာ နိုင်ငံရဲ့ အကြီးမားဆုံး အန်တိုနီယိုဂူထရက်စ် ဓာတ်အားပေးစက်ရုံ ဓာတ်အားမပေးနိုင်တော့သဖြင့် လုံးဝပြတ်တောက်သွားပြီး ကျွန်းတစ်ကျွန်းလုံး အမှောင်ဖုံးသွားပါတယ်။
▪️ ဓာတ်အားပေးစက်ရုံကြီး ပျက်သွားရတဲ့ ပြဿနာကို ဖြေရှင်းဖို့လုပ်နေပေမယ့် အကြောင်းအရင်းတော့ မသိရသေးပါဘူး။
▪️ ကျူးဘားနိုင်ငံမှာ စားနပ်ရိက္ခာ၊ လောင်စာ၊ ရေ၊ ဆေးဝါးများ ရှားပါးနေပြီး နေထိုင်ရေး ခက်ခဲနေချိန်မှာ အခုလို ဓာတ်အားပြတ်တောက်သွားတာက ပိုမိုဆိုးရွားစေပါတယ်။
▪️ ဘရာဇီးလ်မှ ခရီးသွားဧည့်သည် ကားလို့စ်ရောဘတ်ဘိုဂျူလီယိုက ဟာဗားနားကို မကြာမီကမှ ရောက်ရှိလာပြီး ဓာတ်အားပြတ်တောက်သဖြင့် စားသောက်ဆိုင်တွေမှာ စားစရာ မရသလို အင်တာနက်လည်း မရကြောင်း၊ နှစ်ရက်အတွင်းမှာပင် ပြဿနာအများအပြား ကြုံနေရကြောင်း ပြောသွားပါတယ်။
▪️ ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက ဝင်ခဲ့တဲ့ မုန်တိုင်းတစ်ခုကြောင့် ဘေးဒုက္ခများ ကြုံနေရချိန်မှာ တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်သွားရတာကို ဝန်ကြီးချုပ် မန်နျူယယ်မာရယ်ရိုက အပြစ်တင်သွားပါတယ်။
▪️ ဒေါ်နယ်ထရမ့်လက်ထက်က ချမှတ်ထားတဲ့ အမေရိကန်မှ အရေးယူပိတ်ဆို့မှုတွေကိုလည်း ကျူးဘားအစိုးရက အပြစ်တင်သွားကာ လောင်စာရရှိဖို့ ခက်ခဲနေပါတယ်။
▪️ ယခင်က ကျူးဘားဆီကို လောင်စာပေးပို့နေတဲ့ ရုရှားနဲ့ မက္ကဆီကိုကလည်း တင်ပို့မှုတွေကို အများအပြား လျှော့ချထားပါတယ်။
#Source: Reuters
#Local_Sports
Published_ 19 October 2024
▪️ ၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို အောက်တိုဘာ ၁၇ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ပြုလုပ်ခဲ့ရာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အုပ်စု( D) တွင် ဗီယက်နမ်၊ တရုတ်တိုင်ပေ၊ မကာအို အသင်းများနှင့် အတူကျရောက်ခဲ့ပါတယ်။
▪️ ခြေစစ်ပွဲများကို အိမ်ရှင်နိုင်ငံများအဖြစ် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဥဇဘက်ကစ္စတန်တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ၁၉ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ ငါးသင်း သုံးအုပ်စုနှင့် လေးသင်း တစ်အုပ်စုခွဲကာ ကျင်းပသွားမည်ဖြစ်သည်။
▪️ ခြေစစ်ပွဲကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၁ မှ ၁၉ ရက် အထိ ကျင်းပပြုလုပ်မှာပါ။ ခြေစစ်ပွဲ အုပ်စုလေးခုမှ ထိပ်ဆုံးရပ်တည်မှုရ နှစ်သင်းစီ(ရှစ်သင်း)နှင့် အုပ်စုလေးခုမှ အကောင်းဆုံးအုပ်စုတတိယရအသင်း စုစုပေါင်း ကိုးသင်း ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။
▪️ ၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် တရုတ်၊ ၂၀၁၈ ပြိုင်ပွဲ ချန်ပီယံ အီရန်နှင့် ဒုတိယရ ဂျပန်တို့မှာ တိုက်ရိုက်ဝင်ခွင့်ရခဲ့ပြီး ခြေစစ်ပွဲအောင် ကိုးသင်း၊ စုစုပေါင်း အသင်း ၁၂ သင်းဖြင့် ကျင်းပသွားမှာဖြစ်ပြီး တရုတ်နိုင်ငံ၌ ၂၀၂၅ ခုနှစ် မေ ၇ ရက် မှ ၁၈ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
▪️ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် လာမည့်နိုဝင်ဘာအတွင်း ယှဉ်ပြိုင်ရမည့် ၂၀၂၄ အာဆီယံ အမျိုးသမီးဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲအတွက် စက်တင်ဘာ ၃၀ ရက်မှစ၍ ပဏာမကစားသမား၂၆ ဦးဖြင့် စခန်းဝင်လေ့ကျင့်လျက်ရှိကြောင်း သိရပါတယ်။
▪️ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲအပြင် အာရှဖလား ခြေစစ်ပွဲအတွက်ပါ ပြင်ဆင်လျက်ရှိပြီး နည်းပြချုပ်အဖြစ် ဦးဌေးမြင့်က ကိုင်တွယ်နေတာ ဖြစ်ပါတယ်။
#Ymg_mnn #Yangon_Media_Group
Page 253 of 1683