စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့မြန်မာဆန်စပါးအွန်လိုင်း( Myanmar Rice Online - MyRo )မှာ မှတ်ပုံတင်ထားရှိတဲ့ ဆန်စပါးသိုလှောင်ရုံတွေအနေနဲ့ ၎င်းတိုရဲ့ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများအား လစဉ် ၁ ရက်နေ့မှ ၇ ရက်နေ့အတွင်း ဖြည့်သွင်းပေးရမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 21 October 2025
#ဆန်စပါး #မြန်မာနိုင်ငံဆန်စပါး
#YMG/SW #Yangon_Times
မိုးတိမ်တောင်တွေကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းသုံးတိုင်းမှာ နေရာကွက်ပြီး မိုးလေကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့မနက်ပိုင်းမှာအသိပေးလာပါတယ်။
#Local_News
Published 21 October 2025
#ရန်ကုန် #မိုးတိမ်တောင်
#YMG/NN #Yangon_Times
ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်းပြင်ပဈေးတွေပါ အတက်အကျဖြစ်နေတယ် လို့ ဈေးကွက်ထဲကသိရပါတယ်။
#Local_News
Published 21 October 2025
#ရွှေဈေး
#YMG/NN #Yangon_Times
တရုတ်နိုင်ငံက နည်းပညာတွေအသုံးပြုပြီးမြန်မာနိုင်ငံရှိ သက်တမ်းရင့်ကုန်းတွင်းရေနံမြေတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံကာ အထွက်တိုးစီမံကိန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 21 October 2025
#တရုတ် #မြန်မာနိုင်ငံ
#YMG/SW #Yangon_Times
#Daily_News
Published 21 October 2025
၁။ တရုတ်နည်းပညာဖြင့်သက်တမ်းရင့်ကုန်းတွင်းရေနံမြေများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်
၂။ ကမ္ဘာ့ဈေးနှင့်အတူ ပြင်ပရွှေဈေးအတက်အကျဖြစ်နေ
၃။ ရန်ကုန်အပါအဝင် တိုင်းသုံးတိုင်း၌ မိုးတိမ်တောင်ကြောင့်နေရာကွက်၍မိုးလေကြီးနိုင်
၄။ တောင်ကိုရီးယား၌ငွေချောင်းဝယ်လိုအား စံချိန်တင်ဆက်တိုက်မြင့်တက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 21 October 2025
▪️ ရိုးမ မာရသွန်ပြိုင်ပွဲကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ကျင်းပသွားမည်ဖြစ်ကြောင်း Yoma Yangon International Marathon ၏ ထုတ်ပြန်ချက်အရသိရသည်။
▪️ ပါဝင်ဆင်နွှဲသူအများဆုံး အားကစားပွဲတော်တစ်ခု ဖြစ်သည့် ရိုးမ မာရသွန်ပွဲကို ၂၀၁၃ ခုနှစ်တွင် ရန်ကုန်မြို့၌စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါ မာရသွန်ပြိုင်ပွဲကို ရန်ကုန်မြို့တွင် (၉)ကြိမ်မြောက် ကျင်းပမည်ဖြစ်ကာ မန္တလေးမြို့တွင်ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
▪️ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ကို ၂၀၂၆ ခုနှစ် ၊ ဖေဖော်ဝါရီလ (၂၂) ရက်တွင် ကျင်းပမည်ဖြစ်ပြီး ရိုးမ - မန္တလေး အပြည်ပြည်ဆိုင်ရာ မာရသွန်ကို ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ (၂၅) ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း၊ပွဲစဥ် (၂)ခုစလုံးအတွက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်တွင် စာရင်းစတင်ပေးသွင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 21 October 2025
