၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ ဝင်ခွင့်ကိုစက်တင်ဘာလ(၂)ရက်မှစတင်ကာ လျှောက်ထားနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။
#Local_News
Published 27 August 2025
#ဆေးဘက်ဆိုင်ရာတက္ကသိုလ် #တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ
#YMG/SW #Yangon_Times
မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပင်မစီမံကိန်း (၂၀၂၆-၂၀၃၀) ကို ခေတ်စနစ်နှင့်အညီ ပြန်လည်ပြင်ဆင်ရေးဆွဲနိုင်ရေး အစိုးရ-ပုဂ္ဂလိကကိုယ်စားလှယ်များပါဝင်သောလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ကြရေးအတွက်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုက်တွန်းပြောကြားခဲ့ပါတယ်။
#Local_News
Published 27 August 2025
#ဟိုတယ်နှင့်ခရီးသွားလာရေး #မြန်မာနိုင်ငံခရီးသွားလုပ်ငန်းပင်မစီမံကိန်း
#YMG/SW #Yangon_Times
အခုတစ်ပတ်အတွင်း ရည်ညွှန်းဈေးအနည်းငယ်နဲ့ ပြင်ပဈေး ကျပ်နှစ်သိန်းကျော်အထိ ပြန်လည်မြင့်တက်လာတယ်လို့ ရွှေဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 27 August 2025
#ရွှေ
#YMG/NN #Yangon_Times
အခုနှစ် ဩဂုတ်လကစပြီး နိုင်ငံတော်ရဲ့စီးပွားရေးအထောက်အကူပြုသီးနှံတွေ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေလိုအပ်တဲ့ ယူရီးယားဓာတ်မြေဩဇာ နဲ့ ၁၅ ပတ်လည်ကွန်ပေါင်းဓာတ်မြေဩဇာတွေကို
ဈေးကွက်ပေါက်ဈေးထက်၂၅ ရာခိုင်နှုန်း လျှော့ဈေးနဲ့ ဖြန့်ဖြူးဖို့ ဆောင်ရွက်နေတယ်လို့ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ဖွံဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောကပြောပါတယ်။
#Local_News
Published 27 August 2025
#ယူရီးယားဓာတ်မြေဩဇာ #တောင်သူ
#YMG/NN #Yangon_Times
#World_News
Published 27 August 2025
▪️ ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်နဲ့ NFL အမေရိကန်ဘောလုံး ကစားသမား ထရက်ဗစ်ခဲလ်စ်တို့ စေ့စပ်ခဲ့ပြီလို့ အင်္ဂါနေ့က ဆိုရှယ်မီဒီယာမှာ ကြေညာခဲ့ပါတယ်။
▪️ အင်စတာဂရမ်ပေါ်မှာ အင်္ဂလိပ်ဆရာမနဲ့ ကြံ့ခိုင်ရေးနည်းပြတို့ လက်ထပ်တော့မယ်လို့ ရေးသားထားကာ Kansas City Chiefs ကစားသမားတွေ တေလာဆွစ်ဖ်ကို လက်ထပ်ခွင့်တောင်းနေကြတဲ့ ဓာတ်ပုံတွေလည်း ပါဝင်ပါတယ်။
▪️ ခဲလ်စ်က ဒူးတစ်ဖက်ထောက်ပြီး တေလာဆွစ်ဖ်ကို မော့ကြည့်နေပုံ၊ တေလာဘယ်ဘက်လက်ပေါ်က လက်စွပ်ပုံတွေလည်း တင်ထားပါတယ်။
▪️ ဒီပို့စ်ဟာ အင်္ဂါနေ့မွန်းလွဲအထိ like ပေးသူ ၁၇ သန်းကျော် ရထားပါတယ်။
▪️ နှစ်ဦးစလုံးဟာ အသက် ၃၅ နှစ်ရှိပြီဖြစ်ပြီး ၂၀၂၃ ခုနှစ်က ခဲလ်စ်တို့အသင်းရဲ့အိမ်ကွင်းမှာ တေလာဆွစ်ဖ်လာရောက်ဖျော်ဖြေစဉ် မေတ္တာမျှခဲ့တာ ဖြစ်ပါတယ်။
