#Local_News
Published_21 October 2022
ကိုဗစ်ကြောင့် (၂)နှစ်ကြာ ရပ်ထားရတဲ့ ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ဒီနှစ်မှာ ပြန်စမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 21 Oct 2022
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ဗြိတိန်ဝန်ကြီးချုပ် လစ်ထရပ်စ်သည် ရုရှားကိစ္စ၊ယူကရိန်းကိစ္စတို့တွင် မိတ်ဖက်ကောင်း တစ်ဦး ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ သူဟာ ပဲင်စီလ်ဗေးနီးယားမှာ ဆီးနိတ်အမတ်လောင်း ဂျွန် ဖက်တာမင်းဘေးရပ်တည်ပေးဖို့ အိမ်ဖြူတော်မှ မထွက်ခွာခင် သတင်းထောက်တွေကိုပြောကြားခဲ့တာဖြစ်ပါတယ်။
Source AFP
#Joe_Biden
#Liz_Truss
#UK_Politics
#Local_News
Published _ 21 october 2022
နေရာထိုင်ခင်း အခက်အခဲရှိတဲ့ အငြိမ်းစားဝန်ထမ်းတွေ၊ အစိုးရဝန်ထမ်းတွေ၊ ကုမ္ပဏီဝန်ထမ်းတွေနဲ့ ပြည်သူတွေကို ပြင်ပဌားရမ်းခထက် သက်သာတဲ့နှုန်းထားတွေနဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကူညီဌားရမ်းပေးသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 21 October 2022
၁။ ရှမ်းပြည်နယ်ရှိ နေစရာအခက်အခဲရှိသူများကို တည်ဆောက်ပြီး အဆင့်မြင့်တိုက်ခန်းများအား ဌားရမ်းပေးသွားမည်
၂။ (၂)နှစ်ကြာ ရပ်ထားရသည့် ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ပြန်စမည်
၃။ ဗိုလ်တထောင်စေတီတော်တွင်'မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ရက်ခတ်ဆက်ကပ်ပူဇော်ပွဲ' ပြန်လည်ကျင်းပမည်
၄။ ကိုဗစ်ကပ်ရောဂါအလွန် ပီရူးမြို့တော်၌ အံ့ဘွယ်အရှင်သခင်စီတန်းလှည့်လည်ပွဲအား ပြန်လည်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_21 October 2022
YBS 37 ယာဉ်လိုင်းအပါအဝင် ဘတ်စ်ကားလိုင်း ၁၄ လိုင်း တာဝန်ယူလုပ်ကိုင်နေတဲ့ ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်(YBPC)ဟာ အစုရှယ်ယာတစ်စုကို ကျပ်တစ်သိန်းနှုန်းနဲ့ ပြန်ဝယ်ဖို့ စီစဉ်နေတယ်လို့ အဆိုပါကုမ္ပဏီက အသိပေးကြေညာထားပါတယ်။
#Yangon_Media_Group
#Local_News
Published_21 October 2022
ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိသက်ဆိုင်ရာ Terminal များ၌ အောက်တိုဘာ ၁၉ ရက်တွင် စက်သုံးဆီ ဂါလန် စုစုပေါင်း ၁၀ ဒသမ ၉၄ သန်းခန့် ဆီချထားပြီးဖြစ်ကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။
အလားတူ အောက်တိုဘာ ၁၇ ရက်တွင် MT Glory Star သင်္ဘောသည် ပရီမီယံဒီဇယ်ဆီဂါလန် ၁ ဒသမ ၃၉ သန်း ဆီချခဲ့ပြီး ဓာတ်ဆီ 92 Ron ဂါလန် ၀ ဒသမ ၅၀ သန်း နှင့် MT Fly Marlin သင်္ဘောမှ ရိုးရိုးဒီဇယ်ဆီဂါလန် ၁ ဒသမ ၁၂ သန်း ၊MT Beluga Pacific သင်္ဘောမှရိုးရိုး ဒီဇယ်ဆီ ဂါလန် ၁ ဒသမ ၇၃ သန်းနှင့် ပရီမီယံဒီဇယ်ဆီဂါလန် ၂ ဒသမ ၅၅ သန်း ၊ MT Yu Hai သင်္ဘောမှ ဓာတ်ဆီ 92 Ron ဂါလန် ၁ ဒသမ ၈၄ သန်း ၊ ရိုးရိုးဒီဇယ်ဆီဂါလန် ၂ ဒသမ ၁၄ သန်းနှင့် ပရီမီယံဒီဇယ်ဆီဂါလန် ၁ ဒသမ ၀၆ သန်း တင်ဆောင်လာသည့် နိုင်ငွတကာသင်္ဘောများသည် သက်ဆိုင်ရာ Terminal များသို့ ဆိုက်ကပ်၍ ဆီချလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။
