#Local_News
Published_ 17 October 2022
လာမည့်နွေရာသီကာလ ဓာတ်အားလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန် ရေလှောင် တမံအတွင်း ရေကြိုတင်စုဆောင်းရမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ က ပင်လောင်းမြို့နယ်ရှိ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိစဉ် ပြောကြားခဲ့ပါတယ်။
ထို့ပြင် နိုင်ငံတော်၏ Generation Mix အတွင်း ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများသည် Reliable Backbone ဖြစ်နေသဖြင့် စက်ရုံရေရှည်တည်တံ့ရန် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ဆိုပါတယ်။
ရေပိုလွှဲမှ ရေလျှံကျရုံမျှ အနေအထားအတိုင်း ဓာတ်အားပေးစက်များကို ထိန်းညှိမောင်းနှင်ရမှာဖြစ်ကြောင်း၊ တာဘိုင်၊ ဂျင်နရေတာများ၊ Transformer နှင့် Switchgear များ၏အခြေအနေကို အမြဲမပြတ် စောင့်ကြည့်ပြုပြင် ထိန်းသိမ်းဖို့ မှာကြားပါတယ်။
အဆိုပါ အထက်ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ပျဉ်းမနား မြို့၏ အရှေ့ဘက် (၂၆) မိုင်ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက်ထားပြီး ရေလှောင်တမံမှာ ကွန်ကရစ်တမံ (RCC Dam) အမျိုးအစားဖြစ်၍ ကန်ရေပြည့် ရေသိုလှောင် ပမာဏမှာ ၁၃၆၀၈၀၀ ဧကပေ သိုလှောင်နိုင်ကာ နှစ်စဉ်စီးဝင်ရေ ၂၁၀၆၅၀၀ ဧကပေ စီးဝင်ပြီး ပေါင်းလောင်း ရေလှောင်တမံမှတဆင့် စိုက်ပျိုးရေပေးဝေ သော စိုက်ဧက ၂၁၁၂၁ ဧကသို့ ရေပေးဝေလျက်ရှိပါတယ်။
တပ်ဆင်အင်အားအနေဖြင့် (၇၀) မဂ္ဂါဝပ်၊ ဓာတ်အားပေးစက် (၂) လုံး၊ (၁၄၀) မဂ္ဂါဝပ်မှ (၁၆) မိုင်ရှိသည့် ၂၃၀ ကေဗွီ အထက်ပေါင်းလောင်း - နန်ချို ဓာတ်အားလိုင်းဖြင့် နိုင်ငံတော် ဓာတ်အားကွန်ရက်စနစ်အတွင်းသို့ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၄၅၄ ကီလိုဝပ်နာရီသန်းခန့် ထုတ်လုပ်ပေးလျက်ရှိကြောင်း သတင်းရရှိပါတယ်။

#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 17 October 2022
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ တည်ဆောက်နေတဲ့ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းမှ အဆောက်အဦ ၁၉၄ လုံးကို သတ်မှတ်ချိန်အပြီး အပ်နှံနိုင်ရေး တည်ဆောက်လျက်ရှိကြောင်း သိရပါတယ်။
ဆောက်လုပ်ရေးဆိုင်ရာ အသင်းများက အဆိုပါ စီမံကိန်းကို ဆောင်ရွက်နေခြင်းဖြစ်ရာ အောက်တိုဘာလ ကုန်တွင် MCEF မှ (၄၂)လုံး၊ MLCA မှ (၂၇)လုံး၊ ဒီဇင်ဘာလကုန်တွင် MCEF မှ (၁၀) လုံး၊ MLCA မှ (၁၄) လုံး၊ ၂၀၂၃ ခုနှစ် မတ်လကုန်တွင် ကျန်ရှိသည့် အဆောက်အဦများကို MCEF မှ (၄၅) လုံး၊ MLCA မှ (၅၈) လုံး၊ စုစုပေါင်း (၁၉၄) လုံးအား အပြီးတည်ဆောက်အပ်နှံဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏
