၆ ဒီဇင်ဘာ ၂၀၂၅
မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်များထွန်းကားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိသည့်အချိန် တွင် တပ်မတော်အနေဖြင့် လွှတ်တော်တွင်ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မယ် လို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီဇင်ဘာ ၆ရက်က ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအား တွေ့ဆုံစဉ် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ခေတ်အဆက်ဆက် သမိုင်းကြောင်းများအရပါဝင်ခဲ့ရကြောင်း၊ သမိုင်းကြောင်းအရ ၊ဖြစ်ပေါ်နေသည့်အခြေအနေများအရ တပ်မတော်အနေဖြင့် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေရဦးမယ်လို့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။
တပ်မတော်၏အဓိကတာဝန်သည်နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန်ဖြစ်သော်လည်း ခေတ်အဆက်ဆက်တွင်ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ ပြည်တွင်းသောင်းကျန်းမှုနှိမ်နှင်းရေးအခန်း ကဏ္ဍတွင်လည်း ပါဝင်နေရတယ်လို့ ဗိုလ်ချုပ်မှူးကြီးကဆိုပါတယ်။
တပ်မတော်ကို အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီးကပြောဆိုလိုက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလည်းပြုပြင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဆက်လက်ပြောကြား ပါတယ်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး ထိန်ဝင်း နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ ၊ ဗိုလ်လောင်းများ တက်ရောက်ခဲကြကြောင်းသိရှိရပါတယ်။
#yng/knl

တရုတ်ပြည်တွင်းထုတ် C919 ခရီးသည်တင်လေယာဉ်ကြီးဟာ တနင်္လာနေ့က ရှန်ဟိုင်း-လန်ကျိုးလမ်းကြောင်းကို စတင်ပြေးဆွဲခဲ့ပြီး ကုန်းပြင်မြင့်လေဆိပ်သို့ ပထမဆုံးပျံသန်းနိုင်ခဲ့ပါတယ်။
#Local_News
Published 06 December 2025
#တရုတ်ပြည် #လေယာဉ်ကြီး
#YMG #Yangon_Times #Yangon_Media_Group
ရွှေကို လေပတ်ကားနဲ့အရောင်းအဝယ်မလုပ်ဖို့နဲ့ သတ်မှတ်ရည်ညွှန်းဈေးနဲ့ သာ ရောင်းဝယ်ကြဖို့ ရန်ကုန်တိုင်းဒေသကြီးအဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများအသင်းက ယမာန်နေ့ကအသိပေးထုတ်ပြန်လာပါတယ်။
#Local_News
Published 06 December 2025
#ရွှေ #လေပတ်ကား
#YMG/NN #Yangon_Times
#Local_News
Published 06 December 2025
▪️ အောင်ပန်းမြို့နယ် ပြည်ထောင်စုလမ်းမကြီး၌ Express ယာဉ်နှင့် Nissan Atlas ယာဉ်တို့ တိုက်မိပြီး အမျိုးသမီးနှစ်ဦးညှပ်နေ၍ ကယ်ထုတ်ပေးခဲ့ရကြောင်းသိရသည်။