ယင်းအပြင် ရန်ကုန် သီလဝါသိုလှောင်ကန် ၊ စက်သုံးဆီအရောင်းဆိုင်များနှင့်ဖြန့်ဖြူးမှုလက်ကျန် အခြေအနေများအရ စက်သုံးဆီဖူလုံမှုရှိပြီး ယခုရက်ပိုင်းအတွင်း ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်နေသော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ အနည်းငယ်စာဈေးမြင့်တက်နေကြောင်း သိရသည်။
စက်သုံးဆီဖြန့်ဖြူးမှုအနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင်တွေကို ဆီတင်ဘောက်ဆာများ၊ ဆီတွဲရေယာဉ်များ၊ ရထားတွေဖြင့် အချိန်မီ ပို့ဆောင်ပေးနေကြောင်း သိရသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published _21 October 2022
ကော့ကရိတ်မြို့အတွင်း လက်နက်ကြီးများဖြင့် ယနေ့နံနက်ပိုင်းက ပစ်ခတ်ခဲ့သောကြောင့် ပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာရ ခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယနေ့ အောက်တိုဘာလ ၂၁ ရက် နံနက် ၇ နာရီခွဲခန့်တွင် ကော့ကရိတ်မြို့၏ မြောက်ဘက်မှမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ပြီးနောက် နံနက် ၈နာရီ ၁၅ မိနစ်ခန့်တွင် လူနေရပ်ကွက်များ၊ ဝန်ထမ်းအိမ်ရာများနှင့် ရုံးဌာနအဆောက်အဦများအတွင်း လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်ဆေးဝါးကုသမှု များဆောင်ရွက်ပေးခဲ့ပြီး အများပြည်သူများနှင့်နိုင်ငံ့ဝန်ထမ်းများ၏ အသက်အန္တရာယ်များ ကာကွယ်စောင့်ရှောက်ရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း ဖော်ပြထားသည်။
အဆိုပါ ပစ်ခတ်သည့် အဖွဲ့မှာ KKO ခွဲထွက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားပူးပေါင်းအဖွဲ့ဖြစ်ကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယင်းတို့အနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူနေထိုင်လျက်ရှိသော လူနေရပ်ကွက်များအတွင်းနှင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင် နေသူများအား ရက်စက်မိုက်မဲစွာ အကြမ်းဖက်လုပ်ရပ်မှုလုပ်ဆောင်ရွက်ခဲ့သည်မှာ ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကျူးလွန်ရာရောက်လည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ စစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့်သက်ဆိုင်ရာ တည်ဆဲဥပဒေ များဖြင့် ၎င်းတို့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု( Counter-terrorism Action) ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _21 October 2022
