#DailyNews
Published -28 April 2022
၁။ နိုင်ငံခြားသားပြန်ဝင်နိုင်သည့် ကမ္ဘာ့အမွေအနှစ်ဒေသများတွင် လုံခြုံရေးစီမံချက်နှင့် ကိုဗစ်ကာကွယ်ရေးများ ကြိုတင်ပြင်ဆင်ထား
၂။ ပူတာအိုဒေသမှ စစ်ဘေးရှောင် ပြည်သူ ၂၀၀ ကျော်တို့ နေရပ်ပြန်ကြပြီ
၃။ မိုးလေဝသ သတင်း
၄။ နှစ်ပေါင်း(၄,၅၀၀)သက်တမ်းရှိ နတ်ဘုရားပုံကျောက်တုံးရုပ်ထု ဂါဇာကမ်းမြောင်တွင် တူးဖော်တွေ့ရှိ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 28 April 2022
Republic of the Tatastan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov နှင့်ကိုယ်စားလှယ်အဖွဲ့ အလုပ်သဘောခရီးဖြင့် နေပြည်တော်သို့ ဧပြီ ၂၇ ရက် ညပိုင်းတွင် ရောက်ရှိလာကြောင်း သတင်းရရှိပါတယ်။
Republic of the Tatastan သမ္မတနှင့်အဖွဲ့အား SAC နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Dr. Nikolay LISTOPADOV တို့က နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကြိုဆိုနှုတ်ဆက်ခဲ့ကြ ပါတယ်။
Republic of the Tatastan သမ္မတနှင့်အဖွဲ့သည် မြန်မာနိုင်ငံရောက်ရှိစဉ် SAC တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
SAC ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဇွန် ၂၅ ရက် တွင် Republic of the Tatastan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov နှင့် Kazan မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ဖူးကြောင်း သိရပါတယ်။ Mr. Rustam Nurgaliyevich Minnikhanov သည် မြန်မာနိုင်ငံသို ၂၀၁၃ ခုနှစ်တွင်လည်း လာရောက်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးခဲ့ဖူးသည်။
ymg-mnn
#Yangon_Media_Group.
#LocalNews
Published - 28 April 2022
ဒီကနေ့ ဧပြီ ၂၈ ရက်၊ နံနက် ၁၀ နာရီ ၅ မိနစ်အချိန်ခန့်က လှိုင်သာယာ စက်မှုဇုန် - ၂ အတွင်းရှိ ဖိနပ်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုကို Level (2)ယာဉ်အုပ်စုများဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
ယင်းမီးလောင်မှုဟာ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်- ၂ အတွင်းရှိ ဦးထွန်းညိုလမ်းနှင့် ဦးချိန်လမ်းထောင့်ရှိ ဖိနပ်စက်ရုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုအကြောင်းအရင်းအသေးစိတ်ကို တော့ မသိရှိရသေးပါဘူး။
