တနင်္ဂနွေနေ့က တရုတ်အရှေ့ပိုင်း ဟန်ကျိုးမြို့မှာ တရုတ်မီဒီယာဂရု(CMG)မှ ဦးစီးကျင်းပတဲ့ Win in AI plus ပြိုင်ပွဲကြီးရဲ့ ဖိုင်နယ်ပွဲတွေကို ကျင်းပခဲ့ပါတယ်။
#World_Technology
Published 11 June 2025
#Win_in_AI_plusပြိုင်ပွဲကြီး #ဖိုင်နယ်အဆင့်ရောက်ရှိ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 11 June 2025
၁။ ပြည်ပတင်ပို့မည့်စိုက်ပျိုးရေးထွက်ကုန် အချို့ကိုအလိုအလျောက်လိုင်စင်စနစ်ဖြင့် ခွင့်ပြုမည်
၂။ ငွေကျပ် ၃၀ဘီလီယံ မတည်ထားသည့်ကမ္ဘောဇ ကယ်ဆယ်ကူညီထောက်ပံ့ရေးစင်တာ စတင်ဖွင့်လှစ်
၃။ ရန်ကုန်တိုင်း၌ မိုးစပါးဧက၁၁သိန်းကျော် စိုက်ပျိုးရန်လျာထား
၄။ တရုတ်ထိပ်သီး AI ကုမ္ပဏီများယှဉ်ပြိုင်ကြသည့် Win in AI plus ပြိုင်ပွဲကြီးဖိုင်နယ်အဆင့်ရောက်ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 11June 2025
▪️ ဈေးကွက်အတွင်း ဆန်ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိစေရေးအတွက် ကွင်းဆင်းကြပ်မတ်ကာ အသိပညာပေးဆောင်ရွက်နေကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
▪️ အဆိုပါကွင်းဆင်းကြပ်မတ် အသိပညာပေးခြင်းကိုယခုလဆန်းမှစတင်ကာစားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများကကြည့်မြင်တိုင်မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်များအတွင်းရှိ ဆန်ဆိုင်များတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေး အတွက်စစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင် မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
အခုနှစ် ငါးလတာအတွင်းပြည်ပခရီးသွားဧည့်သည်တစ်သိန်းကျော်ဝင်ရောက်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနက သိရပါတယ်။
#Local_News
Published 11 June 2025
#ပြည်ပခရီးသွားဧည့်သည် #ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန
#YMG/NN #Yangon_Times
အခု ၂ဝ၂၅-၂၀၂၆ ခုနှစ်မိုးရာသီမှာ ရန်ကုန်တိုင်းအတွင်းမှာ မိုးစပါး ဧက၁၁သိန်းကျော် စိုက်ပျိုးဖို့လျာထားတယ်လို့ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။
#Local_News
Published 11 June 2025
#မိုးစပါးဧက၁၁သိန်းကျော်စိုက်ပျိုးရန်လျာထား #တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန
#YMG/NN #Yangon_Times
ငလျင်ဘေးဒဏ်သင့် ပြည်သူတွေအတွက် ရည်ရွယ်ဆောက်လုပ်တဲ့ ကမ္ဘောဇကယ်ဆယ်ကူညီထောက်ပံ့ရေး စင်တာ (မန္တလေး)ကို ယမန်နေ့ကစတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။
#Local_News
Published 11 June 2025
#ကမ္ဘောဇကယ်ဆယ်ကူညီထောက်ပံ့ #ငလျင်ဘေးဒဏ်သင့်ပြည်သူတွေ
#YMG/SW #Yangon_Times
ငလျင်ဘေးအလွန် ပို့ကုန်လုပ်ငန်းတွေ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ပို့ကုန်လိုင်စင်ဦးစွာလျှောက်ထားပြီးမှ စိစစ်ခွင့်ပြုတဲ့စနစ်မှ အလိုအလျောက်လိုင်စင်စနစ်နဲ့ပြောင်းလဲခွင့်ပြုရာမှာ စိုက်ပျိုးရေးထွက်ကုန် အချို့လည်း ပါဝင်တယ်လိုသိရပါတယ်။
#Local_News
Published 11 June 2025
#ပို့ကုန်လိုင်စင်ဦးစွာလျှောက်ထား #လိုင်စင်စနစ်ဖြင့်ခွင့်ပြု
#YMG/SW #Yangon_Times
#Local_News
Published 11 June 2025
▪️ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန် မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယမန်နေ့က အထူးမိုးလေဝသသတင်းထုတ်ပြန်၍ အကြံပြု သတိပေးထားသည်။
