#World_Science
Published 04 December 2025
■ မိမိရဲ့ သွေးအမျိုးအစားက မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေး၊ ဦးနှောက်ခွန်အားနဲ့ ဘဝလမ်းကြောင်းဦးတည်ချက်တို့ကို ဖော်ပြနိုင်တယ်လို့ ယူဆချက်တွေရှိပါတယ်။
■ ဒီအကြောင်းကို သိလိုစိတ်ရှိသူတွေအတွက် ပေါ့ပေါ့ပါးပါးဖြင့် လေ့လာသွားနိုင်အောင် ဖော်ပြထားပါတယ်။
■ (၁) သွေးအမျိုးအစား - အေ
တည်ငြိမ်တဲ့ အတွေးအခေါ်အယူအဆနဲ့ ဖန်တီးနိုင်စွမ်းရှိကာ စိတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းနိုင်သလို လူမှုဆက်ဆံရေး သဟဇာတဖြစ်အောင် နေတတ်ပါတယ်။
စနစ်တကျ နေထိုင်တတ်ခြင်း၊ တည်ငြိမ်စွာ ဦးဆောင်နိုင်စွမ်းတို့ ထင်ပေါ်တတ်ပြီး စီးပွားရေးသမား၊ စာကြည့်တိုက်မှူး၊ စာရင်းကိုင်၊ ဂရပ်ဖစ်ဒီဇိုင်နာစတဲ့ အသက်မွေးဝမ်းကြောင်းနဲ့ သင့်လျော်ပါတယ်။
■ (၂) သွေးအမျိုးအစား - ဘီ
လွတ်လပ်စွာ တွေးခေါ်စိတ်ကူးပြီး သမားရိုးကျလမ်းစဉ် မလိုက်နာသူဖြစ်ပါတယ်။
အတွေ့အကြုံအသစ်တွေကို ခေါင်းထိုးဝင်ယူသူတွေဖြစ်ပြီး လွတ်လပ်စွာ ပြုမူနေထိုင်တာကြောင့် ခန့်မှန်းရခက်ပါတယ်။
သတင်းထောက်၊ အနုပညာရှင်၊ စွန့်ဦးတီထွင်သူ၊ ဂီတပညာရှင်လမ်းကြောင်းများက လွတ်လပ်စွာနေလိုသူတွေအတွက် သင့်လျော်ပါတယ်။
■ (၃) သွေးအမျိုးအစား - အို
မွေးရာပါ ခေါင်းဆောင်အရည်အချင်းရှိကာ ယုံကြည်ချက်ရှိရှိဖြင့် ရှေ့ဆက်ကြသလို ရည်မှန်းချက်၊ ဩဇာတို့ ပြည့်ဝပြီး သူများတွေထက် ပိုပြီးအကွက်မြင်တတ်ပါတယ်။
စီအီးအို၊ သရုပ်ဆောင်၊ နိုင်ငံရေးသမား၊ လှုံ့ဆော်အားပေးပြောကြားသူ စသဖြင့် လူတွေကို ဦးဆောင်ပြီး ခွန်အားဖြစ်စေတဲ့ လမ်းကြောင်းတွေက သင့်လျော်ပါတယ်။
■ (၄) သွေးအမျိုးအစား - အေဘီ
ပြဿနာတစ်ခုကို အဖက်ဖက်ကနေ ရှုမြင်တတ်ခြင်းက မွေးရာပါ ဝင်ရောက်ဖြေရှင်းနိုင်သူ ဖြစ်စေပါတယ်။
အခြေခံကျကျတွေးတောခြင်းနဲ့ စာနာမှုတို့ကြား မျှတစွာပြုမူခြင်းကြောင့် မထင်မှတ်လောက်အောင် ပြတ်သားတဲ့စိတ်ရှိပြီး ဆရာ၊ ရှေ့နေ၊ လူမှုလုပ်သား၊ ကျန်းမာရေးအတိုင်ပင်ခံတို့ သင့်လျော်ပါတယ်။
■ ဒီဖော်ပြချက်တွေက သိပ္ပံနည်းကျမဟုတ်ပေမယ့် အများစုဆင်တူကြတဲ့ စိတ်ပိုင်းဆိုင်ရာ အချက်အလက်တွေသာ ဖြစ်ပါတယ်။
Source: WECB
ဇန်ဒဿနကို အခြေခံတဲ့ တရုတ်ရိုးရာကိုယ်ခံပညာကျောင်းတစ်ခုဖြစ်တဲ့ ရှောင်လင်ကွန်ဖူးဟာ လက်တွေ့တိုက်ခိုက်မှုတွေမှာ ထိရောက်မှုရှိအောင် အာရုံစိုက်နေသလို တည်ငြိမ်အေးချမ်းတဲ့စိတ်နဲ့ စည်းကမ်းအပိုင်းမှာလည်း အလေးထားကြောင်း ရှောင်လင်ဆရာတစ်ဦး ပြောပါတယ်။
#Asia_Culture
Published 03 December 2025
#တရုတ်ရှောင်လင်ကွန်ဖူး #တရုတ်ရိုးရာကိုယ်ခံပညာ
#YMG #Yangon_Times #Yangon_Media_Group
