#Local_News
Published_ 22 October 2022
ပုဂံဒေသမှာ ပြည်တွင်းခရီးသွားတွေကိုမှီပြီးတော့ လုပ်ကိုင်ကြတဲ့လုပ်ငန်းအချို့ ပြန်လည်လည်ပတ်လာပြီဖြစ်သော်လည်း ဒေသခံဧည့်လမ်းညွှန်လုပ်ငန်းတွေ၊ နိုင်ငံခြားသားခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေတော့ပြန်မစနိုင်သေးဘူးလို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 22 october 2022
မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်မှာ အခုရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ ထိတွေ့တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံကို စေလွှတ်ဖို့ သွားရောက်နေတဲ့ မြန်မာ MoU လုပ်သားတွေ ပိတ်မိနေတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
Published 22 Oct 2022
နေပြည်တော် Naypyitaw State Academy ကြီးကိုမကြာမီဖွင့်လှစ်ပေးတော့မည်ဖြစ်ပြီး နေပြည်တော်ကို ပညာရေးမြို့တော်ဖြစ်စေရေး ဝိုင်းဝန်းအားပေးဆောင်ရွက်ကြစေလိုတယ်လို့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
နစက ဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ ယနေ့ အောက်တိုဘာ ၂၂ရက်နေ့မှာ နေပြည်တော်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံရာမှာ ယခုလိုပြေကြားခဲ့ခြင်းဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

“Naypyitaw State Academy ကို ဝန်ထမ်းတွေရဲ့ သားသမီးတွေအပါအဝင် ကျောင်းသူကျောင်းသူတွေ တက်ရောက်နိုင်ဖို့ ဖွင့်လှစ်တာဖြစ်ပါတယ်။ နေပြည်တော်အတွင်းမှာ ပုဂ္ဂလိကပညာရေးကျောင်းတွေကိုလည်း ဖွင့်လှစ်ဖို့ ခွင့်ပြုပေးထားပြီး ပညာရေးမြို့တော်ဖြစ်စေရေး အားလုံးဝိုင်းဝန်းအားပေးဆောင်ရွက်ကြဖို့လိုပါတယ်” လို့ ဗိုလ်ချူပ်မှူးကြီးက ပြောပါတယ်။
ထို့အပြင် ကုန်သွယ်မှုလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအမံတွေရှိပြီးဖြစ်လို့ ထုတ်ကုန်ပစ္စည်းတွေ အရေအတွက် ပမာဏများများထုတ်လုပ်ကြဖို့ကိုလည်း နစက ဥက္ကဋ္ဌက တိုက်တွန်းခဲ့ပါတယ်။
တက်ရောက်လာတဲ့ လုပ်ငန်းရှင်တွေကလည်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် လိုအပ်ချက်တွေကို တင်ပြခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ လုပ်ငန်းရှင်တွေက MSME လုပ်ငန်းတွေအတွက် အသိပညာ၊အတတ်ပညာ၊နည်းပညာများနှင့် အရင်းအနှီးများရရှိရေး၊ဥပဒေအရ အကာအကွယ်ရရှိရေး ဆောင်ရွက်နေမှု အခြေအနေတွေ၊တန်ဖိုးမြှင့်ထုတ်ကုန်တွေဈေးကွက်ပို့ရာတွင် အခက်အခဲတွေဖြစ်ပေါ်နေမှု၊ ကုန်ကြမ်းဈေးနှုန်းတွေမြင့်တက်နေမှု၊ သယ်ယူပို့ဆောင်ရေးစရိတ်တွေမြင့်တက်နေ၍ ကုန်ထုတ်လုပ်ငန်းတွေမှာ အခက်အခဲတွေဖြစ်ပေါ်နေမှု၊ စက်ပစ္စည်းတွေကို အရစ်ကျဝယ်ယူလိုမှု၊ ချေးငွေပေးဆပ်ရမည့်ကာလ တိုးမြှင့်ပေးစေလိုမှု စတာတွေနှင့်ပတ်သက်ပြီး တင်ပြခဲ့ကြတာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ချေးငွေတွေကို ပြန်လည်ပေးဆပ်ရမည့်ကာလကို သတ်မှတ်ကာလတစ်ခုအထိ တိုးမြှင့်သတ်မှတ်ပေးသွား မယ်လို့ ဗိုလ်ချူပ်မှူးကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။အဲဒီအပြင် MSME လုပ်ငန်းတွေအတွက် ရင်းနှီးမြှပ်နှံငွေတွေကိုလည်း စည်းမျဉ်းစည်းကမ်းတွေနှင့်အညီ ထုတ်ချေးပေးသွားမှာဖြစ်ပြီး နိုင်ငံအတွင် ငွေကြေးလည်ပတ်မှုအားကောင်းဖို့လိုတဲ့အတွက် အားလုံးဝိုင်းကြိုးပမ်းပေးကြဖို့လည်း သူကတိုက်တွန်းခဲ့ပါတယ်။