▪️ ရွှေပြည်သာနှင့်လှိုင်သာယာ စက်မှုဇုန်များ၌ မီးလောင်မှုများ ယနေ့မနက်အစောပိုင်း၌ ဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အောက်တိုဘာ ၂၁ ရက်နေ့၊ မနက် ၁၂နာရီ ၃မိနစ် အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၁)၊ ကနောင်မင်းသားကြီး(၂)လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာခဲ့ရာ၁၂နာရီ ၁၀ မိနစ် အချိန်က Level 1 ယာဉ် အုပ်စုများထွက်ခွာလျက်ရှိကာ ၁၂နာရီ ၂၇ မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။
▪️ အလားတူ ယနေ့မနက်၂ နာရီ၅၀မိနစ် အချိန်ခန့်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ပိတောက်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ တစ်နာရီကျော်ကြာသည်အထိ မီးငြိမ်းသတ်ခဲ့ရာ မနက် ၄နာရီ ၈မိနစ် ၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။
▪️ ထို့အတူ ယနေ့မနက် ၁၂နာရီ ၈ မိနစ်အချိန်ခန့်ကလည်း ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်ရပ်ကွက်၊ အုတ်ဖြတ်လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ဖြူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၂နာရီ ၁၅ မိနစ်အချိန်၌ မီးငြိမ်းနိုင်ခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Science
Published 21 October 2025
■ ပါးစပ်ထဲမှာ အချို့သော ဘက်တီးရီးယားတွေ မှိုတွေရှိတဲ့သူတွေဟာ ပန်ကရိယကင်ဆာ ဖြစ်နိုင်ခြေသုံးဆကျော်လောက် ပိုများနိုင်ကြောင်း NYU Langone ကျန်းမာရေးမှ သုတေသနအသစ်မှာ ဖော်ပြထားပါတယ်။
■ ကင်ဆာစေနိုင်မယ့် ပါးစပ်ထဲက ဘက်တီးရီးယားနဲ့ မှိုအမျိုးအစား ၂၇ မျိုးကို သုတေသီများ ဖော်ပြခဲ့ကြပါတယ်။
■ ကင်ဆာလေ့လာမှုကြီး ၂ ခုထဲမှာ ပါဝင်ခဲ့တဲ့ လူပေါင်း ၁၂၂,၀၀၀ ထံမှ တံတွေးများကို ဆန်းစစ်ခဲ့ကြကာ ၉ နှစ်ခန့် စောင့်ကြည့်ခဲ့ကြပါတယ်။
■ ပန်ကရိယကင်ဆာဖြစ်ပွားတဲ့ လူနာ ၄၄၅ ဦးထံမှ ခံတွင်းဘက်တီးရီးယားတွေနဲ့ ကင်ဆာမဖြစ်တဲ့ ၄၄၅ ယောက်တို့ကို နှိုင်းယှဉ်ခဲ့ကြပါတယ်။
■ ဘက်တီးရီးယားနဲ့ မှိုမျိုးစိတ် ၂၄ ခုက ရောဂါနဲ့ သက်ဆိုင်နေပြီး နောက်ထပ်ဘက်တီးရီးယား ၃ မျိုးကတော့ သွားဖုံးရောဂါ၊ ပန်ကရိယကင်ဆာတို့နဲ့ ဆက်စပ်နေတာကို တွေ့ရှိခဲ့ကြပါတယ်။
■ ဖြစ်နိုင်ခြေတွက်ချက်ရာမှာ ပန်ကရိယကင်ဆာ ဖြစ်နိုင်ခြေက ၃ ဆခွဲပိုများတာ တွေ့ရပါတယ်။
■ ယခင်ကလည်း ခံတွင်းကျန်းမာရေး မကောင်းခြင်းနဲ့ ပန်ကရိယကင်ဆာတို့ကြား ဆက်စပ်မှုရှိတာကို တွေ့ရှိခဲ့ပေမယ့် ယခုလေ့လာချက်က ဘက်တီးရီးယားမျိုးစိတ်တွေအကြောင်း သိရှိလာရပါတယ်။
■ ဒီနည်းလမ်းက ကင်ဆာဖြစ်နိုင်ခြေများနိုင်တဲ့ သူတွေကို ခွဲစိတ်မှုမလုပ်ရဘဲ သိရှိစေနိုင်မယ့်အရာ ဖြစ်လာနိုင်ပါတယ်။