▪️ ဒီဇင်ဘာ ၆ ရက်နေ့၊ မနက် ၈နာရီ ခွဲ အချိန်ခန့်က ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၈/၅)နှင့်(၇၈/၆)အကြားတွင် Express ယာဉ်နှင့် Nissan Atlas ယာဉ်တို့ တိုက်မိမှုဖြစ်ပွားပြီး အမျိုးသမီး(၂)ဦး ညပ်နေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် အောင်ပန်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာယင်း ဖြစ်စဉ်ကြောင့် Nissan Atlas ယာဉ်ပေါ်ပါ ညပ်နေသူ အမျိုးသမီး (၂)ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး မဟာလူမှုကယ်ဆယ်ရေးအသင်းနှင့် အောင်ပန်းနာရေးကူညီမှုအသင်းမှ ယာဉ်တို့ဖြင့် အောင်ပန်းပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
ယခု ဒီဇင်ဘာလအတွက် ကုန်သေတ္တာတင်သင်္ဘော(၅၉)စင်းပြေးဆွဲပေးသွားမယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရပါတယ်။
#Local_News
Published 06 December 2025
#သင်္ဘော # မြန်မာ့ဆိပ်ကမ်း
#YMG/SW #Yangon_Times
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှာ ကုမ္ပဏီမှတ်ပုံတင်ထားသော်လည်း အဆိုပါမှတ်ပုံတင်ထားသော လိပ်စာတွေမှာ မရှိတဲ့ ကုမ္ပဏီ (၂၅)ခုကို အမည်ပျက်စာရင်းသွင်းလိုက်တယ်လို့ သိရပါတယ်။
#Local_News
Published 06 December 2025
#မှတ်ပုံတင် #ကုမ္ပဏီ
#YMG/SW #Yangon_Times
#Daily_News
Published 06 December 2025
၁။ မှတ်ပုံတင်ထားသော လိပ်စာများတွင်မရှိသည့် ကုမ္ပဏီ (၂၅)ခုကို အမည်ပျက်စာရင်းသွင်း
၂။ ယခုလအတွက်ကုန်သေတ္တာတင်သင်္ဘော(၅၉)စင်းပြေးဆွဲပေးမည်
၃။ လေပတ်ကားအရောင်းအဝယ်မလုပ်ရန်နှင့်ရည်ညွှန်းဈေးဖြင့်သာ ရွှေရောင်းဝယ်ရန် အသိပေး
၄။ တရုတ်ပြည်ထုတ်C919ခရီးသည်တင်လေယာဉ် ပြည်တွင်းကုန်းပြင်မြင့်လေဆိပ်သို ပထမဆုံးခရီးစဉ်စတင်ပြေးဆွဲ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 06 December 2025
▪️ အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင်ခေတ်မီကင်ဆာဓာတ်ရောင်ခြည်ကုသစက်သုံးလုံးဖြင့် ဓာတ်ရောင်ခြည်ကုသမှု ဆောင်ရွက်နေပြီး စက်အသစ်တစ်လုံးထပ်မံ တပ်ဆင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။
▪️ အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် အမျိုးသားကင်ဆာရောဂါကုသရေးဌာနသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ပါမောက္ခများ၊ တာဝန်ရှိသူများနှင့်အတူ ယမာန်နေ့ မနက်ပိုင်းကသွားရောက်ကြည့်ရှုစစ်ဆေးသည်။