ကြီးကြပ်ကွပ်ကဲမှုဖြင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်တို့မှ အဆောက်အအုံ ၁၉၄ လုံး၊ အိမ်ခန်းပေါင်း ၃၁၀၄ ခန်းဆောင်ရွက်လျက်ရှိနေတာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လေးဒေါင့်ကန်ကျေးရွာ အမှတ်(၇) လမ်းမကြီးနှင့် အမှတ်(၂) လမ်းမကြီးအနီး
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ ပြည်သူအငှားအိမ်ရာစီမံကိန်းပြီးစီးပါက ရန်ကုန်စည်ပင်နယ်နိမိတ် ၃၃ မြို့နယ်အတွင်း အိမ်ငှားနေထိုင်သူ မည်သည့်မိသားစုဝင်မဆို လျှောက်ထားနိုင်မှာ ဖြစ်တယ်လို့ အသိပေးထားတာဖြစ်ပါတယ်။
#ygm_mnn
#Yangon_Media_Group
#Health_Tips
Published 17 October 2022
လေ့ကျင့်ခန်းလုပ်မယ့်သူတွေဟာ ဒီနှစ်တော့ သေချာလုပ်ဖြစ်အောင်လုပ်မယ်လို့ ရည်ရွယ်ထားကြပေမယ့် စမလုပ်ရသေးမှာပင် လက်လျှော့ကုန်ကြတာများပါတယ်။
လေ့ကျင့်ခန်းလုပ်မယ်လို့ စိတ်ကူးထားရင် ဖြစ်အောင်လုပ်နိုင်ရမှာဖြစ်ပြီး အဓိကပြဿနာက လေ့ကျင့်ခန်းစစလုပ်ချင်း ရက်အနည်းငယ်မှာ ပင်ပန်းလွန်းတာကြောင့် ဖြစ်ပါတယ်။
အားကစားခန်းမကို ပြန်သွားပြီးလုပ်ချင်သူတွေအတွက် နည်းလမ်းကောင်းလေးတွေက..
(၁) ဖြည်းဖြည်းချင်းစလုပ်ပါ
ခန္ဓာကိုယ်ပုံစံတကျ ပြန်လည်ရရှိဖို့ အချိန်အများကြီးမလိုသလို ပင်ပင်ပန်းပန်းလုပ်စရာ မလိုပါဘူး။
အရင်က ချွေးသံရွှဲရွှဲနဲ့ လေ့ကျင့်ခန်းပြုလုပ်ခဲ့ပေမယ့် ရပ်နားလိုက်တဲ့ကာလတွေမှာ ခန္ဓာကိုယ်က ငြိမ်သက်သွားပြီး ပြန်လည်လှုပ်ရှားနိုင်ဖို့ အချိန်ယူရပါတယ်။
ဒါကြောင့် ကိုယ်ကပြင်းပြင်းထန်ထန် လုပ်ချင်ရင်တောင် ခန္ဓာကိုယ်က လိုက်လျောညီထွေဖြစ်ဖို့ အချိန်ယူရပါတယ်။
ပထမဆုံး ၂ ပတ် ၃ ပတ်အတွင်း ဝိတ်နည်းနည်းနဲ့ အကြိမ်ရေနည်းနည်းဖြင့် စတင်ကာ တဖြည်းဖြည်းတိုးသွားနိုင်ပါတယ်။
(၂) မိမိနှင့်သင့်တော်မယ့် လေ့ကျင့်ခန်းမျိုးပြုလုပ်ပါ
လေ့ကျင့်ခန်းပြန်လည်ပြုလုပ်တဲ့အခါ ကိုယ်နဲ့သင့်တော်ပြီး သိပ်မခံစားရတဲ့ လေ့ကျင့်ခန်းမျိုးရွေးလုပ်ပါ။
ဒီလိုနည်းလမ်းဖြင့် မိမိအတွက် သင့်တော်တဲ့လေ့ကျင့်ခန်းလုပ်ငန်းစဉ်ကို ဖန်တီးပြီး လက်မလျှော့အောင် ကြိုးစားသင့်ပါတယ်။
(၃) အားပေးထောက်ပံ့ပေးမယ့်နည်းပြဆရာကို ရှာထားပါ
မိမိအတွက် ကောင်းမယ်ထင်တဲ့ အားကစားစင်တာနဲ့ အကောင်းဆုံးနည်းပြပေးမယ့် ကျွမ်းကျင်သူတွေထားရှိပါ။
သူတို့က ဘေးကနေကြည့်နေပြီး လိုအပ်သည်များကို အားပေးကူညီသွားမှာဖြစ်ပါတယ်။
(၄) ကိုယ့်ကိုယ်ကို ချီးမြှင့်ပေးပါ
လိုချင်တဲ့လေ့ကျင့်ခန်းပန်းတိုင်ရောက်တဲ့အခါ မိမိကိုယ်ကို ပြုစုပေးပါ။
