#Local_News
Published_ 21 December 2022
အပြစ်ရှိသူကို ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်ရန်နှင့် အပြစ်မရှိသူကို အပြစ်ပေးမိခြင်းမျိုး မဖြစ်ရန်လိုကြောင်း နစက ဥက္ကဌက ယနေ့ ဒီဇင်ဘာလ ၂၀ ရက်က ပြုလုပ်သည့် မွန်ပြည်နယ်တရားလွှတ်တော် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
ယင်းက တရားစီရင်ရေးကိစ္စမှာ အမှားအယွင်းမခံသည့်ကိစ္စဖြစ်သောကြောင့် ကျူးလွန်သည့်ပြစ်မှုနှင့် သင့်တော်သည့်ပြစ်ဒဏ်မျိုးကို မှန်မှန်ကန်ကန် ချမှတ်နိုင်ခြင်းမှာ တရားစီရင်ရေး၏ အဓိကလိုအပ်ချက် ဖြစ်သည့်အတွက် တရားသူကြီးများအနေဖြင့် ဥပဒေရေးရာတွင် နှံ့စပ်ကျွမ်းကျင်ပြီး စီရင်ထုံးများကို သိရှိနားလည်အောင် အစဉ်ကြိုးစားလေ့လာနေရန် လိုအပ်ကာ ပြစ်မှုကျူးလွန် သူကိုလည်း နောင်တွင် နောက်ထပ်ပြစ်မှု မကျူးလွန်စေရေး ဟန့်တားနိုင်သည့် ပြစ်ဒဏ်စီရင်ချမှတ်နိုင်ရေးအတွက် တရားသူကြီးများ၏ အတွေ့အကြုံနှင့် ဆင်ခြင်တုံတရားက တရားရေးမဏ္ဍိုင်အတွက် အလွန်အရေးကြီးကြောင်းလည်း အသိပေးခဲ့သေးသည်။
နစက အနေဖြင့် ခေတ်ကာလနှင့် မလျော်ညီသည့်ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ အစားထိုးဖြည့်စွက်ခြင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်းခြင်းတို့ကိုဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသည့် နိုင်ငံတော်၏ အာဏာကြီး (၃)ရပ်တွင် တရားစီရင်ရေးအာဏာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကျင့်သုံး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး အခန်းကဏ္ဍဟူသည် အရေး ကြီးသည့် မဏ္ဍိုင်တစ်ရပ်ဖြစ်ကာ ပည်သူတစ်ရပ်လုံး၏ နေ့စဉ်လူမှုဘဝလုံခြုံရေးအတွက်လည်း မရှိမဖြစ်သည့် ကဏ္ဍတစ်ခုဖြစ်ကြောင်းလည်း ပြောသည်။
လက်ရှိတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၏အောက်တွင် တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော်များ၊ ခရိုင်တရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးများ၊ မြို့နယ်တရားရုံးများ၊ ဥပဒေအရ တည်ထောင်သည့် အခြားတရားရုံးများဟူ၍ တရားရုံးအဆင့်ဆင့်ဖွဲ့စည်းပြီး မှုခင်းများကို မှန်မှန်ကန်ကန်နှင့် ကြန့်ကြာမှုမရှိစေရန် ဆောင်ရွက်နေကြကြောင်းလည်း ယင်းက ဆိုသည်။
ကမ္ဘာ့နိုင်ငံအများအပြားတွင်ရှိတရားရုံးများတွင် နည်းပညာကို အသုံးပြု၍ ကွန်ပျူတာ၊ အင်တာနက်နှင့် ဆက်စပ်ပစ္စည်းများ၊ဉာဏ်ရည်တု (AI) နည်းပညာကိုပါ အသုံးပြုလာကြပြီဖြစ်ရာ မြန်မာနိုင်ငံရှိ တရားရုံးများ၌ ICT နည်းပညာများ တဖြည်းဖြည်းနှင့် စတင်အသုံးပြုလာပြီ ဖြစ်ပါကြောင်း၊ သက်သေစစ်ဆေးရာတွင် လည်း Video Conferencing စနစ်ကိုသုံးပြီး အဝေးရောက်နေသည့် သက်သေများအား စစ်ဆေးခြင်းများကိုလည်း လုပ်လာကြပြီဖြစ်ကြောင်း နစက ဥက္ကဌက ထည့်သွင်း ပြောကြားခဲ့သည်။