အဆိုပါ ဖိနပ်စက်ရုံမီးလောင်မှုကို နံနက် ၁၀ နာရီ ၃၆ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၀ နာရီ ၅ မိနစ်အချိန်တွင် ငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မီးသတ်တပ်ဖွဲ့က မီးလောင်မှုအကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်လျက်ရှိတယ်လို့လည်း သိရပါတယ်။
မီးလောင်မှုဖြစ်ပွားခဲ့တဲ့စက်ရုံဟာ နာမည်ကြီးဖိနပ်ထုတ်လုပ်တဲ့ စက်ရုံတစ်ရုံဖြစ်တယ်လို့လည်း
ကနဦး သတင်းရရှိပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group
#LocalNews
Published -28Apr 2022
၂၀၂၂ခုနှစ်ဧပြီလ ၂၇ ရက်နေ့ ည ၆ နာရီခန့်က ထိုင်းနိုင်ငံတွင် ဂေါ်ဖီထုပ်ကားအတွင်း ပုန်းခိုလိုက်ပါလာတဲ့တရားမဝင် မြန်မာနိုင်ငံသား (၁၄) ဦးကို ထိုင်းရဲတပ်ဖွဲ့က တက်ခ်ခရိုင်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းနိုင်ငံရောက်မြန်မာ့အလုပ်သမားအရေးဆောင်ရွက်နေသူတွေဆီက သိရပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်ဘက်မှ ဂေါ်ဖီထုပ်များသယ်လာတဲ့ ယာဥ်(၂)စီးကို စစ်ဆေးရာအတွင်းပိုင်းတွင် ပုန်းခိုလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား (၁၂) ဦးဆီကို ရှာဖွေတွေ့ရခြင်းဖြစ်ကာ တရားဝင် အထောက်အထားမပါတဲ့ မြန်မာနိုင်ငံသား အမျိုးသား (၆)ဦး၊ အမျိုးသမီး (၈)ဦးနဲ့အတူ မော်တော်ယာဉ်မောင်းလာသည့် ထိုင်းနိုင်ငံသား အမျိုးသား (၂) ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။
ဧပြီလ ၂၇ ရက် နံနက် တစ်နာရီမထိုးမီအချိန်က ထိုင်းနိုင်ငံ ထစောင်ယန်ခရိုင်ခွဲ တတ်ခရိုင်တွင်း ကား ၂ စီး၊ ယာဉ်မောင်း ၂ ဦး အပါဝင် တရားမဝင် မြန်မာနိုင်ငံသား ၃၆ ဦး ဖမ်းဆီးရမိကြောင်း၊ယင်းတို့မှာပွဲစားခ ဘတ် ၂၃,၀၀၀ ပေးဆောင်၍ လာရောက်ခဲ့ကြသူများဖြစ်ကြောင်းနှင့် လက်ရှိတွင် ယင်းတို့ကို မဲ့မွေရဲစခန်းသို့ ဖမ်းဆီးပို့ဆောင်ထားကြောင်းလည်း သိရပါတယ်။
ဧပြီလ ၁၉ ရက်က ထိုင်းနိုင်ငံမဲ့တန်းမြို့နယ် ထစောင်ယန်ခရိုင်ခွဲတွင်း မြန်မာနိုင်ငံသား အမျိုးသား စုစုပေါင်း ၅၄ ဦး ၊ ဧပြီလ ၂၁ ရက်က တကိုခီးကျေးရွာ မဲ့ဥဆုမြို့နယ် ထာ့စောင်ယန်ခရိုင်တွင် ၄၆ ဦး၊ ဧပြီလ ၂၂ ရက်က တတ်ခရိုင် ထာ့စောင်ယန်ခရိုင်ခွဲတွင် ၃၄ ဦး၊ ဧပြီလ ၂၄ ရက်နှင့် ဧပြီလ ၂၅ ရက်က ကန်ကျနဘုရီပြည်နယ်အတွင်း နေရာ ၅ နေရာ၌ ၇၅ ဦး အသီးသီး ဖမ်းဆီးရမိခဲ့သေးကြောင်း သိရပါတယ်။
ymg/hm
#Yangon_Media_Group
#WorldHealth
Published 28 April 2022
ဘီယာအရက်စွဲလမ်းသူတွေမှာ နှလုံးရောဂါနဲ့ဆက်စပ်နေတဲ့ အဆီဖုံးခြင်းအန္တရာယ်မြင့်မားပေမယ့် ဝိုင်ကြိုက်နှစ်သက်သူတွေမှာတော့ အဆီဖုံးခြင်းအန္တရာယ်ကာကွယ်နိုင်ကြောင်း လေ့လာတွေ့ရှိချက်တစ်ခုမှာ အကြံပြုထားပါတယ်။