လေ့ကျင့်ခန်းပြီးတဲ့ သူငယ်ချင်းတွေနဲ့ ကော်ဖီဆိုင်ထိုင်တာမျိုးဖြစ်ပြီး ကိုယ်ကြိုးစားခဲ့တာတွေအတွက် ပြန်ပြီးချီးမြှောက်သင့်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published_ 17 October 2022
တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့တွင် ကျင်းပပြုလုပ်မည့် Association of World Election Bodies (A-WEB) ၏ (၅) ကြိမ်မြောက် အထွေထွေညီလာခံသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်တို့ တက်ရောက်မည်ဖြစ်ကြောင်း သိရပါတယ်။
အထွေထွေညီလာခံသို့ တက်ရောက်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌသည် အောက်တိုဘာ ၁၆ ရက်နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ထွက်ခွာကြရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုက်လံပို့ဆောင် နှုတ်ဆက်ကြ ကြောင်း သိရပါတယ်။
A-WEB အဖွဲ့ကို ၂၀၁၃ ခုနှစ်က စတင်တည် ထောင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံအပါအဝင်နိုင်ငံပေါင်း ၁၀၉ နိုင်ငံမှ ရွေးကောက်ပွဲ ဆိုင်ရာအဖွဲ့အစည်း ၁၁၉ ဖွဲ့ပါဝင်ပါတယ်။
အဆိုပါညီလာခံသို့ တက်ရောက်ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ရွေးကောက်ပွဲစနစ်များကို လေ့လာသိရှိခြင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို အဖွဲ့ဝင်နိုင်ငံများအချင်းချင်း နည်းပညာဖလှယ်၍ ဆောင်ရွက်နိုင်ခြင်းနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု ရရှိခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိမှာ ဖြစ်ပါတယ်။
ညီလာခံကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၇ ရက်မှ ၂၂ ရက်အထိ တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့တွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။
#ygm_mnn
#Yangon_Media_Group
Published 16 Oct 2022
တရုတ်နိုင်ငံရဲ့ ကိုယ်တိုင်တည်ဆောက်တဲ့ ၁၃.၆ မဂ္ဂါဝပ် ကမ်းလွန်သုံးလေစွမ်းအင်တာဘိုင်စက်တွေ တရုတ်အရှေ့ပိုင်း ဖူကျန့် ပြည်နယ်က စက်မှုဇုန်တစ်ခုမှာ စတင်ထုတ်လုပ်နေပါတယ်။ဒီလိုထုတ်လုပ်နိုင်တာဟာ နိုင်ငံရဲ့ အဆင့်မြင့် ကိရိယာသုတေသနနှင့် ထုတ်လုပ်မှုစွမ်းရည်မှာ အထင်ကရမှတ်တိုင်တစ်ခုလည်းဖြစ်ပါတယ်။
ဖူကျန့်သရီးဂျော့ကမ်းလွန်လေစွမ်းအင်နိုင်ငံတကာစက်မှုဥယျဉ်မှာ ၁၃.၆ မဂ္ဂါဝပ် မိုဒဲလ် ဟာ အချင်း ၂၅၂ မီတာရှိတဲ့ ဒလက်ကြီးတွေ တပ်ဆင်ပေးထားပါတယ်။ အဲဒီဒလက်ကြီးဟာ ဧရိယာ စတုရန်းမီတာ ငါးသောင်းနီးပါးအထိ သိမ်းကျုံး မွှေ့ရမ်းနိုင်ပါတယ်။အဲဒီအကျယ်အဝန်းဟာ ဘောလုံးကွင်း(၇)ကွင်းစာလောက်ရှိပါတယ်။ လေအားတာဘိုင်တစ်ခုဟာ တစ်နှစ်ပတ်လုံးမှာ ၆၃.၅ ကီလိုဝပ်နာရီသန်းပေါင်း ထုတ်လုပ်နိုင်ပါတယ်။ အဲဒါကြောင့် မိသားစုသုံးဦးပါ အိမ်ထောင်စု ပေါင်း သုံးသောင်းကျော်ကို လျှပ်စစ်ဓာတ်အားပေးနိုင်ပါတယ်။