နစက ဥက္ကဋ္ဌဟာ MSME လုပ်ငန်းရှင်တွေကို ဒေသအလိုက် တွေ့ဆုံဆွေးနွေးမှုတွေ ယခုရက်သတ္တပတ်များအတွင်း ပြုလုပ်လာခဲ့ရာ မကြာသေးမီက ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွေကို သွားရောက်ပြီး အလားတူတွေ့ဆုံပွဲတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ymg/knl
#Yangon_Media_Group
#MSME_Myanmar
#SG_Min_Aung_Hlaing


#World_Archaeology
Published 22 October 2022
၂၀၁၆ ခုနှစ်တုန်းက အီရတ်မြို့မိုဆူလ်ရှိ ရှေးဟောင်းအုတ်မြစ် မက်ရှ်ကီဂိတ်ဝကို IS အစွန်းရောက်သမားများက မြေလှန်ဖျက်ဆီးခဲ့ပြီး ဒါဟာ ယဉ်ကျေးမှုအမွေအနှစ်ကို ဖျက်ဆီးခြင်းရဲ့ လုပ်ငန်းတစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့ပါတယ်။
#Yangon_Media_Group
Published 22 Oct 2022
တရုတ် ကွန်မြူနစ်ပါတီရဲ့ အကြိမ်(၂၀)မြောက် အမျိုးသားကွန်ဂရက် ပိတ်ပွဲကို စနေနေ့က ကျင်းပပြုလုပ်ရာမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းကို ပြင်ဆင်မှုတစ်ခုနှင့်ပတ်သက်တဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်ခဲ့ကြပါတယ်။
ဘေဂျင်းမြို့တော် မဟာခန်းမဆောင်မှာကျင်းပတဲ့ အဲဒီအမျိုးသားကွန်ဂရက်ပိတ်ပွဲမှာ ရှီကျင့်ဖျင်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
ပိတ်ပွဲအတွင်း ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့အစီရင်ခံစာနှင့် ၁၉ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မရှင်ရဲ့ စည်းကမ်းထိန်းသိမ်းစစ်ဆေးရေးအစီရင်ခံစာတွေကိုလည်း အတည်ပြုခဲ့ကြပါတယ်။
ဗဟိုကော်မတီရဲ့ အစီရင်ခံစာဟာ အပိုင်း (၁၅)ပိုင်းပါဝင်ပြီး ခေတ်မီဆိုရှယ်လစ်တရုတ်နိုင်ငံကို တည်ထောင်ရာမှာ လာမယ့်ငါးနှစ်နှင့်နောက်ပိုင်းမှာအတွက် ကဏ္ဍစုံပါဝင်တဲ့ ပါတီရဲ့ အသေးစိတ်ပုံစံတစ်ခုဖြစ်တယ်လို့သိရပါတယ်။
ငါးနှစ်တစ်ကြိမ်ကျင်းပတဲ့ အဆိုပါ ပါတီကွန်ဂရက်ကို အောက်တိုဘာ ၁၆ရက်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ နှစ်၁၀၀ပြည့်ပွဲ ၂၀၂၁ခုနှစ်မှာကျင်းပအပြီး ပထမဆုံးအကြိမ်ကျင်းပတဲ့ ကွန်ဂရက်လည်း ဖြစ်ပါတယ်။
Source CCTV+
#20th_National_Congress
#Communist_Party_of_China
#Amendment_CPC_Constitution
#Health_Matters
Published - 22 Oct 2022
- ဆင်ရေယုံမဖြစ်အောင် ရှောင်ရှားနိုင်တဲ့ နည်းလမ်း
#Yangon_Media_Group
#Local_News
Published_22 October 2022
ပြည်တွင်းကို လာရောက်လည်ပတ်မယ့် ပြည်ပခရီးသွားဧည့်သည်တွေဟာ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှသာ ဝင်ရောက်လာနိုင်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 22 Oct 2022
- ဆင်ရေယုံဟာ ကြောက်စရာကောင်းပါသလား??
