#World_Health
Published 15 January 2023
တကယ့်အသက်အရွယ်ထက် အသက်ပိုကြီးတယ်လို့ ထင်ရတဲ့သူတွေဟာ အသက်အရွယ်နဲ့ဆိုင်တဲ့ ရောဂါတွေဖြစ်တဲ့ အတွင်းတိမ်နဲ့ အရိုးပွရောဂါတို့ ပိုမိုဖြစ်နိုင်ချေရှိကြောင်း British Journal of Dermatology ဂျာနယ်မှာ အင်္ဂါနေ့က ဖော်ပြခဲ့ပါတယ်။
အခြားအဓိပ္ပာယ်ကတော့ တကယ့်အသက်အရွယ်ထက် ငယ်တယ်ထင်ရတဲ့အခါ ကိုယ်တွင်းအင်္ဂါစနစ်တွေ၊ စိတ်ကျန်းမာရေးတွေ ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ကြောင်း ရော့တာဒမ် အီရတ်စ်မတ်စ်ဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ အရေပြားအထူးကု'တာမာနစ်ဂျ်စတန်'က Daily Mail ကို ပြောပြခဲ့ပါတယ်။
နယ်သာလန်လေ့လာမှုတစ်ခုမှာ အသက် ၅၁ မှ ၈၇ နှစ်ကြားဥရောပသား ၂,၆၇၉ ဦးရဲ့ ဓာတ်ပုံတွေနဲ့ ဆေးဘက်ဆိုင်ရာသမိုင်းများကို စုဆောင်းကာ သီးခြားအဖွဲ့အစည်းတစ်ခုက ဓာတ်ပုံတွေကို အကဲဖြတ်ခဲ့ပါတယ်။
တကယ့်အသက်ထက် ၅ နှစ်မျှငယ်တယ်လို့ ထင်ရတဲ့သူတွေဟာ မှတ်ဉာဏ်စမ်းသပ်မှုတွေမှာ ပိုမိုကောင်းမွန်ပြီး အရိုးပွခြင်း ၂၄ ရာခိုင်နှုန်းဖြစ်နိုင်ချေပိုနည်းကာ နာတာရှည်အဆုတ်ရောဂါဖြစ်နိုင်ချေ ၁၅ ရာခိုင်နှုန်းပိုနည်းပါတယ်။
ငယ်ရွယ်တဲ့ပုံစံပေါက်သူတွေက အတွင်းတိမ်နဲ့ အသက်အရွယ်အရ အကြားအာရုံဆုံးရှုံးမှုတွေ ဖြစ်နိုင်ချေနည်းပါးသွားကြောင်း လေ့လာတွေ့ရှိထားပါတယ်။
၂၇ ယောက်ပါဝင်တဲ့ အကဲဖြတ်အဖွဲ့ကို ဓာတ်ပုံပြပြီး အသက်ခန့်မှန်းခိုင်းခဲ့ပါတယ်။
ဓာတ်ပုံထဲကလူတွေရဲ့ ကျန်းမာရေးနဲ့ နေထိုင်မှုပုံစံတို့ကို လေ့လာခဲ့ကာ ငယ်ရွယ်တယ်လို့ထင်ရတဲ့သူတွေက ရလဒ်ပိုကောင်းနေခဲ့ပါတယ်။
ကျန်းမာရေးအခြေအနေ၊ မျက်နှာအိုမင်းခြင်းဖြစ်စဉ်၊ အရိုးသိပ်သည်းဆနဲ့ တစ်ရှူးပြောင်းလဲမှုတို့ကြား ဆက်စပ်မှုရှိတယ်လို့ ယုံကြည်နေကြပါတယ်။
ခရမ်းလွန်ရောင်ခြည်ထိတွေ့မှု၊ ဆေးလိပ်သောက်ခြင်းတို့ကဲ့သို့ လူနေမှုပုံစံတွေထက် ပိုတဲ့အချက်အလက်တွေရှိနေသေးကြောင်း သက်သေပြရာရောက်နေကြောင်း ပြောပြသွားပါတယ်။
Source: NY Post
#Yangon_Media_Group
#Local_News
Published_14 January 2023
မြန်မာဘက်ခြမ်းကနေ နယ်စပ်ဂိတ်တွေကို ပြန်မဖွင့်သေးပေမယ့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဟာ နေ့စဉ်ပုံမှန် ကုန်သွယ်မှုပြုလုပ်နေတယ်လို့ မူဆယ်ဆန်စပါးကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးမင်းသိမ်းက ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_14 January 2023
CNG Gas တွေကို ည ၁၀ နာရီအချိန်ထိ ထပ်တိုးပေးထားတယ်လို့ ကြေညာထားပေမယ့် တစ်ကယ့်လက်ရှိမှာတော့ ည ၈ နာရီကျော်အထိသာရရှိတယ်လို့ ယာဉ်မောင်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#World_Disaster
Published 14 January 2023
ပဋိပက္ခနဲ့ ပထဝီဝင်စီးပွားရေးတင်းမာမှုများကြောင့် လာမယ့် ၂ နှစ်အတွင်း တစ်ကမ္ဘာလုံးမှာ အဆိုးရွားဆုံးအန္တရာယ်ဖြစ်လာပြီး လူနေထိုင်မှုစရိတ်အကျပ်အတည်း အမြင့်ဆုံးဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF)က ဗုဒ္ဓဟူးနေ့ကထုတ်ပြန်တဲ့ ၂၀၂၃ တစ်ကမ္ဘာလုံးဆိုင်ရာအန္တရာယ်သတင်းတင်ပို့မှုအရ သိရှိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 14 Jan 2023
- အန္တရာယ်ကင်းတဲ့ ကလေးဖြည့်စွက်အာဟာရကို ဘယ်လိုသိရှိနိုင်မလဲ ဘယ်လိုရွေးချယ်နိုင်မလဲ??
