#LocalNews
Published_ 12 January 2023
လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးမှု မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြင်းနီကျေးရွာအနီးတွင် ဇန်နဝါရီလ ၁၁ ရက် က ဖြစ်ပွားခဲ့သည်။
နွားထိုးကြီးမြို့ နယ်၊ မြင်းနီကျေးရွာနေ ဦးဆန်းဝေ နှင့် အသက် ၁၁ နှစ်အရွယ် မောင်ကံကောင်းတို့ ၂ ဦး မှာ အဆိုပါကျေးရွာ၏ အနောက်ဘက်၌ နွားကျောင်းနေစဉ်လက်နက်ကိုင်တစ်ဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲ၍ အထက်ပါအတိုင်းသေဆုံးခဲ့ကာ ဦးဆန်းဝေတွင်လည်း မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း နစက ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကြောင့် အဆိုပါနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး ဦးဆန်းဝေနှင့် မောင်ကံကောင်းတို့အား နွားထိုးကြီးမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 12 January 2023
ရွှေဈေးကစားသူတွေကို စုံစမ်းပြီးတော့ လိုင်စင်ပိတ်တဲ့ထိ အရေးယူဖို့ သက်ဆိုင်ရာက လုပ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Yangon_Media_Group
#World_Politics
Published 12 January 2023
အီရန်နိုင်ငံက ယင်းတို့ရဲ့အကျိုးစီးပွားထိခိုက်ခြင်းမရှိဘဲ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့ နျူကလီးယားသဘောတူညီချက်ကိစ္စအပြီးသတ်ရန် အဆင်သင့်ဖြစ်နေပြီး အမေရိကန်ကိုတော့ စေ့စပ်ညှိနှိုင်းခြင်းအတွက် အကန့်အသတ်မရှိဖွင့်ထားမှာမဟုတ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ 'နက်ဆာကာနာနီ'က တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 12 January 2023
ငွေစာရင်းဖွင့်လှစ်ထားခြင်းမရှိသော စက်ရုံများ ငွေကြေးလည်ပတ်သုံးစွဲရာတွင် ဘဏ်စနစ် အသုံးပြုရမည်ဖြစ်ပြီး နိုင်ငံခြားငွေဝင်ရောက်ခြင်းမရှိသော စက်ရုံများသည် ပြည်ပမှအသုံးစရိတ်များ လွှဲပြောင်းသုံးစွဲရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမှာဖြစ်ကြောင်း သိရပါတယ်။
CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီမှ လုပ်ငန်းများငွေကြေးဆိုင်ရာအဆင်ပြေ ချောမွေ့စွာ လည်ပတ်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ အလုပ်သမား ဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။
အဆိုပါအစည်းအဝေးမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ အတွင်းရေးမှူး၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ CMP အထည် ချုပ်လုပ်ငန်းရှင်များ၊ CMP Other လုပ်ငန်းရှင်များ၊ ကော်မတီဝင်များ တက်ရောက်ကြပါတယ်။
မြန်မာနိုင်ငံတွင် CMP စက်ရုံ၊ အလုပ်ရုံပေါင်း ၇၃၈ ရုံ ရှိသည့်အနက် နိုင်ငံခြားငွေ ဝင်ရောက်မှုများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ ငွေစာရင်းဖွင့်လှစ် ထားရှိသည့် စက်ရုံများတွင် နိုင်ငံခြားငွေဝင်ရောက်သည့် စက်ရုံ ၃၆၂ ရုံရှိကာ နိုင်ငံခြားငွေ ဝင်ရောက် ခြင်းမရှိသည့် စက်ရုံ ၂၈၄ ရုံ တွေ့ရှိခဲ့ရပြီး ငွေစာရင်း ဖွင့်လှစ်ထားခြင်းမရှိသည့် စက်ရုံ ၉၂ ရုံ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဘဏ္ဍာရေးလုပ်ငန်းစဉ်များတွင် နိုင်ငံခြားဝင်ငွေစီးဆင်းမှုသည်လည်း နိုင်ငံတော် စီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသောကဏ္ဍမှ ပါဝင်ပါတယ်။
ygm_mnn
#Yangon_Media_Group.