▪️ ၂၀၂၃ စက်တင်ဘာလက ခဲလ်စ်တို့ကို လာရောက်အားပေးစဉ်မှာ သူတို့ရဲ့အကြောင်းကို လူအများသိရှိခဲ့ပါတယ်။
▪️ တေလာက မကြာခဏပွဲတွေ လာကြည့်ရာ ကင်မရာတွေက တေလာကိုပဲ ဦးစားပေးရိုက်ကူးနေလို့ ဝေဖန်မှုတွေ ထွက်ပေါ်ဖူးပါတယ်။
▪️ စေ့စပ်တဲ့အပေါ် ပရိသတ်တွေ၊ အားကစားအသင်းတွေ၊ မိတ်ဆွေတွေက ဂုဏ်ပြုကြောင်း ဖော်ပြခဲ့ကြပါတယ်။
▪️ တေလာဆွစ်ဖ်ကို မုန်းတယ်လို့ တွစ်တာမှာဖော်ပြဖူးတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဆုမွန်ကောင်းတောင်းပေးထားပါတယ်။
Source: Reuters
#Local_News
Published 27 August 2025
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယခုလအအတွင်း လေးကြိမ်မြောက်အဖြစ် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်း ထပ်မံထုတ်ရောင်းေပးမည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ထားသည်။
▪️ စက်သုံးဆီလုပ်ငန်းရှင်များအတွက်ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့ရာတွင် ယခု ဘဏ္ဍာနှစ်အစ ဧပြီလတွင် ၉၃ သန်း၊ မေလတွင် ဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဇွန်လတွင် ဒေါ်လာ ၁၂၅ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၅၃ သန်းနှင့် ယခုလတွင် ဒေါ်လာ ၁၂၆ သန်း စုစုပေါင်းဒေါ်လာ၅၈၃ သန်းနှင့်ထိုင်းဘတ်သန်း၂၀၀ ထုတ်ရောင်းပေးထားသည်။
▪️ ဗဟိုဘဏ်မှစက်သုံးဆီလုပ်ငန်းရှင်များအတွက် ယခုကဲ့သို့ဒေါ်လာ ၃၂ သန်းထုတ်ရောင်းပေးခြင်းအပြင်သွင်းကုန်လုပ်ငန်းရှင်များအတွက်လည်း တရုတ်ယွမ် ၁၅ သန်းကိုလည်း ရောင်းချပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 27 August 2025
▪️ မြန်မာနိုင်ငံအစိုးရနှင့် အိန္ဒိယသမ္မတ နိုင်ငံအစိုးရတို့အကြား
သံအဖွဲ့(သို့မဟုတ်)ကောင်စစ်ဝန်ရုံးတို့မှ အဖွဲ့ဝင်များ၏ မှီခိုသူမိသားစုဝင်များကို အကျိုးအမြတ်ရှိသော အလုပ်အကိုင်များတွင် လုပ်ကိုင်ခွင့်ပြုခြင်း သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယခုလ(၂၆)ရက်က နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပခဲ့သည်။
▪️ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အိန္ဒိယသံရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါသဘောတူညီချက်အား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် ရှေ့မှောက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur တို့က နှစ်နိုင်ငံကိုယ်စား လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရသည်။
▪️ ထိုသဘောတူညီချက်သည် မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့အကြား ခိုင်မာသည့်ဆက်ဆံရေးနှင့်မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုကိုဖော်ပြလျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 27 August 2025
