အိန္ဒိယသို့ လာရောက်လည်ပတ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့ဟာ အင်္ဂါနေ့က နယူးဒေလီမှာ တွေ့ဆုံခဲ့ပါတယ်။
#World_Politics
Published 22 August 2025
#တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ #အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 22 August 2025
၁။ ထိုင်းနှင့်ဩစတြေးလျခရီးသွားများလာရောက်လည်ပတ်
၂။ အေဂျင်စီ ၃၆၀ခန့်ကို မိသားစုလွှဲပို့ငွေ အထောက်အထားနှင့်ပတ်သက်၍ စိစစ်မည်
၃။ ဓာတ်ဆီဈေးပြန်တက် ဒီဇယ်ဈေးဆက်ကျ
၄။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ အိန္ဒိယသို့လာရောက်ကာမိုဒီနှင့်တွေ့ဆုံ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အခုတစ်ပတ်အတွက်ရည်ညွှန်းဈေးတွေမှာ ဓာတ်ဆီဈေးပြန်တက်ပြီး ဒီဇယ်ဈေးဆက်ကျလာတယ်လို့စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ အခုအပတ်အတွက် ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 22 August 2025
#ဓာတ်ဆီ # ဒီဇယ်
#YMG/NN #Yangon_Times
ပြည်ပနိုင်ငံများသို့ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိအလုပ်သမား စေလွှတ်ခဲ့တဲ့ အေဂျင်စီတွေ ရဲ့မိသားစုလွှဲပို့ငွေ အထောက်အထားတင်ပြဖို့ စိစစ်မှုကို သြဂုတ်လ ၂၅ ရက်နေ့မှ စတင်ကာ စိစစ်သွားမှာဖြစ်တယ်လို့အလုပ်သမားဝန်ကြီးဌာန၏ Safe Migration က အသိပေးထားပါတယ်။
#Local_News
Published 22 August 2025
#အေဂျင်စီ၃၆၀ခန့် #Safe_Migration
#YMG/SW #Yangon_Times
ထိုင်းနဲ့ ဩစတြေးလျခရီးသွားတွေကျိုက်ထီရိုးဘုရားအပါအဝင် အခြားဒေသတွေကို လာရောက်လည်ပတ်ခဲ့ကြတယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 22 August 2025
#ထိုင်းနှင့်ဩစတြေးလျခရီးသွား #ကျိုက်ထီရိုးဘုရား
#YMG/NN #Yangon_Times
#Local_News
Published 21 August 2025
▪️ ပြီးခဲ့တဲ့ ရက်ပိုင်းကရန်ကုန်အနီးလှုပ်ခတ်ခဲ့တဲ့ငလျင်ေတွကြောင့် အင်အားကြီးငလျင်လှုပ်ခတ်မှုမရှိနိုင်တော့ဘူးလို့ သုံးသပ်နိုင်တယ်လို့
မြန်မာနိုင်ငံငလျင်ကော်မတီဒုတိယဥက္ကဌ ဒေါ်ရီရီငြိမ်းကပြောပါတယ်။
▪️ "ခုရက်ပိုင်း လှုပ်ခတ်ခဲ့တဲ့ငလျင်တွေနဲ့ ပတ်သက်ရင် အကြမ်းဖျင်းနှစ်မျိုးပြောလို့ရပါတယ်။တစ်ခုက energy release ဖြစ်သွားတာကြောင့်အင်အားရစ်ခ်ျတာစကေး ၈/၉ရှိတာတွေမဖြစ်နိုင်တော့ဘူး။