▪️ ဦးစွာ ငါးထပ်ကုသဆောင်ရှိ အစည်းအဝေးခန်းမ၌ ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးကိုကိုအေးက အမျိုးသားကင်ဆာရောဂါကုသရေးဌာန တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့်ဆေးရုံပတ်ဝန်းကျင်သာယာလှပရေးဆောင်ရွက်မည့် အစီအစဉ်များကိုရှင်းလင်းတင်ပြသည်။
▪️ ထို့နောက် အမျိုးသားကင်ဆာရောဂါကုသရေးဌာန တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကြည်လွင်က အမျိုးသားကင်ဆာရောဂါကုသရေးဌာန၌ ဓာတ်ရောင်ခြည်ကုသမှုဆောင်ရွက်နေသည့် အခြေအနေများကိုတင်ပြပြီး တက်ရောက်လာကြသည့် ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် လိုအပ်ချက်များ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကိုပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးပြီး ကင်ဆာရောဂါဝေဒနာရှင်များ အကျိုးငှာသတ်မှတ်ချိန်အတွင်း စီမံကိန်းပြီးစီးရန် အင်အားပြည့်ဆောင်ရွက်စေလိုပါကြောင်း၊ ကုသရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာ အရည်အသွေးများ ကောင်းမွန်စေရေးနှင့် ကင်ဆာရောဂါဝေဒနာရှင်များအနေဖြင့် စိတ်ချမ်းသာစွာဖြင့် ကုသမှုခံယူနိုင်ရေးအတွက် ဆေးရုံပတ်ဝန်းကျင်သာယာလှပရေးဆောင်ရွက်ရာတွင် မြင်နေကျဆေးရုံပတ်ဝန်းကျင်ထက် ပိုမိုသာယာလှပသောပုံစံကို ဆေးပညာရှင်များ၊ အင်ဂျင်နီယာပညာရှင်များ ပူးပေါင်း၍ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း မှာကြားသည်။
▪️ ယင်းနောက် ခေတ်မီကင်ဆာဓာတ်ရောင်ခြည်ကုသစက်သုံးလုံးဖြင့် ဓာတ်ရောင်ခြည်ကုသမှု ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စက်အသစ်တစ်လုံးတပ်ဆင်မည့်နေရာ၊ ဆောက်လက်စအဆောက်အအုံတည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုပြီး Landscaping နှင့် ဆေးကုသဆောင်များ ဖွဲ့စည်းမှုတို့ကိုကြည့်ရှုစစ်ဆေးသည်။
▪️ အမျိုးသားကင်ဆာရောဂါကုသရေးဌာနကို နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေဖြင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကာ ရှစ်ထပ်ကုသဆောင်တည်ဆောက်ရေးနှင့် ဆက်စပ်လုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၁) မှ တာဝန်ယူကာ ဆက်လက်ဆောက်လုပ်လျက်ရှိပြီး အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် စုစုပေါင်းစက်သုံးလုံးဖြင့် တစ်ရက်လျှင် ကင်ဆာရောဂါဝေဒနာရှင် လူနာ ၂၀၀ မှ ၂၅၀ ကျော်ကို ဓာတ်ရောင်ခြည်ကုသမှုဆောင်ရွက်ပေးလျက်ရှိပြီး လူနာများသွားလာရေးနှင့် စားသောက်ရေးအဆင်ပြေစေရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆေးရုံကြီးကြပ်ရေးအဖွဲ့က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_
Published 07 December 2025