#Local_News
Published_12 January 2023
ဂျပန်အပါအဝင် ပြည်ပ ၆ နိုင်ငံကို မြန်မာ့ပျားရည်တင်ပို့နေတယ်လို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 12 January 2023
တရုတ်ရိုးရာခြင်္သေ့နဲ့နဂါးအကအဖွဲ့အချို့ ရေရှည်ရပ်တည်ဖို့ခက်ခဲနေသလို အဖွဲ့ဝင်အသင်းသားတွေလည်း တဖြည်းဖြည်းလျော့နည်းလာတယ်လို ပုလဲနက်ခြင်္သေ့အဖွဲ့ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_12 January 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ကိုးလတာကာလအတွင်းမှာ ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၆ ဘီလီယံရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 12 January 2023
၁။ ကိုးလတာကာလအတွင်း စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ပိုမိုရရှိခဲ့
၂။ တရုတ်ခြင်္သေ့နှင့် နဂါးအကအဖွဲ့အချို့ ရေရှည်ရပ်တည်ရန်ခက်ခဲလာ၊ Event ပွဲများသာ လက်ခံကပြနေရ
၃။ ဂျပန်အပါအဝင် ပြည်ပ ၆ နိုင်ငံကို မြန်မာ့ပျားရည်တင်ပို့နေ
၄။ အီရန်၏အကျိုးစီးပွားမထိခိုက်စေဘဲ နျူကလီးယားသဘောတူညီချက်များ ပြန်လည်ညှိနှိုင်းမည်ဖြစ်သော်ငြား အမေရိကန်ကိုတော့ပါဝင်ခွင့်မပေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_12 January 2023
မြို့တွင်းပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေဟာ CNG Gas မရရှိတာကြောင့် ယာဉ်အစီးရေကိုလုံလောက်စွာ မထွက်ရှိနိုင်ဘူးလို့ ယာဉ်လိုင်းပိုင်ရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 12 January 2023
သင်္ဘောသားနိုင်ငံကူး လက်မှတ်လျှောက်ထားရာတွင် ပုံမှန်လျှောက်ထားခြင်းမျိုးမဟုတ်ဘဲ (MSF)အဖွဲ့ချုပ် အနေဖြင့် သီးသန့်ဦးစားပေးလျှောက်ပေးခြင်းလုပ်ငန်းစဉ်ကို လုပ်ကိုင်ပေးခြင်းမရှိတော့ကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားများ အလုပ်သမားများအဖွဲ့ချုပ်(MSF)၏ ထုတ်ပြန်ချက်အရ သိရသည်၊၊
ယင်းကဲ့သို့ သင်္ဘောသားနိုင်ငံကူးလက်မှတ်(Seaman Passport) သီးသန့်ဦးစားပေးလျှောက်ထားခြင်း လုပ်ငန်းစဉ်အား MSF အဖွဲ့ချုပ်အနေဖြင့် အကောင်အထည်ဖော်ရမည်ဆိုပါက သင်္ဘောသားတစ်ဦးလျှင် ဝန်ဆောင်ခ ကျပ် (၁၀,၀၀၀) ကောက်ခံမည်ဖြစ်ကြောင်းလည်းတရားဝင်အသိပေးထားကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်၊၊
ထုတ်ပြန်ချက်တွင် (MSF)အဖွဲ့ချုပ်အနေဖြင့် ညီနောင်သင်္ဘောသားများ (Seaman Passport) လျှောက်ထားရာတွင် အချိန်ကြာခက်ခဲသည်ဟု သိရှိရပါသောကြောင့် အဆိုပါအချက်အားပြေလည်စေရန်အတွက် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့သို့ ချဉ်းကပ်၍ သင်္ဘောသားနိုင်ငံကူးလက်မှတ် (Seaman Passport) လျှောက်ထားခြင်းအား သီးသန့်ဦးစားပေးအခွင့်အရေးအဖြစ်ရခဲ့သည်ဟု ဆိုသည်၊၊
ထို့နောက်ပိုင်း မကြာမီကာလတွင် အခြားအလားတူသီးသန့်ဦးစားပေးအခွင့်အရေးရသည့် အဖွဲ့အစည်းများ၏ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း မူမမှန်လုပ်ကိုင်မှုကြောင့် ယခုအခါတွင် Passport လျှောက်ထားခြင်းအား သက်ဆိုင်ရာဝန်ကြီးဌာနမှ တစ်ဆင့်လျှောက်ထားရမည်ဟု မူဝါဒချမှတ်ထားပြီး (Seaman Passport) လျှောက်ထားခြင်းအား DMA မှ တစ်ဆင့်လျှောက်ထားရမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်ဟု ဆိုသည်၊၊