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ရွှေဈေးကို ကန်တစ်ဒေါ်လာလျှင် ၂၉၀၀ ကျပ် နှုန်းဖြင့် တွက်ချက်၍ ယနေ့အောက်တိုဘာလ ၂၁ ရက်တွင် ရောင်းချမှု စတင်လိုက်ကြောင်း သိရသည်။
မူလက အမေရိကန်တစ်ဒေါ်လာလျှင် ဗဟိုဘဏ်၏ သတ်မှတ်ငွေလဲနှုန်း ဖြစ်သည့် ၂၁၀၀ ကျပ်ဖြင့် ကမ္ဘာ့ရွှေပေါက်ဈေးကို တွက်ချက်ရောင်းချခဲ့ရာမှာ ယခုအခါ တစ်ဒေါ်လာလျှင် ၂၉၀၀ ကျပ်ဖြင့် ရောင်းချလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
"ဗဟိုဘဏ်ကတော့ တရားဝင် သတ်မှတ်တာ ၂၁၀၀ ကျပ်၊အခုက သင်္ဘောသားတွေ ၊ ဓာတ်ဆီ၊ ဒီဇယ်အရောင်းသမားတွေက တစ်ဒေါ်လာကို ၂၉၀၀ ကျပ်နဲ့ ဈေးကိုဖြတ်ပြီး အရောင်းအဝယ်လုပ်ကြတာဆိုတော့ ရွှေကိုလည်း ဒီလိုပဲ ၂၉၀၀ နဲ့ပဲ တွက်လိုက်တဲ့ သဘောပါ"ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူက ပြောသည်။
ယနေ့ အောက်တိုဘာလ(၂၁)ရက် နေ့လယ်ပိုင်းတွင် ကမ္ဘာ့ရွှေ ပေါက်ဈေးမှာ တစ်အောင်စလျှင် ၁၆၂၀ ဒေါ်လာ ဖြစ်သောကြောင့် မြန်မာကျပ်ငွေဖြင့်ဆိုလျှင် အကယ်ဒမီ မီးလွတ်ရွှေ တစ်ကျပ်သား ဈေးမှာ ကျပ် နှစ်ဆယ့် လေးသိန်း ခြောက်သောင်း ခြောက်ထောင့် ငါးရာ သုံးဆယ် ဖြစ်ကြောင်း သိရသည်။
"ဒီလိုသတ်မှတ်ပြီးတော့ ရောင်းနေတာကြောင့် ရွှေဈေးတက်လာနိုင်သလားလို့ မေးသူတွေ ရှိတယ်၊ ရွှေဈေးက မတက်ပါဘူး၊ သက်ဆိုင်ရာက ထိန်းချုပ်တာတွေ လုပ်ထားပါတယ်"ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 21 October 2022
ရန်ကုန်ရွှေအသင်းက ထုတ်ပြန်တဲ့ ရည်ညွှန်းစျေးမှာ ဒီကနေ့ အောက်တိုဘာ (၂၁) ရက် အဖွင့်စျေး ထုတ်ပြန်ရာမှာတော့ ကျပ် ၂၄ သိန်းကျော်အထိ မြင့်တက်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
YGEA က ထုတ်ပြန်တဲ့ ရွှေရည်ညွှန်းဈေးမှာ အောက်တိုဘာလအတွင်း မီးလင်းရွှေ တစ်ကျပ်သားလျှင် ကျပ် (၁၉) သိန်းကျော် မှာသာရှိနေခဲ့ပေမယ့် အောက်တိုဘာ (၂၁) ရက်နေ့ ရွှေအဖွင့်စျေးကိုထုတ်ပြန်ရာ၌ တစ်ကျပ်သားလျှင် ၂၄၇၅၆၆၅ ကျပ် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အောက်တိုဘာ (၂၁) ရက် နံနက် (၁၀) နာရီအချိန် ကမ္ဘာ့ရွှေ ပေါက်ဈေးကတော့ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၆၂၆ အထိကျဆင်းနေပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published _21 October 2022
ပြည်ပကိုထွက်မည့်သူများအား လေဆိပ်တွင် ဒေါ်လာရောင်းပေးနေပြီ ဖြစ်ကြောင်း ပြည်ပသို့ ထွက်ခွာသူများက အတည်ပြု ပြောဆိုသည်။
ပြည်ပထွက်ခွာသူများအား လူတစ်ဦးလျှင် ဒေါ်လာ တစ်ထောင်၊ ငါးရာ စသည့် ပုံစံမျိုး ရောင်းချပေးနေသည်မှာ လွန်ခဲ့သည့် တစ်ပတ်ခန့်ကပင် ဖြစ်ကြောင်းလည်း သိရသည်။
ယင်းမှာ ပြည်တွင်း အမေရိကန်ဒေါ်လာဈေး ပြန်တက်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်း ပြည်ပထွက်ခွာမည့်သူများ ဒေါ်လာလိုက်ဝယ်သည့် ဂယက်ကြောင့် ဈေးတက်မှုများ ဖြစ်ခဲ့သည့်အတွက်ဟု ဒေါ်လာအရောင်းအဝယ် ပြုလုပ်သူတစ်ဦးက ဆိုသည်။
"ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးပတ်ကဆိုရင် ဒေါ်လာက အရောင်း ၂၆၅၀ ၊ အဝယ် ၂၈၀၀ ရှိခဲ့တယ်၊ ဒါပေမဲ့ လက်ရှိအောက်တိုဘာလ ၃ ရက်နေ့ကမှာ ရုတ်တရက် ခုန်တက်သွားခဲ့တာ တစ်ဒေါ်လာကို အရောင်း ၂၈၀၀ နဲ့ အဝယ် ၂၉၅၀ ဖြစ်လာခဲ့တာပါ ။အဲဒီတုန်းက ပြည်ပထွက်မယ့်သူတွေက အဝယ်လိုက်နေတာ ရှိနေတာနဲ့ တိုက်ဆိုင်နေတာမျိုး ကြုံခဲ့ရဖူးတယ်"ဟု ဒေါ်လာအရောင်းအဝယ် ပြုလုပ်နေသူက ဆိုသည်။
ယင်းအချိန်က ဈေးကွက်အတွင်း ကုန်သည်များအနေဖြင့် ဒေါ်လာလိုက်ဝယ်ကြသည့်အတွက် ဈေးတက်ခြင်းမျိုးမဟုတ်ဘဲ ပြည်ပကို ထွက်မည့်သူများက ခေါ်ဈေးအတိုင်း ပေးဝယ်နေကြရာမှတစ်ဆင့် ဒေါ်လာဈေးတက်လာခြင်း ဖြစ်ကြောင်း၊ ယင်းပြဿနာကို ဖြေရှင်းနိုင်ရန် သက်ဆိုင်ရာအနေဖြင့် ပြည်ပထွက်မည့်သူများအား သတ်မှတ်နှုန်းတစ်ခုခု ဖြင့် ရောင်းပေးမည်ဆိုလျှင် ပိုမို အဆင်ပြေနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဝင်းမြင့်က အကြံပြုပြောဆိုခဲ့သေးသည်။
ယခုအခါ တရားဝင် နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြားငွေ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်သူများအား အရေးယူမှု စတင်ပြီ ဖြစ်ကြောင်း လည်း ဗဟိုဘဏ်က ထုတ်ပြန်ထားပြီး ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 21 October 2022
နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သည့် ဆင်မကြီးမိုမို၏ မွေးနေ့ပွဲကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင်(၃)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်၊၊
အောက်တိုဘာလ (၂၈) မှ (၃၀) ရက်နေ့အထိ Mo Mo ‘s Birthday Weekend အနေဖြင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်းမှာ ပျော်စရာအစီစဉ်တွေ အများကြီးကို ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်ဟုဆိုသည်၊၊
ဆင်ကြီးမိုမိုမွေးနေ့ပွဲတွင်Mo Mo အတွက် ကိတ်ခွဲခြင်း၊ Mo Mo Photo Exhibition၊ တိရစ္ဆာန်ပြပွဲ Animal Show ၊ တေးဂီတMusic & Performance ၊မျက်လှည့်Magic Show ၊Photo Booth၊ချစ်စရာတိရစ္ဆာန်လေးများနှင့် အမှတ်တရဓါတ်ပုံရိုက်ကူးခြင်းအပြင်၊ သားသားမီးမီးတို့အကြိုက် ပျော်ရွှင်စရာ Game အစီအစဉ်တွေအများကြီး ပါဝင်မည်ဖြစ်ကြောင်း သိရသည်၊၊
ကိုဗစ်ကာလတုန်းကလည်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းများနှင့်ဆင်ကြီးမိုမို မွေးနေ့ကို ပြုလုပ်ပေးခဲ့ပြီးကိုဗစ်ကာလအလွန် ယခုနှစ်တွင် ဆင်ကြီးမိုမို၏ မွေးနေ့ပွဲကိုခမ်းနားစွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်၊၊
Bazaar တွင် ပါဝင်ရောင်းချလိုသည့် ဆိုင်ခန်းများရှိရင်လည်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ (Ph- 09262499324 or Page CB) မှတစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းလည်းဖော်ပြထား သည်၊၊