#Yangon_Media_Group
#DailyNews
Published _ 22 October 2022
၁။ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှသာ ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မည်ဟု မျှော်မှန်းထား
၂။ ထိုင်းနိုင်ငံသို့စေလွှတ်မည့် မြန်မာ MOU လုပ်သားများ ယခုချိန်ထိ ပိတ်မိနေဟုဆို
၃။ ပုဂံဒေသကို ပြည်ပခရီးသွားအချို့ဝင်ရောက်မှုရှိသော်လည်း ဒေသခံဧည့်လမ်းညွှန်လုပ်ငန်းများ ပြန်မလည်ပတ်နိုင်သေးဟုဆို
၄။ IS အကြမ်းဖက်များ ဖျက်ဆီးခဲ့သည့် အီရတ်သမိုင်းဝင်ဂိတ်တံခါး၌ ရှေးဟောင်းရုပ်ထုများတွေ့ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 22 Oct 2022
- ဆင်ရေယုံလို့ ဘာကြောင့်ခေါ်ကြတာလဲ။ ဘာဖြစ်လို့ ရောဂါတွေနှင့် တိရိစ္ဆာန်အမည်တွေ တွဲမှည့်တတ်ကြတာလဲ??
#Yangon_Media_Group
#Local_News
Published _22 October 2022
နိုင်ငံတကာငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်အရေးယူရေးအဖွဲ့(FATF) က ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် မြန်မာကို ကြေညာပြီးနောက် ပြည်ပတွင်ငွေစာရင်းဖွင့်ထားသူများ သတိထားရန် ပိုမိုလိုအပ်လာကြောင်း စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများက ဆိုကြသည်။
မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဒေါက်တာစိုးထွန်းက သူ့အနေဖြင့် နိုင်ငံတကာငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်အရေးယူရေးအဖွဲ့(FATF) က မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် ကြေညာပြီးနောက်စဉ်းစားစရာအချက်များစွာရှိကြောင်း၊ ယင်းတွင် Singapore အပါအဝင် ပြည်ပနိုင်ငံများတွင် ကုမ္ပဏီနှင့် ကိုယ်ပိုင် bank account ဖွင့်ထားသူများ၊ Digital currencies account ဖွင့်ထားသူများ ပိုမိုသတိထားရမည် ဖြစ်ကြောင်း ပြောသည်။
"ခိုင်လုံတဲ့ စာရွက်စာတမ်း ( invoice, BLs)မရှိဘဲငွေ transfer လုပ်လို့ရှိရင် bank account ပိတ်တာ ပိုဖြစ်လာမယ်။ အရင်ကလည်း အလုပ်လုပ်တဲ့ transaction များတဲ့ company တွေရဲ့ ဘဏ် account တွေပိတ်ခံထားရတာပါ။ အခုတော့ ပိုပိတ်ခံရပါမယ်။ TT လွှဲတဲ့ငွေ USD တွေကို ကြားခံဘဏ်(intermediate bank) ကနေ hold/ freeze လုပ်တာခံရနိုင်ပါတယ်။ ဟွန်ဒီသမားတွေလည်း သတိထားရပါမယ်။