ဒါပေမယ့်ရှေ့ပြေးငလျင်လို့ယူဆလိုက်ရင် တော့ ငလျင်ကြီးတစ်ခုဖြစ်လာနိုင်တယ်။"လို့ ဒေါ်ရီရီငြိမ်းကပြောပါတယ်။
▪️ မြန်မာနိုင်ငံမှာ ငလျင်ရပ်ဝန်းလေးခုရှိပြီး ငလျင်တွေဟာ အဲ့ဒီရပ်ဝန်းတွေမှာအမြဲလှုပ်နေကြဖြစ်ပေမယ့်လည်း ခုနောက်ပိုင်းမှသာ ပြည်သူလူထု အများစုက ငလျင်နဲ့ပတ်သက်တဲ့ အသိပညာပိုမိုတိုးပွားလာခြင်းနဲ့ ငလျင်အကြောင်းအရာကို အာရုံစိုက်လာကြတာဖြစ်တာကြောင့် ပိုမိုသတိထားမိလာကြတာဖြစ်တယ်လို့ သိရပါတယ်။
▪️ လက်ရှိလှုပ်ခတ်ခဲ့တဲ့ ငလျင်တွေကြောင့်ငလျင်အကြီးကြီး မလာနိုင်ပေမယ့်လည်းပဲခူးငလျင် Return Period နီးလာတာကြောင့် ရန်ကုန်မှာလည်း ငလျင်အတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ဆိုပါတယ်။
▪️ ဒီလိုကြိုတင်ပြင်ဆင်ရခြင်းဟာလည်း ရန်ကုန်ဟာ လူဦးရေထူထပ်ပြီး မြေပျော့များတာကြောင့် ဆုံးရှုံးမှုများပြားနိုင်တာေကြာင်ြဖြစ်တယ်လို့ဆိုပါတယ်။
▪️ ဒါ့အပြင် ပင်လယ်ပြင် ဗဟိုပြုလှုပ်ခတ်တဲ့ငလျင်ကြောင့် ဆူနာမီကြီးဖြစ်လာဖို့ စိုးရိမ်နေတဲ့ ပြည်သူတွေအတွက် ဆူနာမီကြီးဖြစ်ပေါ်လာဖို့လည်းမရှိဘူးလို့ဆိုပါတယ်။
▪️ ဆူနာမီကြီးဖြစ်ပေါ်ဖို့ အဓိကအချက်သုံးချက်လိုအပ်ပြီး ပက်လယ်မြေအောက်ကြမ်းပြင်မှာအနည်းဆုံး ၇.၅ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်ကြီးလှုပ်ခတ်မှသာ ဆူနာမီကြီးဖြစ်နိုင်တယ်လို့ သိရပါတယ်။
#YMG/SW #Yangon_Times
#World_News
Published 22 August 2025
▪️ ယူကရိန်းအနေနဲ့ ဒွန်ဘတ်စ်ဒေသအားလုံးကို လက်လျှော့ရန်၊ နေတိုး(NATO)သို့ ဝင်ရောက်လိုခြင်းအား ရုတ်သိမ်းရန်၊ ကြားနေအဖြစ်ရှိနေရန်နဲ့ နိုင်ငံထဲကနေ အနောက်တိုင်းတပ်ဖွဲ့တွေ မထားရှိရန် ရုရှားသမ္မတ ဗလာဒီမာပူတင် အလိုရှိနေကြောင်း ရုရှားထိပ်သီးအစိုးရအဆင့်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် ၃ ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
▪️ အလက်စ်ကာမှာ ရုရှားသမ္မတနဲ့ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံခဲ့ပြီး ယူကရိန်းအရေးအကြောင်းကို ၃ နာရီလောက် တံခါးပိတ်ဆွေးနွေးခဲ့ကြပါတယ်။
▪️ အစည်းအဝေးကနေ ယူကရိန်းငြိမ်းချမ်းရေးအတွက် လမ်းဖွင့်နိုင်ဖို့ မျှော်လင့်ရပေမယ့် ဆွေးနွေးသွားတဲ့ အကြောင်းအရာအတိအကျကိုတော့ နှစ်ဦးစလုံးက မပြောထားပါဘူး။