■ ဒီလိုပိုးမွှားတွေက ကင်ဆာဖြစ်ပေါ်စေတဲ့နေရာမှာ အဓိကပါဝင်နေလားဆိုတာကို သိရှိဖို့ နောက်ထပ်လေ့လာချက်တွေ ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။
■ ဒီအတွက် ခံတွင်းဘက်တီးရီးယားများ ကျန်းမာဖို့အတွက် ပုံမှန်ဆေးကြောသန့်စင်ဖို့ သွားဆရာဝန်တွေ အကြံပြုထားပါတယ်။
Source: AOL
#World_Health
Published 21 October 2025
■ လေယာဉ်အတက်အဆင်း လုပ်တဲ့အခါ လေဖိအားက လျင်မြန်သိသာစွာ ပြောင်းလဲပါတယ်။
■ လည်ချောင်းအိုးနဲ့ ဆက်စပ်နေတဲ့ အလယ်နားဟာဆိုရင် ပြင်ပဖိအားနဲ့ နားအတွင်းဖိအားတို့ကို မျှခြေဖြစ်အောင် လုပ်ပေးရပါတယ်။
■ အထဲကပြွန် ပိတ်ဆို့တဲ့အခါမှာ ဖိအားမညီမျှတော့ဘဲ နားထဲမှာ ပြည့်သိပ်နာကျင်လာပါတယ်။
■ လေယာဉ်ဆင်းပြီးနောက် နားတွေဆက်လက် ပိတ်ဆို့နေပါက ဖိအားချက်ချင်းမထွက်တော့ဘဲ နေရထိုင်ရခက်ခဲကာ ယာယီမကြားရတော့ပါဘူး။
■ နာရီပိုင်းရက်ပိုင်းအတွင်းမှာတော့ ခန္ဓာကိုယ်က ပတ်ဝန်းကျင်ဖိအားကို အလိုက်သင့်ပြောင်းလဲပေးပြီး ခံစားရမှု သက်သာသွားတတ်ပါတယ်။
■ ဒီခံစားမှုကို သက်သာစေမယ့် အခြားနည်းလမ်းတွေအနေနဲ့..
■ - နားနဲ့ပါးစပ်ကို ပိတ်ထားပြီး နှာခေါင်းကနေပဲ ဖြည်းညင်းစွာ ရှူထုတ်ပေးပါက နားတွင်းဖိအားဖြစ်လာစေပြီး နားပေါက်ပွင့်စေပါတယ်။
■ - ချွဲပျော်နှာခေါင်းဖျန်းဆေးကို လေယာဉ်မစီးခင် အသုံးပြုခြင်းဖြင့် နားတွင်းပြွန်ထဲမှာ လေအဝင်အထွက် ကောင်းစေပါတယ်။
■ - လေယာဉ်အတက်အဆင်း လုပ်တဲ့အခါမှာ ရေသောက်ခြင်း၊ ကလေးတွေကို ချိုလိမ်ဆို့ခိုင်းခြင်းဖြင့် မျိုချလိုက်တိုင်းမှာ ဖိအားကို မျှတစေပါတယ်။
■ - ဖိအားလျှော့ချပေးတဲ့ နားဆို့တွေက လေယာဉ်အတက်အဆင်း လုပ်တဲ့အချိန်မှာ ဖိအားပြောင်းလဲမှုကို သက်သာစေပါတယ်။
■ လေယာဉ်မှဆင်းပြီးနောက် နားပိတ်နေတဲ့အခါ ပီကေဝါးခြင်း၊ တံတွေးမျိုချခြင်းတို့ ပြုလုပ်နိုင်သလို နားတွေ ပုံမှန်အတိုင်းပြန်မဖြစ်ခင် ခဏလေးအတွင်းမှာပဲ အကြိမ်ကြိမ်လေယာဉ်စီးခြင်းမျိုး ရှောင်ရှားသင့်ပါတယ်။
Source: The Jerusalem Post.
တရုတ်ပြည် ကွမ်တုံပြည်နယ်တောင်ပိုင်း ကွမ်ကျိုးမြို့မှာ အနိမ့်ပျံစီးပွားရေး ပိုမိုတွင်ကျယ်လာပါတယ်။
#Asia_Economy
Published 20 October 2025
#တရုတ်ပြည် #ကွမ်တုံပြည်နယ်
#YMG #Yangon_Times #Yangon_Media_Group
ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူးပြီး ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို တောင်ကြီးမြို့၊ စန်းစန်းခန်းမ၌ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 20 October 2025
#ပိုးသတ်ဆေး #ရှမ်းပြည်နယ်
#YMG/SW #Yangon_Times
ရန်ကုန်-ပုဂံရထားကို ပျဉ်းမနားဘက်လမ်းကြောင်းကနေယာယီ ပြောင်းလဲ ပြေးဆွဲသွားမှာဖြစ်ပြီး လက်မှတ်ခနှုန်းထားတွေကတော့ ပြောင်းလဲမှုမရှိဘူးလို့ မြန်မာ့မီးရထားကနေ သိရပါတယ်။
#Local_News
Published 20 October 2025
#ရန်ကုန်-ပုဂံ #ရထား
#YMG/NN #Yangon_Times
Page 113 of 1916