မြန်မာနိုင်ငံက ထူးချွန်ထက်မြတ်တဲ့အမျိုးသမီးလူငယ်တွေကို အသိအမှတ်ပြုပေးအပ်မယ့်The Women of the Future Awards (အနာဂတ်အမျိုးသမီးများဆု) အတွက် အမည်စာရင်းပေးသွင်းနိုင်တယ်လို့ ဗြိတိန်သံရုံးက အသိပေးထားပါတယ်။
#Local_News
Published 19 August 2025
#အနာဂတ်အမျိုးသမီးများဆု #ဗြိတိန်သံရုံး
#YMG/SW #Yangon_Times
ယနေ့မြန်မာစံတော်ချိန်နံနက်၅နာရီ၃၀မိနစ် အချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းကမ်းခြေတို့မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိတာကြောင့် အဝါရောင်အဆင့်သတ်မှတ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 19 August 2025
#မုန်တိုင်းငယ် #မြန်မာနိုင်ငံဘက်သို့ဦးတည်ရွေ့လျား
#YMG/SW #Yangon_Times
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းပြင်ပ ပညာရေးကိုတိုင်းနဲ့ပြည်နယ်ရှစ်ခုမှာ ကျောင်းသူ၊ ကျောင်းသားပေါင်း ၂၆၀၀ကျော်ကိုသင်ကြားပေးနေတယ်လို့ ပညာရေးဝန်ကြီးဌာန၊ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနက သိရပါတယ် ။
#Local_News
Published 19 August 2025
#ကျောင်းသား(၂၆၀၀)ကျော် #ပညာရေးဝန်ကြီးဌာန
#YMG/NN #Yangon_Times
ခုနှစ်ရက်အတွင်းရွာသွန်းနိုင်တဲ့ မိုးရေချိန်လျော့ကျသွားနိုင်တာကြောင့်အင်းလေးကန် ရေမျက်နှာပြင်တဖြည်းဖြည်း ပြန်လည်ကျဆင်းနိုင်တယ်လို့ မိုးလေဝသပြင်ပပညာရှင်ဦးဝင်းနိုင် ကသုံးသပ်ထားပါတယ်။
#Local_News
Published 19 August 2025
#အင်းလေးကန် #ရေမျက်နှာပြင်တဖြည်းဖြည်းကျဆင်းနိုင်
YMG/NN #Yangon_Times
#World_News
Published 19 August 2025
▪️ ဒေါ်နယ်ထရမ့်၊ ဇယ်လန်စကီနဲ့ ဥရောပထိပ်သီးခေါင်းဆောင်များ ကိုယ်စားလှယ်အဖွဲ့တို့ကြား အိမ်ဖြူတော်မှာ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက်တစ်နေ့မှာ ပူတင်နဲ့ ဇယ်လန်စကီတို့ အစည်းအဝေးပြုလုပ်ရန် စီစဉ်နေကြပြီလို့ ထရမ့်ကပြောပါတယ်။
▪️ ထရမ့်က ပူတင်နဲ့ ပြောဆိုခဲ့ပြီးဖြစ်ကာ အစည်းအဝေးပြုလုပ်မယ့်နေရာ သတ်မှတ်သွားရမယ်လို့ ဆိုရှယ်မီဒီယာမှာ ကြေညာသွားပါတယ်။
▪️ ဇယ်လန်စကီ၊ ထရမ့်၊ ဥရောပ ၅ နိုင်ငံမှ ခေါင်းဆောင်များ၊ ဥရောပကော်မရှင်ဥက္ကဌ၊ နေတိုးအတွင်းရေးမှူးချုပ်တို့ကြား နာရီများစွာတိုင်အောင် ဆွေးနွေးပြီးနောက် အခုလိုကြေညာလာတာ ဖြစ်ပါတယ်။
▪️ ယူကရိန်း၊ ရုရှား၊ အမေရိကန် သုံးပွင့်ဆိုင်ဆွေးနွေးမှုလုပ်နိုင်ရင် စစ်ပွဲအဆုံးသတ်နိုင်မယ့် အခွင့်အရေးရှိကြောင်း ထရမ့်ဆိုပါတယ်။
▪️ ငြိမ်းချမ်းရေးရေရှည်တည်မြဲအောင် တတ်နိုင်သမျှအားလုံးနဲ့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
▪️ အမေရိကန်က ယူကရိန်းနဲ့ ဥရောပနိုင်ငံများထံ လက်နက်များရောင်းချပြီး ထောက်ပံ့ကူညီသွားနိုင်တယ်လို့လည်း ပြောပါတယ်။
▪️ ငြိမ်းချမ်းရေးထိန်းသိမ်းရာမှာ ဥရောပနိုင်ငံတွေက ပထမဆုံးခံစစ်တံတိုင်းဖြစ်တယ်လို့ ဆိုပါတယ်။
▪️ စစ်ပွဲနဲ့သတ်ဖြတ်တာတွေကို ရပ်တန့်ဖို့ ကြိုးစားအားထုတ်မှုမှန်သမျှအတွက် ကျေးဇူးတင်ရှိကြောင်း ယူကရိန်းသမ္မတဇယ်လန်စကီက ပြောပါတယ်။