#Yangon_Media_Group
Published 14 January 2023
အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံတို့ဟာ အာကာသပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုကို ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ အလည်အပတ်ခရီးစဉ်အတွင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလက်မှတ်ရေးထိုးပွဲကို ဝါရှင်တန်ဒီစီက နာဆာ ဌာနချုပ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ်ဟာ အမေရိကန်အာကာသအေဂျင်စီနာဆာကို သွားရောက် လေ့လာလည်ပတ်ပြီးနောက် လက်မှတ်ရေးထိုးပွဲကို ဆက်လက်ပြုလုပ်ခဲ့တာပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာရာရှီတို့ဟာ ဂျပန်ဝန်ကြီးချုပ်ရှေ့မှောက်မှာ အဆိုပါ အမေရိကန်-ဂျပန်အာကာသပူးပေါင်းဆောင်ရွက်ရေး မူဘောင်သဘောတူညီချက် ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲဒီသဘောတူညီချက်ထဲမှာ ဂျပန်နှင့် အမေရိကန်နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးရည်ရွယ်ချက်နှင့် အာကာသပူးပေါင်း ဆောင်ရွက်ရေးအတွက် အခြေခံမူဘောင်တွေပါဝင်ပါတယ်။ဒီလက်မှတ်ရေးထိုးပြီးနောက် နှစ်နိုင်ငံဟာ သူတို့ပြည်တွင်း ဆက်လက်လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေကို အပြီးသတ်ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီသဘောတူညီချက်ဟာ ဂျပန်နှင့်အမေရိကန်နှစ်နိုင်ငံအကြား အာကာသပူးပေါင်းဆောင်ရွက်ရေးနှင့် အခြားနယ်ပယ် တွေမှာပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တယ်လို့ ဂျပန်ဝန်ကြီးချုပ်ကီရှီဒါက ပြောပါတယ်။
ဒီမူဘောင်သဘောညီချက်ဟာ ကျွန်တော်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုမှာ အထွတ်အထိပ်အသစ်တစ်ခုကို ရောက်ရှိစေပါလိမ့်မယ်။ အာကသနည်းပညာနှင့်ပို့ဆောင်ရေး၊ လမျက်နှာပြင် စက်ရုပ်မစ်ရှင်တွေနှင့် ရာသီဥတုဆက်စပ် မစ်ရှင်တွေလို နယ်ပယ်တွေနှင့် ဂျပန်အာကာသယာဉ်မှူးတွေကို လကိုစေလွှတ်မယ့် ကျွန်တော်တို့ရဲ့ ဘုံမျှော်မြင်မှုတွေ မှာ မိတ်ဖက်ဖြစ်မှုပိုမိုခိုင်မာလာစေပါလိမ့်မယ်” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးကလည်း ဒီသဘောတူညီချက်ကို အခြေပြုပြီး ဂျပန် အမေရိကန် အာကာသပူးပေါင်းဆောင်ရွက်မှုဟာ ပိုမိုပြီးနက်ရှိုင်းလာပြီး အနာဂတ်မှာ လူသားအားလုံးအတွက် အကျိုးရှိစေမယ်လို့သူရိုးသားစွာယုံကြည်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
Source AFP
#Local_News
Published_ 14 January 2023
အိမ်သာနဲ့ရေချိုးခန်းထဲမှာ ပုံမှန်မဟုတ်တဲ့ အမွှေးနံ့တွေထွက်နေပြီဆိုရင် စိတ်ကြွရူးသွပ်ဆေးသုံးစွဲနေတဲ့ သားသမီးရှိပြီဆိုတာသိပြီး ဆေးဖြတ်ပေးဖို့ လိုအပ်တယ်လို့ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#Health_Matters
Published - 14 Jan 2023
- ကလေးဖြည့်စွက်အာဟာရတွေနှင့် ပတ်သက်လို့ အချို့ထုတ်ကုန်တွေမှာ အန္တရာယ်မကင်းတဲ့ သတင်းတွေ မကြာခဏဆိုသလိုတွေ့နေရပါတယ်။ ဘယ်လိုအန္တရာယ်မျိုးလဲ??