“ လေတာဘိုင်ဟာ လွတ်လပ်တဲ့ ဉာဏပစ္စည်းမူပိုင်ခွင့်နှင့်အတူ တရုတ်က တည်ဆောက်တာပါ။ ဓာတ်အားကွန်ယက် ပို့လွှတ်မှုရဲ့လိုအပ်ချက်အပေါ်ကောင်းစွာတုန့်ပြန်နိုင်တယ်။ ဒီဇိုင်းက ချောမွေ့ပြီး လုံခြုံစိတ်ချရတဲ့ စက်လုပ်ဆောင်မှုကို လည်းပေးပါတယ်”လို့ ဖူကျန့် တရုတ်သရီးဂျော့ ကော်ပိုရေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ လိုင်ဇင်ကျွမ်းက ပြောပါတယ်။
ကမ်းလွန်လေစွမ်းအင်တာဘိုင်ဟာ ပုံမှန်ကျောက်မီးသွေး တန်ချိန် တစ်သောင်းကိုးထောင်ခန့်ကို အစားထိုးပေးနိုင်ပြီး တစ်နှစ် တစ်နှစ်ကို ကာဘွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှု တန်ချိန် လေးသောင်းရှစ်ထောင်ခန့်ကို လျှော့ချပေးနိုင်ပါတယ်။
ဒီနှစ်ဖေဖော်ဝါရီမှာ ၁၃ မဂ္ဂါဝပ် တိုင်ဖွန်းဒဏ်ခံ ကမ်းလွန်လေတာဘိုင်ကို ဖူကျန့်ကနေ ထုတ်လုပ်ခဲ့ပါတယ်။ ဒါဟာ အာရှမှာလက်ရှိရှိနေတဲ့ လေတာဘိုင်တွေအကြားမှာ အကြီးဆုံးတာဘိုင်ဖြစ်ပါတယ်။ အခုလအနည်းငယ်အကြာမှာ ၁၃.၆ မဂ္ဂာဝပ်ရှိတဲ့ တာဘိုင်အသစ်ထပ်မံထုတ်လုပ်ဖို့ရှိနေပါတယ်။
“ ကျွန်တော်တို့၆.၇ မဂ္ဂါဝပ်၊၈ မဂ္ဂါဝပ်။ ၁၀ မဂ္ဂါဝပ်၊၁၃ မဂ္ဂါဝပ် ကမ်းလွန်လေတာဘိုင်စက်တွေ ထုတ်လုပ်ပေးခဲ့ပါတယ်။ ၁၆ မဂ္ဂါဝပ်စက်ကတော့ အနာဂတ်မှာ လာပါမယ်” လို့ လိုင်းက ဆက်ပြောပါတယ်။
Source CCTV+
#13.6_MW_offshore_wind_power _turbine
#China_Wind_Turbine
#Green_Energy
#Local_News
Published_ 16 October 2022
စာရေးဆရာအကြည်တော် ကျန်းမာရေးမကောင်းသဖြင့်ပင်လုံဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရပြီး သတိလစ်နေတာ(၃)ရက်လောက်ရှိပြီဟု သူ၏မိသားစုဝင်များထံမှ သိရသည်၊၊
ဆရာအကြည်တော်သည်လည်ချောင်း၊လည်ပြွန်နှင့်ပတ်သက်သည့် ကင်ဆာဝေဒနာကို ထိုင်းတွင် သွားရောက်ကုသခဲ့ပြီး ကင်ဆာဆေးသွင်းရန် မြန်မာနိုင်ငံကိုပြန်လာချိန်တွင် ရုတ်တရတ်အသက်ရှူမဝဘဲ (၁၀)မိနစ်နှလုံးခဏရပ်တန့်သွားခဲ့သဖြင့် ပင်လုံဆေးရုံကြီးကို ပို့ဆောင်လိုက်ရခြင်းဖြစ်သည်ဟု ဆရာအကြည်တော်နှင့် ညီအစ်ကိုတော်စပ်သူ ပန်းချီကိုဆန်းက ပြောပြသည်၊၊
