#DailyNews
Published _ 17 October 2022
၁။ ရန်ကုန်-မော်လမြိုင်ရထား လေအိတ်တွဲဆိုင်းသစ်ဖြင့် စတင်ပြေးဆွဲနေ
၂။ အခြေခံစားသောက်ကုန်စည်ဈေးနှုန်း အတက်အကျပုံမှန် မရှိဟုဆို
၃။ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် နှစ်သိန်းခွဲတင်ပို့မည့် သင်္ဘောယခုတစ်ပတ်အတွင်း စတင်ထွက်ခွာမည်
၄။ ဆောင်းရာသီလျှပ်စစ်ဓာတ်အားပြတ်တောက်မှာ စိုးရိမ်စရာမလိုသည့် ဆွစ်ဇာလန်တောင်ကြားက ရွာကလေးတွေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 15 Oct 2022
- ကာလဝမ်းရောဂါဟာ ကမ္ဘာကြီးမှာ တစ်ကျော့ပြန် ခေါင်းထောင်ထလာနေတာ ဘာဖြစ်လို့လဲ??
#Yangon_Media_Group
#Local_News
Published_ 17 October 2022
ရန်ကုန်တိုင်းထဲက နွမ်းပါးတဲ့စာသင်ကျောင်းတွေကို ရွေးချယ်ပြီး ကျန်းမာရေးအသိပညာပေးတာ၊ သွားရောဂါအခမဲ့ ကုသပေးတာတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_17 October 2022
ဒီဘဏ္ဍာနှစ်ရဲ့ခြောက်လကျော်ကာလအတွင်းမှာ ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၃ ဘီလီယံရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_17 October 2022
ပြည်တွင်းပုဂ္ဂလိကဘဏ်များအနေဖြင့် အကြမ်းဖက်မှု၊ ငွေကြေးခဝါချမှုတွေနှင့်ဆက်စပ်သည့် သံသယဖြစ်ဖွယ် ငွေစာရင်းများကို ပိတ်သိမ်းလျက်ရှိကြောင်း မြန်မာနိုင်ငံဘဏ်များအသင်းက ထုတ်ပြန်ကြေညာထားသည်။
မြန်မာနိုင်ငံ ဘဏ်များအသင်းဝင်ဘဏ်များအနေဖြင့် ဗဟိုဘဏ်မှတစ်ဆင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးက တောင်းခံလာသည့် ငွေကြေးခဝါချမှု/ အကြမ်းဖက်မှုများကို ထောက်ပံ့ကြောင်း
သံသယဖြစ်ဖွယ် ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ရကြောင်း ဖော်ပြထားသည်။
အဆိုပါ သတင်းပေးပို့ချက်များနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် ငွေစာရင်းတွေကို ယာယီငွေသွင်း/ငွေထုတ် တားမြစ်ခြင်း၊ အပြီးတိုင်ငွေစာရင်းပိတ်သိမ်းခြင်းစသည်တို့ကို တိကျစွာ လိုက်နာဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ဘဏ်များအသင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် တရားရုံးဆုံးဖြတ်ချက်အရ နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရေး ညွှန်ကြားချက်များအတိုင်း စာရင်းများပိတ်သိမ်းဆည်းကာ နိုင်ငံတော်ကို အပ်နှံခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 17 October 2022
ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများ စေလွှတ်ရေး လုပ်ငန်းစဉ်အရ အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမားအမျိုးသား (၁၄၈)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားပါတယ်။
