ထိုင်းနိုင်ငံတောင်ပိုင်းမှာ ယခုနှစ်များအတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုများ ကြုံတွေ့နေရပြီး လူပေါင်းသောင်းနဲ့ချီ ပိတ်မိနေကြကာ အရေးပေါ်ကယ်ဆယ်ရေးများ ဖြန့်ကျက်ထားရပါတယ်။
#Asia_News
Published 02 December 2025
#ထိုင်းနိုင်ငံ #ရေကြီးရေလျှံ
#YMG #Yangon_Times #Yangon_Media_Group
အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် လေကြောင်းနဲ့ ငါးဖမ်းလှေများ ကို ကြိုတင်သတိပြုကြဖို့မိုးလေဝသမှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့မနက်ပိုင်းမှာ အသိပေးလိုက်ပါတယ်။
#Local_News
Published 02 December 2025
#မုန်တိုင်း #လေကြောင်း #ငါးဖမ်းလှေ
#YMG/NN #Yangon_Times
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြိုနယ်က ဒေးစွန်ပါစေတီတော်မှာ ဓာတ်လှေကားတပ်ဆင်သွားမှာဖြစ်တာကြောင့် မည်သူမဆိုပါဝင်လှူဒါန်းနိုင်တယ်လို့
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 02 December 2025
#ပဲခူးတိုင်းဒေသကြီး #ဒေးစွန်ပါစေတီ
#YMG/NN #Yangon_Times
စက်သုံးဆီ သယ်ယူပိုဆောင်ရာမှာ လူကြောင့်အားနည်းမှုများ မဖြစ်ပေါ်စေ ရေးအတွက် Terminal များမှစကာ Auto Tank Gauging(ATG)စနစ်များကို တပ်ဆင်ဆောင်ရွက်ရမယ်လို့ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်။
#Local_News
Published 02 December 2025
#စက်သုံးဆီ # ATG
#YMG/SW #Yangon_Times
#Local_News
Published 2 December 2025
▪️ ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့နယ်ရှိ စပါးကြွယ်ကျေးရွာအနီးတွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ စပါးကြွယ် (တောင်ငူ) ဓာတ်အား ခွဲရုံစီမံကိန်းတည်ဆောက်မှု၈၁ ဒသမ ၀၇ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
▪️ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ယမန်ေန့က အဆိုပါဓာတ်အား ခွဲရုံ တည်ဆောက်ရေးစီမံကိန်း၏ လုပ်ငန်းတိုးတက်မှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်သွားသော Shunt Reactor Bushing ပျက်စီးသွားမှုကို အမြန်ဆုံး စစ်ဆေးပြင်ဆင်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးသတိ၊ လုံခြုံရေးအသိအမြဲရှိစေရေး ဂရုပြုဆောင်ရွက်သွားရန်နှင့် ကျန်ရှိသည့်လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးပြတ်စေရေး ကြပ်မတ်ဆောင်ရွက်သွား ရန်မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