▪️ ယနေ့မနက်အစောပိုင်းမှစတင်၍ တပ်ကုန်းမြို့နယ်အပါအဝင် ဒေသအချို့၌ ရေကြီး၊ရေလျှံမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှသိရသည်။
▪️ နေပြည်တော် တပ်ကုန်းမြို့နယ် လက်ပံပုကျေးရွာ ၊ဗျိုင်းအင်းကျေးရွာ၊ရှောက်ကုန်းကျေးရွာ တစ်ဝိုက်၌ နေရာကွက်၍ မိုးကြီးခဲ့သည့်အတွက် လျှပ်တပြက် ရေကြီး၊ရေလျှံခြင်းများဖြစ်ပေါ်ခဲ့ရသည့်အပြင် ရွှေညောင်မြို့နယ်၌ လည်း နမ့်ကွတ်ချောင်းရေမြင့်တက်နေကြောင်းသိရသည်။
▪️ ' ဒီနေ့ နေ့လည် တောင်ကြီး၊ ဟိုပုံး၊ ဘန်းယဉ်လဲ မိုးအလွန်များဦးမယ် ၊ကံကောင်းတာ အဲ့ဒီ နီညိုရောင်မိုးတိမ်တိုက်ကြီးက အရှေ့ဘက်ကိုရွေ့ပြီး အင်းလေးဘက်ကို မရောက်တော့ဘူး၊ ဒါကြောင့်အင်းလေးမှာမိုးအလွန်များနိုင်တာတော့ သက်သာသွားမယ် 'ဟု မိုးလေဝသပြင်ပ ပညာရှင်ဦးဝင်းနိုင်က သုံးသပ်ထားသည်။
▪️ ထို့အပြင် ယနေ့မနက်အစောပိုင်း၌ မုန်တိုင်းအကြွင်းအကျန် စဝင်လာခြင်းဖြစ်၍ မြန်မာပြည်အရှေ့ပိုင်းရှိ ပြည်နယ်နှင့်တိုင်းအားလုံး သတိထားကြရမည်ဖြစ်ပြီး (၂၉) ရက်နေ့ကျော်ပါက မိုးပြန်လျော့နည်းသွားနိုင်ပြီး အရှေ့ဘက်မှ လေဖိအားနည်းရပ်ဝန်းအသစ် (၁) ခု ကြောင့် စက်တင်ဘာ လဆန်းပိုင်း (၁) ရက် မှ (၅) ရက်ခန့်အထိ မိုးတကြိမ်ပြန်များနိုင်မည် ဖြစ်ကြောင်းဆိုထားသည်။
▪️ ယမာန်နေ့ကလည်း အင်းလေးရှိဟတ်ပုံးကျေးရွာ၌လေပြင်းမုန်တိုင်းကြောင့် အိမ်ပြိုလဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အင်းလေးဒေသအခြေစိုက် ပရဟိတအသင်းများမှ သိရသည်။
▪️ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မနက်ပိုင်းထုတ်ပြန်ချက်အရ နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင် နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာ တစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေ ခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 August 2025
▪️ နေပြည်တော် တပ်ကုန်းမြို့နယ်၌ ယနေ့မနက်ပိုင်းတွင် မိုးကြီးပြီးရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ရကြောင်းသိရသည်။
▪️ ဩဂုတ်(၂၇) ရက်နေ့၊မနက် ၅ နာရီ၅၀ မိနစ်အချိန်ခန့်က နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ညောင်ပင်သာကျေးရွာနှင့် ဗျိုင်းအင်းကျေးရွာ၊ အောင်ဇေယျဘုရားအနီးရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါသတင်းရရှိသဖြင့် ဥတ္တရခရိုင်မီးသတ်စခန်းနှင့် တပ်ကုန်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် စက်လှေ(၄)စီးတို့ဖြင့် ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် မနက် ၁၀နာရီ ၄မိနစ် အချိန်တွင်လည်း ရှောက်ကုန်းကျေးရွာတွင် ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် နေပြည်တော်မီးသတ်ဦးစီးမှူးဦးဆောင်၍ သူနာတင်ယာဉ်(၁)စီး၊ စက်လှေ(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပရဟိတမှ စက်လှေ(၂)စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ဆယ်ပေးခြင်းနှင့် ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 August 2025
▪️ လူမှုရေးပင်စင်အစီအစဉ်တွင် အကျိုးခံစားခွင့်ရှိသူ သက်ကြီးပုဂ္ဂိုလ်များ
အတွက် ထောက်ပံ့ငွေများကို စက်တင်ဘာလ( ၁ )ရက်တွင် စတင်ထုတ်ပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
▪️ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၅)ခုရှိ လူမှုရေးပင်စင်အစီအစဉ်တွင် အကျိုးခံစားခွင့်ရှိသူများအား သက်ဆိုင်ရာ မြန်မာ့စီးပွားရေး ဘဏ်ခွဲများတွင် စက်တင်ဘာလ(၁)ရက်မှ နိုဝင်ဘာလ (၂၈)ရက်အထိ ထောက်ပံ့ငွေများကို ထုတ်ပေးသွားမည်ဖြစ်ရာ အကျိုးခံစားခွင့်ရှိသူ ကိုယ်တိုင်သို့မဟုတ် ကိုယ်စားလှယ်များမှ နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)ယူဆောင်ပြီး ထောက်ပံ့ငွေများ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင် ချင်းပြည်နယ်၊ကရင်ပြည်နယ်၊ကယားပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး(နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)၊ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ MCCT အစီအစဉ်တွင်အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် စက်တင်ဘာလ(၂၂)ရက်မှ ဒီဇင်ဘာလ(၂၂)ရက်အထိ ထောက်ပံ့ငွေများ ထုတ်ပေးသွားမည်ဖြစ်ရာအကျိုးခံစားခွင့်ရှိသူ ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်များမှ နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)ယူဆောင်ပြီး ထောက်ပံ့ငွေများ ထုတ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 27 August 2025
▪️ ကိုဗစ်နောက်ဆက်တွဲလက္ခဏာ ခံစားရသူအချို့မှာ ပါကင်ဆန်ရောဂါ၊ လေဖြတ်လူနာတွေမှာ ဖြစ်သလိုမျိုး ပင်ပန်းနွမ်းနယ်ခြင်း၊ ဦးနှောက်ထိုင်းမှိုင်းခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ နေထိုင်မှုဘဝကျဆင်းတို့ ခံစားနေရတယ်လို့ သုတေသီတွေ တွေ့ရှိထားပါတယ်။
▪️ ကိုရိုနာဗိုင်းရပ်စ်ရောဂါမှ သက်သာလာသူ အများအပြားမှာ ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေ ခံစားနေရတယ်လို့ WHO က ဖော်ပြထားပါတယ်။
▪️ နောက်ဆက်တွဲလက္ခဏာတွေက သာမန်တင်မကဘဲ လူတွေရဲ့ နေ့စဉ်နေထိုင်မှုဘဝတွေကိုပါ သက်ရောက်နေတယ်လို့ တွေ့ရှိလာပါတယ်။