SRPS များ သင်္ဘောသားများအနေဖြင့် အဆိုပါ (Seaman Passport) လျှောက်ထားခြင်းလုပ်ငန်းစဉ်အား MSF အဖွဲ့ချုပ်အနေဖြင့် လုပ်ကိုင်ပေးခြင်း မရှိတော့ပါကြောင်း တတိယအကြိမ်မြောက် ထပ်လောင်းအသိပေးအပ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်၊၊
(Seaman Passport) သီးသန့်ဦးစားပေးလျှောက်ထားခြင်း လုပ်ငန်းစဉ်အား MSF အဖွဲ့ချုပ်အနေဖြင့် အကောင်အထည်ဖော်ရမည်ဆိုပါက သင်္ဘောသားတစ်ဦးလျှင် ဝန်ဆောင်ခ ကျပ် (၁၀,၀၀၀) ကောက်ခံမည်ဟု SD/DMA နှင့် MSESF (SRPS ကိုယ်စားပြုအဖွဲ့အစည်း) တွေ့ဆုံစဉ်က တရားဝင်ကြေညာထားပြီးဖြစ်ကြောင်းကိုလည်း ထပ်လောင်းအသိပေးအပ်ကြောင်း လည်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 12 January 2023
ထောက်ကြံ့လမ်းဆုံတွင် တို့ဆေးမိထားသည့် ပုံစံပေါက်နေသည့် ဆိပ်ကြီးခနောင်တိုမြို့နယ်နေ အဘတစ်ဦး ထောက်ကြန့်လမ်းဆုံသို့ရောက်နေကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်၊၊
အဆိုပါ အဘသည် အသက်(၆၀)ကျော်အရွယ်ရှိပြီး အမည်ဦးလှိုင်မြင့်၊အဘအမည်ဦးမောင်ကြည်၊ ဇနီး ဒေါ်တင်နွယ်အေး၊ နေရပ် ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိုသည်ကလွဲ၍ ဘာမှမေးမြန်း၍မရသေးကြောင်း စတင်တွေ့ရှိသူများထံမှ သိရသည်၊၊
အဆိုပါ အဘထံတွင်ဖုန်းနှစ်လုံးနှင့် အိတ်ပါခဲ့သည်ဟုဆိုသော်လည်း လက်ရှိတွင် အဝတ်တစ်ထည် ကိုယ်တစ်ခုသာရှိတော့သည်ဟု ဆိုသည်၊၊
လတ်တလောတွင် ထောက်ကြန့်လမ်းဆုံ ကားဂိတ်အနီးတွင်အဘအား အနီးအနားဝန်းကျင်မှ စောင့်ရှောက်ပေးလျက်ရှိပြီး အသိမိတ်ဆွေများဖုန်း 09-966285480 နှင့် ပုလဲအရန်မီးသတ်တပ်ဖွဲ့သို့ ဆက်သွယ်ပေးစေလိုကြောင်း စတင်တွေ့ရှိသူများက YMGကို ပြောပြသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_12 January 2023
မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများထဲမှ သတ်မှတ်စည်းကမ်းချက်တွေကို ဖောက်ဖျက်ခဲ့သည့် ယာဉ်အစီးရေ ၅၈၀ ကျော်ကို အရေးယူဆောင်ရွက်ထားကြောင်း ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်ကော်မတီ YRTC မှ သိရသည်။
အဆိုပါ သတ်မှတ်စည်းကမ်းချိုးဖောက်ခဲ့သည့် ယာဉ်စီးရေ ၅၈၀ ကျော်ကို CNG ဖြည့်သွင်းခွင့်ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။ YRTC အနေဖြင့် တယ်လီမတ်တစ်စနစ် တပ်ဆင်ထားသည့် ကိရိယာတွေနှင့် CCTV တွေကို အသုံးပြု၍ စောင့်ကြည့်ခဲ့ရာမှ ယခုလို အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ အရှိန်နှုန်းစောင့်ကြည့်သည့် တယ်လီမတ်တစ်စနစ်ဖြင့် YBS ယာဉ်ပေါင်း ၃၅၀၀ ကျော်ကို စောင့်ကြည့်ကြပ်မတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ တယ်လီမက်တစ်စနစ်ကို ယာဉ်အစီးရေ ၃၈၈၅ စီးတပ်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်းနေ့စဉ်ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်း၊ ယာဉ်အစီးရေ ၃၂၅၀ ပုံမှန်ပြေးဆွဲပေးနေပြီး ခရီးသည် ၁ ဒသမ ၄ သန်းဝန်းကျင်ကို ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
Page 1503 of 2093