ကိုယ်တွင်းအင်္ဂါများတဝိုက်မှာ အဆီစုပုံလာခြင်းဖြင့် ကျန်းမာရေးပြဿနာမျိုးစုံဖြစ်ပေါ်လာနိုင်ပြီး ဝိုင်နီသောက်သုံးခြင်းဖြင့် အဆိုပါကိုယ်တွင်းအင်္ဂါအဆီဖုံးခြင်းအန္တရာယ်ကို အမှန်တကယ်လျှော့ချပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။
ဝိုင်ဖြူကတော့ အင်္ဂါအဆီဖုံးခြင်းအန္တရာယ်ကို ကာကွယ်နိုင်စွမ်းမရှိပေမယ့် အရက်သောက်သူတွေလိုတော့ အဆီစုပုံလာခြင်းမဖြစ်ကြောင်း တွေ့ရှိရပါတယ်။
ဒါ့အပြင် ဝိုင်ဖြူကို သင့်တင့်တဲ့ပမာဏသောက်သုံးခြင်းက အရိုးကျစ်လစ်သန်မာစေပြီး အသက်အရွယ်ကြီးလာတဲ့အခါ အရိုးကျိုးအက်ခြင်းမှကာကွယ်ပေးနိုင်ပါတယ်။
အသက် ၄၀ မှ ၇၉ နှစ်အတွင်း အင်္ဂလိပ်လူမျိုး ၂,၀၀၀ နီးပါးကို စမ်းသပ်လေ့လာခဲ့ကြရာမှာ ဘီယာစွဲလမ်းသူတွေက ခါးတုတ်လာနိုင်တယ်လို့ ပြောပြပါတယ်။
သုတေသီတို့က လူကြီးနဲ့လူလတ်ပိုင်းတွေကို အသင့်အတင့်သာသောက်သုံးဖို့ တိုက်တွန်းသင့်ပေမယ့် ကိုယ်အလေးချိန်တက်ခြင်းကိုလျှော့ချဖို့ဆိုရင် အရက်ဘီယာအစား ဝိုင်ကိုသောက်သုံးသင့်ကြောင်း ဆိုပါတယ်။
အရိုးပွရောဂါဖြစ်နိုင်ချေရှိသူတွေဟာလည်း ဝိုင်ဖြူကိုသာ ဦးစားပေးသောက်သုံးသင့်တယ်လို့ ထပ်မံအကြံပြုထားပါတယ်။
Obesity Science & Practice ဂျာနယ်မှာဖော်ပြချက်အရ အရက်ဘီယာသောက်သုံးလေ့ရှိသူတွေကို စစ်တမ်းကောက်လေ့လာရာမှာ တစ်ပတ်ကို ၁၀ ခွက်ခန့်သောက်သုံးတယ်လို့ သိရပါတယ်။
အမျိုးသားအများစုက ဘီယာသောက်သုံးပြီး အရက်အမျိုးအစားကတော့ အထူးတလည်ရွေးချယ်တာမျိုးမရှိဘဲ အမျိုးသမီးတွေကတော့ ဝိုင်ကိုသာ ဦးစားပေးသောက်သုံးလေ့ရှိပါတယ်။
ဘီယာနဲ့အရက် သောက်သုံးလေ့ရှိသူတွေက ဝမ်းတွင်းအင်္ဂါအဆီဖုံးနိုင်ချေ ပိုများတာကိုတွေ့ရှိခဲ့ကြပါတယ်။
ဘီယာက အယ်လ်ကိုဟောပမာဏအနည်းဆုံးပါဝင်ပေမယ့် ကာဗိုဟိုက်ဒရိတ်တွေနဲ့ ကယ်လိုရီမြင့်မားစွာပါဝင်တာကြောင့် အဆီပိုဖုံးနိုင်ပါတယ်။
ဝိုင်နီမှာတော့ ကောင်းကျိုးပြုကိုလက်စ်ထရောတွေပါဝင်ပြီး အဆီဖုံးခြင်းမျိုးဖြစ်နိုင်ချေ နည်းပါးပါတယ်။
ဒါ့အပြင် နှလုံးရောဂါဖြစ်နိုင်ချေနည်းပါးခြင်း၊ အသင့်အတင့်သောက်သုံးတဲ့အခါ သွေးပေါင်ချိန်တိုးခြင်းတို့ ဖြစ်တတ်ပါတယ်။
အရိုးသိပ်သည်းဆနည်းတဲ့လူတွေကတော့ ဝိုင်ဖြူကို အဓိကထားသောက်သုံးဖို့ အကြံပြုထားကြပါတယ်။
Source: DailyMail
#Yangon_Media_Group
#Local_News
Published_ 28 April 2022
မြန်မာနိုင်ငံရှိ ကလေးငယ် ၇ သိန်းခန့်ဟာ ပုံမှန်ကာကွယ်ဆေးထိုးနှံမှုများ မရရှိခဲ့တဲ့အတွက် ကလေးငယ်များမှာ ကာကွယ်ဆေးနဲ့ကာကွယ်နိုင်တဲ့ ရောဂါများ ဖြစ်ပွားနိုင်တဲ့အန္တရာယ်များ ကြုံတွေ့နိုင်တယ်လို့ ယူနီဆက်က ထုတ်ပြန်ပါတယ်။