▪️ ရုရှားအခြေစိုက် သတင်းဖော်ပြချက်အရတော့ ရုရှားဘက်ကနေ စစ်ပွဲအဆုံးသတ်ဖို့ ဖြစ်နိုင်တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် မြင်တွေ့လိုတဲ့သဘော ဖြစ်နေပါတယ်။
▪️ ပူတင်ရဲ့ အဆိုပြုချက်ထဲမှာ ယူကရိန်းအနေနဲ့ ဒွန်ဘက်စ်ဒေသအားလုံးကနေ လုံးဝဆုတ်ခွာရမှာဖြစ်ပြီး အပြန်အလှန်အားဖြင့် ရုရှားက ဇာပိုရစ်ဇီယာနဲ့ ခါဆန်တို့မှာ ရှေ့တန်းချထားတာကို ရပ်တန့်ပေးမယ်လို့ သိရပါတယ်။
▪️ ဒါ့အပြင် ယခင်တည်းက ယူကရိန်းကို နေတိုးဝင်ရောက်ရေး လက်လျှော့ဖို့နဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ကို အရှေ့ဘက်သို့ဆက်ပြီး ချဲ့ထွင်ခြင်းမရှိဖို့ ပူတင်က အလိုရှိနေဆဲဖြစ်တဲ့အပြင် ယူကရိန်းမှာ အနောက်တိုင်းတပ်ဖွဲ့တွေ မထားရှိဖို့လည်း အလိုရှိနေပါတယ်။
▪️ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒါနဲ့ပတ်သက်ပြီး မှတ်ချက်ပြုခြင်း မရှိသေးပါဘူး။
▪️ ပူတင်ဟာ စစ်ပွဲအဆုံးသတ်ရေးအတွက် သုံးပွင့်ဆိုင်ထိပ်သီးအစည်းအဝေး တွေ့ဆုံဖို့ အဆင်သင့်ရှိနေတယ်လို့ ထရမ့်ကပြောထားပါတယ်။
Source: Reuters
#Local_News
Published 22 August 2025
▪️ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှနှင့် (၅၇) ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်အားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ကာယဗလအားကစားသမား များက Champion of Champion Overall Champion ဆုဖလားနှင့်ရွှေလေးခု၊ ငွေနှစ်ခု၊ ကြေးသုံးခုဆွတ်ခူး ရရှိထားကြောင်း သိရသည်။
▪️ အဆိုပါပြိုင်ပွဲကို ထိုင်းနိုင်ငံဗန်ကောက်မြို့၌ သြဂုတ်လ (၁၈) ရက်မှ (၂၅) ရက်အထိ ကျင်းပလျက်ရှိခြင်းဖြစ်သည်။
▪️ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်အားကစားပြိုင်ပွဲကို ဩဂုတ်လ(၂၁) ရက်က မြန်မာအားကစားသမားများ ယှဉ်ပြိုင်ကြရာ Champion of Champion Overall Champion ဆုကို ချမ်းမြေ့ထွန်းက လည်းကောင်း၊ MSP Over 175 cm တွင် မျိုးသူရကျော်က ပထမ (ရွှေ)၊ MSP up to 175 cm တွင် စိုင်းသစ်နောင်ဦး က ပထမ(ရွှေ)၊ အမျိုးသားကာယဗလ 75kg တွင် ချမ်းမြေ့ထွန်းက ပထမ (ရွှေ)၊ WMP up to 160 cm တွင် ဆုမွန်လှိုင်က ဒုတိယ(ငွေ)၊ WMP up Over 170cm တွင် မဇူဇူသန့်က ဒုတိယ(ငွေ)၊ WMP up to 165cm တွင် မလင်းလင်းစိုး၊ WAP up to 167cm တွင် သန်းဇော်ထိုက်၊ 70kg တွင် မောင်မောင်စိုင်းတို့က တတိယ(ကြေး) တစ်ခုစီအသီးသီးဆွတ်ခူးရရှိခဲ့ကြသည်။