#Yangon_Media_Group
#DailyNews
Published_ 14 January 2023
၁။ အိမ်သာထဲတွင် ပုံမှန်မဟုတ်သောအမွှေးနံ့များ ထွက်နေလျှင် စိတ်ကြွဆေးသုံးသည့်သားသမီးရှိနေပြီဟုဆို
၂။ CNG ဂတ်စ် ည ၁၀ နာရိအထိ အချိန်ပြည့်မရဟုဆို
၃။ မြန်မာဘက်မှ ပြန်မဖွင့်သော်လည်း နယ်စပ်ကုန်သွယ်ရေး ပုံမှန်အတိုင်းလည်ပတ်နေဟုဆို
၄။ လာမယ့်နှစ်နှစ်အတွင်း ကမ္ဘာကြီးတွင်အဆိုးရွားဆုံးအခြေအနေများ ကြုံတွေ့ရနိုင်ဟု ကမ္ဘာ့စီးပွားရေးဖိုရမ်ပြောကြား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 14 Jan 2023
- ကလေးဖြည့်စွက်အာဟာရဆိုတာဘာတွေလဲ။ ကလေးတစ်ဦးအတွက် ဘယ်လောက်အရေးကြီးပါသလဲ??
#Yangon_Media_Group
#Local_News
Published _ 14 January 2023
ကျိုက္ခမီရေလယ်ဘုရား၏ ဂန္ဓကုဋီတိုက်အတွင်းရှိ ဘုရားစင်အမြင့်ပေါ်ကို တက်ရောက်ခဲ့သည့် သင်္ကန်းဝတ်ကိုယ်တော်ကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျိုက္ခမီရေလယ်ဘုရား ဂေါပက အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါ င်္ကန်းဝတ်ကိုယ်တော်သည် ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းတွင် ကျိုက္ခမီရေလယ်ဘုရားသို့ တပည့်ဒကာများဖြင့် လာရောက်ခဲ့ပြီး ဘုရားကြီး၏ ဂန္ဓကုဋီတိုက်အတွင်းသို ဘုရာဖူးများမရှိသည့်အချိန်နှင့် တာဝန်ကျဝန်ထမ်းများ ထမင်းစားနေချိန်တွင် မသမာသည့်နည်းဖြင့်အခွင့်ကောင်းယူ ဝင်ရောက်ခဲ့ပြီး ယခုလို ဓာတ်ပုံရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းဖြစ်စဉ်သည် သာသနာ ညှိးနွမ်းစေသည့် ရည်ရွယ်ချက်နှင့် ဘုရားကြီးကို ဆွမ်းပန်းရေချမ်း ကပ်လှူထားသည့် အမြင့်ပေါ်တက်ရောက်ခဲ့မှုကို ဘုရားကြီး၏ သြဝါဒါစရိယဆရာတော်ကြီးတွေရဲ့ သြဝါဒတွေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_14 January 2023
ကိုရီးယား EPS-TOPIK စာမေးပွဲဖြေဆိုသူ တစ်သောင်းကျော်တွင် ၆၀၀၀ ကျော်အောင်မြင်ထားကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီမှ အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ စာမေးပွဲဖြေဆိုသူဦးရေ ၁၃၃၀၂ ဦးရှိပြီး အောင်မြင်သူ ၆၃၈၆ ဦးရှိကြောင်း သိရသည်။
ယင်းစာမေးပွဲသည် တောင်ကိုရီးယားနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
လက်ရှိတွင်လည်း EPS စနစ်ဖြင့် Re-entry ကုန်ထုတ်လုပ်သား ၄၅ ဦး၊ Re-entry စိုက်ပျိုး/မွေးမြူရေး လုပ်သား ၃ ဦးကို ၂၀၂၃ ခုနှစ်အတွက် ပထမဦးဆုံး စေလွှတ်ထားပြီး လာမည့် ဇန်နဝါရီလ ၁၆ ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၄၀ ကျော်ကို ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီမှ အသိပေးထုတ်ပြန်ထားသည်။
တောင်ကိုရီးယားအစိုးရမှ ကိုဗစ်ကာလအလွန်တွင် မြန်မာအလုပ်သမားများကို တရားဝင်ပြန်လည်လက်ခံနေပြီး သြဂုတ်လတွင် ၁၂၉၃ ဦး၊ စက်တင်ဘာလတွင် ၉၇၈ ဦး၊ အောက်တိုဘာလတွင် ၁၁၆၉ ဦး၊ နိုဝင်ဘာလတွင် ၇၂၈ ဦး၊ ဒီဇင်ဘာလတွင် ၅၉၉ ဦးစေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
Page 1500 of 2093