နေပြည်တော်၊ မေ - ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့မကြာမီ ချစ်ကြည်ရေးခရီးသွားရောက်မှာဖြစ်ပါတယ်။
ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မော်စကိုမြို့တော်တွင်ကျင်းပပြုလုပ်မည့်၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်မယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီအပြင်အခမ်းအနားသို့ တက်ရောက်လာကြသည့်နိုင်ငံ့ခေါင်းဆောင်များနှင့် သီးခြား တွေ့ဆုံဆွေးနွေး ခြင်းများကိုဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်။
ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံ တွင်မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အလားတူ ဗိုလ်ချုပ်မှူးကြီး၏ ဇနီး ဒေါ်ကြူကြူလှ သည်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌ Ms. Valentina Matvienko ၏ ဖိတ်ကြားချက်အရ ခရီးစဉ်မှာ တစ်ပါတည်း သွားရောက်မည်ဖြစ်ပြီးခရီးစဉ်အတွင်း ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးမှု ဆောင်ရွက်သွားမယ်လို့သိရပါတယ်။
ခရီးစဉ်တွင် နစက အဖွဲ့ဝင်များ၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားမှာ ဖြစ်ပါတယ်။
#ymg/knl
Nay Pyi Taw, May 5 —Chairman of the State Administration Council and Prime Minister Senior General Min Aung Hlaing will soon depart for the Russian Federation on an official goodwill visit at the invitation of Russian President Vladimir Putin.
During the visit, the Senior General will attend the 80th Anniversary Commemoration of the Victory in the Great Patriotic War (1941–1945), taking place in Moscow. He is also expected to participate in related events and hold bilateral meetings with attending world leaders.
The visit aims to further strengthen bilateral ties between Myanmar and Russia across key sectors including diplomatic relations, economic cooperation, and security.
Joining the official delegation is Daw Kyu Kyu Hla, wife of the Chairman and Prime Minister. She will accompany the trip at the invitation of Ms. Valentina Matvienko, Speaker of the Federation Council of the Russian Federation, and is scheduled to hold discussions with her Russian counterpart during the visit.
Members of the State Administration Council, Union ministers, and senior officials will also be part of the delegation, reflecting the significance of the high-level diplomatic mission.
#ymg/knl
အိမ်မွေးတိရိစ္ဆာန်ထိန်းကျောင်းသူလီက ခွေးတစ်ကောင် သင်ကြားမှုတစ်ခုတတ်မြောက်တိုင်း ပျော်ရွှင်မှုခံစားရပါတယ်။
#Asia_Lifestyle
Published 05 May 2025
#အိမ်မွေးခွေးများ #ခွေးမူကြို
#YMG #Yangon_Times #Yangon_Media_Group
Daily_News
Published 05 May 2025
၁။ တက္ကသိုလ်ဝင်တန်းပြန်ဖြေသူများအား ဆရာ၊ ဆရာမတစ်ထောင်ကျော်ဖြင့် စခန်းသွင်းသင်ကြားပေးနေ