▪️ ထို့အပြင် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယ ကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၌ ၁၀ ဦး ဝင်ရောက်ခဲ့ရာ ခုနစ်ဦးဆုတံဆိပ်ရရှိခဲ့ပြီး ဩဂုတ်လ (၂၂) ရက်မှ (၂၄) ရက်အထိ (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်အားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ကာယဗလအားကစားသမားများ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ပြိုင်ပွဲသို့ မြန်မာ့ကာယဗလအားကစားအဖွဲ့မှ အားကစားသမား ၂၀ တို့သည်(၁၉)ကြိမ်မြောက်အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၌ ၁၀ ဦး၊ (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်အားကစားပြိုင်ပွဲ၌ ၁၀ ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 22 August 2025
စပါးအပါအဝင် သီးနှံ (၁၀) မျိုး၏ ရောဂါပိုးမွှားများကိုAI နည်းပညာ အသုံးပြု၍ အမျိုးအစား ခွဲခြားနိုင်ရန်ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ AI နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကို ယမန်နေ့မနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်က သမားရိုးကျစိုက်ပျိုးမွေးမြူရေးမှ နည်းပညာသစ်များ အသုံးပြုထုတ်လုပ်သော Agriculture Transformation ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း၊ သီးနှံ ၁ဝ မျိုးအနက် ပထမဆုံးအနေဖြင့် စပါးသီးနှံ ရောဂါပိုးမွှားကျရောက်ခြင်းကို တောင်သူများကိုယ်တိုင် AI နည်းပညာအသုံးပြု၍ ရောဂါပိုးမွှားအမျိုးအစား ခွဲခြားနိုင်ရန်ဖြစ်ကြောင်း၊ စပါးသီးနှံပြီးပါက ပဲအမျိုးမျိုးနှင့်ဆီထွက်သီးနှံများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့အပြင် မွေးမြူရေးကဏ္ဍတွင်လည်း တိရစ္ဆာန်များ၌ ကျရောက်တတ်သည့်ရောဂါများနှင့် ကုသရေးနည်းလမ်းများကို မွေးမြူရေးတောင်သူများ အလွယ်တကူသိရှိ နိုင်ရန်နှင့် AI အသုံးပြုနည်းပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရန်လိုအပ်ကြောင်းပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနရှစ်ခု၊ တက္ကသိုလ်နှစ်ခုတို့မှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ အမျိုးသားဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 22 August 2025