▪️ ကိုဗစ်ကူးစက်ခဲ့ဖူးပြီး နောက်ပိုင်းမှာ နောက်ဆက်တွဲလက္ခဏာ ခံစားရသူ ၁၂၁ ဦးကို ဆန်းစစ်ခဲ့ကြပါတယ်။
▪️ သူတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာ အဆင်မပြေမှုအတိုင်းအတာကို မေးမြန်းခဲ့ကြပါတယ်။
▪️ ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေက နေထိုင်မှုအခြေအနေနဲ့ အခြေခံလုပ်ဆောင်နိုင်စွမ်းရည်တို့မှာ သိသိသာသာ ကျဆင်းနေတာ တွေ့ခဲ့ကြပါတယ်။
▪️ လတွေနှစ်တွေတိုင်အောင် နေ့စဉ်လုပ်ဆောင်မှုတွေမှာ ခက်ခဲခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
▪️ ယခင်တည်းက ကျန်းမာရေးမကောင်းသူတွေမှာ သက်ရောက်မှုပိုပြီးကြီးမားကြောင်း သတိပေးထားပါတယ်။
▪️ နောက်ဆက်တွဲလက္ခဏာခံစားရသူ လူနာများကို ထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေး၊ သုတေသနလုပ်ငန်းတွေမှာ ပိုမိုအားထုတ်ကြဖို့ သုတေသီများ တောင်းဆိုထားပါတယ်။
Source: Independent
#World_Health
Published 27 August 2025
▪️ အသင့်ပြုတ်စားခေါက်ဆွဲတွေက ဈေးသက်သာကာ အလွယ်တကူပြုတ်စားနိုင်သလို ဩစတြေးလျမှာဆိုရင် အသင့်ပြုတ်စားခေါက်ဆွဲဈေးကွက်ကြီးထွားလာပါတယ်။
▪️ ခေါက်ဆွဲတစ်ထုပ်ဆိုရင် ဈေးအလွန်သက်သာပြီး မိနစ်ပိုင်းအတွင်း ပြင်ဆင်စားသုံးနိုင်ကာ ကြာရှည်အထိန်းသိမ်းခံပါတယ်။
▪️ အချို့ခေါက်ဆွဲအမှတ်တံဆိပ်တွေဆိုရင် အမှတ်တရတွေဆီ ပြန်လည်ခေါ်ဆောင်တဲ့အထိ အနံ့အရသာအမျိုးမျိုး ထုတ်လုပ်နေကြပါတယ်။
▪️ အာဟာရတန်ဖိုးအနေနဲ့ကတော့ ခေါက်ဆွဲတစ်ထုပ်မှာဆိုရင် ဂျုံခေါက်ဆွဲနဲ့ အနံ့အရသာမှုန့်ထုပ်လေးတွေ ပါဝင်ပါတယ်။
▪️ သာမန်အားဖြင့်တော့ ခေါက်ဆွဲထုပ်တွေမှာ ဆိုဒီယံ ၆၀၀ မှ ၁၅၀၀ မီလီဂရမ်ပါဝင်ကာ WHO မှ သတ်မှတ်ထားတဲ့ တစ်နေ့ကို ဆိုဒီယံစားသုံးသင့်တဲ့ပမာနဲ့ အလွန်နီးကပ်သွားပါတယ်။
▪️ ဆိုဒီယံများလွန်းရင် နှလုံးနဲ့ ကျောက်ကပ်တို့ ဒဏ်ဖြစ်စေနိုင်ပါတယ်။
▪️ အသင့်ပြုတ်စားခေါက်ဆွဲတွေမှာ ပရိုတိန်းနည်းပါးကာ သန့်စင်ကာဗိုဟိုက်ဒရိတ်တွေ ပါဝင်တာကြောင့် စားပြီးရင် ဗိုက်ပြည့်စေနိုင်ပေမယ့် ခဏသာခံပါတယ်။
▪️ ခန္ဓာကိုယ်လုပ်ဆောင်ချက် ပုံမှန်ဖြစ်စေမယ့် ဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေလည်း နည်းပါးပါတယ်။
▪️ တစ်ခါတလေမှ ခေါက်ဆွဲစားတာက အန္တရာယ်မဖြစ်စေပေမယ့် အဓိကစားစရာအနေနဲ့ဆိုရင်တော့ ရေရှည်မှာ စိုးရိမ်စရာရှိပါတယ်။
▪️ တောင်ကိုရီးယားလေ့လာချက်တစ်ခုမှာ အသင့်ပြုတ်စားခေါက်ဆွဲတွေ မကြာခဏစားတဲ့သူတွေမှာ နှလုံးရောဂါ၊ ဆီးချိုနဲ့ အခြားပြဿနာများ ဖြစ်နိုင်ခြေများပါတယ်။
▪️ ဒါကြောင့် ဒီလိုခေါက်ဆွဲတွေကို အဓိကအစားအစာအနေနဲ့ မဟုတ်ဘဲ ရံဖန်ရံခါစားသုံးရင်တော့ ကိစ္စမရှိပါဘူး။
Source: Indian Express.
Page 106 of 1857