အားလုံး အသက်ရှည်ရှည်နေထိုင်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံမှုကို ဦးစားပေးဆောင်ရွက်ဖို့လိုအပ်တယ်လို့ ယူနီဆက်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်တဲ့ ရောဂါများဖြင့် ကလေးငယ်များ သေဆုံးရခြင်းကို ရပ်တန့်ဖို့အတွက် ကာကွယ်ဆေးက အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။
မတ်လအတွင်းမှာ ယူနီဆက်က ရှမ်း၊ ရခိုင်နဲ့ ကချင်ပြည်နယ်အတွင်းက ကလေးငယ်၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်ဦးရေ ရှစ်ထောင်ကျော်အတွက် အသင့်စား ကုထုံးအစားအစာများ၊ အနုအာဟာရဓာတ်များနဲ့ ဗီတာမင်အေကဲ့သို့ မရှိမဖြစ်အရေးပါတဲ့ အာဟာရထောက်ပံ့ပစ္စည်းများကို ပံ့ပိုးပေးခဲ့ပါတယ်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ် တွေမှာ ပေါင်းစပ်အာဟာရစီမံချက်ကို ဆက်လက်အကောင်အထည်ဖော်လျှက်ရှိပြီး ကလေးငယ်နဲ့ အမျိုးသမီးဦးရေစုစုပေါင်း ၄၅,၀၀၀ ခန့်ကို ပြင်းထန်အာဟာရချို့တဲ့ ဝေဒနာစောင့်ကြည့်စစ်ဆေးခြင်းနဲ့ ကုသခြင်းများပြုလုပ်ပေးခဲ့ကာ အနုအာဟာရဖြည့်စွက်စာများလည်း ပံ့ပိုးပေးခဲ့ပါတယ်။
မတ်လအတွင်းမှာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ရှိ လူဦးရေ နှစ်သောင်းသုံးထောင်ကျော်ကို အခြေခံကျန်းမာရေး စောင့်ရှောက်မှုများ ပံ့ပိုးပေးခဲ့တယ်လို့ ယူနီဆက်က ဆိုပါတယ်။
ymg-mnn
#Yangon_Media_Group.
#WorldHealth
Published 28 April 2022
ကိုဗစ်ရောဂါကို အချိန်အကြာရှည်ဆုံးကူးစက်ခံစားခဲ့ရတဲ့လူနာကိစ္စကို ယူကေသုတေသီများရှာဖွေဖော်ထုတ်ခဲ့ကြပြီး အဏုဇီဝနှင့်ကူးစက်ရောဂါဆိုင်ရာဥရောပကွန်ဂရက်မှာ သူတို့ရဲ့တွေ့ရှိချက်တွေကို ဒီအပတ်အတွင်းဖော်ပြခဲ့ပါတယ်။
အဆိုပါလူနာဟာ ကိုဗစ်ရောဂါကို ရက်ပေါင်း(၅၀၅)ကူးစက်ခံစားခဲ့ရကာ ထူးဆန်းစွာအသက်ဆုံးရှုံးသွားခဲ့ပါတယ်။
ကိုယ်ခံအားချို့တဲ့သူတွေမှာ ဗိုင်းရပ်စ်မျိုးဗီဇကွဲအသစ်တွေ ထွက်ပေါ်လာနိုင်ကြောင်းတွေ့ရှိထားပြီးဖြစ်ပြီး ယခုကိစ္စမှာ လူနာကရောဂါပိုးမရှိကြောင်း စစ်ဆေးရရှိပေမယ့် နောက်ပိုင်းမှာတော့ ရောဂါကူးစက်ခံနေရသေးကြောင်း ထူးထူးဆန်းဆန်းတွေ့ရှိခဲ့ကြပါတယ်။
Guy's and St.Thomas' NHS Foundation Trust နဲ့ King's College London တို့မှ သုတေသနပညာရှင်များက ကိုယ်ခံအားချို့တဲ့သူတွေမှာ ဗိုင်းရပ်စ်ပြောင်းလဲသွားပုံကို ဦးတည်ပြီးလေ့လာခဲ့ကြပါတယ်။