▪️ ဇွန်၁၀ရက်နေ့ မြန်မာစံတော်ချိန် ၁၆ နာရီ ခွဲအချိန်တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ဇွန် ၁၀ရက်နေ့ညနေပိုင်းကနေ ၁၆ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန် ၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
▪️ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေ မှ ၁၁ ပေခန့်ရှိနိုင်ကြောင်း သိရသည်။
▪️ ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 11 June 2025
▪️ (၂၂)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင်မြန်မာနိုင်ငံအနေဖြင့် ကုန်စည်ပြပွဲ၏ ဂုဏ်ထူးဆောင်နိုင်ငံ Country of Honor အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
▪️ အဆိုပါ ကုန်စည်ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ စက်တင်ဘာလ ၁၇ ရက်မှ ၂၁ ရက်အထိ ပြုလုပ်သွားမည်ကြောင်း၊ မြန်မာနိုင်ငံမှ ဂုဏ်ထူးဆောင်နိုင်ငံ အဖြစ် ဆောင်ရွက်သွားမည့်အပြင် မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်ရာမြို့ပြခန်းဆောင် City of Charm နှင့် ကုန်စည်ပြခန်းဆောင်တို့ကို ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုကုန်စည်ပြပွဲသို့ တက်ရောက်ပြသမည့်ကိစ္စရပ်နှင့် ပတ်သက်ပြီးပြည်တွင်း/ပြည်ပကုန်စည်ပြပွဲ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ မိတ်ဆက်ပွဲအခမ်းအနားကိုလည်း ယခုလ၈ရက် ၊ ရန်ကုန်မြို့၊ UMFCCI အစည်းအဝေးခန်းမတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့်ဆွေးနွေးပွဲများ ဆိုင်ရာလုပ်ငန်းအသင်းတို့ ပူးပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 11 June 2025
▪️ လှိုင်သာယာမြို့နယ်ရှိ BOC ပန်းခြံရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညှပ်နေ၍ ကယ်ထုတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇွန် ၁၁ ရက်နေ့၊ မနက်၉နာရီခွဲ အချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၉)ရပ်ကွက်၊ အင်းစိန်-ညောင်တုန်းလမ်း၊ BOCပန်းခြံရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညှပ်နေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာကူညီခဲ့ရာ၉နာရီ ၃၅မိနစ်အချိန်တွင် ညှပ်နေသူကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား ကယ်ထုတ်ပြီးစီးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 11 June 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လော့စ်အိန်ဂျလိစ်မှာ တပ်ဖြန့်ကျက်ထားတဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ဖို့အတွက် အင်္ဂါနေ့က တပ်သားများကို ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ပါတယ်။
▪️ ထရမ့်အစိုးရရဲ့ လူဝင်မှုမူဝါဒတွေနဲ့ ပတ်သက်ပြီး အတိုက်အခံဖြစ်နေကြရာမှာ ထရမ့်က လော့စ်အိန်ဂျလိစ်မှာ တပ်များဖြန့်ကျက်ထားသဖြင့် ဝေဖန်ရေးသမားများက ဒါဟာ နိုင်ငံရေးအရ အလွန်အကဲ တုံ့ပြန်လှုံ့ဆော်မှုဖြစ်တယ်လို့ ရှုတ်ချထားပါတယ်။
▪️ မြောက်ကယ်ရိုလိုင်းနား ခံတပ်ဘရက်ဂ်ရှိ စစ်အခြေစိုက်စခန်းမှာ ထရမ့်က "ခေတ်အဆက်ဆက် အသက်ပေးခဲ့ကြတဲ့ စစ်သားများဟာ တိုင်းတစ်ပါးမှ ကျူးကျော်ဝင်ရောက်ဖျက်ဆီးတာကို ဒီအတိုင်း ကြည့်မနေခဲ့ကြဘူး။
▪️ သောင်းကျန်းသူတွေက နိုင်ငံခြားအလံတွေကိုင်ပြီး ကယ်လီဖိုးနီးယားမှာ ငြိမ်းချမ်းရေးနဲ့ တိုင်းပြည်အချုပ်အခြာအာဏာတို့ကို ထိပါးနေတာ တွေ့နေရမှာပါ။ လော့စ်အိန်ဂျလိစ်ကို လွတ်မြောက်အောင် လုပ်သွားပါမယ်" လို့ စစ်သည်များကို ပြောသွားပါတယ်။
