#Local_News
Published _ 18 october 2022
လက်ရှိ ရန်ကုန်မြို့မှာရှိတဲ့ Down town မြို့နယ်တွေဖြစ်ကြတဲ့ ဗိုလ်တထောင်၊ ပုစွန်တောင်၊ ကျောက်တံတား၊ လမ်းမတော်နဲ့ လသာ စတဲ့မြို့နယ်တွေမှာ အိမ်အဌားတွေပိုများလာတယ်လို့ အိမ်ခြံမြေဝန်ဆောင်မှုအသင်းတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
Published 18 Oct 2022
ကမ္ဘာပေါ်မှာ အကြီးဆုံးစိန်ပွင့်တွေထဲက တစ်ပွင့်ဖြစ်တဲ့ ရွှေကနေရီလို့အမည်ပေးထားတဲ့ ညိုဝါရောင် စိန်တစ်ပွင့်ကို ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့က ဆာသူဘီကုမ္ပဏီမှာ ပြသထားပါတယ်။ အဲဒီ ရွှေကနေရီစိန်ပွင့်ကြီးဟာ အလေးချိန်အားဖြင့် ၃၀၃.၁ ကာရက်ရှိပါတယ်။
အဆိုပါစိန်ကြီးဟာ အပြစ်အနာအဆာကင်းပြီး အမေရိက ကျောက်မျက်သိပ္ပံက အတွင်းမှာ အပြစ်အနာအဆာကင်းတဲ့ စိန် အဖြစ် အဆင့်အတန်းသတ်မှတ်ပေးထားပါတယ်။
ဒီလို ရင်သပ်ရှုမောစရာ စိန်ကြီးရဲ့အရွယ်အစားအတိုင်းက ကမ္ဘာပေါ်မှာ ရှာတွေ့ထားတာ စုစုပေါင်း စိန်ပွင့်ကြီးငါးပွင့်ပဲ ရှိပါသေးတယ်။ နောက်ပြီးထူးခြားချက်က ရွှေကနေရီစိန်ကြီးဟာ အဲဒီကြီးမားတဲ့ စိန်ပွင့်ကြီးထွေတဲက တစ်ပွင့်ကနေ ပြန်လည်ဖြတ်တောက်သွေးယူထားတာဖြစ်ပါတယ်။
Source AFP
#Golden_Canary
#Brownish-yellow_Diamond
#Sotheby_Dubai
#Local_News
Published_18 October 2022
ငြိမ်းချမ်းရေးဖြစ်စဉ်ဦးဆောင်မှုအဖွဲ့ (PPST) က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ၂၀၂၂ ခုနှစ် မကုန်မီ တွေ့ဆုံမှာ ဖြစ်တယ်လို့ PPST ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့် ကပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_18 October 2022
ယခုဘဏ္ဍာနှစ်ရဲ့ ခြောက်လကျော်ကာလအတွင်းမှာ ပြည်ပကိုရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၆၁ ဒသမ ၈၃ သန်းရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 18 October 2022
၁။ ၆ လကျော်အတွင်း ပြည်ပသို့ရေထွက်ကုန်ပစ္စည်းတင်ပို့မှု ကန်ဒေါ်လာ ၃၆၁ ဒသမ ၈၃ သန်းရရှိထား
၂။ ငြိမ်းချမ်းရေးဖြစ်စဉ်ဦးဆောင်မှုအဖွဲ့က တိုင်းရင်းသားလက်နက်ကိုင် အဖွဲများနှင့် ယခုနှစ်မကုန်မီ တွေ့ဆုံမည်ဟုဆို
၃။ ရန်ကုန်ရှိ Down Town မြို့နယ်များတွင် အိမ်အဌားများ ပိုများလာဟုဆို