Source: NPR
#World_Health
Published 19 August 2025
▪️ ဆန်ဆေးရေဖြင့် ရှေးခေတ်အလှထိန်းသိမ်းခြင်းနည်းလမ်းဟာ ဆိုရှယ်မီဒီယာတွေမှာ ခေတ်စားလာပြီး ကမ္ဘာတဝှမ်း လူပြောများလာပါတယ်။
▪️ အရှေ့အာရှရိုးရာနည်းလမ်းတွေကနေ အစပြုခဲ့တာဖြစ်ကာ ဆံကေသာအားကောင်းခြင်းကနေ ဆံကေသာတောက်ပတဲ့အထိ အကျိုးပြုနိုင်ပါတယ်။
▪️ ဆန်ဆေးရေမှာ ကစီဓာတ်၊ အမိုင်နိုအက်ဆစ်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ကယ်စီယမ် ဇင့်လိုသတ္တုဓာတ်များ၊ ဗိုက်တာမင်-ဘီနဲ့ အီးအုပ်စုများ ကြွယ်ဝပါတယ်။
▪️ ဆံပင်မွေးညင်းပေါက်များကို အားဖြည့်ပေးပြီး ဆံကေသာကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။
▪️ တရုတ်နဲ့ဂျပန်အမျိုးသမီးတွေဟာ မျိုးဆက်တွေတိုင်အောင် ဆန်ဆေးရေဖြင့် ဆံပင်ထိန်းသိမ်းခဲ့ကြပါတယ်။
▪️ ဆန်ဆေးရေက ဆံပင်ကိုအားဖြည့်ပေးသလို ပုံမှန်အသုံးပြုပေးပါက ပထမဆုံးအပတ်ကစပြီး အာနိသင်ပေါ်လာကာ ပျော့ပျောင်းသန်မာစေပါတယ်။
▪️ ဆန်ဆေးရေရဖို့အတွက် ဆန်တစ်ခွက်ခန့်ကို ရေ ၂ ခွက် ၃ ခွက်ဖြင့် မိနစ် ၃၀ ကြာအောင် စိမ်ထားရပါမယ်။
▪️ နောက်တစ်နည်းက ဆန်ကို ရေဖြင့် ဖြည်းညင်းစွာပြုတ်ပြီး ရေတွေနောက်လာတဲ့အထိ ထားရပါမယ်။
▪️ ဒီနောက် ဆန်ဆေးရေကို ချက်ချင်းအသုံးပြုနိုင်သလို အခန်းအပူချိန်မှာ ၂၄ မှ ၄၈ နာရီအတွင်း အချဉ်ဖောက်ထားပါက ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်မှု မြင့်တက်စေပါတယ်။
▪️ ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ပြီးတဲ့အခါ ဆန်ဆေးရေဖြင့် ဆေးကြောနိုင်ပါတယ်။
▪️ အလွန်အကျွံအသုံးပြုရင်တော့ ပရိုတိန်းဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ဦးရေပြားနဲ့ ဆံပင်ကို ခြောက်သွေ့စေနိုင်ပါတယ်။
Source: The Jerusalem Post
#World_Health
Published 19 August 2025
▪️ ယခုနှစ် ဖလော်ရီဒါမှာ အသားစားဘက်တီးရီးယား Vibrio vulnificus ဖြစ်ပွားသူ အနည်းဆုံး ၁၃ ဦးရှိထားကြောင်း ဖလော်ရီဒါကျန်းမာရေးဌာနက အတည်ပြုထားကာ ၈ ဦးသေဆုံးထားတယ်လို့ သိရပါတယ်။
▪️ ကူးစက်သူ (၈) ဦးက ပွန်းပဲ့ဒဏ်ရာကနေ ပိုးမွှားဝင်ရောက်တာဖြစ်ပေမယ့် ကူးစက်မှုက ကွက်ကြားဖြစ်တတ်တာလို့ သတိပေးထားပါတယ်။
▪️ လူဝီစီယာနာမှာလည်း ၂၀၂၅ အတွင်း ထိုရောဂါကူးစက်သူ ၁၇ ဦးရှိထားတယ်လို့ တင်ပြထားပါတယ်။
▪️ ယခုလို အဖြစ်များလာတာဟာ ယမန်နှစ် ဟာရီကိန်းမုန်တိုင်းလိုမျိုး သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့တာနဲ့ သက်ဆိုင်နေတယ်လို့ ကျန်းမာရေးတာဝန်ရှိသူများ ဆိုပါတယ်။
▪️ ရာသီဥတုအခြေအနေတွေကြောင့် ကမ်းရိုးတန်းမှရေတွေ ကုန်းတွင်းသို့ ဝင်ရောက်လာကာ ရောဂါကူးစက်မှု များလာစေတာ ဖြစ်ပါတယ်။
▪️ ဒီဘက်တီးရီးယားမျိုးနွယ်ကို ဆားငန်ရေတွေမှာ တွေ့ရတယ်လို့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာတွေက ထုတ်ပြန်ထားပါတယ်။
▪️ ဒီရောဂါကူးစက်တဲ့အခါ တစ်ရက်နှစ်ရက်အတွင်း အပြင်းအထန် နေမကောင်းဖြစ်ခြင်းနဲ့ အသက်ဆုံးပါးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