▪️ အထိုင်များခြင်း၊ ကိုယ်နေဟန်ထားမမှန်ခြင်း၊ ထောက်ပံ့ကြွက်သား အားနည်းခြင်းတို့ကြောင့် ခါးကိုက်ခါးနာ ဖြစ်တတ်ပါတယ်။
▪️ အလုပ်ခုံမှာပဲ သာမန်လှုပ်ရှားဆန့်ထုတ်မှုများ ပြုလုပ်ပြီး ဝေဒနာသက်သာအောင် လုပ်နိုင်ပါတယ်။
▪️ ဒါကြောင့် အလုပ်မှာပင် ပြုလုပ်နိုင်မယ့် လေ့ကျင့်ခန်းများကို ဖော်ပြသွားပါမယ်။
▪️ (၁) ကြောင်-နွားထိုင်သည့်ပုံစံ
ထိုင်ခုံပေါ်မှာ မတ်မတ်ထိုင်၊ ခြေထောက်ကို ကြမ်းပြင်မှာ ဖြန့်ထားပါ။
အသက်ရှူသွင်း၊ ကျောရိုးကို အနည်းငယ်ကော့၊ ရင်ဘတ်နဲ့ မေးရိုးကို နွားတွေလုပ်တဲ့ပုံစံအတိုင်း ပင့်တင်ပါ။
အသက်ရှူထုတ်၊ ကျောကိုဖြေလျှော့၊ မေးစေ့ကို ရင်ဘတ်သို့ ကြောင်တွေလုပ်တဲ့ပုံစံအတိုင်း ပြုလုပ်ပါ။
၅-၁၀ ကြိမ်ခန့် ပြုလုပ်ပေးပါ။
▪️ (၂) ထိုင်လျက်ရှေ့သို့ကွေးခြင်း ထိုင်နေပြီးတော့ ခြေထောက်တွေကို အနည်းငယ်ကားပြီး ရှေ့သို့ဖြည်းဖြည်းကွေးပါ။
လက်တွေကို ကြမ်းပြင်သို့ ရောက်ရှိပါစေ။
ထိုပုံစံအတိုင်း ၁၅-၃၀ စက္ကန့်ထိန်းထားပေးပါ။
▪️ (၃) ပုခုံးလက်ပြင်ရိုးကျုံ့ခြင်း တည့်တည့်ထိုင်ပြီး ပုခုံးရိုးတွေကို အနောက်နဲ့ အောက်သို့ ဆွဲထားပြီး ၅ စက္ကန့်ထိန်းထားပါ။
၁၀-၁၅ ကြိမ်ခန့် ထပ်ခါထပ်ခါပြုလုပ်ပေးပါ။
▪️ (၄) ထိုင်လျက်လှည့်ခြင်း ထိုင်နေစဉ်မှာ ညာဘက်လက်ကို ထိုင်ခုံနောက်ဖက်မှာထား၊ ဘယ်လက်ကို ညာဘက်ပေါင်ပေါ်ထားပါ။
ကိုယ်ထည်ကို ညာဘက်သို့ ဖြည်းညင်းစွာလှည့်ပြီး ပုခုံးကိုကျော်ကြည့်ရင်း ၁၀-၂၀ စက္ကန့်ထိန်းထားပါ။ ထို့နောက် တခြားတစ်ဖက်သို့ပြောင်းလုပ်ပါ။
▪️ (၅) ပုခုံးလှည့်ခြင်း ပုခုံးကို အနောက်သို့ ဖြည်းညင်းစွာ စက်ဝိုင်းပုံစံ ၁၀ ကြိမ်လှည့်ပေးပါ။ ပြီးရင် အရှေ့ဘက်သို့လည်း ၁၀ ကြိမ်လှည့်ပေးပါ။
▪️ (၆) တံကောက်ကြောဆန့်ခြင်း ထိုင်ခုံအစွန်းမှာထိုင်၊ ခြေတစ်ဖက်ကိုဆန့်ပြီး ဖနောင့်ကို ကြမ်းပြင်ထိထားကာ ခြေချောင်းတွေကို အပေါ်သို့ပင့်ထားပါ။ ကျောရိုတည့်တည့်ပဲထားပြီး ရှေ့သို့ကုန်းကာ ခြေတစ်ဖက်ကို စက္ကန့် ၂၀ စီထိန်းထားပေးပါ။
▪️ (၇) တင်ပါးရွှေ့စောင်းခြင်း မတ်မတ်ထိုင်၊ တင်ပါးပေါ် လက်တင်ပြီး တင်ပါးကိုရှေ့သို့ ဖြည်းဖြည်းရွှေ့ပေးပါ။
အနောက်သို့လည်း စောင်းပေးပြီး ၁၀-၁၅ ကြိမ် ပြုလုပ်ပေးရပါမယ်။
▪️ (၈) နံရံပေါ်ကနတ်သမီး နံရံတစ်ခုကို ကျောပေးကပ်ပြီး လက်တွေကို ၉၀ ဒီဂရီထားပေးပါ။ ဒီနောက် နှင်းနတ်သမီးတွေလိုမျိုး လက်ကို ဖြည်းဖြည်းချင်း မြှင့်တင်လိုက် အောက်ချလိုက် ၁၀ ကြိမ်လုပ်ပေးပါ။