ယခုအခါ လိုအပ်သည့်တရားရုံး အဆောက်အဦအသစ်များ ဆောက်နိုင်ရန်နှင့် နည်းပညာပိုင်းဆိုင်ရာပစ္စည်းများ ဝယ်ယူ နိုင်ရန်အတွက်လည်း စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊နစက အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ဖြစ်သည့် မန္တလေးတိုင်း ဒေသကြီးတရားလွှတ်တော်၊ ချင်းပြည်နယ်တရားလွှတ်တော်၊ မွန်ပြည်နယ်တရား လွှတ်တော်တို့ကို ဆောက်လုပ်ခဲ့ရာတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်က မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ကို လည်းကောင်း၊ ဒီဇင်ဘာလ ၂၀ ရက် ယနေ့တွင် မွန်ပြည်နယ်တရား လွှတ်တော်ကိုလည်းကောင်း ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


#ymg/mt
#Yangon_Media_Group
#World_Health
Published 21 December 2022
Solanaceae glycoalkaloids (GA) လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတွေဟာ ကင်ဆာအကျိတ်တွေကို ဆန့်ကျင်နိုင်တဲ့ အစွမ်းသတ္တိရှိကြောင်း တွေ့ရှိထားပါတယ်။
ဒီပစ္စည်းတွေဟာ ညရိပ်ပင်တွေကနေ သဘာဝအတိုင်းရရှိတာဖြစ်ပြီး တိုင်းရင်းဆေးတွေမှာ အသုံးပြုခဲ့တာကြာပါပြီ။
GA တွေက ကင်ဆာဆဲလ်ကြီးထွားခြင်းကို တားဆီးပေးကာ နောက်ဆုံးမှာ ဆဲလ်သေဆုံးသည်အထိဖြစ်လာကြောင်း ပိုလန်နိုင်ငံ အဒမ်မစ်ကီဝစ်ဇ်တက္ကသိုလ်က ပြောကြားခဲ့ပါတယ်။
GA ရဲ့ လုပ်ဆောင်ချက်တွေကို ထပ်မံလေ့လာသွားမှာဖြစ်ပြီး ကင်ဆာကုသနည်းများ ထုတ်လုပ်နိုင်ရန် သုတေသီများ မျှော်လင့်နေကြပါတယ်။
လက်ရှိမှာ ကင်ဆာအကျိတ်တွေကို ကုသတဲ့အဓိကနည်းလမ်းက ဓာတုကုထုံးဖြစ်ပြီး ဆဲလ်ကွဲပွားခြင်းကို တားဆီးပေးပါတယ်။
ဒီဆေးတွေက သိပ်ပြီးတိကျမှုမရှိဘဲနဲ့ ကျန်းမာသန်စွမ်းတဲ့ဆဲလ်တွေကိုပါ ထိခိုက်စေပါတယ်။
လူနာအများအပြားကတော့ ဓာတ်ရောင်ခြည်ကုသနည်းကို အသုံးပြုနေကြပါတယ်။
GA တွေက ပမာဏအနည်းငယ်မျှနဲ့ပင် ကင်ဆာဆဲလ်တွေကို သက်ရောက်စေမှာဖြစ်တာကြောင့် အကျိတ်များကုသရန်အတွက် ဘေးအန္တရာယ်ကင်းတဲ့နည်းလမ်း ဖြစ်လာနိုင်ပါတယ်။
ဒါပေမဲ့ ကျန်းမာတဲ့ဆဲလ်တွေမှာ ဒီဒြပ်ပေါင်းတွေက အဆိပ်အာနိသင်ဖြစ်စေနိုင်တာကြောင့်လည်း GA ဆေးတွေကို ဘေးကင်းစွာအသုံးပြုနိုင်အောင် လေ့လာမှုတွေပြုလုပ်ရဦးမှာပါ။
GA တွေရဲ့သက်ရောက်မှုတွေကို သေချာလေ့လာထားကြပေမယ့် အတိအကျဖြစ်စဉ်တွေကိုတော့ နားမလည်သေးပါဘူး။
