#Daily_News
Published 31 October 2025
၁။ ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများရောင်းချမည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပမည်
၂။ ငလျင်သင့်စစ်ကိုင်းတိုင်းဒေသကြီးအတွက် ဘိလပ်မြေများ အထူးကုန်ရထားဖြင့်ပို့ဆောင်ပေးနေ
၃။ သာစည်-ရွှေညောင် လူစီးရထား တောင်ကြီးအထိစတင်ပြေးဆွဲ
၄။ Amazon ကဝန်ထမ်းသုံသောင်းခန့် ထပ်မံလျှော့ချမည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 31 October 2025
▪️ ပန်ဒါနီလေးများ တိရစ္ဆာန်ဥယျာဉ် ( ရတနာပုံ ) သို့ ရောက်ရှိလာတော့မည် ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ပန်ဒါနီလေးများကိုတိရစ္ဆာန်ဥယျာဥ် ( ရတနာပုံ )တွင် ယခင်က ထိန်းသိမ်းမွေးမြူ ပြသခဲ့ဖူးခြင်းမရှိကြောင်းသိရသည်။
▪️ ပန်ဒါနီလေးများသည် အအေးပိုင်းဒေသမှလာပြီး အေးချမ်းမှုကို ကြိုက်နှစ်သက်သည့် အကောင်ငယ်လေးများဖြစ်သည့်အတွက် တိရစ္ဆာန်ဥယျာဥ် ( ရတနာပုံ ) ၌ ထားရှိရာတွင်လည်း အဆင်ပြေပြေ ၊ သက်သောင့်သက်သာဖြင့် အေးချမ်းစွာနေထိုင်နိုင်ရန်အတွက်သီးသန့်
ပန်ဒါနီအိမ်လေးများကို သေသေချာချာ ပြင်ဆင်ထားလျက်ရှိကြောင်း သိရသည် ။
▪️ ယခုအခါတွင် MAI လေယာဥ် ခရီးစဉ်အမှတ် 8M-623 ဖြင့် ပန်ဒါနီလေးများကို မြစ်ကြီးနားမှ တိရစ္ဆာန်ဥယျာဥ် ( ရန်ကုန် ) သို့ ခေါ်ဆောင်လာနေပြီး ၊ တိရစ္ဆာန်ဥယျာဥ် ( ရန်ကုန် ) မှတဆင့် တိရစ္ဆာန်ဥယျာဥ် ( ရတနာပုံ ) သို့ ဂရုတစိုက်ဖြင့် ပြန်လည်ခေါ်ဆောင်သွားမည်ဖြစ်သည်။
▪️ ပန်ဒါနီလေးများသည် မျိုးသုဥ်းမည့် အန္တရာယ် နှင့် ရင်ဆိုင်နေရသည့် ကမ္ဘာပေါ်ရှိ ရှားပါးမျိုးစိတ်တွေထဲကမှ တစ်ခုအပါအဝင်ဖြစ်ပြီး တိရစ္ဆာန်ဥယျာဥ်များတွင် ပန်ဒါနီလေးများကို ထိန်းသိမ်းစောင့်ရှောက်၍ ပြသထားခြင်းသည် ပန်ဒါနီလေးများအတွက် မျိုးဆက်ထိန်းသိမ်းခြင်း ၊ သားဖောက်ခြင်း နှင့် မျိုးသုဥ်းခြင်း ဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ကြောင့် ဖြစ်သည်။
▪️ အဆိုပါ သဘာဝအခြေအနေကြားထဲမှာ အခက်အခဲတွေကို ရင်ဆိုင်နေရသော အလွန်ချစ်စဖွယ်ကောင်းသည့် ပန်ဒါနီလေးများ တိရစ္ဆာန်ဥယျာဥ် ( ရတနာပုံ ) သို့ မကြာမှီ ရောက်ရှိလာတော့မည် ဖြစ်သောကြောင့် ကိုယ်တိုင် မြင်တွေ့လိုသူတွေအတွက် တိရစ္တာန်ဥယျာဥ် ( ရတနာပုံ ) သို့ လာရောက်လည်ပတ်ရင်း ကြည့်ရှုဖို့ဖိတ်ခေါ်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
၃၁ အောက်တိုဘာ ၂၀၂၅-
၁။ ထရမ့်တက်ရောက်ခဲ့သည်များနှင့် မတက်လိုက်သည်များ။