စာရေးဆရာအကြည်တော်နှင့်ညီအစ်ကိုတော်စပ်သူ ပန်းချီကိုဆန်းက "သူကကိုဗစ်(၂)ခါဖြစ်တယ်၊၊ အိုမီခရွန်ကျတော့ လည်ချောင်းနာနေတာကကျန်နေရာကနေ တဖြည်းဖြည်းအသံပျောက်ပြီး သွားစစ်တော့ လည်ချောင်းနဲ့ လည်ပြွန်ကြားမှာကင်ဆာဖြစ်တာ ရိုးရိုးတန်းတန်းဓာတ်ကင်လို့မရဘူး၊၊အဲဒါကို ကုတာ(ထိုင်းမှာသွားကုတာ)၊အိုကေတော့ ဆေးသွင်းလို့ရပြီဆိုတော့ သူဒီကိုပြန်လာတယ်၊၊သူဒီရောက်တော့ အက်ဆီးဒင့်(ရုတ်တရတ်ကျန်းမာရေးအခြေအနေဆိုးတာ)ဖြစ်တာ၊ဒီအတိုင်းနေရာကနေ အသက်ရှူမဝတာနဲ့(၁၀)မိနစ်လောက်နှလုံးရပ်သွားတယ်၊၊ဒီနဲ့ပင်လုံဆေးရုံနဲ့နီးနေတော့ သူ့ကိုသွားပို့လိုက်တော့ အဲဒီမှာပြန်ပြီးတော့နှလုံးခုန်တယ်၊၊ ပြန်ပြီးတော့ အသက်ရှူတယ်၊၊ဦးနှောက်အောက်ဆီဂျင်မရောက်တာဖြစ်သွားတယ်လို့ ပြောတယ်၊၊ အခုတော့ ကိုမာနည်းနည်းဖြစ်သလိုဖြစ်နေတာပေါ့၊၊သတိလစ်နေပါတယ်၊၊သတိမရတာ(၃)ရက်ရှိပြီ၊၊သူကြားတော့ ကြားနေတယ်၊၊သိပ်အဆိုးကြီးတော့မဟုတ်ဘူး ပြန်ပြီးနိုးလာဖို့တော့မျှော်လင့်နေကြတာပေါ့နော်"ဟု ပြောပြသည်၊၊
စာရေးဆရာအကြည်တော်သည် ဟာသနှင့်ရသလုံးချင်းဝတ္ထုစာအုပ်ပေါင်းများစွာရေးသားခဲ့သည့် နာမည်ကျော်စာရေးဆရာတစ်ဦးဖြစ်ပြီး သူနှင့်ရင်းနှီးသော စာပေလောကသားများ၊သူ၏စာဖတ်ပရိတ်သတ်များက အမြန်ဆုံးပြန်လည်ကျန်းမာလာရန် လူမှုကွန်ရက်ပေါ်တွင်ရေးသားဖော်ပြထားကြကြောင်း သိရသည်၊၊
-ပူးတွဲပါပုံမှာ ထိုင်းတွင်ကုသမှုခံယူစဉ်ကပုံဖြစ်ပါသည်
ymg/tthl
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 16 Oct 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ကျော်ကျော်ဟန်၊သူဇာအောင်(အဆိုတော်)တို့နှင့်အတူ
-"နှစ်ပွင့်တစ်ခိုင်သီဆိုဖျော်ဖြေလျှက်ရှိပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်သင်ယူရတာတွေရှိကြောင်း
-မိဘဘိုးဘွား အမွေအနှစ်ကိုထိန်းသိမ်းရင်း မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းမျှဝေပေးသွားမှာဖြစ်ကြောင်း
-မဟာဂီတသီဆိုရတာကို ပိုကြိုက်မိပြီး အဆိုသင်တန်းတွေ ဖွင့်လှစ်ထားကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 16 Oct 2022
နာဆာရဲ့ Crew-4 မစ်ရှင်ဟာ နိုင်ငံတကာ အာကာသစခန်းထဲမှာ ရက်ပေါင်း ၁၇၀ ရက်နေထိုင်ကြပြီးနောက် ကမ္ဘာမြေပေါ် အောက်တိုဘာ ၁၄ ရက်က ပြန်လည်ရောက်ရှိလာခဲ့ကြပါတယ်။
စပေ့ရှ်အိတ်စ်ဒရက်ဂွန် SpaceX Dragon “ လွတ်လပ်ခြင်း” အာကာသယာဉ်ဟာ နာဆာရဲ့ အာကာသယာဉ်မှူး ကေဂျဲလ် လင်ဂရင်း၊ ဘော့ဟင်နီးနှင့် ဂျက်ဆီကာ ဝပ်ကင်တို့ကို သယ်ဆောင်လာပါတယ်။အဲဒီအပြင် ဥရောပ အာကာသအေဂျင်စီက အီတလီလူမျိုး ဆာမန်သာ ခရစ်တိုဖော်ရက်တီလည်းပြန်လည်လိုက်ပါလာပါတယ်။
အဆိုပါ အာကာသယာဉ်ဟာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါကမ်းခြေအနီး ပင်လယ်ရေပြင်ပေါ်သို့ ညနေ ၄နာရီ ၅၅ မိနစ်မှာ သက်ဆင်းခဲ့ပါတယ်။
Source AFP/NASA
#SpaceX_Crew-4
#NASA
#"Freedom"_spacecraft
#TV Yangon Times Matters အစီအစဉ်
Published - 16 Oct 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ကျော်ကျော်ဟန်၊ သူဇာအောင်(အဆိုတော်)တို့နှင့်အတူ