၂။ ရှမ်းပြည်တောင်ပိုင်းရှိ ငလျင်ဘေးသင့်အိမ်ထောင်စုများအတွက် ငွေသားအထောက်အပံ့များပေးအပ်
၃။ ဧရာဝတီတိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်ပေးနေ
၄။ အိမ်မွေးခွေးများအား လေ့ကျင့်သင်ကြားထိန်းကျောင်းမှုပေးနေသည့်ခွေးမူကြို ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ရွှေဈေးအတက်ကြမ်းနေတာကြောင့် ပြည်တွင်းဈေးပါထပ်တက်လာတယ်လို့ ရွှေဈေးကွက်ထဲကနေ သိရပါတယ်။
#Local_News
Published 05 May 2025
#ကမ္ဘာ့ရွှေဈေးအတက်ကြမ်း #ပြည်တွင်းဈေးပါထပ်တက်
#YMG/NN #Yangon_Times
ဧရာဝတီတိုင်းဒေသကြီးအတွင်း အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးနေတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 05 May 2025
#ဧရာဝတီတိုင်းဒေသကြီး #MSMEs
မြန်မာနိုင်ငံကြက်ခြေနီအသင်းကရှမ်းပြည်တောင်ပိုင်းရှိ ငလျင်ဘေးသင့်အိမ်ထောင်စုတွေအတွက် ငွေသားအထောက်အပံ့တွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 05 May 2025
#ငလျင်ဘေးသင့်အိမ်ထောင်စု #ငွေသားအထောက်အပံ့များပေးအပ်
#YMG/SW #Yangon_Times
မန္တလေးငလျင်ဒဏ်ကြောင့် အဖြေလွှာတွေမီးလောင်ဆုံးရှုံးခဲ့တာကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည်ဖြေဆိုကြမယ့် ကျောင်းသား/ကျောင်းသူတွေကို ဆရာ၊ဆရာမတစ်ထောင်ကျော်နဲ့ စခန်းသွင်းသင်ကြားပေးနေတယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 05 May 2025
#တက္ကသိုလ်ဝင်တန်းပြန်ဖြေသူများ #စခန်းသွင်းသင်ကြားပေးနေ
#YMG/NN #Yangon_Times
#Local_News
Published 5 April 2025
▪️ ယနေ့ မေလ၅ရက် နံနက်စောပိုင်းက မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့အနီး အင်အားရစ်ခ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
▪️ ထိုငလျင်သည် ပျော်ဘွယ်မြို့၏ အနောက်-အနောက်တောင်ဘက် မိုင် (၂၀) ခန့်အကွာ အနက် ၁၆ ကီလိုမီတာကိုဗဟိုပြု၍ ယနေ့နံနက် ၆ နာရီ၊ ၃ မိနစ်၊ ၁၄ စက္ကန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ မန္တလေးမြေငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲမြေငလျင်များ ဆက်တိုက် လှုပ်ခတ်လျှက်ရှိရာ တစ်လကျော်အကြာထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု စုစုပေါင်း (၁၆၂) ကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 5 May 2025
▪️ ယခု၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပဈေးကွက်သို့ အမေရိကန် ဒေါ်လာ သန်း၃၀နီးပါး တန်ဖိုးရှိ ပုစွန်တန်ချိန် ၉၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာမှ သိရသည်။
▪️ ထိုသို့တင်ပို့ရာတွင် ပုံမှန်ကုန်သွယ်မှုမှ ဒေါ်လာ ၂၀.၆၅၃ သန်းတန်ဖိုးရှိသည့် ပုစွန်တန်ချိန် ၇၅၀၇.၃၁၅ တန်၊ နယ်စပ်လမ်းကြောင်းမှ ဒေါ်လာ ၉.၀၂ သန်းတန်ဖိုးရှိတဲ့ ပုစွန်တန်ချိန် ၁၆၃၉.၃ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
▪️ ထို့ကြောင့် တစ်နှစ်တာအတွင်း အမေရိကန်ဒေါ်လာ ၂၉ဒသမ ၆၇၃ သန်း တန်ဖိုးရှိသည့် ပုစွန်တန်ချိန် ၉၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 05 May 2025