▪️ ကူးစက်ခံရသူတွေမှာ ဝမ်းလျှောခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊ မူးဝေအော့အန်ခြင်း၊ ဖျားနာခြင်း၊ ချမ်းတုန်ခြင်းတို့ ခံစားရနိုင်ပါတယ်။
▪️ ပင်လယ်စာတွေကို မစားခင်မှာ သင့်လျော်တဲ့အပူချိန်ဖြင့် ချက်ပြုတ်ခြင်း၊ ပင်လယ်စာအစိမ်းတွေ ကိုင်တွယ်ပြီးတိုင်း လက်သေချာဆေးကြောခြင်း၊ ကူးစက်မှုမဖြစ်အောင် ဒဏ်ရာများကို ပိုးသန့်စင်ခြင်းတို့ ပြုလုပ်သင့်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများ အကြံပြုထားပါတယ်။
Source: The Jerusalem Post.
August 18, 2025, Nay Pyi Taw- Senior General Min Aung Hlaing, Chairman of the State Security and Peace Council (SSPC), has emphasized the need to ensure that Myanmar’s upcoming elections and parliament are conducted in a dignified and credible manner.
Speaking at a meeting in Magway on Monday with regional officials and representatives from micro, small and medium-sized enterprises (MSMEs), the SSPC Chairman stressed that all eligible voters must be able to cast their ballots. He added that the government would facilitate this process to guarantee inclusivity.
To broaden representation, he explained that the upcoming elections will use different voting systems: the First-Past-the-Post (FPTP) system for the Pyithu Hluttaw (House of Representatives) and a Mixed-Member Proportional (MMP) system for the Amyotha Hluttaw (House of Nationalities) and the regional/state parliaments. This, he said, would ensure that ethnic groups and various social classes are more widely represented in parliament.
The Senior General also underlined that the international community has expressed support for Myanmar’s elections, which are intended to be free, fair, and transparent. To this end, Myanmar Electronic Voting Machines (MEVMs) will be used to help prevent irregularities.

The Union Election Commission announced earlier on Monday that the first phase of the multi-party general election will begin on December 28, 2025. Further dates for subsequent phases will be announced later.
The Senior General held discussions with local residents and business owners who attended, focusing on micro, small and medium-sized enterprises (MSMEs), agriculture and livestock businesses, as well as education and regional development matters.
He was accompanied by Union ministers, senior military officials, and Magway Region Chief Minister U Tint Lwin, along with Commission Secretary and Joint Secretary-General General Ye Win Oo.