၄။ ဆိုလာပြားများအောက် စိုက်ပျိုးထားသည့် ပဲပိစပ်များအား ပေါင်းစပ်ကောက်ရိတ်စက်ဖြင့်ရိတ်သိမ်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published-18 October 2022
လက်ရှိရွှေဈေးကွက်အတွင်းမှာ ဒေါ်လာဈေးတွေငြိမ်နေတာကြောင့် ရွှေအရောင်းအဝယ်မှာလည်း အရောင်းအေးနေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဥက္ကဋ္ဌ ဦးမျိုးမြင့် ကပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_18 October 2022
ရန်ကုန်ဆိပ်ကမ်းတွင် စက်သုံးဆီတင်သင်္ဘောငါးစီး အပါအဝင် စုစုပေါင်း သင်္ဘော ၂၃ စီး ဆိုက်ကပ်ကာ ကုန်တင်ကုန်ချလုပ်ငန်းများ ဆောင်ရွက်နေကြောင်း နစကမှသတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာ ၁၇ ရက်တွင် ရန်ကုန်ဆိပ်ကမ်း၌ ကွန်တင်နာတင်သင်္ဘောနှစ်စီး၊ အထွေထွေကုန်စည်တင် သင်္ဘော ၁၅ စီး၊ စက်သုံးဆီတင်သင်္ဘောငါးစီးနှင့် စားသုံးဆီသင်္ဘောတစ်စီးတို့ ပါဝင်ပြီး သင်္ဘောစုစုပေါင်း ၂၃ စီး ဆိုက်ကပ်ကာကုန်တင်ကုန်ချလုပ်ငန်းများဆောင်ရွက်နေခြင်းဖြစ်သည်။
ကုန်သေတ္တာတင်သင်္ဘောများဖြင့် ဓာတ်မြေဩဇာအမျိုးမျိုး၊ အထည်အလိပ်၊ ဆေးနှင့်ဆေးပစ္စည်း၊ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ စက်နှင့်ဆက်စပ်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ကော်စေ့ စသည်တို့ကို တင်သွင်းပြီး ရေထွက်ကုန်၊ ချုပ်ပြီးအဝတ်အထည်၊ ကောက်ပဲသီးနှံထွက်ကုန်၊ သစ်တောထွက်ကုန်နှင့်ရော်ဘာတို့ကို တင်ပို့လျက်ရှိကြောင်း ဖော်ပြထားသည်။
ယင်းအပြင် ယခုလ(အောက်တိုဘာ) အတွင်း ရန်ကုန်ဆိပ်ကမ်းသို့ဝင်ရောက်သည့်လျာထား ကုန်သေတ္တာတင်သင်္ဘောများအနက် လက်ရှိအချိန်ထိ လျာထားချက်၏ ၅၅ ရာခိုင်နှုန်းကျော် ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 18 october 2022
ယနေ့ နံနက်ပိုင်းက မုံရွာ-မန္တလေးလမ်းပိုင်းတစ်ခုမှာ ဆိုင်ကယ်တစ်စီးအား တိုက်မိပြီး အမျိုးသားနှစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အနက် ကျူးလွန်ခဲ့သည့် မော်တော်ယာဉ်ဘက်မှ တာဝန်ယူဖြေရှင်းပေးသွားမည်ဟု အကြောင်းပြန်လာကြောင်း ကူညီကယ်ဆယ်ပေးခဲ့သည့် လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ယနေ့ အောက်တိုဘာလ ၁၈ရက်နေ့ နံနက် ၇နာရီ ၄၅မိနစ်အချိန်က မုံရွာမြို့နယ်၊ မန္တလေးလမ်းပိုင်းရှိ မြေနဲရွာတံတားအနီးမှာ သံဃာပိုင် မော်တော်ယာဉ်တစ်စီးက ဆိုင်ကယ်တစ်စီးကို တိုက်မိကာ မောင်းပြေးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"ဖြစ်စဉ်ဖြစ်ဖြစ်ချင်းမှာပဲ ကားပေါ်ပါလာတဲ့ ဘုန်းကြီးက ရပ်ဖို့ပြောတယ်။ ဒါပေမယ့် မောင်းလာတဲ့ ကျောင်းသားက ကြောက်လန့်ပြီး မောင်းပြေးသွားတာလို့ပြောတယ်။ အခုဖြစ်သွားတဲ့အမှုအတွက် အစအဆုံး တာဝန်ယူဖြေရှင်းပေးသွားမယ်လို့ နစ်နာသူတွေရဲ့မိသားစုတွေဆီကို ဆက်သွယ်လာပါတယ်" လို့ မုံရွာ လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူက YMG ကိုပြောသည်။
ဖြစ်စဉ်မှာ မြေနဲရွာတံတားအနီးရှိ နယူးအားမာန်ဘီယာဆိုင်ရှေ့တွင် နှစ်ယောက်ပိုးစီးလာသော ကလစ်ဆိုင်ကယ်တစ်စီးအား 4w အမျိုးအစား အနက်ရောင်ကားက တိုက်မိပြီးနောက် မြောက်ဘက်(မုံရွာဘက်)သို့ မောင်းထွက်သွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။


#ymg/NN
#Yangon_Media_Group
#Local_News
Published _18 October 2022
နေတိုးနှင့် ဥရောပသမဂ္ဂတို့အပေါ်တွင် ပြင်သစ်၏ ရပ်တည်ချက်ကို ပြောင်းလဲရန်အတွက် ထောင်နှင့်ချီသည့် ဆန္ဒထုတ်ဖော်သူများသည် ပါရီမြို့လယ်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
အဆိုပါ ကြီးမားသည့် ချီတက်ဆန္ဒပြမှုကြီးကို ပြင်သစ်အမျိုးသားလွှတ်တော်၏ အမျိုးသားစုဝေးပွဲ လက်ထောက်ခေါင်းဆောင်ဟောင်း ဖလော်ရီယန် ဖီလီပေါ့တ် ဦးဆောင်သည့် လက်ယာယိမ်းပါတီဖြစ်သည့် The Patriots မှ စီစဉ်ခဲ့ခြင်းဖြစ်သည်။
ဥရောပတစ်ဝန်းတွင် လူနေမှုစရိတ်အကျပ်အတည်းများ ကြုံတွေ့လာရပြီးနောက် ပြင်သစ်နှင့် ဂျာမဏီအပါအဝင် အချို့ဥရောပနိုင်ငံများတွင် လူအများအပြား ချီတက်ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။ ဥရောပနိုင်ငံများ၌ ဆန္ဒပြမှုတွင် ရေနံချက်စက်ရုံများမှ အလုပ်သမားသမဂ္ဂများလည်း ပါဝင်ပူးပေါင်းခဲ့ကြသည်။ ထိုသို့ဆန္ဒပြပွဲများ ဖြစ်ပွားပြီးနောက် ပြင်သစ်နိုင်ငံ မြို့တော်ပါရီတွင် ထောင်နှင့်ချီသည့် ဆန္ဒထုတ်ဖော်သူများသည် နေတိုးနှင့် ဥရောပသမဂ္ဂတို့ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည်။