▪️ ယခုအကောင်အထည်ဖော် တည်ဆောက်လျက် ရှိသည့် ၅၀၀ ကေဗွီ စပါးကြွယ် (တောင်ငူ) ဓာတ်အား ခွဲရုံစီမံကိန်းသည် လက်ရှိအချိန်တွင် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၈၁ ဒသမ ၀၇ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကာ စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 02 December 2025
▪️ ထိုင်းနိုင်ငံ မြောက်ပိုင်းခရိုင်များတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားများ အနေဖြင့် ချင်းမိုင်မြို့၌ ရွေးကောက်ပွဲအပိုင်း (၁) အတွက် ကြိုတင် ဆန္ဒမဲပေးခြင်း ပထမနေ့ကို ယမာန်နေ့ကဆောင်ရွက်ခဲ့ကြောင်းသိရသည်။
▪️ ယခုလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ အထွေထွေရွေးကောက်ပွဲအပိုင်း (၁) အတွက် ကြိုတင်ဆန္ဒမဲပေးခြင်း (ပထမနေ့) ကို မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့၌ ဒီဇင်ဘာ ၁ ရက် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲ အချိန်အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ပြုလုပ်ရာ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ် ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း က မဲရုံမှူးအဖြစ် ကြီးကြပ်ဆောင်ရွက်၍ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲလက်မှတ်များကို စိစစ်ထုတ်ပေးခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဒီဇင်ဘာ ၁ ရက်မှ ၄ ရက်နေ့အထိ (၄)ရက်တိုင်တိုင် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မြန်မာလုပ်သား ၅၀၀ကျော်ကို ဂျပန်နိုင်ငံကထပ်မံခေါ်ယူထားတယ်လို့ တိုကျိုမြို့ရှိမြန်မာသံရုံးမှထုတ်ပြန်ထားပါတယ်။
#Local_News
Published 02 December 2025
#ဂျပန်နိုင်ငံ #တိုကျိုမြို့
#YMG/SW #Yangon_Times
#Daily_News
Published 02 December 2025
၁။ စက်သုံးဆီများအလေအလွင့်မရှိစေရေး ATGစနစ်များကိုတပ်ဆင်ဆောင်ရွက်မည်
၂။ ဒေးစွန်ပါစေတီတွင် ဓာတ်လှေကားတပ်ဆင်ရန်ပါဝင်လှူဒါန်းနိုင်
၃။ အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် လေကြောင်းနှင့်ငါးဖမ်းလှေများကို ကြိုတင်သတိပြုရန်အသိပေး
၄။ ထိုင်းနိုင်ငံတောင်ပိုင်း၌အဆိုးရွားရေကြီးရေလျှံမှု ဆက်လက်ကြုံတွေ့နိုင်ဦးမည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဒီဇင်ဘာ၂၊၂၀၂၅
မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် သဘာဝ ဓာတ်ငွေ့ပမာဏ ၉၄.၆ ထရီလီယံကုဗပေ(TCF)ခန့်ထုတ် ယူနိုင်မည်ဟု ခန့်မှန်းထားသည့် ကြီးမားလှသော သဘာဝဓာတ်ငွေ့သိုက်ကြီးတစ်ခုတွေ့ရှိထားကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့်အောက်တိုဘာလက upstreamonline.com တွင်ဖော်ပြထားသည့် သတင်းအချက်အလက် များအရ ထိုသဘာဝဓာတ်ငွေ့သိုက်ကြီးသည် မြန်မာနိုင်ငံတွင် ထွက်ရှိခဲ့သမျှ ကမ်းလွန်သဘာဝဓာတ်ငွေ့ သိုက်ကြီးများထဲတွင် အထင်ရှားဆုံးဖြစ်လာနိုင်ချေရှိသည်ဟု သိရှိရသည်။