Source: DoctorNDTV
#World_Health
Published 22 August 2025
▪️ ပုံမှန်လမ်းလျှောက်ခြင်းက ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရနိုင်တယ်လို့ သိထားကြပေမယ့် လေ့လာချက်အများစုက ဝင်ငွေအလယ်အလတ်မှ ဝင်ငွေမြင့်မားတဲ့ လူဖြူတွေကို အဓိကထားခဲ့ကြတာ ဖြစ်ပါတယ်။
▪️ ယခုအခါမှာတော့ အမေရိကန် အရှေ့တောင်ပိုင်းပြည်နယ် ၁၂ ခုမှ ဝင်ငွေနိမ့်ပါးတဲ့ လူမည်းလူမျိုး ၇၉,၈၅၆ ဦးကို လေ့လာခဲ့ကြရာမှာ ခပ်မြန်မြန်လမ်းလျှောက်ခြင်းက ကျန်းမာရေးကို များစွာတိုးတက်စေနိုင်တယ်လို့ သုတေသီများ အတည်ပြုခဲ့ကြပါတယ်။
▪️ ပြည်သူ့ကျန်းမာရေးနိမ့်ပါးတယ်လို့ သတ်မှတ်တဲ့ နေရာတွေမှာဆိုရင် ဒီလိုမျိုး ခပ်သွက်သွက်လမ်းလျှောက်ခြင်းက ကျန်းမာရေးတိုးတက်စေနိုင်တယ်လို့ ဖော်ပြလာပါတယ်။
▪️ တစ်နေ့ကို ၁၅ မိနစ်လောက်မျှ လမ်းအမြန်လျှောက်ပေးရုံဖြင့် အသက်ဆုံးပါးနိုင်ခြေကို ၂၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း တွေ့ရှိလာပါတယ်။
▪️ ထိုနည်းလမ်းထက်စာရင် တစ်နေ့ကို ၃ နာရီလောက် ဖြည်းဖြည်းလမ်းလျှောက်ခြင်းက အသက်ဆုံးပါးနိုင်ခြေလျှော့ချရာမှာ ပိုနည်းကြောင်း တွေ့ရှိခဲ့ပါတယ်။
▪️ မြန်မြန်လမ်းလျှောက်ခြင်းဟာ နှလုံးလုပ်ဆောင်ချက် တိုးတက်စေပြီး အဝလွန်ခြင်းလိုမျိုး အန္တရာယ်တွေကို ထိန်းသိမ်းပေးကာ နှလုံးသွေးကြောကျန်းမာရေးကို ထောက်ကူပေးပါတယ်။
▪️ ဝင်ငွေနိမ့်ပါးသူတွေဟာ စီးပွားရေးအကြပ်အတည်းတွေ၊ လမ်းလျှောက်နေရာ မလုံခြုံခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု နည်းပါးခြင်းစတဲ့ အခက်အခဲများ ကြုံတွေ့ကြရပါတယ်။
▪️ ဒီလေ့လာချက်က ခပ်မြန်မြန်လမ်းလျှောက်ခြင်းဟာ ကျန်းမာရေးကို တိုးတက်စေတဲ့နည်းလမ်းအဖြစ် ပြည်သူ့ကျန်းမာရေးလှုပ်ရှားမှုတွေကို ထောက်ခံပေးနေပါတယ်။
Source: SciTechDaily.
ဂျာမနီဟာ အမေရိကန်နဲ့ ကုန်ပစ္စည်းကုန်သွယ်မှု သိသိသာသာကျဆင်းသွားပေမယ့် ဟမ်းဘတ်ဆိပ်ကမ်းမှာတော့ ပထမနှစ်ဝက်အတွင်း ကွန်တိန်နာအရေအတွက် စံချိန်တင်တိုးတက်များလာကြောင်း ဟာဖန်ဟမ်းဘတ်မားကတ်တင်းက တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
#World_Business
Published 21 August 2025
#ဂျာမနီ_အမေရိကန် #ဟမ်းဘတ်ဆိပ်ကမ်း
#YMG #Yangon_Times #Yangon_Media_Group
Page 111 of 1857