ကပ်ရောဂါကာလအတွင်း ထွက်ပေါ်လာခဲ့တဲ့ မျိုးဗီဇကွဲတွေဟာ ကူးစက်မြန်တဲ့ဗိုင်းရပ်စ်မျိုးရှိသလို ကာကွယ်ဆေးယဉ်ပါးတဲ့ ဗိုင်းရပ်စ်တွေလည်းပါဝင်နေကြောင်း ဦးဆောင်စာတမ်းပြုစုသူ ဒေါက်တာ'လုခ်ဘလက်ဂ်ဒန်စနဲလ်'က ပြောပြပါတယ်။
အဆိုပါမျိုးဗီဇကွဲတွေက ကိုယ်ခံအားချို့တဲ့သူတွေမှာ ဖြစ်ပေါ်လာတာဖြစ်နိုင်ကြောင်း ယူဆနေကြပါတယ်။
ကိုဗစ်ရောဂါပိုးစမ်းသပ်ရာမှာ အချိန် ၈ ပတ်လောက်ကြာတဲ့အထိ ရောဂါပိုးတွေ့ရှိနေခဲ့တဲ့ ကိုယ်ခံအားချိုတဲ့သူ ၉ ဦးကို စစ်ဆေးခဲ့ကြပါတယ်။
ပျမ်းမျှရောဂါပိုးရှိနေချိန်က ၇၃ ရက်ရှိပြီး လူနာ ၂ ဦးကတော့ တစ်နှစ်ကျော်ကြာတဲ့အထိ ရောဂါတည်ရှိနေခဲ့ပါတယ်။
အဆိုပါလူနာတွေကို မျိုးရိုးဗီဇစစ်ဆေးမှုတွေပုံမှန်ပြုလုပ်ပြီး သွေးနမူနာများပုံမှန်အတိုင်းစစ်ဆေးနေခဲ့ရာ လူနာ ၉ ဦးထဲက ၅ ဦးဟာ အယ်လ်ဖာ၊ ဒယ်လ်တာ၊ အိုမီခရွန်မျိုးဗီဇကွဲများ ကူးစက်ခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။
ဒီအချက်အလက်တွေအရ ကိုရိုနာမျိုးဗီဇကွဲတွေက ကိုယ်ခံအားချို့တဲ့သူတွေမှာ ပေါ်ပေါက်လာတာဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆကိုမှန်ကန်စေကြောင်း 'စနဲလ်'က ရှင်းပြခဲ့ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published_ 28 April 2022
သီရိလင်္ကာနိုင်ငံမှ "အဘိဓဇမဟာရဋ္ဌဂုရု" ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး Most Venerable Aggamahapandita Dodampahala Chandrasiri Maha Thero ထံ ဆက်ကပ်လှူဒါန်းသည့် အခမ်းအနားကို ဧပြီ ၂၆ ရက် အင်္ဂါနေ့ နံနက် ၁၀ နာရီတွင် ဆရာတော်ကြီးသီတင်းသုံးရာ သီရိလင်္ကာနိုင်ငံ Gothama Thapowanaya Monestry၊ Kalapaluwawa ၊Mulleriyawa- New Town တွင် ကျင်းပခဲ့ပါတယ်။
ဘွဲ့တံဆိပ်ဆက်ကပ်လှူဒါန်းပွဲသို့ သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟန်သူ နှင့် ဇနီး၊ မြန်မာသံရုံးဝန်ထမ်းများနှင့် မိသားစုများ တက်ရောက်ခဲ့ကြပါတယ်။
မြန်မာသံအမတ်ကြီးက "အဘိဓဇမဟာရဋ္ဌဂုရု" ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်း ရတဲ့ အကြောင်းအရာကို ရှင်းလင်းပြောကြားပြီး ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင် တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။
ထို့နောက် "အဘိဓဇမဟာရဋ္ဌဂုရု" ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး Most Venerable Aggamahapandita Dodampahala Chandrasiri Maha Thero က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group.