အဆိုပါ မြန်မာအလုပ်သမားများအား ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း)လိုင်စင်ရ အေဂျင်စီဖြစ်သည့် Lovely World Services Co,Ltd မှ ထိုင်းနိုင်ငံရှိ Sino –Thai Engine- ering & Construction Public Co,Ltd သို့ အမျိုးသားအလုပ်သမား(၁၀၀)ဦး နှင့် Champace Co,Ltd သို့ အမျိုးသားအလုပ်သမား(၄၈)ဦး စုစုပေါင်းအလုပ်သမား(၁၄၈)ဦးကို (၂)နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် တာဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။
အလုပ်သမားများကို ရန်ကုန်မြို့မှတဆင့် ကော့သောင်းမြို့သို့လေကြောင်းခရီးစဉ်ဖြင့်ခေါ်ယူခဲ့ပြီး ကော့သောင်းအပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်မှတဆင့် ရေလမ်းခရီးဖြင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးတာ ဖြစ်ပါတယ်။
သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအား ကော့သောင်းခရိုင်မှ တာဝန်ရှိအဖွဲ့အစည်းများက လိုအပ်တဲ့ စစ်ဆေးမှုများဆောင်ရွက်ပေးခဲ့ကြပြီး အလုပ်အကိုင်ကုမ္ပဏီတာဝန်ရှိသူများက ထိုင်းနိုင်ငံ ရှိ အလုပ်လုပ်ကိုင်မည့်ကုမ္ပဏီသို့စနစ်တကျ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရပါတယ်။

#ymg_mnn
#Yangon_Media_Group
#Local_News
Published_17 October 2022
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းအနေဖြင့် ၎င်းတို့အသင်းနှင့်ပတ်သက်ပြီး ထိခိုက်ပြောဆိုရေးသားမှုတွေကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ယနေ့တွင် အသိပေးထုတ်ပြန်ကြေညာခဲ့သည်။
လူမှုကွန်ရက်တွင် “ အခေါက်ရွှေ ရောင်းသူဝယ်သူ တိုက်ရိုက်” ဖေ့ဘုတ်ပေ့ချ်သည် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်းအသင်း (YGEA) နှင့် ပတ်သက်သည့် သတင်းအမှားတွေကို ရေးသားဖော်ပြနေကြောင်း ကြေညာချက်တွင် ရေးသားထားသည်။
ယင်းအပြင် မဟုတ်မမှန်ဖော်ပြရေးသားမှုမျိုးကို ထပ်မံမပြုလုပ်ရန်နှင့် အသင်းကို ထိခိုက်စေသည့် မည်သည့်ရေးသားမှုမျိုးကိုမဆို တည်ဆဲဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။
လက်ရှိတွင်လည်း ဗဟိုဘဏ်မှ တရားဝင်နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြားငွေရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းဆောင်ရွက်သူများကို အရေးယူမှုများစတင်ပြုလုပ်နေပြီဖြစ်ကြောင်း ထုတ်ပြန်ကြေထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _17 October 2022
ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော ရဟတ်ယာဉ်အမှု ၅ ခုလုံးကို စွဲချက် တင်သင့်မတင်သင့် မနက်ဖြန် အောက်တိုဘာလ ၁၈ ရက်တွင် အမိန့်ချမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
ယနေ့အောက်တိုဘာလ ၁၇ ရက်က နေပြည်တော်အကျဉ်းထောင်အထူးတရားရုံး၌ မျက်မြင်သက်သေနှစ်ဦးအား ဆက်လက်စစ်ဆေးခဲ့ပြီး အပြီးသတ် လျှောက်လဲချက်များ ပေးခဲ့ကြရကြောင်းလည်း သိရသည်။
"ဒီနေ့ ရှာဖွေသက်သေ နှစ်ယောက်ဖြစ်တဲ့ ရာအိမ်မှူးတွေကို စစ်ဆေးတယ်။ စွဲချက်တင်သင့် မတင်သင့် လျှောက်လဲချက် ပေးခဲ့တယ်။ ၅ မှုလုံးအတွက်၊ စွဲချက်မတင်သင့်ဘူးဆိုတာတွေကို ပြောခဲ့တာပေါ့။မနက်ဖြန်ကျရင် စွဲချက်တင်သင့် မတင်သင့်ကို အမိန့်ချမယ်"ဟု အဆိုပါ နီးစပ်သူက ပြောသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူရင်ဆိုင်နေရသော အမှုများထဲမှ တရားရုံးကစစ်ဆေးအမိန့်ချပြီးသည့် အမှုများအတွက် စုစုပေါင်းထောင်ဒဏ်နှစ်ထောင်ဒဏ်၂၆ နှစ်ချမှတ်ခံထားရပြီး ဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 17 october 2022
စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ အောက်တိုဘာ ၁၇ရက်မှ ၂၄ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးအဖြစ် စားအုန်းဆီ တစ်ပိဿာလျင် ကျပ် ၃၉၆၀ သတ်မှတ်ထားရှိကြောင်း သိရသည်။
ပြီးခဲ့သည့် အပတ်တွင် တစ်ပိဿာလျင် ကျပ် ၃၈၈၀ ရှိသည့်အတွက် ယခုအပတ်နှင့်နှိုင်းယှဉ်လျင် ကျပ် ၈၀ နီးပါးဈေးပြန်တက်သွားခဲ့တာပါ။
စားအုန်းဆီလက်ကားရည်ညွှန်းဈေးနှုန်းတွေကို အဓိကတင်ပို့နေသည့် နိုင်ငံများရဲ့ ဈေးနှုန်းများ၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များနှင့် အခွန်အခများပါ ထည့်သွင်းတွက်ချက်ပြီး ထုတ်ပြန်ကြောင်း သိရှိရသည်။
ပြည်တွင်းဈေးကွက်ထဲ၌ စားအုန်းဆီကို ဈေးကစားရန် ရည်ရွယ်ချက်များဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများကိုလည်း အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
#ymg/NN
#Yangon_Media_Group
#World_Politics
Published 17 October 2022
ဗြိတိန်လွှတ်တော်အမတ်တွေက ယခုတစ်ပတ်အတွင်း ဝန်ကြီးချုပ်'လစ်ဇ်ထရပ်စ်'ကို ရာထူးမှဖြုတ်ချဖို့ ကြိုးစားသွားမှာဖြစ်ပြီး ဒေါင်းနင်းလမ်းဝန်ကြီးချုပ်ရုံးကတော့ ဒီလိုလုပ်ရပ်က အထွေထွေရွေးကောက်ပွဲ ပြုလုပ်လာရနိုင်တယ်လို့ သတိပေးခဲ့ကြောင်း ဒေးလီးမေးလ်က ဖော်ပြခဲ့ပါတယ်။
အာဏာရကွန်ဆာဗေးတစ်ပါတီမှာ ပါဝင်တဲ့ ပါလီမန်အဖွဲ့ဝင်တစ်ရာကျော်ဟာ 'ထရပ်စ်'အပေါ် အယုံအကြည်မရှိတဲ့ စာစောင်များကို ကွန်ဆာဗေးတစ်ပါတီကော်မတီအကြီးအကဲဖြစ်တဲ့ 'ဂရေဟမ်ဘရက်ဒီ'ထံသို့ ပေးပို့ရန် အသင့်ရှိနေကြောင်း သတင်းမှာဖော်ပြထားပါတယ်။