ကင်ဆာကို အန္တရာယ်ကင်းကင်းနဲ့ နည်းလမ်းရွေးချယ်ကုသနိုင်ပြီး ပိုမိုထိရောက်စေရန်အတွက် နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ဖို့လိုအပ်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published 20 December 2022
အသင်းခေါင်းဆောင်မက်ဆီဦးဆောင်တဲ့ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားအောင်ပွဲရ အာဂျင်တီးနား ဘောလုံးအသင်းကို သယ်ဆောင်လာတဲ့လေယာဉ်ဟာ အမိမြေရဲ့မြို့တော် ဗျုနိုအေးရိစ်ကို ဆိုက်ရောက်လာပါတယ်။
ဒီဇင်ဘာ ၂၀ ရက်မနက် (၂)နာရီမှာ လေယာဉ်ဆိုက်ရောက်လာပေမယ့် ထောင်ပေါင်းများစွာသော ပရိဿတ်တွေက တစ်ခဲနက်ကြိုဆိုခဲ့ကြပါတယ်။
ပြင်သစ်ကို အနိုင်ယူပြီး ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့တဲ့ အာဂျင်တီးနားအသင်းဟာ လေယာဉ်ဆိုက်တာနှင့် အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီနှင့် နည်းပြ စကာလိုနီတို့ဦးဆောင်ပြီး လေယာဉ်ကဆင်းလာကြပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအသင်းရဲ့ tracksuit ကိုဝတ်ဆင်ထားပြီးလက်ထဲမှာလည်း သူကာလရှည်စောင့်စားခဲ့ရတဲ့ ကမ္ဘာ့ဖလားဆုဖလားကြီးကို ပွေ့ပိုက်ထားပါတယ်။
ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းရဲ့ အိမ်အပြန်လှုပ်ရှားမှုမှတ်တမ်း ဗွီဒီယိုကို အေအက်ဖ်ပီက ရိုက်ကူးတင် ဆက်ပေးထားတာဖြစ်ပါတယ်။
Source AFP
#Argentina_land_Buenos_Aires
#World_Cup_2022
#Lionel_Messi
#Local_News
Published_ 20 December 2022
ပြည်တွင်းနိုင်ငံတကာကျောင်း (International School)တွေမှာ တာဝန်ထမ်းဆောင်ကြတဲ့ နိုင်ငံခြားသားဆရာ၊ ဆရာမတွေအနေနဲ့ ပြည်တွင်းကျောင်းတွေမှာ ပညာလာသင်ပေးဖို့ ဗီဇာအခက်အခဲတွေရှိနေဆဲဖြစ်တယ်လို့ ပြည်တွင်းနိုင်ငံတကာကျောင်းများ အသင်းနာယကဦးနေအုပ်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#World_Event
Published 20 December 2022
စတုတ္ထအကြိမ်မြောက် ဟိုင်နန်ကျွန်းနိုင်ငံတကာရုပ်ရှင်ပွဲတော်ကို တရုတ်နိုင်ငံတောင်ဘက်စွန်းဟိုင်နန်ဒေသရှိ ဆန်ညာအပန်းဖြေကမ်းရိုးတန်းမြို့မှာ တနင်္ဂနွေနေ့က စတင်ကျင်းပခဲ့ပြီး အမြင်အာရုံချို့တဲ့သူများ ရုပ်ရှင်များကိုနားဆင်ခံစားနိုင်ရန်အတွက် အသံသရုပ်ဖော်ပြချက်ဖြင့် အထူးတင်ဆက်တဲ့ အထူးအစီအစဉ်လည်း ပါဝင်ခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 20 Published 2022
သက်ကြီးဘိုးဘွားဂေဟာတွေဆီ ခိုကိုးရာမဲ့ ဘိုးဘွားတွေ ပို့ဆောင်ဖို့အတွက် လာရောက်ဆက်သွယ်မှုတွေ များလာတယ်လို့ ဘိုးဘွားဂေဟာတချို့ဆီကနေ အခုလိုပဲ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 20 December 2022