▪️ အမေရိကန်အိမ်ဖြူတော်မှာ သမ္မတဒေါ်နယ်ထရမ့် ဒုတိယအကြိမ်ရောက်ရှိတဲ့အချိန်မှာ နယူးယော့ခ်မှာနေထိုင်တဲ့ ဒိုရစ်ဒေးဗီးစ်နဲ့ ဆူဆီဘတ်လတ်တို့လို လူမျိုးခြားလိင်တူချစ်သူစုံတွဲကတော့ ဘဝပြောင်းလဲစေမယ့် ဆုံးဖြတ်ချက်မျိုးပြုလုပ်လိုက်ပါတယ်။
▪️ ဒီစုံတွဲဟာ ထရမ့်ပထမအကြိမ် သမ္မတဖြစ်စဉ်ထဲက ဆက်ပြီးမအုပ်ချုပ်စေချင်သလို နောက်ထပ်တစ်ကြိမ် သမ္မတဖြစ်လာတဲ့အချိန်မှာ LGBTQ+တွေအတွက် လူမျိုးရေးတန်းတူညီမျှမှု အခွင့်အရေးများဆိုင်ရာ မူဝါဒအမျိုးမျိုးကို အဆုံးသတ်လိုက်ရာ သတိထားနေနေကြရပါတယ်။
▪️ "ဒီနိုင်ငံကို ချစ်ပေမယ့် ဖြစ်လာမယ့်အခြေအနေကိုတော့ သဘောမကျပါဘူး။ ကိုယ့်ရဲ့ ကိုယ်ရေးကိစ္စ ထိပါးလာရင် စိတ်ပျက်မကျေနပ်ချက် ရှိလာပါတယ်" လို့ အသက် ၆၉ နှစ်ရှိ ဒေးဗီးစ်က နယူးယော့ခ်နေအိမ်မှာ ပြောခဲ့ပါတယ်။
▪️ ယင်းတို့စုံတွဲက ယခုဆိုရင် ဥရောပသွားရောက်ခွင့်အတွက် လူဝင်မှုရှေ့နေတစ်ဦးနဲ့ တိုင်ပင်နေပါတယ်။
▪️ အထူးသဖြင့် ပေါ်တူဂီနဲ့စပိန်ကို စိတ်ဝင်စားနေကြပြီး အငြိမ်းစားဗီဇာလိုချင်နေကြပါတယ်။
▪️ ပြောင်းရွှေ့ရမှာ စိတ်မကောင်းဖြစ်မိပေမယ့် နိုင်ငံရေးအရနဲ့ လူမှုရေးအရ လက်သင့်ခံစမရာ မရှိတာကြောင့်လို့ ဒေးဗီးစ်ကပြောပါတယ်။
▪️ ထရမ့် ရွေးကောက်ပွဲပြန်ယှဉ်ပြိုင်လာတည်းက ဥရောပသို့ ရွှေ့ပြောင်းဖို့စဉ်းစားနေတဲ့ အမေရိကန်နိုင်ငံသားတွေ တိုးများလာပါတယ်။
▪️ ယခုနှစ် ပထမ ၂လအတွင်း အမေရိကန်များ အိုင်ယာလန်ပတ်စ်ပို့လျှောက်သူ အရေအတွက်က ဆယ်စုနှစ်အတွင်း အမြင့်ဆုံးဖြစ်နေပါတယ်။
▪️ ပြင်သစ်မှာတော့ အမေရိကန်နိုင်ငံသားများမှ ရေရှည်နေထိုင်ခွင့်ဗီဇာ လျှောက်ထားသူအရေအတွက်က ၂,၃၈၃ ဦးရှိထားပါတယ်။
▪️ နိုင်ငံအတွင်းမှ ရွှေ့ပြောင်းထွက်ခွာလိုသူတွေကို ကူညီပေးနေတဲ့ ရွှေ့ပြောင်းနေထိုင်ရေး ကုမ္ပဏီတွေနဲ့ ဝက်ဆိုက်တွေ ဖော်ပြချက်အရ အမေရိကန်မှာ နိုင်ငံရေးကွဲပြားမှုများနဲ့ သေနတ်အကြမ်းဖက်မှုတွေ အပါအဝင် ကိစ္စရပ်များကြောင့် နိုင်ငံခြားသို့ရွှေ့ပြောင်းလိုတဲ့ အမေရိကန်တွေ သိသိသာသာ များပြားလာပါတယ်။
#Source: Reuters
#Local_News
Published 5 May 2025
▪️ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၌ Gas အိုးမီးလောင်၍ Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရသည့်အပြင်နာရီပိုင်းခြားချိန်၌လည်း ၇၄လမ်းနှင့် ၁၁၈ လမ်း တွင် မီးလောင်မှုတစ်ခုထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ '၈၄ လမ်းမှာ လောင်တာကGas အိုးနဲ့ မီးဖို ဆိုင်က နေ ဘေးက အိမ်ကို ကူးတယ်လို့သိရပါတယ်၊ ပေါက်ကွဲသံအကျယ်ကြီးကြားရတယ်' ဟု ဒေသခံတစ်ဦးက ပြောသည်။
▪️ မေလ၅ ရက်နေ့ မနက် ၁၁ နာရီ၀၃ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၈၄ လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရာ
၁၁ နာရီ ၃၂ မိနစ်အချိန်၌ မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် နေ့လယ် ၁၂နာရီ ၂၀ကျော်ဝန်းကျင်တွင်လည်း မန္တလေးမြို့၊
74လမ်းနှင့် 118 လမ်းတွင်လည်း မီးသတင်းရရှိသောကြောင့် နယ်မြေခံကားများထွက်ခွါငြိမ်းသတ်နေရကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 110 of 1741