တရားဝင်မဟုတ်တဲ့ အတွက် bank account ငွေလွှဲပြောင်းတဲ့အခါ AML နဲ့ ငြိတဲ့အတွက်ပါ။ USD နဲ့ တခြား currencies ငွေသား(cash) ကတော့ အရင်ကလည်း တရားဝင်လမ်းကြောင်းက ဝင်လာတာမဟုတ်တဲ့အတွက် အခုလည်းအရင်လိုပဲ တရားမဝင်လမ်းကြောင်းက ဆက်ဝင်ရောက်မှာပဲ ဖြစ်ပါတယ်။ Export အတွက်ကတော့ EU ကို Payment with DP နဲ့ ရောင်းသူတွေသတိထားရတော့မှာပါ။ ငွေပြန်မဝင်လာ နိုင်တဲ့အတွက်ပါ။ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ နှမ်းကတော့ တရုတ်၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကို CNY, THB နဲ့ဆက်သွားမှာပါ။ လောလောဆယ်လည်း ဘင်္ဂလားဒေ့ရှ်ကို တန် ၂ သိန်း( USD သန်း၉၀၀ ကျော်)ဆန်ရောင်းရာမှာ payment with CNY ကိုသုံးထားတာတွေ့ရပါတယ်။ ပဲအမျိူးမျိုးကတော့ အိန္ဒိယကို အဓိကတင်ပို့ပြီး တရုတ်ကိုလည်းတင်ပို့နေပါတယ်။
payment ကတော့ USD currency ကိုသုံးနေပါတယ်။
အထည်ချုပ်နဲ့ အခြား sector တွေကတော့ USD ကိုသုံးနေပါတယ်။ ဓါတ်ဆီ၊ ဒီဇယ်ကတော့ Petrol China Company ကနေဝယ်နေပါတယ်။ payment ကို တစ်ဝက်တပျက် CNY နဲ့ပေးချေနေပြီဖြစ်တဲ့အတွက် အခုဆိုရင်တော့ ၁၀၀ ရာခိုင်နှုန်း CNY နဲ့ပေး မယ်လို့ထင်ပါတယ်။စားအုံးဆီကတော့ USD နဲ့ပေးချေတဲ့အတွက် ဆက်ပေးလို့ရမရတော့မသိပါ။ တခြား currrency ပြောင်းသုံးနိုင်ပါတယ်။ ဆေးအမျိုးမျိုးကတော့ ပင်လယ်ရေကြောင်းအပြင် ထိုင်း transit နဲ့ ကုန်းလမ်းကနေလည်း ဝင်ရောက်တဲ့အတွက် payment ကို USD နှင့် THB သုံးလို့ရနိုင်ပါတယ်။Import တခြား item တွေကတော့ Thai transit နဲ့ဝင်ရောက်နေကြတာဖြစ်ပါတယ်။ Payment တွေကို Singapore က payment တွေကို တင်းကြပ်မယ်ဆို ထိုင်းမှာ COMPANY ထောင်ပြီး ထိုင်းဘဏ်တွေကို ပိုသုံးလာနိုင်ပါတယ်။ အရင်က နဝတ ခေတ်မှာ မြန်မာ့ငွေတွေက Singapore ဘဏ်မှာရှိနေပြီး Singapore အမြတ်ထွက်သလို အခု ထိုင်းဘဏ်တွေ အမြတ်ထွက်လာနိုင်ပါတယ်။ INGO တွေအနေနဲ့ကတော့ ပြည်ပကနေငွေဝင်လို့ရနေမှာပါ။ FATF က ပြောတာကတော့ Humatarian နဲ့ Legitimate အတွက် ငွေလွှဲပြောင်းမှုကိုမကန့်သတ်ဘူးလို့ဆိုပါတယ်။ Foreign Investment တွေကတော့ ဆက်သွားဖို့ ပိုခက်လာပါမယ်။ အထူးသဖြင့် အနောက်နိုင်ငံကကုမ္ပဏီတွေ Branded Company တွေကတော့ Black List နိုင်ငံမှာအလုပ် လုပ်တာဟာ ငွေကြေးခဝါမှုပါ ပါဝင်သလိုဖြစ်မှာ စိုးလို့ ပြန်လည်ထွက်ခွာရမှာဖြစ်ပါတယ်။ Export လုပ်ဖို့ခက်သလို Import လုပ်ဖို့ကလည်း ပိုပြီးခက်လာမှာပါ။ Counter measure လုပ်တဲ့အခါကျမှပါ။ အချိန်လိုသေးပါတယ်။ အဲလိုဆိုရင်တော့ China, Thailand and India နဲ့ပိုပြီးလုပ်လာရမှာပါ။အရေးအကြီးဆုံးအနေနဲ့သိထားရမှာကတော့ မြန်မာနိုင်ငံအနေနဲ့တော့ ဒီလိုအလားတူစာရင်းမှာ ၂၀၁၁ ခုနှစ်၊ ဇွန်လကနေ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အလားတူနေခဲ့ဘူးတဲ့အတွေ့အကြုံရှိပါတယ်။ လက်ရှိအနေအထားရတော့ အလေးထားစိစစ်တာကို တိုးမြှင့်လုပ်ဆောင်တာ ( Enhance Due Diligence-EDD) အဆင့် မှာပဲ ရှိတဲ့အတွက် ငွေရေးကြေးရေး လွှပြောင်း ဆောင်ရွက်မှုတွေမှာ မေးခွန်းတွေပိုအမေးခံရတာ၊ အထောက်အထားအချက်အလက်တွေ ပေးရတာထက်မပိုပါဘူး၊ ကျန်ရှိတဲ့ အကောင်အထည်ဖော်ဆောင်ရွက်မယ့်အစီအမံ (Action Plan) ၁၁ ချက်ကို တိုးတက်မှု မပြနိုင်ခဲ့ရင်တော့ မြောက်ကိုရီးယား၊ အီရန်မှာရှိတဲ့ တိုးမြင့် အရေးယူဆောင်ရွက်တဲ့ ( Counter Measure) စာရင်းထဲ ရောက်သွားမယ်ဆိုမှသာ စီးပွားဆက်ဆံဆောင်ရွက်မှုတွေမှာ အခက်အခဲဖြစ်သွားနိုင်ပါတယ်"ဟု ဒေါက်တာစိုးထွန်းက ပြောသည်။
#Yangon_Media_Group
#Local_News
Published_22 October 2022
ယနေ့ (အောက်တိုဘာ ၂၂ ရက်) တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးသည် အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သား လျှင် သိန်း ၂၀ အောက်ပြန်လည်ကျဆင်းလာကြောင်း ထုတ်ပြန်ထားသည့်ဈေးနှုန်းအရ သိရသည်။
ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းအနေဖြင့် နေ့စဉ် ရည်ညွှန်းရွှေဈေးနှုန်းတွေကို ထုတ်ပြန်လေ့ရှိသော်လည်း ယခင်ထုတ်ပြန်နေကျ ဈေးနှုန်းတွေသည် ဈေးကွက်ပေါက်ဈေးနှင့် အလွန်အမင်းကွာဟလေ့ရှိပြီး အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းအရ ဈေးကွက်ပေါက်ဈေးနှင့် ပိုမို နီးစပ်လာခြင်းဖြစ်ကြောင်း သိရသည်။
ကမ္ဘာလုံးဆိုင်ရာငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ (FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းလိုက်ခြင်းကြောင့် လက်ရှိဈေးကွက်ထဲတွင် ရွှေဈေးနှင့် ဒေါ်လာဈေး မြင့်တက်ဖွယ်ရှိသော်လည်း ရည်ညွှန်းဈေးနှုန်းမှာ ကျဆင်းသွားခြင်းဖြစ်သည်။
ယနေ့အကယ်ဒမီမီးလင်းရွှေအဖွင့်ဈေးနှုန်းမှာ ၁,၉၅၂,၀၀၀ ဖြစ်ပြီး အဆိုပါဈေးနှုန်းသည် ကြမ်းခင်းဈေးသာ သတ်မှတ်ပေးထားခြင်းဖြစ်ပြီး ကြိုက်ရောင်းကြိုက်ဝယ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်ခွင့်ပေးထားကြောင်း သိရသည်။
#Ymg/STH
#Yangon_Media_Group
Page 1495 of 1948