Published 27 April 2022
မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ဝတ္တုကံတော်အတွင်းမှာ တည်ဆောက်မယ့် သာသနာ့ဗိမာန် အဂ္ဂါဓိပတိ ဝိသုံဂါမသိမ်တော် သီမာသမ္မုတိသိမ်သမုတ်ကံဆောင်ခြင်းအောင်ပွဲ မင်္ဂလာကုသိုလ်တော် အခမ်းအနားကို ဧပြီ ၂၇ ရက် မနက်ပိုင်းက အဆိုပါ မင်္ဂလာနေရာမှာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ နေပြည်တော် ၊လယ်ဝေးမြို့ပေါက်မြိုင်ကျောင်းတိုက် ပဓာန နာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ၊ တပ်ကုန်းမြို့ မဟာသီဟနာဒကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ အာစိဏ္ဏ တို့အမှူးပြုတဲ့ သံဃာတော်(၅၄) ပါးကြွရောက်ချီးမြှင့်တော်မူကြောင်းသိရပါတယ်။
အဲဒီအပြင် SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကောင်စီဝင်တွေ၊ အစိုးရအဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ကြပါ တယ်။
အခမ်းအနားမှာ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရေး ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တဝိမလဗုဒ္ဓိ ပါဠိဆရာတော်ကြီးက ဝိသုံဂါမသိမ်တော်၏ ဘွဲ့တော်မည်ကို အဂ္ဂါဓိပတိ ဘွဲ့အမည် သမုတ်နိုင် ရန် လျှောက်ထားဩဝါဒခံယူခဲ့ပါတယ်။ အဲဒီအခါ ဆရာတော်များက သာဓုသုံးကြိမ်ခေါ်ဆိုပြီး သဘောဆန္ဒတူညီတော် မူကြပါတယ်။
အဲဒီနောက်အခမ်းအနားအပြီးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အလှူရှင်တွေက သံဃာတော်တွေကို လှူဖွယ်ပစ္စည်းတွေ လောင်းလှူခဲ့ကြတယ်လို့ သိရှိရပါတယ်။
#WorldArt
Published 27 April 2022
နိုင်ဂျီးရီးယားနိုင်ငံ ဘာဒါဂရီကမ်းရိုးတန်းမြို့လေးမှ လက်မှုပညာရှင်များက အုန်းခွံများဖြင့်လက်မှုပစ္စည်းများပြုလုပ်ဖန်တီးကြပြီး သူတို့ရဲ့လက်ရာများကို ခင်းကျင်းပြသထားကြပါတယ်။
#Yangon_Media_Group
Published 27 April 2022
အာရပ်စော်ဘွားမျာပြည်ထောင်စု(ယူအေအီး)နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ဉာဏ်ရည်တု(အေအိုင်)ဝန်ကြီးကိုခန့်အပ် လိုက်ပါတယ်။ စီးပွားရေး အကျိုးအမြတ်အတွက် သာမကဘဲ ဉာဏ်ရည်တုလုပ်ငန်းမှာ ဦးဆောင်နိုင်ငံဖြစ်လာအောင် လုပ်မယ်လို့ ဉာဏ်ရည်တုဝန်ကြီး အယ်အိုမာဘင်ဆူလ်တန်အယ်လ်အိုလာမာက ပြောပါတယ်။
သူက ဒူဘိုင်းမြို့တော်မှာပြုလုပ်တဲ့ အေအက်ဖ်ပီနှင့်အင်တာဗျူးမှာ တာဝန်ယူ တာဝန်ခံမှုရှိတဲ့ ထုတ်လုပ်မှုတစ်ခုအဖြစ် အလေးပေးပြောဆိုခဲ့ပါတယ်။
Source AFP
#LocalNews
Published - 27 Aprb2022
ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်ကြောင့် ကာကွယ်ဆေးအကြိမ်ရည်အပြည့်မထိုးနှံရသေးသောမြန်မာသင်္ဘောသားများအနေဖြင့် ပြည်တွင်းပြန်လည်ဝင်ရောက်ရေးအခက်အခဲဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
Page 1505 of 1637