ယူကရိန်းစစ်ပွဲ စတင်ပြီးနောက် နေတိုးနှင့် ဥရောပသမဂ္ဂတို့သည် ယူကရိန်းဘက်မှ ရပ်တည်ပြီး ရုရှားနှင့် အတိုက်အခံများ ပြုလုပ်ခဲ့ကြသည်။ ရုရှားမှလည်း တုံ့ပြန်သည့်အနေဖြင့် ၎င်း၏ ဥရောပအပေါ် စွမ်းအင်တင်ပို့မှုများကို ဖြတ်တောက်ခဲ့သည်။ ထိုသို့ စွမ်းအင်တင်ပို့မှု ဖြတ်တောက်လိုက်သည့်အခါ ဥရောပတစ်ဝန်း စွမ်းအင်ဈေးနှုန်းများမြင့်တက်လာပြီး လူနေမှုစရိတ် အကျပ်အတည်းများ ဖြစ်ပေါ်လာခဲ့သည်။
ရုရှား၏ ဥရောပအပေါ် စွမ်းအင်တင်ပို့မှု ဖြတ်တောက်ခြင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် ပြင်သစ်၏ စွမ်းအင်ကုမ္ပဏီကြီး TotalEnergies က ဥရောပ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်တင်းရန် ကြိုးစားခဲ့သည်။ သို့သော် TotalEnergies ၏ ကြိုးပမ်းမှုသည် အရာမထင်ဘဲ ပြင်သစ်နိုင်ငံအတွင်းမှာပင် စက်သုံးဆီပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိနေသည်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က နိုင်ငံတွင်းဖြစ်ပွားနေသည့် စွမ်းအင်အကျပ်အတည်းနှင့်ပတ်သက်ပြီး ထိတ်လန့်ကြောက်ရွံမှု မရှိကြရန် ပြောကြားခဲ့သည်။
မြို့တော် ပါရီမြို့လယ်မှ ထောင်နှင့်ချီသည့် ဆန္ဒထုတ်ဖော်သူများသည် ဥရောပသမဂ္ဂအဖွဲ့မှ ပြင်သစ်ထွက်ခွာရန် ရည်ညွှန်းသည့် တောင်းဆိုချက် ဆိုင်းဘုတ်ငယ်များကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြပြီး၊ ဆန္ဒပြသူအများအပြားသည် ပြင်သစ်နိုင်ငံတော်အလံကို ဝှေ့ယမ်းခဲ့ကြသည်။
ထို့အပြင် ဆန္ဒထုတ်ဖော်သူများသည် ရုရှား-ယူကရိန်း ပဋိပက္ခတွင် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည့် နေတိုးအဖွဲ့ကိုလည်း ဆန္ဒပြခဲ့ကြပြီး၊ နေတိုးအဖွဲ့သည် စီးပွားရေးကို အနှောက်အယှက်ပေးပြီး စွမ်းအင်နှင့် ကျန်းမားရေးကန့်သတ်ချက်များကို ဖြစ်ပေါ်စေခဲ့သည်ဟု ရှုတ်ချခဲ့ကြသည်။
ထောင်နှင့်ချီသည့် ဆန္ဒထုတ်ဖော်သူများသည် ပြင်သစ်နိုင်ငံ မြို့တော် ပါရီမြို့လယ်ရှိ ပါလီမန်အဆောက်အဦအနီးအထိ ဆန္ဒပြသခဲ့ကြပြီး၊ ပြင်သစ်အာဏာပိုင်များသည် အဆိုပါ ကြီးမားသည့် ဆန္ဒပြသူများနှင့်ပတ်သက်ပြီး မှတ်ချက်ပြုခြင်းမရှိခဲ့သလို ပြင်သစ်မီဒီယာများမှလည်း အဆိုပါဆန္ဒပြမှုများကို မဖော်ပြဘဲ လျစ်လျူရှုခဲ့ကြသည်။