■ အလက်စ်ကာကမ်းရိုးတန်း သမုဒ္ဒရာမျက်နှာပြင်အောက် ၂ မိုင်ခန့် နေအလင်းရောင် မဖောက်ထွင်းနိုင်တဲ့ နေရာကို NOAA Ocean Exploration က ရေအောက်ယာဉ်ဖြင့် ထိန်းကျောင်းရှာဖွေခဲ့ရာမှာ ထူးဆန်းတဲ့ ရွှေရောင်အလုံးတစ်ခု တွေ့ရှိခဲ့ပါတယ်။
■ ၂၀၂၃ ခုနှစ်က ၂၃ ရက်တာလေ့လာစူးစမ်းစဉ်က တွေ့ရှိခဲ့တာဖြစ်ကာ ၄ လက်မခန့်ရှိပြီး တစ်ဖက်မှာ အပေါက်တစ်ပေါက် ပါရှိပါတယ်။
■ သုတေသီများ ရေငုပ်ခြင်းကို တိုက်ရိုက်ထုတ်လွှင့်ရာမှာ ဆန်းပြားတဲ့မျိုးစိတ်ရဲ့ ဥအခွံတစ်ခုလို့ ယူဆခဲ့ပါတယ်။
■ ထိုအပေါက်ဟာ တစ်ခုခုက ဒီထဲကို ဝင်ဖို့ကြိုးစားတာဖြစ်ဖြစ် ထွက်ဖို့ကြိုးစားတာဖြစ်ဖြစ် ဖြစ်ပျက်ခဲ့နိုင်တယ်လို့ ဆိုပါတယ်။
■ ဒါ့အပြင် ရွှေရောင်ဥခွံထဲကနေ တစ်စုံတရာ ပေါက်ဖွားခဲ့ဖွယ်ရှိတယ်လို့လည်း ယူဆသူတွေ ရှိပါတယ်။
■ အခွံအနေအထား အသွင်အပြင်ကြောင့် ဥလို့ထင်ခဲ့ပေမယ့် ဒီလိုဥမျိုး တစ်ခါမှမမြင်ဖူးဘူးလို့ ယူကေ ပလိုင်းမောက်တက္ကသိုလ်မှ ပင်လယ်ရေအောက်ဂေဟပညာရှင် ကယ်ရီဟောင်းဝဲက ပြောပါတယ်။
■ သုတေသီတွေက စက်ရုပ်ကိရိယာဖြင့် ထိတွေ့ကြည့်ရာမှာ အတော်လေး ပျော့အိတယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
■ ဥတစ်ဥလို့ ပြောရရင်လည်း သူ့ရဲ့အရွယ်အစားကြောင့် အသေအချာပြောဖို့ ခက်နေပါတယ်။
■ ကမ္ဘာ့မျက်နှာပြင်က သမုဒ္ဒရာအများစု လွှမ်းမိုးပေမယ့် လူသားတွေဟာ ပင်လယ်ကြမ်းပြင်ရဲ့ ၀.၀၀၁ ရာခိုင်နှုန်းကိုသာ စူးစမ်းရသေးပြီး အများစုနီးပါးက မရှာဖွေရသေးပါဘူး။
■ ရွှေရောင်အလုံးက ဇီဝသက်ရှိနဲ့ ဆိုင်တယ်လို့သာ သိရှိတာကလွဲလို့ ဘာမှန်းမသိရသေးဘဲ ဒါဟာ ကမ္ဘာကြီးအကြောင်း လေ့လာစရာ ဘယ်လောက်အထိ ကျန်သေးလဲဆိုတာကို သတိပေးနေတာဖြစ်တယ်လို့ NOAA Ocean Exploration က ဖော်ပြသွားပါတယ်။
Source: Science Alert
#World_News
Published 06 December 2025
■ ဆယ်စုနှစ်ကြာမြင့်ပြီဖြစ်တဲ့ အိန္ဒိယ-ရုရှားဆက်ဆံရေးအတွင်း ကုန်သွယ်ရေးနဲ့ ကာကွယ်ရေးမိတ်ဖက်ဆက်ဆံမှုများ တိုးချဲ့သွားရန် ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီတို့ သဘောတူညီခဲ့ကြကာ ပူတင်က အိန္ဒိယထံ အတားအဆီးမရှိ လောင်စာထောက်ပံ့သွားဖို့ သောကြာနေ့က ကမ်းလှမ်းလိုက်ပါတယ်။
■ ၂၀၂၂ ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက်ပိုင်း အိန္ဒိယသို့ ပထမဆုံးရောက်လာတဲ့ ပူတင်ကို အိန္ဒိယက ကော်ဇောနီဖြင့် ကြိုဆိုခဲ့ပါတယ်။
■ ရုရှားရေနံကို အိန္ဒိယဝယ်ယူတဲ့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ အိန္ဒိယအပေါ် အခွန်စည်းကြပ်ထားတာတွေကို လျှော့ချဖို့ အိန္ဒိယနဲ့ အမေရိကန်တို့ ဆွေးနွေးနေကြပါတယ်။