▪️ ထရမ့်သွားရောက်တဲ့ ခံတပ်ဘရက်ဂ်ဟာဆိုရင် စစ်မှုထမ်း ၅ သောင်းခန့်ရှိပါတယ်။
▪️ ထရမ့်ရဲ့ လူဝင်မှုမူဝါဒနဲ့ ပတ်သက်ပြီး လမ်းပေါ်မှာ ဆန္ဒပြနေကြတာကို တုံ့ပြန်တဲ့နေရာမှာ ထရမ့်က မရိန်းတပ်သား ၇၀၀ နဲ့ အမျိုးသားကာကွယ်ရေး အစောင့်တပ်သား ၄ ထောင်ကို လော့စ်အိန်ဂျလိစ်သို့ နေရာချခဲ့ပါတယ်။
▪️ အစိုးရပိုင်ပစ္စည်းတွေနဲ့ အမှုထမ်းတွေကို ကာကွယ်ဖို့ စစ်ရေးဖြန့်ကျက်ရန် လိုအပ်ကြောင်း ထရမ့်က ပြောပါတယ်။
▪️ မငြိမ်မသက်မှုများကြောင့် မြို့ထဲအချို့နေရာမှာ ပိတ်ဆို့နေပြီး ဆန္ဒပြသူအများစုက ရွှေ့ပြောင်းနေထိုင်သူများကို ထောက်ခံတဲ့အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြပါတယ်။
▪️ အမေရိကန်စစ်တပ်ရဲ့ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်ပွဲမှာ ထရမ့်နဲ့ ကာကွယ်ရေးဝန်ကြီး ပိဟက်ဂ်ဆက်တို့က စစ်သားများ စစ်ရေးပြခြင်းနဲ့ တာဝေးပစ်ဒုံးကျည် ပစ်လွှတ်ခြင်းတို့ကို ကြည့်ရှုခဲ့ပါတယ်။
▪️ အင်္ဂါနေ့အစောပိုင်းကလည်း ဘဲဥပုံရုံးခန်းမှာ ထရမ့်က သတင်းထောက်တွေကို ပြောကြားရာမှာ ဆန္ဒပြသူတွေအနေနဲ့ အင်အားသုံးဖြိုခွဲတာကို ကြုံတွေ့ရမှာဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အကြမ်းဖက်ဆန္ဒပြသူတွေဆိုပြီး ခွဲခြားနေမှာမဟုတ်ကြောင်း ဆိုပါတယ်။
#Source: Reuters
#World_Health
Published 11 June 2025
▪️ အိန္ဒိယနိုင်ငံရဲ့ လူဦးရေ ၇၆ ရာခိုင်နှုန်းနီးပါးဟာ အခုဆိုရင် အပူအန္တရာယ်မြင့်မားတယ်လို့ သတ်မှတ်ထားတဲ့ နေရာတွေမှာ နေထိုင်ကြတယ်လို့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
▪️ နှစ် ၄၀ ရာသီဥတု အချက်အလက်များ အသုံးပြုပြီး ခရိုင် ၇၃၄ ခုကို အကဲဖြတ်ခဲ့ရာ ၄၁၇ ခုက အပူအန္တရာယ်အလွန်များတဲ့ နေရာတွေ ဖြစ်နေပါတယ်။
▪️ နေ့ဘက်အပူချိန် ဆက်လက်မြင့်တက်နေသလို ညဘက်တွေမှာလည်း အနိမ့်ဆုံးအပူချိန်က သာမန်နှုန်းထက် ၉၅ ရာခိုင်နှုန်း ပိုများနေပါတယ်။
ညဘက်အပူချိန်များတဲ့အခါ ခန္ဓာကိုယ်က အေးမြဖို့အချိန်မရတာကြောင့် ပိုပြီးအန္တရာယ်များပါတယ်။
▪️ လူဦးရေများတဲ့ နေရာတွေမှာ ညဘက်ပူနွေးတာ ပိုပြီးသိသာတယ်လို့ ဖော်ပြထားပါတယ်။
▪️ ဒီလိုမျိုး အပူချိန်နဲ့ စိုစွတ်မှုကို ကြာရှည်ထိတွေ့တဲ့အခါ ကျန်းမာရေးအပေါ် သက်ရောက်လာနိုင်တယ်လို့ ဆရာဝန်များ သတိပေးထားပါတယ်။
▪️ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ နွမ်းနယ်ခြင်း၊ ကြွက်တက်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ အိပ်ရေးမဝခြင်းတို့ အဖြစ်များလာတယ်လို့ ဒေါက်တာ အရူနက်ရှ်ကူပါက ပြောပါတယ်။
▪️ ၁၉၉၈ မှ ၂၀၁၇ အတွင်း အပူလှိုင်းကြောင့် ကမ္ဘာတဝှမ်းမှာ သေဆုံးသူ ၁ သိန်း ၆ ခြောက်သောင်းကျော် ရှိထားတယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။
▪️ ၂၀၂၃ ခုနှစ်က အိန္ဒိယတစ်နိုင်ငံတည်းမှာပင် အပူလျှပ်သူ ၄၈,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၅၉ ဦး ရှိထားပါတယ်။
▪️ အပူလျှပ်ခြင်းမဖြစ်ရအောင် ရေဓာတ်ပြည့်ဝစွာနေခြင်း၊ ပေါ့ပါးသောအဝတ်များ ဝတ်ခြင်း၊ အပြင်ထွက်ရင် ဦးထုပ် နေကာမျက်မှန်များအသုံးပြုခြင်း၊ နေအမြင့်ဆုံးအချိန် အပြင်မသွားခြင်း၊ အပြင်မှာ အလုပ်လုပ်ရင် အနားယူပေးခြင်း၊ အပူလျှပ်ခြင်းလက္ခဏာများ သိရှိထားခြင်း၊ အေးမြအောင် နေထိုင်ခြင်း၊ အရည်ရွှမ်းသော စားစရာများစားခြင်း၊ သက်ကြီးရွယ်အိုများနဲ့ ကလေးများကို သေချာစောင့်ကြည့်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။
#Source: India Today
Page 249 of 1920