◾️APEC ထိပ်သီးအစည်းအဝေးသည် နေ့ရက်ပေါင်းများစွာ ကြာမြင့်ပြီး အစည်းအဝေးအမျိုးမျိုး ပါဝင် သည့် အစီအစဉ်တစ်ခုဖြစ်သည်။
◾️တက်ရောက်ခဲ့သည်များ သမ္မတထရန့်ပ်သည် APEC အစည်းအဝေးအတွက် တောင်ကိုရီးယားနိုင်ငံ၊ ဂျီယွန်ဂျူ (Gyeongju) သို့ သွားရောက်ခဲ့သည်။ သူသည် အောက်တိုဘာ ၂၉ ရက်နေ့တွင် ကျင်းပသော APEC စီအီးအိုများ ထိပ်သီးအစည်းအဝေး သို့ တက်ရောက်ခဲ့ပြီး၊ အလွန်အရေးပါ၍ အားလုံးက မျှော်လင့် နေကြသည့် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နှစ်နိုင်ငံအဆင့် တွေ့ဆုံဆွေးနွေးပွဲ ကို ကျင်းပခဲ့သည်။
◾️မတက်ရောက်ခဲ့သည်များ သူသည် အောက်တိုဘာ ၃၁ ရက်နေ့တွင် စတင်သည့် အဓိကအခမ်းအနား ဖြစ်သည့် APEC စီးပွားရေးခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးအတွက် ဆက်လက်မနေခဲ့ပါ။ သူ သည် ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် အောက်တိုဘာ ၃၀ ရက်နေ့တွင် တောင်ကိုရီးယားမှ ထွက်ခွာခဲ့သည်။
◾️အဖွဲ့ဝင်စီးပွားရေးခေါင်းဆောင် ၂၁ ဦး တရားဝင်တွေ့ဆုံသည့် ဤအဓိက ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးသို့ "မတက်ရောက်ခြင်း" ကို လူအများက "အရေးမလုပ်ဘဲ လစ်လျူရှုခြင်း" သို့မဟုတ် "ကျော်လွှားပစ်ခြင်း" အဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတင်းထုတ်ပြန်လျက်ရှိနေသည်။
၂။ အဓိက ထိပ်သီးအစည်းအဝေးကို အဘယ်ကြောင့် ထရမ့်ဘာကြောင့် မတက်သလဲ။
◾️အဆိုပါဆုံးဖြတ်ချက်သည် သူ၏နိုင်ငံခြားရေးမူဝါဒဖြစ်သည့် "အမေရိကန်ပထမ" ချဉ်းကပ်မှုအပေါ် အခြေခံသည်ဟု သတင်းများက ဖော်ပြသည်။
▪️အဓိကရည်မှန်းချက်ပြီးမြောက်- သူ့ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ တိုးမြင့်လာနေသည့် ကုန်သွယ်ရေးစစ်ပွဲကို ဖြေရှင်းရန်အတွက် သမ္မတ ရှီကျင့်ဖျင်နှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးရန်ဖြစ်သည်။ အခွန်များ၊ မြေရှားဓာတ်သတ္တုများနှင့် ဖန်တန်နိုင်းလ် (fentanyl) ဆိုင်ရာ ကိစ္စများတွင် "ကုန်သွယ်ရေး အပစ်အခတ်ရပ်စဲရေး" ရရှိခဲ့သည့် "အောင်မြင်မှုကြီး" ဟု ထရမ့်က ဖော်ပြခဲ့သောအဆိုပါ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် သူ၏ အဓိကရည်မှန်းချက် ပြီမြောက်ခဲ့ပြီး ထွက်ခွာသွားခဲ့သည်။
▪️နှစ်နိုင်ငံအဆင့် သဘောတူညီချက်များကို ဦးစားပေး- သမ္မတထရမ့်နှင့်ပတ်သက်၍ သူသည် ကြီးမားသော ဘက်ပေါင်းစုံပါဝင်သည့် ဖိုရမ်များထက် တိုက်ရိုက် တစ်ဦးချင်း ဆွေးနွေးမှုများ ကို ပို၍ နှစ်သက်သည့်သူအဖြစ် လူသိများသည်။ ဤကြီးမားသော ထိပ်သီးအစည်းအဝေးများသည် တိုက်ရိုက် သဘောတူညီချက်များထက် ထိရောက်မှု နည်းသည် ဟုသူ၏အစိုးရအဖွဲ့က မကြာခဏ ရှုမြင်လေ့ရှိ သည်။