■ အမေရိကန်မှ ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ အခွန်စည်းကြပ်မှုတွေ ချပြီးနောက်မှာ အိန္ဒိယလောင်စာတင်သွင်းမှုတွေ ကျဆင်းလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
■ အမေရိကန်ကုန်သွယ်ရေး လက်ထောက်ဝန်ကြီး ရစ်ဆွစ်ဇာက တနင်္လာနေ့မှာ အိန္ဒိယသို့ သွားရောက်ရန် စီစဉ်ထားဆဲဖြစ်ပါတယ်။
■ ရုရှားက ၂၀၃၀ အရောက်မှာ အိန္ဒိယတင်သွင်းကုန်တွေကို ဒေါ်လာ ၁၀၀ ဘီလီယံအထိ မြှင့်တင်လိုတယ်လို့ ပြောထားပါတယ်။
■ နှစ်ဖက်စလုံးနဲ့ ဆက်ဆံနေတဲ့ အိန္ဒိယအတွက်တော့ ကမ်းလှမ်းချက်ကို သတိထားစဉ်းစားသွားရမှာ ဖြစ်ပါတယ်။
■ အိန္ဒိယလောင်စာချက်လုပ်ငန်းတွေဖြစ်တဲ့ Indian Oil Corp ၊ Bharat Petroleum Corp တို့က ပိတ်ဆို့မှုမရှိတဲ့ ထောက်ပံ့ပေးသူတွေဆီကနေ ရုရှားရေနံများတင်ဖို့ ဇန်နဝါရီအော်ဒါများ မှာယူထားပါတယ်။
■ ကြာသပတေးနေ့ ပူတင်ရောက်လာတဲ့အခါ မိုဒီက နွေးထွေးစွာ ကြိုဆိုခဲ့ပြီး ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးကို အိန္ဒိယထောက်ခံနေကြောင်း ပြောပြခဲ့ပါတယ်။
■ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ဒေါ်လာဘီလီယံချီတဲ့ ရုရှားစွမ်းအင်တွေကို တင်သွင်းနေဆဲ ဖြစ်ပါတယ်။
Source: Reuters
#World_Science
Published 06 December 2025
■ ၂၀၂၅ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ ရိုက်ခတ်သွားခဲ့တဲ့ မြေငလျင်အကြောင်း သုတေသနလေ့လာချက် ပြုလုပ်ခဲ့ကြပါတယ်။
■ ရှင်ဂျီဝေနဲ့ အဖွဲ့က ထိုငလျင်ကြီး ဖြစ်လာစေတဲ့ အကြောင်းအရင်းအမျိုးမျိုးကို အချက်အလက်များဖြင့် ဆန်းစစ်ခဲ့ကြပါတယ်။
■ ထိုငလျင်က ကုန်းပေါ်မှာ အရှည်ဆုံးနဲ့ အမြန်ဆုံးရွေ့လျားတဲ့ ကွဲကြောင်းတွေထဲကတစ်ခု ဖြစ်လာပြီး စကိုင်းပြတ်ရွေ့ကြောတလျှောက် အတော်လေးထိခိုက်ပျက်စီးခဲ့ပါတယ်။
■ ပြင်းအားအဆင့် ၇.၇ မှ ၇.၈ အထိရှိပြီး အနည်းဆုံး ၅၃၅၂ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။
■ အရှည် ၄၅၀ ကီလိုမီတာကျော်အထိ မျက်နှာပြင်ကွဲအက်ခဲ့ကာ အသံထက်မြန်တဲ့နှုန်းကဲ့သို့ ကွဲအက်ခဲ့တာ ဖြစ်ပါတယ်။
■ ယခုလေ့လာချက်တွေက ငလျင်ကြီးဖြစ်ခြင်းတွေကနေ မကာကွယ်ပေးနိုင်ပေမယ့် ငလျင်ရိုက်ခတ်နိုင်တဲ့ နေရာတွေမှာ ကြိုတင်ပြင်ဆင်နိုင်ဖို့ အကူအညီဖြစ်စေမှာပါ။
■ သုတေသနအဖွဲ့က ဂြိုဟ်တုအခြေပြု မြေငလျင်တိုင်းနည်းပညာများ၊ 3D မျက်နှာပြင်မြေပုံများ၊ လှုပ်ရှားမှုမှတ်တမ်းများဖြင့် ကွဲကြောင်းရွေ့လျားမှုကို ဆန်းစစ်နိုင်ခဲ့ပါတယ်။
■ စစ်ကိုင်းပြတ်ရွေ့ကြောလိုမျိုးပဲ ဆန်အန်ဒရီယာစ်၊ အန်နာတိုလီယန်မြောက်ဘက်တို့ဟာ ဖြောင့်တန်းတဲ့ပြတ်ရွေ့ကြောဖြစ်ပြီး ဘေးသို့ပျံ့မယ့်အစား တစ်ကြောတည်းကို ပြင်းအားစုသွားစေပါတယ်။