ဗြိတိန်ဟာ နိုင်ငံရေးအကျပ်အတည်းကြုံနေရကာ ၂၀၁၆ ခုနှစ်မှာ ဥရောပသမဂ္ဂကနေ နှုတ်ထွက်ဖို့ မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း ဝန်ကြီးချုပ် ၃ ဦး အပြောင်းအလဲဖြစ်ခဲ့ပါတယ်။
'ထရပ်စ်'က ရာထူးနှုတ်ထွက်ချိန်တန်ပြီဆိုတာကို 'ဘရက်ဒီ'အနေနဲ့ အသိပေးပြောကြားပေးရန်နဲ့ နိုင်ငံရေးပါတီအုပ်ချုပ်ပုံများကို ပြောင်းလဲရန် ပါလီမန်အမတ်တွေက တိုက်တွန်းသွားမှာဖြစ်ပါတယ်။
'ဂရေဟမ်'ကတော့ ဒီလုပ်ရပ်တွေကို လက်မခံချင်ဘဲ 'ထရပ်စ်'နဲ့အတူ အသစ်ခန့်အပ်ထားတဲ့ နိုင်ငံ့အဓိပတိ'ဂျယ်ရမီဟန့်'တို့ဟာ အောက်တိုဘာ ၃၁ ရက်နေ့ ဘတ်ဂျက်ဖြင့် စီးပွားရေးဗျူဟာချမှတ်ရန် အခွင့်ရထိုက်တယ်လို့ ပြောဆိုခဲ့ကြောင်း သတင်းဖော်ပြထားပါတယ်။
အချို့လွှတ်တော်အမတ်တွေက 'ထရပ်စ်'နေရာမှာ ခေါင်းဆောင်အသစ်တစ်ဦးနဲ့ အစားထိုးရန် လျှို့ဝှက်ဆွေးနွေးခဲ့ကြတယ်လို့ The Times က ဖော်ပြခဲ့ပါတယ်။
အခွန်လျှော့ပေါ့ပေးမယ်လို့ ကတိပြုခဲ့ပြီးနောက် ပြီးခဲ့တဲ့လက ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်ရွေးပွဲမှာ အနိုင်ရခဲ့တဲ့'ထရပ်စ်'ဟာ နိုင်ငံရေးလောက၌ ဆက်လက်ရပ်တည်နိုင်ရန် ကြိုးစားနေရပါတယ်။
ပြည်သူ့ထင်မြင်ချက်ထောက်ခံမှုတွေမှာ အတိုက်အခံ လေဘာပါတီနောက်ကျန်ခဲ့တဲ့အတွက် ကွန်ဆာဗေးတစ်ပါတီအတွင်း မကျေမနပ်မှုများ ထွက်ပေါ်လာတာဖြစ်ပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Innovation
Published 17 October 2022
စကြဝဠာကြီးရဲ့ အကျယ်ပြန့်ဆုံးပုံရိပ်တွေကို ရိုက်ကူးနိုင်မယ့် ကမ္ဘာ့အကြီးမားဆုံးဒီဂျစ်တယ်ကင်မရာကို သိပ္ပံပညာရှင်များ ဖော်ထုတ်ခဲ့ကြပါတယ်။
ထိုကင်မရာဟာ ၃.၂၀၀ မဂ္ဂါပစ်ဇယ်ကင်မရာဖြစ်ပြီး ၁၅ မိုင်အကွာမှ ဂေါက်ရိုက်ဘောလုံးကို မြင်နိုင်တဲ့အထိ စွမ်းအားကြီးမားပါတယ်။
ကင်မရာအရွယ်အစားက ကားတစ်စီးစာမျှရှိပြီး မှန်ဘီလူးကပင် အချင်း ၅ ပေရှိပါတယ်။
ကင်မရာပြုလုပ်ပြီးစီးပါက ချီလီတောင်တန်းတစ်ခုရှိ ရူဘင်အာကာသလေ့လာရေးစခန်းကနေ ကမ္ဘာ့တောင်ဘက်ကောင်းကင်ရဲ့ ညပုံရိပ်တွေကို ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။
ညဘက်ကောင်းကင်ရဲ့ ကြယ်တွေ ဂလက်ဆီတွေကို ကျယ်ပြန့်နက်ရှိုင်းတဲ့အထိ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။
ကင်မရာက အပြည့်အဝမပြီးသေးပေမယ့် အစိတ်အပိုင်းအားလုံး တပ်ဆင်ပြီးဖြစ်ပါတယ်။
ကင်မရာထားရှိရာ SLAC National Accelerator ဓာတ်ခွဲခန်းသို့ ဓာတ်ပုံဆရာများကို ဖိတ်ခေါ်ခဲ့ပြီး ပထမဆုံးအကြိမ်ကြည့်ရှုလေ့လာစေခဲ့ပါတယ်။
အရွယ်အစား ၅ ပေခွဲနဲ့ ၉.၈ ပေရှိပြီးတော့ ကားငယ်တစ်စီးမျှရှိကာ ၆,၂၀၀ ပေါင်အလေးချိန်ရှိပါတယ်။