၃။ ဘယ်လိုအဓိပ္ပာယ် (သက်ရောက်မှုများ)ရှိသလဲ။
သုံးသပ်သူများက ဤလုပ်ရပ်ကို ပုံစံအမျိုးမျိုးဖြင့် အဓိပ္ပာယ်ဖွင့်ဆိုကြသည်။
▪️ ခေါင်းဆောင်မှု ကွက်လပ်ကိုဖန်တီး- အဓိက ထိပ်သီးအစည်းအဝေးကို ကျော်လွှားခြင်းဖြင့် အမေရိကန်သည် အခြားနိုင်ငံများအတွက် "ကြီးမားသော အခွင့်အရေး" ကို ချန်ထားခဲ့သည်။ ထရမ့် မရှိချိန်တွင် သမ္မတ ရှီကျင့်ဖျင်သည် ကျန်ရှိနေခဲ့ပြီး တရုတ်နိုင်ငံကို လွတ်လပ်သော ကုန်သွယ်ရေးနှင့် ဘက်ပေါင်းစုံပါဝင်ရေးကို ကာကွယ်သူ အဖြစ် နေရာယူသည့် မိန့်ခွန်းကို ရှီကပြောကြားခဲ့သည်။
▪️ "အမေရိကန် ပထမ" မူဝါဒကို ပိုမိုခိုင်မာစေ- ဤဆုံးဖြတ်ချက်သည် အမေရိကန်နိုင်ငံသည် APEC ၏ ရည်ရွယ်ထားသည့် ဒီဇိုင်းပုံစံဖြစ်သည့် ကျယ်ပြန့်သော၊ တူညီဆန္ဒအခြေခံ ပူးပေါင်းဆောင်ရွက်မှုထက် အမေရိကန်က ယင်း၏ ကိုယ်ပိုင် အရောင်းအဝယ်ဆန်သော အကျိုးစီးပွားများကို ဦးစားပေးနေကြောင်း အချက်ပြနေသည်။
▪️အမေရိကန်၏ ဂုဏ်သတင်းကို ထိခိုက်စေနိုင်- ဤလုပ်ရပ်ကို အိမ်ရှင်နိုင်ငံ တောင်ကိုရီးယားနှင့် အခြား APEC ခေါင်းဆောင် ၁၉ ဦးအပေါ် "အရေးမလုပ်ဘဲ လစ်လျူရှုခြင်း" အဖြစ် များစွာသောသူတို့က ရှုမြင်ကြသည်။ ကမ္ဘာ့လူဦးရေ၏ ၄၀% နီးပါးနှင့် ကမ္ဘာ့ကုန်သွယ်ရေး၏ တစ်ဝက်ကျော်ကို ကိုယ်စား ပြုသော အာရှ-ပစိဖိတ်ဒေသတွင် ဤအပြုအမူသည် အမေရိကန်၏ ဂုဏ်သတင်းနှင့် သြဇာလွှမ်းမိုးမှုကို ထိခိုက်ပျက်စီးစေနိုင်သည် ဟု သုံးသပ်သူအတော်များများက ဆိုသည်။
Ref: Reuters နှင့်အခြားသတင်းများကို အခြေခံ၍ သုံးသပ်သည်။
#World_News
Published 31 October 2025
■ အမေရိကန်အစိုးရရဲ့ ပိတ်သိမ်းမှုတွေ၊ အစိုးရထောက်ပံ့ပေးနေတဲ့ သတင်းဌာနတွေကို ထရမ့်အစိုးရမှ ပိတ်ပင်မှုတွေကြောင့် ဘဏ္ဍာရေးအခက်အခဲေတွ ဖြစ်လာကာ လွတ်လပ်တဲ့အာရှရေဒီယို (RFA)က သတင်းထုတ်လွှင့်တင်ဆက်မှုတွေ ရပ်ဆိုင်းနေပြီလို့ သောကြာနေ့က ကြေညာလိုက်ပါတယ်။
■ RFA ဟာ ၁၉၉၆ ခုနှစ်တည်းက ရုပ်သံနဲ့ အွန်လိုင်းတို့ကနေ လွတ်လပ်စွာတင်ဆက်နေတဲ့ သတင်းဌာနဖြစ်ပါတယ်။
■ အစိုးရအဖွဲ့က ငွေကြေးဆိုင်ရာကိစ္စတွေ ချုပ်ထိန်းလာတာကြောင့် ပြီးခဲ့တဲ့ လများအတွင်း ဝန်ထမ်းအနည်းငယ်ဖြင့်သာ လည်ပတ်ခဲ့ပြီး အွန်လိုင်းကနေ သတင်းအနည်းအကျဉ်းသာ ထုတ်လွှင့်နိုင်ခဲ့ပါတယ်။
■ RFA ၊ Radio Free Europe / Radio Liberty ၊ VOA တို့လို သတင်းဌာနတွေဟာ ကောင်းစွာမလည်ပတ်နိုင်ဘဲ အစိုးရရင်းမြစ်တွေ ဆုံးရှုံးစေတယ်လို့ ထရမ့်အစိုးရက ပြောထားပါတယ်။