အဆိုပါသဘာဝဓာတ်ငွေ့သိုက်ကြီးသည် ကမ်လွန်လုပ်ကွက် M-15 တွင်တည်ရှိပြီး တွင်းသစ် ၃တွင်း စမ်းသပ်တူးဖော်ခြင်းကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလတွင် စတင်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ် နှစ်ကုန်ခန့်တွင် ပထမဆုံးသော သဘာဝဓာတ်ငွေ့များထွက်ရှိမည်ဟု မျှော်မှန်းထားကြောင်း အဆိုပါ လုပ်ကွက်တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း(MOGE)နှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ် (Production Sharing Contract - PSC)ကိုချုပ်ဆိုထားသည့် စင်ကာပူအခြေသိုက် Canadian Foresight Group (CFG) ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဖြစ်သူ မစ္စတာဆောင်းနင်းရှန် Mr. Songning Shen က upstreamonline ကို အတည်ပြုပြောကြားထားသည်။
Seismic တိုင်းတာရရှိထားသည့် Reserve ပမာဏအတိုင်း အတည်ပြုနိုင်ပါက M-15 လုပ်ကွက်သည် စွမ်းအင်ရှာဖွေတွေ့ရှိမှုများထဲမှ အထင်ရှားဆုံးတစ်ခုဖြစ် *Guyana" (ဂိုင်ယာနာနိုင်ငံ၏ ကမ်းလွန်ဒေသ) ပြီးသည့်နောက် ဒုတိယမြောက် *Guyana" ဖြစ်လာလိမ့်မည်ဟုလည်း အဆိုပါ သတင်းတွင်ဖော်ပြထားသည်။
Guyana ကို ၂၀၁၅ ခုနှစ်တွင် တောင်အမေရိကရှိ ဂိုင်ယာနာနိုင်ငံ၌ Exxon Mobil မှ စတင်တွေ့ရှိခဲ့ပြီး ၂၀၂၇ ခုနှစ်မှစတင်၍ တစ်ရက်လျှင် စည် ၁.၃ သန်းခန့် ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းဆောင်ရွက် ရှိနေသည့် ကြီးမားသော သဘာဝဓာတ်ငွေ့သိုက်ကြီးဖြစ်သည်။ဂိုင်ယာနာနိုင်ငံသည် အဆိုပါဓာတ်ငွေ့ တွင်းကို တွေ့ရှိပြီးနောက် စွမ်းအင် ထုတ်လုပ်မှုမရှိသော နိုင်ငံတစ်နိုင်ငံ အဖြစ်မှ ကမ်းလွန်ရေနံ ထုတ်လုပ်ရေး အင်အားကြီးနိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိသွားခဲ့ကြောင်းလည်းသိရှိရသည်။
ထို့အပြင် M-15 လုပ်ကွက်တွင် ရှာဖွေတွေ့ရှိခဲ့သည့် အရင်းအမြစ်ကျောက်လွှာ Source Rock သည် တရုတ်နိုင်ငံ၊ Bohai ပင်လယ်ကွေ့တွင် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် သန်း ၄၀ ခန့် (ရေနံစည်ပေါင်း သန်း ၃၀၀ ခန့်) ထုတ်လုပ်လျက်ရှိသည့် Source Rock ထက် အဆ ၃၀ ခန့် ပိုမိုများပြားနိုင်သည်ဟုလည်း ဆိုသည်။