#ymg/knl
၁၈ ဩဂုတ် ၂၀၂၅
▪️သိက္ခာရှိသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် လွှတ်တော်ဖြစ်စေရေး ဝိုင်းဝန်းဆောင်ရွက်ရမယ်လို့ နိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (နလအက) ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။
▪️မကွေးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် ယနေ့ ဩဂုတ်၁၈ ရက်က တွေ့ဆုံ၍ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြော ကြားရာတွင် နလအက ဥက္ကဋ္ဌက ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
▪️ယင်းသို့ဖြစ်စေရန်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံးဆန္ဒမဲများပေးနိုင်ရေး နိုင်ငံတော်မှ ဆောင် ရွက်ပေးသွားမယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဖြည့်စွက်ပြောကြားပါတယ်။
▪️တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ လွှတ်တော်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာစေရေးအတွက် ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကို FPTP စနစ်၊အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကို ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ်(MMP- Mixed Member Proportion System)ကိုအသုံးပြုဆောင်ရွက်တာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ရှင်းလင်းပြောဆိုပါတယ်။
▪️ရွေးကောက်ပွဲကို ပြည်ပနိုင်ငံများမှလည်း ထောက်ခံအားပေးမှုများရှိကြောင်းနှင့် လွတ်လပ်၍တရား မျှတသည့်ရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေး၊ မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်လို့ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များဖြင့် မဲပေးနိုင်ရေးစီမံ ဆောင်ရွက်လျက်ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက အလေးပေးပြောဆိုပါတယ်။
▪️၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း၁ ကို စတင် ကျင်းပသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ဩဂုတ် ၁၈ ရက်မနက်က ကြေညာ ခဲ့ပါတယ်။ဆက်လက်ကျင်းပမည့်အပိုင်းလိုက်နေ့ရက်များကိုထုတ်ပြန်ပေးသွားမယ်လို့လည်းရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ပါတယ်။
▪️ဗိုလ်ချုပ်မှူးကြီးသည် မကွေးတိုင်းဒေသကြီးအတွင်း အသေး စား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME)များ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ၊ ပညာရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း တက်ရောက်လာသည့် ဒေသခံများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့တယ်လို့ အစိုးရရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
▪️အဆိုပါ တွေ့ဆုံပွဲသို့ နလအက ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ် ကြီးရဲဝင်းဦး၊ပြည်ထောင်စုဝန်ကြီးများ၊မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊အဆင့်မြင့်တပ်မတော် အရာရှိ ကြီးများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါတယ်။
#ymg/knl

သောကြာနေ့က ပေကျင်းမှာပြုလုပ်တဲ့ ၂၀၂၅ ကမ္ဘာ့လူသားပုံစံစက်ရုပ်အားကစားပြိုင်ပွဲရဲ့ ၁,၅၀၀ မီတာ ဗိုလ်လုပွဲမှာ လူသားပုံစံစက်ရုပ် ၄၂ ခု ယှဉ်ပြိုင်ခဲ့ကြပါတယ်။
#World_Event
Published 18 August 2025
#ပေကျင်း #စက်ရုပ်အပြေးပြိုင်ပွဲကျင်းပ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 18 August 2025
၁။ အရှင်ခေမိဿရ၏ဝိဇာတမွေးနေ့အလှူ၌ သံဃာတော်အပါး၁၃၀ ကို ဆွမ်းဆန်စိမ်းလောင်းလှု
၂။ လူထုအခြေပြုအမှိုက်စီမံခန့်ခွဲမှုသင်တန်းဖွင့်မည်
၃။ ကိုရီးယားမှခွင့်ပြန်လုပ်သားများလူကိုယ်တိုင်သတင်းပို့ရမည်
၄။ ပေကျင်း၌(၂၀၂၅)ကမ္ဘာ့လူသားပုံစံစက်ရုပ်အပြေးပြိုင်ပွဲကျင်းပပြီးစီး
... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 18 August 2025
▪️ ဒီဇင်ဘာလအတွက် ကျင်းပမည့် JLPT စာမေးပွဲအတွက် လျှောက်လွှာ လက်ခံ ကာလကို ထပ်မံ တိုးမြှင့်လိုက်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီမြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)က ထုတ်ပြန်ကြေညာလိုက်သည်။
▪️ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲအတွက် သင်တန်းကျောင်း အလိုက်လျှောက်ထားမှုများအား ၅.၈.၂၀၂၅ ရက်နေ့မှ ၁၄.၈.၂၀၂၅ ရက်နေ့အထိ online system မှ လက်ခံခဲ့ပြီးဖြစ်သော်လည်း စာဖြေဌာနများတွင် ခုံနေရာ ထပ်မံတိုးမြင့်နေရာချ ထားနိုင်မည်ဖြစ်သောကြောင့် သင်တန်းကျောင်းအလိုက် လျှောက်ထားမှုများအတွက် လျှောက်ထားခြင်းကာလအား တိုးမြှင့် သက်မှတ်လက်ခံသွားမည် ဖြစ်ကြောင်းသိရသည်။
▪️ ထပ်မံလျှောက်ထားလိုသော စာဖြေသူများရှိသည့်သင်တန်းကျောင်းများအနေဖြင့် မိမိတို့ ဝယ်ယူလိုသည့် Level အလိုက် အရေအတွက်အား ရေးသားသတ်မှတ်ပြီး 09- 767 557 354 Viber နံပါတ်သို့ ၁၉.၈.၂၀၂၅ ရက်နေ့ ညနေ ၄နာရီ နောက်ဆုံးထား ပေးပို့ပေးရမည်ဖြစ်ကြောင်း၊ တိုးမြှင့်နိုင်သော စာဖြေဌာနနှင့် ထိုင်ခုံအရေအတွက်များအတိုင်းသာ ထပ်မံလက်ခံနိုင်မည် ဖြစ်သောကြောင့် သတ်မှတ်ထားသော level အလိုက် ထိုင်ခုံအရေအတွက် ပြည့်ပါက လျှောက်လွှာလက်ခံခြင်းအား ပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 115 of 1857