မှန်ဘီလူးတွေမှာ CCD လို့ခေါ်တဲ့ အာရုံခံပစ္စည်း ၁၈၉ ခုပါဝင်ကာ CCD တစ်ခုဟာ iPhone တစ်လုံးထက် ပစ်ဇယ်ပိုမိုပါဝင်ပါတယ်။
ဒီကင်မရာက လပြည့်ဂြိုဟ်အလုံး ၄၀ ခန့်အရွယ်အစားရှိတဲ့ ကောင်းကင်ကို ရိုက်ကူးနိုင်လောက်တဲ့ စွမ်းအားရှိနေပါတယ်။
ကင်မရာကို အချောသတ်ထုတ်လုပ်ပြီးပါက ၂၀၂၃ မေလမှာ ချီလီကိုတင်ဆောင်မှာဖြစ်ပြီး လာမယ့်နှစ်အတွင်း အပြည့်အဝစတင်လုပ်ဆောင်မှာဖြစ်ပါတယ်။
ဒီအောင်မြင်မှုက ရူဘင်လေ့လာရေးစီမံကိန်းရဲ့ အထင်ရှားဆုံးဖြစ်ကြောင်း ညွှန်ကြားရေးမှူး'စတီဗင်ခန်း'က ပြောပြခဲ့ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published _17 October 2022
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကထုတ်ပေးသည့် တရားဝင်နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြားငွေ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်သူများအား အရေးယူမှု စတင်ပြီ ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးထားခြင်းမရှိဘဲ Facebook Page တွင် Perfect Money နှင့် B to P Money exchange တို့ အနေဖြင့် နိုင်ငံခြားငွေ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသို့ လုပ်ကိုင်ခွင့်မရှိဘဲ လုပ်နေကြသည့် Facebook Page များအနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈ ကို ဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိရသောကြောင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂ အရ တရားစွဲ ဆိုနိုင်ရေး ဆောင်ရွက်ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်း Facebook Page များ မှာ Black Market Rate, USD Exchange Rate, Golda and Forex Trading Gold and Dollar Market Dollar Buyer Seller ဒေါ်လာရောင်းဝယ်သူများ ဆုံစည်းရာ- Dollar Palace၊ Dollar ရောင်းမယ် ဝယ်မယ် တိုက်ရိုက်၊ ရွှေဈေးဒေါ်လာဈေး တိုက်ရိုက် (Gold & Dollar Market)၊ ဒေါ်လာပေါက်ဈေး update YGN MDY ကြိုက်ရောင်း ကြိုက်ဝယ်၊ ယူရို ဒေါ်လာ ရောင်းဝယ်ပိုဆောင်သူများ ဆုံဆည်းရာ Euro Dollar Trading, ဒေါ်လာဝယ်ရောင်းတိုက်ရိုက် USD Exchange၊ ဒေါ်လာစားများနှင့် နိုင်ငံခြား ငွေလိုသူများ ဝယ်ရောင်းရန်၊ ဒေါ်လာ ရောင်းသူဝယ်သူ တိုက်ရိုက် (Dollar Buyer Seller)၊ $ ဒေါ်လာ $ ရောင်း $ ဝယ်တိုက်ရိုက် ($=><=Ks) ၊ ဒေါ်လာ dollar ရောင်းသူဝယ်သူတိုက်ရိုက် (ကြိုက်ရောင်း ကြိုက်ဝယ်)၊ နိုင်ငံတကာငွေကြေးဈေးနှုန်းများနှင့် ဒေါ်လာ ကြိုက်ရောင်းကြိုက်ဝယ်၊ မြန်မာ့ရွှေ ကမ္ဘာ့ရွှေ တို ဖြစ်ကြကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1504 of 1948