#World_Science
Published 11 December 2025

■ လွန်ခဲ့တဲ့နှစ်ပေါင်း ၄ ဘီလီယံခွဲလောက်က အရည်ပျော်သံပူလုံးကြီးအဖြစ်သာ ရှိနေခဲ့တဲ့ ကမ္ဘာကြီးကို မားစ်ဂြိုဟ်အရွယ်အစားရှိတဲ့ ရှေ့ပြေးဂြိုဟ်တစ်ခုက ဝင်တိုက်ခဲ့ပါတယ်။

■ ဒီဂြိုဟ်ကို ဂရိဒဏ္ဍာရီထဲက တိုက်တန်တစ်ယောက်ကို အစွဲပြုကာ Theia လို့ အမည်ပေးထားပါတယ်။

■ ထိုဝင်တိုက်ခြင်းကနေ Theia လုံးဝပျက်စီးသွားခဲ့ပြီး ကမ္ဘာမြေပြင်မှာ အပိုင်းအစတွေအဖြစ် ကျန်ခဲ့တာဖြစ်နိုင်ပါတယ်။

■ အဆိုပါဂြိုဟ်ဟာ ရှေးခေတ်အချိန်က ကမ္ဘာရဲ့အိမ်နီးချင်းဂြိုဟ် ဖြစ်နိုင်ပြီး နေလုံးနဲ့ ကမ္ဘာကြား တစ်နေရာရာမှာ ဖြစ်တည်ခဲ့ဖွယ်ရှိကြောင်း သုတေသနမှာ ဖော်ပြထားပါတယ်။

■ Max Planck တက္ကသိုလ်မှ သုတေသီတွေက ဆိုလာစနစ်သုတေသန ပြုလုပ်ဆန်းစစ်ရာမှာ ကမ္ဘာနဲ့လကြား ဒြပ်စင်အိုင်ဆိုတုပ်တွေက လက်တွေ့အားဖြင့် ခွဲခြားလို့မရပါဘူး။

■ သံဓာတ်အိုင်ဆိုတုပ် ဖွဲ့စည်းပုံဆင်တူခြင်းက အံ့ဩစရာမရှိဘဲ ဒါက အခြားဒြပ်စင်တွေမတိုင်ခင် တွေ့ရှိတာကြောင့်ဖြစ်တယ်လို့ ဘူမိသိပ္ပံပညာရှင် တီမိုဟော့ပ်က ဆိုပါတယ်။

■ Theia ဂြိုဟ်က ကမ္ဘာ့စကြဝဠာအပြင်ဘက်မှာ ဖြစ်တည်ခဲ့တယ်ဆိုရင် ဖွဲ့စည်းပုံနဲ့ ရင်းမြစ်တွေ ကွဲပြားနိုင်တယ်လို့ ဟော့ပ်တို့အဖွဲ့က ပြောထားပါတယ်။

■ ဒီလေ့လာချက်က Theia ဟာ ဆိုလာစနစ်ထဲက ကမ္ဘာရှိတဲ့နေရာအပြင်ဘက်မှာ အစပြုခဲ့တယ်ဆိုတဲ့ အစောပိုင်းသီအိုရီတွေကို စိန်ခေါ်သလို ဖြစ်နေပါတယ်။

■ Theia နဲ့ ကမ္ဘာဝင်တိုက်ခြင်းကြောင့် အပိုင်းအစပစ္စည်းတွေ ရောနှောသွားပေမယ့် အတိအကျကိုတော့ မသိရသေးပါဘူး။

■ လရဲ့ဖွဲ့စည်းမှုကို သိရဖို့အတွက် နောက်ထပ်ပုံဖော်ခြင်းတွေ သရုပ်ဖော်မှုတွေပြုလုပ်ဖို့ လိုအပ်နေပါသေးတယ်။

Source: DW