မကြာသေးမီက ကပ္ပလီ ပင်လယ်၊ အိန္ဒိယပိုင်ရေနယ်နိမိတ်အတွင်း ဟိုက်ဒရိုကာဗွန်စတင်တွေ့ရှိခဲ့မှုကို အိန္ဒိယနိုင်ငံမှ ကြေညာချက်ထုတ်ပြန်ခဲ့ရာ အဆိုပါဧရိယာသည် M-15 လုပ်ကွက်၏ အနောက်ဘက် ၆၀ ကီလိုမီတာအတွင်း တည်ရှိသည်။ ထုတ်လုပ်မည့်သဘာဝဓာတ်ငွေ့တွင် မီသိန်းဓာတ်ငွေ့ ၈၇ ရာခိုင် ပါဝင်မှုရှိကာ ကပ္ပလီ ပင်လယ်သည် အိန္ဒိယ၏ စွမ်းအင်ဖူလုံမှုအတွက် လုံလောက်စွာဖြည့်ဆည်းနိုင်မည် ဟုပြောသည်။ယင်းဧရိယာသည် မြန်မာနိုင် M-15 လုပ်ကွက်နှင့် ဘူမိအနေအထားတူညီမှုရှိကြောင်းလည်း အဆိုပါupstreamonline သတင်းတွင် ဖော်ပြပါရှိသည်။
ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများ၏ အကျိုးစီးပွားကိုသာ ရှေးရှု ဆောင်ရွက်လျက်ရှိရာ M-15 လုပ်ကွက်စီမံကိန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံး ကမ်းလွန်ရေနက်စီမံကိန်းဖြစ်လာမည်ဖြစ်ပြီး အောင်မြင်လာပါက လူမှုရေး၊ စီးပွားရေး ကဏ္ဍများတိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်းလည်း CFG က ပြောသည်။
လက်ရှိတည်ဆောက်ပြီး ပိုက်လိုင်း၊ ရေနံစင် များအသုံးပြု၍ ထွက်ရှိလာသော သဘာဝဓာတ်ငွေ့များကို ပို့ဆောင်ဖြန့်ဖြူးခြင်းများဆောင်ရွက်သွားမည်ဖြစ်ရာ ရေရှည်တွင် LNG အဖြစ်ထုတ်လုပ်၍ ဖြန့်ဖြူးခြင်း၊ မလက္ကာရေလက်ကြားတဝိုက် ဖြန့်ဖြူးခြင်းများကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အဆိုပါကုမ္ပဏီ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#ymg/knl
#World_News
Published 02 December 2025
■ ဟောင်ကောင်မြို့မှာ ဆယ်စုနှစ်များအတွင်း အသေအပျောက်အများဆုံး မီးလောင်ကျွမ်းမှုဖြစ်ခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးရာမှာ လူသေစေမှုဖြင့်သံသယရှိသူ ၁၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဟောင်ကောင်အာဏာပိုင်များ တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။
■ စံနှုန်းမမီတဲ့ ပြန်လည်ပြုပြင်ရေးပစ္စည်းများ အသုံးပြုခဲ့တဲ့အတွက် မီးလောင်စွဲစေခဲ့တဲ့သဘော တွေ့ရကာ အနည်းဆုံး ၁၅၁ ဦး အသက်ဆုံးပါးခဲ့ရပါတယ်။
■ ဝမ်ဖုကော့အိမ်ရာမှာ ဗုဒ္ဓဟူးနေ့က မီးဘေးဖြစ်ပြီး လောင်ကျွမ်းခဲ့တဲ့ အဆောက်အအုံ ၇ ခုကို ရဲတွေ ဆက်လက်ရှာဖွေနေခဲ့ပြီး အလောင်းတွေ တွေ့ရှိခဲ့ပြီး ၄၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
■ အချို့အလောင်းတွေဆိုရင် ပြာဖြစ်သွားတာကြောင့် ပျောက်ဆုံးသူအားလုံးကို အတည်မပြုနိုင်ဘူးလို့ ရဲအရာရှိ ဆန်ရှုယင်က သတင်းထောက်တွေကို ပြောပြပါတယ်။
■ မီးလောင်ချိန်မှာ ငြမ်းဆင်ထားတဲ့ အစိမ်းရောင်အစအနနမူနာများကို စမ်းသပ်ခဲ့ရာမှာ မီးဘေးလုံခြုံမှုစံနှုန်းများနဲ့ မကိုက်ညီခဲ့ပါဘူး။