နေတိုးနှင့် ဥရောပသမဂ္ဂတို့၏ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများကြောင့် ပြင်သစ်နိုင်ငံသည် လက်ရှိအချိန်တွင် စွမ်းအင်အကျပ်အတည်းနှင့် ကြုံတွေ့ရလျက်ရှိနေပြီး၊ လာမည့် ဆောင်းရာသီတွင် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံတွေ့နိုင်ချေ မြင့်တက်နေသည်။
လက်ယာယိမ်း နိုင်ငံရေးသမားများကလည်း ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများသည် အလုပ်မဖြစ်နိုင်ဘဲ စွမ်းအင်အကျပ်အတည်းများကြောင့် ပြင်သစ်ပြည်သူများနှင့် ဥရောပတစ်ဝန်းရှိ ပြည်သူများကိုသာ ထိခိုက်စေမည်ဖြစ်ကြောင်း ပြောကြားထားကြသည်။
#Yangon_Media_Group
Published 18 Oct 2022
အမေရိကန်နိုင်ငံ ဘော့စ်တွန်တက္ကသိုလ်မှ သုတေသနပညာရှင်တွေဟာ ကူးစက်ခံရသူ ၈၀ရာခိုင်နှုန်းခန့်အထိ သေဆုံး နိုင်တဲ့ ကိုဗစ်-၁၉ မျိုးဗီဇကွဲ အသစ်တစ်ခုကို စမ်းသပ်ဖန်တီးခဲ့ကြတယ်လို့ သိရပါတယ်၊
အဲဒီမျိုးဗီဇကွဲကို အိုမီခရွန်နှင့် ဝူဟန်မှာ စတွေ့ခဲ့တဲ့ မူရင်းဗိုင်းရပ်စ်နှစ်ခုကို ပေါင်းစပ်ဖန်တီးခဲ့တာဖြစ်ပြီး ကြွက်တွေကို ကူးစက်စေပြီးစမ်းသပ်ကြည့်တဲ့အခါ ၈၀ရာခိုင်နှုန်းသေစေကြောင်း တွေ့ရှိရပါတယ်။ အဲဒီကြွက်တွေကို အိုမီခရွန် သက်သက်ပဲ ကူးစက်စေတဲ့အခါမှာတော့ အပျော့စားရောဂါလက္ခဏာပဲပြသတယ်လို့သိရပါတယ်။
အဲဒီသုတေသနလုပ်ငန်းကို ဖလော်ရီဒါနှင့် ဘော့စ်တွန်က သိပ္ပံပညာရှင်တွေဟာ ပေါ်ထွန်းစ ကူးစက်ရောဂါဆိုင်ရာ အမျိုးသားအဆင့် ဓာတ်ခွဲခန်းတွေမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
သူတို့ဟာ အိုမီခရွန်က စပိုက်ပရိုတိန်းကို ထုတ်ယူပြီး ဝူဟန်က မူလ ဗိုင်းရပ်စ်ထဲ တွဲထည့်ပေးလိုက်တာပါ။ အဲဒီနောက် အဲဒီမျိုးဗီဇပေါင်းထားတဲ့ မျိုးကွဲကိုဗစ်ဗိုင်းရပ်စ်ပိုးကို ကြွက်တွေက ဘယ်လိုတုန့်ပြန်သလဲ မှတ်တမ်းတင်ခဲ့ကြပါတယ်။
“ ကြွက်တွေဆီမှာ အိုမီခရွန်သက်သက်ဆို တစ်ကောင်မှမသေဘဲ အပျော့စားရောဂါလက္ခဏာပဲပြတယ်။ အိုမီခရွန်-အက်စ် ဗိုင်းရပ်စ်ဆိုရင် သေဆုံးနှုန်းက ၈၀ရာခိုင်နှုန်းရှိတာတွေ့ရတယ်” လို့ သူတို့က သုတေသနစာတမ်းမှာ ရေးသားထား ပါတယ်။
အဲဒီမျိုးဗီဇကွဲဗိုင်းရပ်စ်အသစ်ဟာ အိုမီခရွန်မျိုးကွဲထက် အဆပေါင်း ငါးဆ ပိုပြီးကူးစက်တာလည်းတွေ့ရတယ်လို့ စာတမ်းက ဆိုပါတယ်။