တရုတ်နိုင်ငံသို့ အစားအစာတင်ပို့နေတဲ့ ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း ကုမ္ပဏီတွေရဲ့ မှတ်ပုံတင်ခွင့်စီမံခန့်ခွဲရေးသတ်မှတ်ချက်များ ၊ ပြဌာန်းချက်များအရ GACC မှတ်ပုံတင်ခွင့် သက်တမ်းကြိုတင်တိုးမြှင့်ရေး တင်ပြလျှောက်ထားဖို့လိုအပ်တယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) ကနေ အသိပေးထားပါတယ်။
#Local_News
Published 03 December 2025
#GACC #တရုတ်နိုင်ငံ
#YMG/NN #Yangon_Times
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြိုနယ်ရှိ မန်းရွှေစက်တော် ဘုရားကြီးရဲ့ ၂၀၂၆ ခုနှစ်၊ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို (၈၆) ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရပါတယ်။
#Local_News
Published 03 December 2025
#မန်းရွှေစက်တော် #မကွေးတိုင်းဒေသကြီး
#YMG/SW #Yangon_Times
ထိုင်းသို့တင်ပို့တဲ့ ငရုတ်သီးတွေမှာ ပိုးသတ်ဆေးဓာတ်ကြွင်းများ နဲ့ မှိုဓာတ်ကြွင်းတွေ တွေ့ရှိရတာကို သက်ဆိုင်ရာကနေသိရှိရတယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) ကနေအသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 03 December 2025
#ထိုင်း #ငရုတ်သီး
#YMG/NN #Yangon_Times
နေပြည်တော်နဲ့ မန္တလေးတို့တွင်လည်းဆန်ကို သက်သာသောနှုန်းထားဖြင့် အိမ်အရောက်ရောင်းချပေးသွားဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။
#Local_News
Published 03 December 2025
#ဆန် #နေပြည်တော် #မန္တလေး
#YMG/SW #Yangon_Times
#Daily_News
Published 03 December 2025
၁။ ထိုင်းသို့တင်ပို့သည့် ငရုတ်သီးများတွင် ပိုးသတ်ဆေးနှင့်မှိုဓာတ်ကြွင်းများ တွေ့ရှိရဟုဆို
၂။ မန်းရွှေစက်တော် ဘုရားပွဲတော်ကို(၈၆)ရက်ကြာကျင်းပမည်
၃။ GACC မှတ်ပုံတင် ကြိုတင်သက်တမ်းတိုးမြှင့်ရေး တင်ပြလျှောက်ထားရန်လိုအပ်
၄။ လက်တွေ့တိုက်ခိုက်ရေးကိုပါဦးစားပေးသည့် တရုတ်ရှောင်လင်ကွန်ဖူးကျောင်း... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 03 December 2025
▪️ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ကလေးတိုင်းထံသို့ ရောက်ရှိအောင် နည်းလမ်းမျိုးစုံဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းကပြောသည်။
▪️ ယမာန်နေ့ မနက်ပိုင်းကနေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုး လွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး၌အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် အသက် (၂) လ၊ (၄) လ၊ (၆) လ၊ (၉) လ နှင့် (၁၈)လ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းအပြင် ကျောင်းနေအရွယ် ကလေးငယ်များအား ကျောင်းအခြေပြု ဆုံဆို့-မေးခိုင် (DT) ကာကွယ်ဆေးကို လည်းကောင်း၊ အသက်(၉)နှစ်မှ (၁၁)နှစ်အရွယ် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ကို လည်းကောင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်-ဆုံဆို့နာ (Td) ကာကွယ်ဆေးကိုလည်းကောင်း