■ ဆောက်လုပ်ရေးကန်ထရိုက်တွေက ဒီလိုမျိုး သွားလာဖို့ခက်ခဲတဲ့ နေရာတွေမှာ စံနှုန်းမမီတဲ့ပစ္စည်းတွေ အသုံးပြုခဲ့တာ ဖြစ်တယ်လို့ စစ်ဆေးရေးမှူးချုပ် အဲရစ်ချန်က ဆိုပါတယ်။
■ အဆောက်အအုံထဲက မီးဘေးအန္တရာယ်အချက်ပေးစနစ်တွေလည်း ပုံမှန်အလုပ်မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။
■ မီးဘေးသင့်ခဲ့သူတွေအတွက် လူထောင်ပေါင်းများစွာက အိမ်ရာဘေးက တူးမြောင်းတလျှောက် ဝမ်းနည်းပူဆွေးခြင်းအမှတ်တရ ပြုလုပ်ခဲ့ကြပါတယ်။
■ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်နေတဲ့အပေါ် ဟောင်ကောင်လုံခြုံရေးအကြီးအကဲ ခရစ္စထန်က ဟောင်ကောင်ကို ဘေးအန္တရာယ်ပြုလိုတဲ့သူတွေက ရည်ရွယ်ချက်ရှိရှိဖြင့် အခုလိုဝမ်းနည်းစရာ အခိုက်အတန့်မှာ ဆူပူနေကြတယ်လို့ ပြောသွားပါတယ်။
■ မီးဘေးအချက်ပေးစနစ် မရှိတဲ့အပေါ် အများပြည်သူ မကျေမနပ်ဖြစ်နေကြကာ ပြင်ပစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကြဖို့ တောင်းဆိုနေပါတယ်။
Source: Reuters
#World_Health
Published 02 December 2025
■ ဆယ်လ်မွန်၊ ငါးသေတ္တာ၊ ငါးကွပ်ရှပ်တို့လို အဆီပါတဲ့ငါးတွေက အိုမီဂါ-၃ ဖက်တီးအက်ဆစ်များ ပါဝင်ပြီး နှလုံးအတွက် အကျိုးရှိစေပါတယ်။
■ ဒေါက်တာ ကူနယ်ဆုဒ်က နှလုံးသွေးကြောကျန်းမာရေး ထောက်ပံ့ရာမှာ အဆီပါတဲ့ငါးတွေရဲ့ အရေးပါပုံအကြောင်းကို အလေးပေးပြောထားပါတယ်။
■ EPA ၊ DHA အပါအဝင် အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေက ဆဲလ်အမြှေးပါးနဲ့ ရောင်ရမ်းပြောင်းလဲခြင်း လမ်းကြောင်းတွေမှာ တစ်စိတ်တစ်ပိုင်းပါဝင်ပြီး ရောင်ရမ်းခြင်းကို လျှော့ချပေးကာ သွေးကြောကျယ်စေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။
■ နှလုံးသွေးကြောကျန်းမာရေးကို မြှင့်တင်ပေးပြီး သဘာဝအတိုင်း ပါဝင်တဲ့အရာတွေက ဖြည့်စွက်ဆေးတွေထက် ပိုပြီးထိရောက်မှုရှိပါတယ်။
■ ဆယ်လ်မွန်၊ ငါးသေတ္တာ၊ ငါးကွပ်ရှပ်၊ ပင်လယ်ငါးသလောက်တို့မှာ EPA နဲ့ DHA တို့ ကြွယ်ဝစွာပါဝင်ပြီး ပုံမှန်စားသုံးပေးပါက နှလုံးဖောက်ခြင်းနဲ့ နှလုံးသွေးကြောဆက်စပ်တဲ့ အသက်ဆုံးပါးခြင်းတို့ကို လျှော့ချနိုင်တယ်လို့ ဒေါက်တာက တွေ့ရှိထားပါတယ်။
■ ဖြည့်စွက်အားဆေးဆိုရင်တော့ ထရိုင်ဂလစ်ဆရိုက်နဲ့ ရောင်ရမ်းခြင်းကို လျှော့ချနိုင်ပေမယ့် တကယ့်လက်တွေ့ နှလုံးအကျိုးကျေးဇူးကတော့ ငါးတွေကနေရရှိပါတယ်။
■ အိုမီဂါ-၃ အကောင်းဆုံးရရှိဖို့နဲ့ နှလုံးကျန်းမာရေး ကောင်းမွန်ဖို့အတွက် တစ်ပတ်ကို အဆီပါတဲ့ငါး ၂ ကြိမ် ၃ ကြိမ်ခန့် စားသုံးဖို့အကြံပြုထားပါတယ်။
Source: Hindustan Times.