နှစ်စဉ်နှစ်တိုင်း ခရစ္စမတ်နဲ့နှစ်သစ်ကူးကာလညပိုင်းအချိန်တွေမှာအပျော်လွန်သူအချို့ဟာ ယာဉ်အန္တရာယ်နဲ့ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့်ထိခိုက်ဒဏ်ရာရရှိတာတွေများ လေ့ရှိပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 20 December 2022
မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို ကျော်တက်ပြီး ထိုင်းနိုင်ငံက ပမာဏအများဆုံး နယ်စပ်ကုန်သွယ်မှုတွေ ပြုလုပ်ထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 20 December 2022
၁။ တရုတ်ထက် ထိုင်းနိုင်ငံနှင့် ပမာဏအများဆုံး နယ်စပ်ကုန်သွယ်မှု ပြုလုပ်ထား
၂။ ခရစ္စမတ်နှင့် နှစ်သစ်ကူးညများတွင် ထိခိုက်ဒဏ်ရာရသူများကို ကူညီပေးနိုင်ရန်အသင့်ပြင်ဆင်ထားဟုဆို
၃။ ဘိုးဘွားဂေဟာများထံ ခိုနားရာမဲ့ဘိုးဘွားများ ပို့ဆောင်ရန် ဆက်သွယ်လာမှုအများအပြားရှိနေ
၄။ အမြင်အာရုံချို့တဲ့သူများအတွက် အသံဖြင့်သရုပ်ဖော်ထားသောအစီအစဉ်ပါဝင်သည့် ရုပ်ရှင်ပွဲတော်စတုတ္ထအကြိမ်မြောက်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_20 December 2022
ကျောက်စိမ်း၊ ကျောက်မျက်ရတနာအပါအဝင် သတ္တုတွင်းထွက်ပစ္စည်းတွေ ပြည်ပတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၂၀၈ ဒသမ ၃၉ သန်းရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုစာရင်းဖော်ပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_20 December 2022
ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းများပြန်လည်ကျဆင်းလာပြီဖြစ်ကြောင်း ရောင်းသူ၊ ဝယ်သူများထံမှ သိရသည်။
ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ တစ်နှစ်ပတ်လုံး ဝယ်လိုအားများနေသည့်အတွက် ကြက်သွန်နီဈေးနှုန်းသည် ယမန်နှစ်ထက် ဈေးကပိုမြင့်နေကြောင်း၊ ယင်းအပြင် ကြက်သွန်အသစ်ပေါ်ချိန်ဖြစ်သော်လည်း ပြီးခဲ့သည့်တစ်ပါတ်အထိ ဈေးနှုန်းမှာ ၅၀၀၀ အထိစံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိဈေးကွက်ထဲတွင် ကြက်သွန်အကြီး တစ်ပိဿာ ၄၀၀၀ ကျပ်ဖြစ်ပြီး ကြက်သွန်အသေးတစ်ပိဿာ ၃၀၀၀ ကျပ်ရှိကြောင်း ရောင်းချသူထံမှသိရသည်။
ယင်းအပြင် ငရုတ်သီးကိုလည်း ထိုင်းနိုင်ငံနှင့် ဗီယက်နမ်မှဝယ်လိုအားများနေသည့်အတွက် တစ်ပိဿာ တစ်သောင်းဝန်းကျင်ခန့်အထိ ဆက်လက်မြင့်တက်နေကြောင်းသိရသည်။ နယ်မှ ရန်ကုန်(ဘုရင့်နောင်ကုန်စည်ဒိုင်)သို့ ကြက်သွန်ကားအစီးရေ နေ့စဉ် ၂၅ စီးဝန်းကျင်ဝင်ရောက်ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်ဟန်၏ ပြောပြချက်အရ သိရသည်။