အိုမီခရွန်ဟာ ကူးစက်မှုမြင့်မားတဲ့ ဗိုင်းရပ်စ်မျိုးကွဲဖြစ်ပြီး ကာကွယ်ဆေးအပြည့်ထိုးထားပြီးသူတွေတောင် ကူးစက်ခံရတာ ဖြစ်ပါတယ်။ စပိုက်ပရိုတိန်းဆိုတာ ကူးစက်မှုနှုန်းကို ဖြစ်ပေါ်စေတဲ့ ပရိုတိန်းဖြစ်ပါတယ်လို့ သုတေသနပညာရှင်တွေက ပြောပါတယ်။ ဗိုင်းရပ်စ်ဖွဲ့စည်းပုံမှာ ပြောင်းလဲမှုတွေက သေဆုံးမှု အတိုင်းအတာကိုဖြစ်ပေါ်စေကြောင်းသိရပါတယ်။
Source NY-Post
#80%_kill_rate_New_Strain
#Covid_19
#Boston_University

#Local_News
Published _18 October 2022
ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော ရဟတ်ယာဉ်အမှု ၅ ခုလုံးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် စွဲချက်တင်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
ယနေ့အောက်တိုဘာလ ၁၈ ရက်က နေပြည်တော်အကျဉ်းထောင်အထူးတရားရုံး၌ စွဲချက်တင်လိုက်ခြင်းဖြစ်ပြီး နောက်လာမယ့် ရုံးချိန်းတွင် ပြန်ခေါ်သက်သေများကို စတင် စစ်ဆေးသွားမည် ဖြစ်ကြောင်း အဆိုပါ နီးစပ်သူက ပြောသည်။
"ဒီနေ့ စွဲချက်တင်တယ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့၊ငါးမှုလုံးကိုပေါ့။လာမယ့် ရုံးချိန်းမှာ ပြန်ခေါ်သက်သေတွေကို စစ်ဆေးဖို့ ရှိတယ်"ဟု အဆိုပါ တရားရုံးနှင့် နီးစပ်သူ ပြောသည်။
မနေ့က အောက်တိုဘာလ ၁၇ ရက်တွင် အဆိုပါ အမှုများအတွက် ရှာဖွေသက်သေ နှစ်ဦးအား စစ်ဆေးကာ စွဲချက် တင်သင့် မတင်သင့် လျှောက်လဲချက် ပေးခဲ့ကြကြောင်း၊လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူရင်ဆိုင်နေရသော အမှုများထဲမှ တရားရုံးကစစ်ဆေးအမိန့်ချပြီးသည့်အမှုများအတွက် စုစုပေါင်းထောင်ဒဏ် နှစ် ထောင်ဒဏ်၂၆ နှစ် ချမှတ်ခံထားရပြီး ဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#World_Military
Published 18 October 2022
တနင်္လာနေ့က ရုရှားစစ်လေယာဉ်တစ်စင်းဟာ အင်ဂျင်ချို့ယွင်းပြီး အာဇော့ဗ်ပင်လယ် ရုရှားမြို့တစ်မြို့ရှိ လူနေဒေသတစ်ခုသို့ ပျက်ကျသွားခဲ့ပါတယ်။
ထိုဖြစ်ရပ်ကြောင့် အနည်းဆုံးလူ ၄ ဦးသေဆုံးခဲ့ကာ ထိုထဲက ၃ ဦးက မီးလောင်ရာနေရာမှ လွတ်မြောက်ရန် ၉ ထပ်မြင့်တဲ့ အဆောက်အအုံအထပ်တွေက ခုန်ချခဲ့တာကြောင့် သေဆုံးရတာဖြစ်ပါတယ်။
