#Local_News
Published 10 December 2025

▪️ ထိုင်းနိုင်ငံတွင် ကျင်းပနေသော (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏
မြန်မာအားကစားအဖွဲ့၏ ရွှေတံဆိပ်ဆု နှစ်ခုကို ခြင်းလုံးအဖွဲ့များမှ ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။

▪️ ထိုသို့ရရှိရာတွင် အမျိုးသမီးခြင်းလုံးပွဲစဉ် ဗိုလ်လုပွဲတွင် မြန်မာအသင်းက (၅၀၂)မှတ်ဖြင့် ရွှေတံဆိပ်၊ အိမ်ရှင်ထိုင်းက(၄၄၆)မှတ်ဖြင့် ငွေတံဆိပ်ရရှိခဲ့ကြောင်းသိရသည်။

▪️ ထို့အပြင် အမျိုးသားခြင်းလုံးပွဲစဉ် ဗိုလ်လုပွဲတွင် မြန်မာအသင်းက (၅၇၄)မှတ်ဖြင့် ရွှေတံဆိပ်၊ အိမ်ရှင်ထိုင်းက(၅၀၁)မှတ်ဖြင့် ငွေတံဆိပ်ရရှိခဲ့ကြောင်းသိရသည်။

#YMG/NN #Yangon_Times