-"နှစ်ပွင့်တစ်ခိုင်သီဆိုဖျော်ဖြေလျှက်ရှိပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်သင်ယူရတာတွေရှိကြောင်း
-မိဘဘိုးဘွား အမွေအနှစ်ကိုထိန်းသိမ်းရင်း မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းမျှဝေပေးသွားမှာဖြစ်ကြောင်း
-မဟာဂီတသီဆိုရတာကို ပိုကြိုက်မိပြီး အဆိုသင်တန်းတွေ ဖွင့်လှစ်ထားကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published 16 October 2022
အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းအတွက် အရည်အသွေးမြင့်ဘိလပ်မြေများ ပေးသွင်းနိုင်မည့်လုပ်ငန်းရှင်များ ဖိတ်ခေါ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနအနေဖြင့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း RCC Dam အတွက် ကွန်ကရစ်သွန်းလောင်းရာတွင် သတ်မှတ်အရည်အသွေးနှင့် ကိုက်ညီသည့် ဘိလပ်မြေများကို စဉ်ဆက်မပြတ် ပေးသွင်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် နိုင်ငံတော်အတွင်း စည်းမျဉ်းစည်းကမ်းများနှင့် အညီ တရားဝင်ခွင့်ပြုလုပ်ကိုင်လျက်ရှိသော တိုင်းရင်းသား/နိုင်ငံခြားသားလုပ်ငန်းရှင် များထံမှ အဆိုပါ စိတ်ဝင်စားမှုအဆိုပြုလွှာကို ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပေးသွင်းရမည့် ပစ္စည်း ဘိလပ်မြေပမာဏမှာ တန်ချိန် ၄၆၈၀၀ တန်ဖြစ်ပြီး တင်ဒါလျှောက်လွှာများကို အောက်တိုဘာလ ၁၇ ရက်တွင်ရောင်းချမည်ဖြစ်ပြီး လာမည့်နိုဝင်ဘာလ ၁၆ ရက်တွင် နောက်ဆုံးပြန်လည်တင်သွင်းကြရမည်ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published _16 October 2022
ရေလှောင်တမံတွေမှာ ရေပြည့်နေတဲ့အတွက် လျှပ်စစ် မဂ္ဂါဝပ် ၁၅၀ နီးပါး ပိုပြီးထုတ်လုပ်နိုင်တာကြောင့် လျှပ်စစ်မီး ပြတ်တောက်ချိန်ဟာ နဂိုကထက် နည်းသွားတယ်လို့ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနက သိရပါတယ်။
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 16 Oct 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ကျော်ကျော်ဟန်၊သူဇာအောင်(အဆိုတော်)တို့နှင့်အတူ
-"နှစ်ပွင့်တစ်ခိုင်သီဆိုဖျော်ဖြေလျှက်ရှိပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်သင်ယူရတာတွေရှိကြောင်း
-မိဘဘိုးဘွား အမွေအနှစ်ကိုထိန်းသိမ်းရင်း မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းမျှဝေပေးသွားမှာဖြစ်ကြောင်း
-မဟာဂီတသီဆိုရတာကို ပိုကြိုက်မိပြီး အဆိုသင်တန်းတွေ ဖွင့်လှစ်ထားကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Page 1505 of 1948