၁ ဒီဇင်ဘာ ၊၂၀၂၅
စက်သုံးဆီများကို သတ်မှတ်ထားသည့် အရောင်းဆိုင်များနှင့်နေရာဒေသများသို့ မှန်မှန်ကန်ကန်ရောက်ရှိ ရေး အလေးထားစစ်ဆေးကြပ်မတ်နေပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချ ဖြန့် ဖြူးရေးအသင်းမှ တာဝန်ရှိသူတွေကို မှာကြားပါတယ်။
ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၁ရက်က ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်နေသော စက်သုံး ဆီသိုလှောင်စခန်းသို့ရောက်ရှိစဉ် စက်သုံးဆီလုပ်ငန်းရှင်တွေကို ယခုလိုမှာကြားခဲ့တာဖြစ်ပါတယ်။
စက်သုံးဆီဖြည့်ဆည်းမှုကွင်းဆက်အတွင်း ကြပ်မတ်စစ်ဆေးသည့်အခါတွင် လူကြောင့် အားနည်းမှုများ မဖြစ်ပေါ်စေ ရေးအတွက် နည်းပညာအသုံးပြု၍ ကြပ်မတ်စစ်ဆေးမှုများကို အကောင်အထည်ဖော်နိုင်ရေး အတွက် ကြိုးပမ်းခဲ့သည်မှာ အချိန်ကာလတစ်ခုရှိသော်လည်း လက်တွေ့ဆောင်ရွက်နိုင်မှု မရှိသေးဘူးလို့လည်း ပြည်ထောင် စုဝန်ကြီးက သုံးသပ်ပြောဆိုပါတယ်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူနှင့် လုပ်ငန်းရှင်များမှ ပူးပေါင်း၍ ပြည်သူ့အကျိုး ရှေးရှုပြီး လက်တွဲ ညီစွာဆောင်ရွက်သွားရဖို့လည်း ဝန်ကြီးဦးကိုကိုလွင်က တိုက်တွန်းခဲ့ပါတယ်။
ပြည်သူလူထုအနေဖြင့် ဈေးနှုန်း၊ အရည်အသွေးနှင့် အခြင်အတွယ် ထိခိုက်နစ်နာမှုမရှိစေရေး အထူးဦးစား ပေးဆောင်ရွက်ပေးရန် မိမိတို့တွင် တာဝန်ရှိပြီး ပြည်ပမှ စက်သုံးဆီများ တင်သွင်းရာတွင် တင်သွင်းလာ သည့် စက်သုံး ဆီများ၏ အရည်အသွေးပြည့်မီ မှန်ကန်မှု ရှိစေရေး အရေးကြီးတယ်လို့လည်း ဝန်ကြီးကပြောပါတယ်။
ဦးစွာ Terminal များမှစ၍ Auto Tank Gauging(ATG)စနစ်များကို တပ်ဆင်ဆောင် ရွက်ရမှာဖြစ်ပြီး သိုလှောင်ကန်စခန်းများမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဆီသယ်ယာဉ်များဖြင့် စက်သုံး ဆီ ဖြန့်ဖြူး ပေးပို့ရာ တွင် သတ်မှတ်ထားသည့် စက်သုံးဆီအရောင်းဆိုင်နှင့် နေရာဒေသများသို့ မှန်မှန်ကန်ကန် ရောက်ရှိရေးအတွက် ဖြည့်ဆည်းမှုကွင်းဆက်တစ်လျှောက် ဝန်ကြီးဌာနက အလေးထား စစ်ဆေးကြပ်မတ်လျက်ရှိတယ်လို့လည်း ပြည် ထောင်စုဝန်ကြီးကပြောပါတယ်။
ယင်းနောက်မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူး ရေးအသင်းနှင့် တာဝန်ရှိသူများ၏ တင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်ပစက်သုံးဆီတင်သင်္ဘောမှ စက်သုံးဆီများ လက်ခံချယူ သိုလှောင် နေမှုများ၊ သိုလှောင်ကန်စခန်းများတွင် Auto Tank Gauging (ATG)စနစ်တပ်ဆင်၍ Control Room မှ စက်သုံးဆီ များ ဖြန့်ဖြူးပေးနေမှုနှင့် လက်ကျန်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
#ymg/knl
Page 115 of 1951