ထိုးနှံပေးလျက်ရှိပါကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းအပြင် ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုအားကောင်းလာစေရန်အတွက် Big Catch-up၊ Routine Catch-up နှင့် Special Immunization Activities နည်းလမ်းများဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ကလေးတိုင်းထံသို့ ရောက်ရှိအောင် နည်းလမ်းမျိုးစုံဖြင့် အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ခက်ခဲသောဒေသများတွင် နေထိုင်သည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအတွက် လိုအပ်သော ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးရန်အတွက် ထပ်မံအားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
▪️ ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)နှင့် ညွှန်ကြားရေးမှူး (တိုးချဲ့ကာကွယ်ဆေး) တို့က ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက် လျက်ရှိသော အခြေအနေ၊ ညှိနှိုင်းဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကြသည်။
▪️ အဆိုပါ အစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်း ဆိုင်ရာနည်းပညာအကြံပေးအဖွဲ့ (National Immunization Te-chnical Advisory Group -NITAG) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆရာ ဝန်အသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်းနှင့် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၊ WHO ၊ UNICEF ၊ CHAI ၊ PATH နှင့် HPA အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 3 December 2025
▪️ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆီဘောက်ဆာယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ယနေ့ ၃.၁၂.၂၀၂၅ ရက်နေ့၊နေ့လည် ၁၂ နာရီ၃၀ မိနစ်အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဝက်တိုးကျေးရွာအုပ်စု၊ ရွှေတောင်ကျေးရွာအနီး၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆီဘောက်ဆာယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားရာနေရာသို့ မိတ္ထီလာမြို့နယ်မီးသတ်စခန်း၊ သာစည်မြို့နယ်မီးသတ်စခန်း၊ ဝမ်းတွင်းမြို့နယ်မီးသတ်စခန်းနှင့် လျှော်ပင်နယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါဆီဘောက်ဆာယာဉ်မီးလောင်မှုကို နေ့လည် ၁၂နာရီ ၅၀မိနစ် အချိန်တွင်မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#World_News
Published 03 December 2025
■ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ထိပ်သီးသံတမန်များ ခရင်မလင်မှာ ၅ နာရီကြာ ဆွေးနွေးပြီးနောက် ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် အပေးအယူညှိနှိုင်းမရရှိခဲ့ဘူးလို့ ရုရှားအစိုးရရုံးချုပ် ခရင်မလင်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