Su-34 ဗုံးကျဲလေယာဉ်ဟာ စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် စတင်ထွက်ခွာစဉ်အတွင်း အင်ဂျင်တစ်လုံးမီးစွဲခဲ့ပြီးနောက် ယိစ်ခ်ဆိပ်ကမ်းမြို့သို့ ပျက်ကျခဲ့တာဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
လေယာဉ်က လူနေအဆောက်အအုံကို ဝင်တိုက်ပြီး လောင်စာဆီတွေကနေ ပေါက်ကွဲကာ မီးလောင်ကျွမ်းသွားခဲ့ပေမယ့် လေယာဉ်မှူး ၂ ဦးစလုံးကို အာမခံနဲ့ထုတ်ပေးခဲ့ပါတယ်။
ထိုဖြစ်စဉ်ကြောင့် အရပ်သား ၄ ဦးသေဆုံးကာ ၆ ဦးပျောက်ဆုံးနေပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့တဲ့အပြင် ၈ ဦးက အလွန်စိုးရိမ်ရတဲ့ အနေအထားရှိပါတယ်။
သေဆုံးသူ ၄ ဦးထဲက ၃ ဦးဟာ မီးတောက်တွေကြားက လွတ်မြောက်ရန် အပေါ်ထပ်တွေကနေ ခုန်ချခဲ့ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ လက်ထောက်အုပ်ချုပ်ရေးမှူး'အန်နာမန်ကိုဗာ'က ပြောကြားခဲ့ကြောင်း RIA-Novosti သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဒဏ်ရာရသူတွေအတွက် အာဏာပိုင်များက ဒေသတွင်းဆေးရုံများမှ အရေးပေါ်အခန်းများကို အသင့်ပြင်ခိုင်းထားကာ ဆေးဘက်ဆိုင်ရာလေယာဉ်ကို ချက်ချင်းစေလွှတ်ခဲ့ပါတယ်။
တိုက်ခန်း အနည်းဆုံး ၁၇ ခန်းမီးလောင်ကျွမ်းခဲ့ကာ နေထိုင်သူအရပ်သား ၂၅၀ ခန့် ယာယီနေထိုင်ဖို့ ပြင်ဆင်ပေးခဲ့ပါတယ်။
လေယာဉ်ပျက်ကျမှုအကြောင်း သမ္မတ'ဗလာဒီမာပူတင်'ကို အကြောင်းကြားခဲ့ရာ အရေးပေါ်ကျန်းမာရေးဝန်ကြီးများနဲ့ ဒေသတွင်းအုပ်ချုပ်ရေးမှူးတို့ကို စေလွှတ်ခဲ့ပါတယ်။
ယိစ်ခ်မြို့မှာ လူဦးရေ ၉ သောင်းခန့်နေထိုင်ပြီး ရုရှားလေတပ်အခြေချစခန်းကြီး တည်ရှိရာနေရာဖြစ်ပါတယ်။
လေယာဉ်ပျက်ကျပြီး နာရီပေါင်းများစွာကြာတဲ့အခါ ဒေသပိုင်အုပ်ချုပ်ရေးမှူးက မီးလောင်ကျွမ်းမှုကိုထိန်းသိမ်းဖို့ အရေးပေါ်အဖွဲ့အား အမိန့်ပေးခဲ့ပြီး နီးစပ်ရာနေရာများမှ လူများကိုလွတ်မြောက်တဲ့နေရာ သွားကြဖို့ ပြောကြားခဲ့ပါတယ်။
Su-34 လေယာဉ်ဟာ အသံထက်မြန်တဲ့ အင်ဂျင်ပူးတွဲပါလေယာဉ်ဖြစ်ပြီး အာရုံခံကိရိယာများ၊ လက်နက်များတပ်ဆင်ထားကာ ရုရှားလေတပ်ရဲ့ အဓိကတိုက်ခိုက်ရေးယာဉ်တစ်မျိုး ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့ ယူကရိန်းကိုကျူးကျော်ပြီးနောက်ပိုင်း ရုရှားစစ်လေယာဉ်လေ့ကျင့်မှုများအတွင်း လေယာဉ်ပျက်တာဟာ ယခုအကြိမ်နဲ့ဆိုရင် ၁၀ ကြိမ်ရှိခဲ့ပါပြီ။
Source: AP News
#Yangon_Media_Group
Page 1502 of 1948