#ymg/tthl
#Yangon_Media_Group
#World_Crime
Published 21 October 2022
ဆီးရီးယားရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)ရုံးမှ ဝန်ထမ်းများက သူတို့ရဲ့အကြီးအကဲဟာ ဒေါ်လာသန်းပေါင်းများစွာကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ စွပ်စွဲလိုက်ကြပါတယ်။
ဒါ့အပြင် အစိုးရအရာရှိများကို ကွန်ပျူတာများ၊ ရွှေဒင်္ဂါးပြားများ၊ ကားများအပါအဝင် လက်ဆောင်ပဏ္ဍာများ မကြာခဏပေးအပ်လေ့ရှိကာ ကိုဗစ်ကပ်ရောဂါက တိုင်းပြည်ကိုဒုက္ခပေးနေတဲ့အချိန်မှာလည်း အလေးမထားခဲ့ကြောင်း စွပ်စွဲခဲ့ကြပါတယ်။
Associated Press မှရရှိတဲ့ လျှို့ဝှက်စာရွက်စာတမ်း ၁၀၀ ကျော်၊ စာစောင်များနဲ့ အခြားပစ္စည်းများကို WHO အရာရှိများက စုံစမ်းရေးမှူးများကို ပြသခဲ့ရာ WHO ရဲ့ ဆီးရီးယားကိုယ်စားလှယ် ဒေါက်တာ'အက်ဂျီမယ်မက်ဂ်တိုင်မိုဗာ'ဟာ မသင့်လျော်တဲ့ အပြုအမူများ လုပ်ဆောင်ခဲ့ပြီး WHO ဝန်ထမ်းကိုလည်း ဆီးရီးယားအစိုးရမှ ထိပ်သီးနိုင်ငံရေး သမားများနဲ့ အတင်းအကြပ် စာချုပ်လက်မှတ်ရေးထိုးစေခြင်း၊ WHO နဲ့ အလှူရှင်များရဲ့ ရန်ပုံငွေများကို အမြဲအလွဲသုံးစားလုပ်ခြင်း စတဲ့အချက်အလက်များကို တိုင်ကြားခဲ့ကြပါတယ်။
စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တုံ့ပြန်ခြင်းမရှိသေးဘဲ WHO ဝန်ထမ်းတစ်ဦးအနေဖြင့် အချက်အလက်များ ချပြခြင်းမှ တားမြစ်ထားတာတယ်လို့ ဆိုလိုက်ကာ စွပ်စွဲချက်များကို အသရေဖျက်မှုအဖြစ် သတ်မှတ်လိုက်ပါတယ်။
ဝန်ထမ်းတစ်ဒါဇင်လောက်က တိုင်ကြားခဲ့ခြင်းဖြစ်တာကြောင့် စုံစမ်းစစ်ဆေးရေးမှူး အယောက် ၂၀ ကျော်အထိ ပါဝင်ပတ်သက်လာရကာ ဒါဟာ WHO ဌာနမှာ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး စုံစမ်းစစ်ဆေးရေးတစ်ရပ် ဖြစ်လာပါတယ်။
'မက်ဂ်တိုင်မိုဗာ'အပေါ် စွပ်စွဲချက်များကို WHO က ပြန်လည်သုံးသပ်နေကြောင်း အတည်ပြုခဲ့ပြီး ပြင်ပစုံစမ်းစစ်ဆေးရေးမှူးများရဲ့ အကူအညီကိုလည်း တောင်းခံထားကြောင်းဆိုပါတယ်။
'မက်ဂ်တိုင်မိုဗာ'နဲ့ပတ်သက်တဲ့ တိုင်ကြားချက်တွေကို လတ်တလောလများအတွင်း အကဲဖြတ်နေပြီး သက်ဆိုင်ရာအချက်အလက်များ စုဆောင်းနေရာ အခြေအနေတိုးတက်မှုများရှိလာကြောင်း WHO က ပြောပြပါတယ်။
လုံခြုံရေးအခြေအနေ၊ လျှို့ဝှက်အပ်စရာများနဲ့ တရားမျှတမှုများကို လေးစားလိုက်နာရမှာဖြစ်တာကြောင့် ဒီထက်အသေးစိတ်တော့ ဖော်ပြလို့မရကြောင်းလည်း ပြောကြားခဲ့ပါတယ်။
စစ်ဘေးဒဏ်ခံခဲ့ရတဲ့ ဆီးရီးယားနိုင်ငံအတွက် ကျန်းမာရေးပြဿနာများဖြေရှင်းရန် ဆီးရီးယား WHO ရုံးကို ယမန်နှစ်က ဒေါ်လာ ၁၁၅ သန်း ထုတ်ပေးခဲ့ပါတယ်။
ဆီးရီးယားမှာ လူဦးရေ ၉၀ ရာခိုင်နှုန်းလောက်က ဆင်းရဲတွင်းနက်နေပြီး တဝက်ကျော်ကျော်လောက်က လူသားချင်းစာနာထောက်ထားကူညီမှုများ အလွန်လိုအပ်နေပါတယ်။
Source: AP News
#Yangon_Media_Group
Page 1497 of 1948