■ ထရမ့်ကတော့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ အသေအပျောက်အများဆုံးစစ်ပွဲတစ်ခု အဆုံးသတ်ရေးက သူ့ရဲ့သမ္မတသက်တမ်းအတွင်း အရေးအကြီးဆုံး နိုင်ငံခြားရေးပေါ်လစီ ရည်မှန်းချက်တွေထဲက တစ်ခုဖြစ်တယ်လို့ အကြိမ်ကြိမ်ဆိုနေပါတယ်။
■ ထရမ့်ဟာ ပူတင်ရော ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီကိုပါ စစ်ပွဲနဲ့ပတ်သက်ပြီး ကြိမ်းမောင်းထားပါတယ်။
■ ထရမ့်ရဲ့အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်၊ သားမက် ဂျရက်ကုရှ်နာတို့ဟာ ပူတင်နဲ့ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ဒီနောက်မှာ သဘောတူညီချက်တွေ မရရှိခဲ့ဘူးလို့ ပူတင်ရဲ့ နိုင်ငံခြားရေးပေါ်လစီလက်ထောက် ယူရီအူရှာကော့ဗ်က ပြောသွားပါတယ်။
■ အမေရိကန်ရဲ့ အဆိုပြုချက်အချို့ကို ပူတင်က သဘောမတွေ့စွာ တုံ့ပြန်ခဲ့ပါတယ်။
■ ဒွန်ဘတ်စ်လိုနယ်မြေမျိုးနဲ့ ပတ်သက်ပြီး အငြင်းပွားတဲ့ကိစ္စတွေမှာ ပူတင်က သဘောမကျဖြစ်နေပါတယ်။
■ ပူတင်နဲ့ထရမ့်ကြား တွေ့ဆုံဆွေးနွေးဖို့က လက်ရှိမှာ မစီစဉ်ရသေးဘဲ ဆွေးနွေးမှုတွေက အကျိုးရှိပြီး အမေရိကန်-ရုရှား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေအတွက် အခွင့်အလမ်းများစွာ ရှိတယ်လို့ အူရှာကော့ဗ်က ပြောပါတယ်။
■ ဇယ်လန်စကီကတော့ ယင်းတို့လျှို့ဝှက်ညှိနှိုင်းတာတွေကို သတိပေးလိုက်ပြီး ငြိမ်းချမ်းရေးလမ်းစဉ်အတွက် မျှတအောင်ဆောင်ရွက်ဖို့ တိုက်တွန်းနေပါတယ်။
■ ပူတင်ကတော့ ပင်လယ်နက်တင်းမာမှုမြင့်တက်နေချိန်မှာ ဥရောပနဲ့ ယူကရိန်းကို ခြိမ်းခြောက်ပြောဆိုထားပါတယ်။
Source: Reuters
#World_Health
Published 03 December 2025
■ အလုပ်များလွန်းလှတဲ့ နေထိုင်မှုဘဝထဲမှာ ရေဓာတ်ဖြည့်ပေးဖို့ကို မေ့လျော့နေတတ်ကြပါတယ်။
■ ၂၀၂၅ ရေဓာတ်ခန်းခြောက်ခြင်း အချက်အလက်များအရ ကမ္ဘာပေါ်ကလူပေါင်း ၁၆ - ၂၁ ရာခိုင်နှုန်းလောက်ဟာ ရေဆာခြင်း၊ ပါးစပ်ခြောက်ခြင်း၊ ဆီးသွားနည်းခြင်းစတဲ့ ရေဓာတ်ခန်းခြောက်ခြင်း လက္ခဏာများ တွေ့ရပြီး ရေသောက်နည်းခြင်းက ထင်ထားတာထက် ခန္ဓာကိုယ်ကို ပိုပြီးသက်ရောက်စေပါတယ်။
■ တစ်နေ့ကို ရေ ၅၀၀ မီလီလီတာသာ ပုံမှန်သောက်သုံးဖြစ်ပါက ဆီးသွားနည်းစေကာ ဆဲလ်တွေဆီကနေ ရေကိုဆွဲယူပြီး ပါးစပ်ခြောက်ခြင်း၊ နွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ဝမ်းချုပ်ခြင်း စတာတွေ ခံစားရနိုင်ကြောင်း အာဟာရပညာရှင် အစ်ဆီတာချာကရာဘော်တီက ရှင်းပြပါတယ်။
■ ကြာလာတာနဲ့အမျှ ကြာရှည်ရေဓာတ်ခန်းခြောက်တဲ့အခါ ကျောက်ကပ်လုပ်ဆောင်ချက် ထိခိုက်လာပြီး ဆီးလမ်းကြောင်းရောဂါများ၊ ကျောက်တည်ခြင်းတို့ ဖြစ်နိုင်ခြေများလာပါတယ်။
■ အချို့သော အစားအစာတွေဆီကနေ ရေဓာတ်ရရှိနိုင်တယ်ဆိုပေမယ့် တစ်နေ့တာလိုအပ်ချက်အတွက်တော့ မလုံလောက်ပါဘူး။
■ ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်အားလုံးမှာ ရေဓာတ်လုံလောက်စွာ ရရှိဖို့လိုအပ်ပြီး မလုံလောက်တဲ့အခါ ဆီးအရောင်ရင့်ခြင်း၊ အနံ့ပြင်းခြင်းတို့ ဖြစ်လာတတ်ပါတယ်။
■ ရေဓာတ်သာမန်လောက် ဆုံးရှုံးလျှင်ပင် စိတ်အခြေအနေ၊ နိုးကြားမှု၊ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှုတို့ကို သက်ရောက်စေကာ စိတ်နဲ့ခန္ဓာလှုပ်ရှားမှု၊ မှတ်ဉာဏ်ကျဆင်းခြင်းတို့ ဖြစ်စေနိုင်တယ်လို့ ရှင်းပြထားပါတယ်။
■ ဦးနှောက်ဆိုရင်လည်း ရေဓာတ်ပမာဏကို အလွန်အာရုံခံသိရှိပြီး ဦးနှောက်လုပ်ဆောင်ချက်တွေ သက်ရောက်စေပါတယ်။
■ ဒါကြောင့် တစ်နေ့တာမှာ ရေမဆာရင်တောင် ရေပုံမှန်သောက်ပေးခြင်း၊ ဆီးစစ်ဆေးခြင်း၊ အရည်ဓာတ်ပါတဲ့ စားစရာများစားသုံးခြင်းတို့ဖြင့် ရေဓာတ်ပြည့်ဝနေအောင် နေထိုင်သင့်ပါတယ်။
Source: Indian Express
#World_Health
Published 03 December 2025
■ ကိုယ်ဝန်သက်တမ်း ၃၇ ပတ်မတိုင်ခင် ကလေးမွေးဖွားခြင်းကို လမစေ့ဘဲမွေးဖွားခြင်းလို့ သတ်မှတ်ပြီး ကလေးငယ်မှာ အသက်အန္တရာယ်နဲ့ ရေရှည်ကျန်းမာရေးပြဿနာများ ဖြစ်လာစေနိုင်ပါတယ်။
■ လမစေ့ဘဲမွေးဖွားခြင်းကို ကာကွယ်လို့မရပေမယ့် ကိုယ်ဝန်ဆောင်ရဲ့ ခင်ပွန်းဖြစ်သူရဲ့ ယုံကြည်စိတ်နဲ့ စိတ်ကြံ့ခိုင်မှုတို့က သန္ဓေသားရဲ့ ကျန်းမာရေးနဲ့ မွေးဖွားအချိန် သတ်မှတ်ရာမှာ အဓိကပါဝင်နေပါတယ်။
■ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ လေ့လာချက်တစ်ခုမှာ ကိုယ်ဝန်ရှိနေတဲ့ စုံတွဲပေါင်း ၂၀၀ ကျော်ကို လေ့လာခဲ့ရာမှာ စိတ်ဓာတ်ကြံ့ခိုင်ပြီး မိမိကိုယ်ကို တန်ဖိုးထားတတ်တဲ့ ဖခင်တွေပိုင်ဆိုင်တဲ့ စုံတွဲတွေဟာ ကိုယ်ဝန်ဆောင်ချိန်အတွင်း ရောင်ရမ်းမှုကို အနည်းငယ်သာ ခံစားရပါတယ်။
■ လူမှုရေးအရ ထောက်ပံ့မှုပိုပေးနိုင်တဲ့ ဖခင်တွေဟာ မိခင်တွေရဲ့ ကိုယ်ဝန်ကို ပိုမိုလစေ့ကျန်းမာစေပါတယ်။
■ ဆန့်ကျင်ဘက်အားဖြင့် အပြုသဘောဆောင်ပေးနိုင်တဲ့ ခင်ပွန်းတွေပိုင်ဆိုင်ရတဲ့ အမျိုးသမီးတွေကတော့ ရောင်ရမ်းခြင်းနဲ့ ကိုယ်ဝန်သက်တမ်းတိုတောင်းခြင်းတို့ ပိုဖြစ်နိုင်ပါတယ်။
■ ဖခင်ရဲ့ အတွင်းစိတ် ကြံ့ခိုင်မှုစွမ်းအားက မိသားစုအတွင်းမှာ ဇီဝနည်းလမ်းများ သက်ရောက်နိုင်တယ်ဆိုတာကို ပထမဆုံးလေ့လာတာ ဖြစ်တယ်လို့ သုတေသနပြုစုသူ ဂျနီဖာဟန်းဟိုဘရွတ်က ပြောထားပါတယ်။
■ လူမှုဆက်ဆံရေးကောင်းမွန်သူတွေ၊ စိုးရိမ်ပူပန်မှု စိတ်ဓာတ်ကျဆင်းမှုနည်းပါးတဲ့ အမျိုးသမီးတွေဟာ ခွန်အားပေးထောက်ပံ့တတ်တဲ့ လက်တွဲဖော်ကောင်းတွေ ပိုင်ဆိုင်တတ်ကြကာ ကိုယ်ဝန်ကို နေ့စေ့လစေ့ဖြင့် ကျန်းကျန်းမာမာ မွေးဖွားလေ့ရှိပါတယ်။
■ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပြီး နေ့စဉ်နဲ့အမျှ ထောက်ပံ့အားပေးတဲ့ ဖခင်တွေက အိမ်မှာ ဖိစီးမှုတွေ လျော့ကျစေပြီး ခွန်အားပေးစွမ်းနိုင်ပါတယ်။
Source: New York Post.
Page 114 of 1951