ယင်းအပြင် တစ်ရက်လျှင် ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ(၂)သောင်း (၁)ပတ် အတွင်း စုစုပေါင်းပိဿာ(၁)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်နေပြီး မြို့ပေါ်မှာရှိ ကြက်သွန် ကုန်သည် သိုလှောင်ရုံများ၌ ကြက်သွန်နီပိဿာ ပျမ်းမျှ(၁)ပတ်အတွင်း ကုန်ချိန် (၃)သိန်းခွဲဝန်းကျင် ဝင်ရောက် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
အခြေခံစားသောက်ကုန်စည်များထဲမှ တစ်ခုဖြစ်သည့် စားအုန်းဆီဈေးနှုန်းသည် ဈေးကွက်အတွင်းဆက်တိုက်လာကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 20 December 2022
ရန်ကုန်မြို့၊ ဒဂုံတောင် အမှတ်(105)ရပ်ကွက်မင်းရဲကောင်းပုံလမ်းနှင့် ရေနံသာလမ်းဘေးရှိ ဈေးဆိုင်အလွတ်ခုံပေါ်တွင် လွန်ခဲ့သော ၂ရက်ခန့် နေ့လည် ၁နာရီဝန်းကျင်လောက်တွင် ဒေါင်ဆင်ဒရုန်း ရောဂါခံစားနေရသည့် ကလေးငယ်တစ်ဦးကို လာရောက်စွန့်ပစ်မှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေ ကလေးသူငယ်စောင့်ရှောက်ရေး အသင်းအဖွဲ့ထံမှ သိရသည်။
"အမတို့ဆီအကြောင်းကြားတော့ အုပ်ချုပ်ရေးမှူးရပ် တာဝန်ရှိတဲ့ စည်ပင်က လူကြီးတွေရယ်နဲ့ အမတို့ အဲ့နေရာရောက်သွားခဲ့ပါတယ်။ ကလေးလေးကို ရပ်ကွက်ကလူတွေပြောတာတော့ အမျိုးသမီးတစ်ဦးကချီလာတယ်လို့ ပြောတယ်။ ဘေးကနားဈေးဆိုင်လဲရှိတော့ ပထမက သတိမထားမိဘူး၊ နောက်တော့မှ ကလေးကတအားငိုတဲ့ အသံကြားမှ စွန့်ပစ်သွားမှန်းသိကြပြီး အမတို့ဆီဆက်သွယ်တာပါ။ အမတို့ရောက်တော့ ကလေးပုံစံက ဒေါင်းရောဂါသည်ပုံစံမျိုးနဲ့ဆင်တူနေတာကြောင့် သက်ဆိုင်ရာလူကြီးတွေနဲ့ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ လူကယ်ပြန်ဌာနကို အကြောင်းကြားထားပါတယ်။ ကလေးလေးကိုတော့ အခုအမတို့ 105 မှာပဲ စောင့်ရှောက်ထားပါတယ်။ လူကယ်ပြန်ဌာနဆီမရောက်ခင် မိဘနဲ့တွေ့လိုတွေ့ငြားဆိုပြီး အမတို့က ကလေးပုံနဲ့တကွ စွန့်ပစ်ခံရကြောင်း တင်ပေးထားပါတယ်" ဟု အလင်းတန်း ကလေး သူငယ်ကာကွယ်စောက်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူက YMG သို့ပြောခဲ့သည်။
ကလေးအား လူမှုရေးအသင်းအဖွဲ့အချို့ထံ ကူညီစောင့်ရှောက်ရန်အတွက် ဆက်သွယ်ထားရှိပြီး စွန့်ပစ်ခံရချိန်တွင် အဝတ်စားထုတ်လည်း ပါရှိကြောင်း သိရှိရသည်။
လက်ရှိတွင် ကလေးအား မိဘမှလာရောက်ခေါ်ယူချင်ပါက ခေါ်ယူ၍ရအောင် ရပ်ကွက်၌ တပတ်တိတိ စောင့်ရှောက်သွားမှာဖြစ်ကာ တပတ်ကျော်ပါက သက်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူများ၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်သွားမည်ဟုလည်း သိရှိရသည်။
#Ymg/NN
#Yangon_Media_Group
Page 1499 of 2052