■ ဖြည်းဖြည်းချင်း စတင်ကွဲအက်လာရာကနေ တစ်စက္ကန့်ကို ၅.၃ ကီလိုမီတာနှုန်းအထိ ရုတ်ချည်းမြန်ဆန်လာပါတယ်။
■ ပြတ်ရွေ့ကြောဖြောင့်တန်းပြီး ငလျင်ဗဟိုကြော ထူထဲတဲ့နေရာတွေက ထိုကဲ့သို့ လျင်မြန်ပြင်းထန်စွာ ကွဲအက်ရတဲ့ အဓိကအကြောင်းအရင်းတွေဖြစ်ပြီး အနီးအနားဒေသတွေမှာလည်း ဘေးအန္တရာယ်ဖြစ်စေပါတယ်။
■ ငလျင်အန္တရာယ်ရှိနေတဲ့ နေရာတွေမှာ အတိအကျလေ့လာခြင်းဖြင့် နောက်ထပ်ငလျင်အန္တရာယ်များကို ကြိုတင်တွက်ဆဖို့ အကူအညီဖြစ်စေမှာပါ။
Source: Phys
#World_Health
Published 06 December 2025
■ အမေရိကန်မှာ လူတဝက်နီးပါးလောက်က သွေးတိုးရှိနေပြီး ဒီထဲက ၇၀ ရာခိုင်နှုန်းက အသက် ၆၀ နဲ့အထက် ဖြစ်တယ်လို့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာတွေက ဖော်ပြထားပါတယ်။
■ သွေးတိုးတဲ့အခါ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ နှလုံးရပ်ခြင်း၊ ကျောက်ကပ်ရောဂါတို့ ဖြစ်စေနိုင်ပါတယ်။
■ သွေးတိုးခြင်းကြောင့် သွေးကြောတွေ ထိခိုက်စေပြီး နံရံတွေမှာ အဆီတွေ စုပြုံလာနိုင်ပါတယ်။
■ သွေးပေါင်ချိန်မြင့်တယ်ဆိုရင် အစားအသောက်နဲ့ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းအပြင် သွေးပေါင်ကျဆေးတွေ အသုံးပြုခြင်းဖြင့် သွေးပေါင်ချနိုင်ပါတယ်။
■ သလဲသီးနဲ့ ဖျော်ရည်တို့က သွေးပေါင်ချိန်ကို ရေတိုရော ရေရှည်မှာပါ လျှော့ချပေးနိုင်တယ်လို့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
■ စမ်းသပ်ချက် ၂၂ ခုကို ဆန်းစစ်ကြည့်ရာမှာ သလဲသီးစားခြင်းက သွေးပေါင်ချိန်ကျစေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
■ သလဲသီးဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး ကိုလက်စထရော ဓာတ်တိုးခြင်းကို အနည်းဆုံးအထိ လျှော့ချပေးတယ်လို့ ဒေးဗစ်ဂက်ဖန်ဆေးတက္ကသိုလ်မှ နှလုံးအထူးကု ကယ်ရိုဝက်ဆန်က ရှင်းပြပါတယ်။
■ ဓာတ်တိုးဆန့်ကျင်ပစ္စည်း များပြားစွာ ပါဝင်ခြင်းက နှလုံးကျန်းမာရေးကို အလွန်အထောက်အကူ ဖြစ်စေတာ ဖြစ်ပါတယ်။
■ ခန္ဓာကိုယ်ကနေ နိုက်ထရစ်အောက်ဆိုဒ် ထုတ်လုပ်မှုကို မြှင့်တင်ပေးကာ သွေးကြောတွေကျယ်စေပြီး သွေးဖိအားကို ပုံမှန်လျော့စေကာ နံရံတွေကျုံ့နိုင်ဆန့်နိုင်စေပါတယ်။
■ ဒါပေမဲ့ သလဲသီးဖျော်ရည်ကိုတော့ တစ်နေ့ကို ၈ အောင်စမှ ၁၂ အောင်စအထိသာ သောက်သုံးသင့်ပြီး ဒီမတိုင်ခင်မှာ ဆေးပညာကျွမ်းကျင်သူနဲ့ တိုင်ပင်သင့်ပါတယ်။
■ သလဲသီးဖျော်ရည်က အခြားသေား ဆေးဝါးတွေရဲ့ ဇီဝဖြစ်စဉ်တွေကို နှောင့်ယှက်နိုင်တာကြောင့် ဆရာဝန်တွေနဲ့ အရင်ဆုံးဆွေးနွေးသင့်ပါတယ်။
Source: Parade
Page 111 of 1951