■ ကန့်သတ်ရရှိတဲ့ အထောက်အပံ့တွေနဲ့ ဆက်လက်လည်ပတ်ဖို့ ခက်တာကြောင့် အတတ်နိုင်ဆုံးချုံ့ေနရတယ်လို့ RFA ဥက္ကဌ ဘေဖန်ကပြောပါတယ်။
■ RFA အနေနဲ့ နိုင်ငံရပ်ခြားဌာနတွေမှာ စတင်ပိတ်သိမ်းသွားမှာဖြစ်ကာ ဝန်ထမ်းတွေကို လျော်ကြေးပေးသွားမယ်လို့ ဆိုပါတယ်။
■ RFA ဟာ ၂၀၂၃ မှ ၂၀၂၄ အတွင်း ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုသူ ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
Source: AP News
#Local_News
Published 31 October 2025
▪️ နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်ထားရှိသော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် နာမည်ကြီးအနုပညာရှင်များ ဖျော်ဖြေမည်ဖြစ် ကြောင်းသိရသည်။
▪️ ယင်းအနုပညာရှင်များမှာကိုင်ဇာ၊ ဝေလ၊ နေမင်းအိမ်၊ လွှမ်းပိုင်၊ ရွှေထူး၊ ဂျီလတ်၊ ဝေကြီး၊ ဟဲလေး၊ ဖြိုးကြီး၊ ဖော်ဝေး၊ ဂျိုးလေး၊ နီနီခင်ဇော်၊ ဝိုင်းစုခိုင်သိန်း၊ ချယ်ရီသင်း၊ စန္ဒီမြင့်လွင်၊ ရတနာမိုင်၊ အိုင်းရင်းဇင်မာမြင့်၊ ဆုထက်လှိုင်၊ မိစန္ဒီ၊ သားစိုး၊ သံသာမိုးသိမ့်နှင့် နန်းဆုရတီစိုး စသည့်နာမည်ကြီး အဆိုတော်များက Hi Bird Music Band နှင့် Runner Music Band နှင့် ဖျော်ဖြေမည် ဖြစ်ပြီး ဇာတ်မင်းသားဖိုးချစ်၏ ဖိုးချစ်ဇာတ်သဘင်က ညစဉ်ကပြတင်ဆက်မည်ဖြစ်ကြောင်း သိရသည်။
▪️ ပွဲတော်အတွင်းမီးထွန်းပွဲတော်၊ မီးပုံးပျံလွှတ်တင် ပူဇော်ပွဲတော်၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲတော်များနှင့်အတူ တေးဂီတနှင့် ဇာတ်သဘင် ဖျော်ဖြေပွဲ၊ ဈေးရောင်းပွဲတော်တို့ဖြင့် နိုဝင်ဘာလ(၂)ရက်မှ (၄)ရက်အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ စီစဉ်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
▪️ ယင်းအပြင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်တွင် ဝတ်ရွတ်အသင်းများ ရွတ်ဖတ်ပူဇော်ပွဲ၊ ဆီမီး (၉၀၀၀) ထွန်းညှိကပ်လှူပူဇော်ပွဲနှင့် LED မီးများဖြင့် အလှဆင်ပူဇော်မှုများ၊မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲ၊ ညမီးကျည်နှင့် စိန်နားပန် မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ပြိုင်ပွဲများဖြင့် စီစဉ်ကျင်းပမည်ဖြစ်ပြီး မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ် ပြိုင်ပွဲများအတွက် ဆုချီးမြှင့်ပွဲကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ညပိုင်း ဈေးရောင်းပွဲတော်ကျင်းပမည်ဖြစ်ရာ MSME ထုတ်ကုန်ဈေးဆိုင်ခန်းများ၊ တိုင်းရင်းသား ရိုးရာ အစားအစာများ၊ ဒေသထွက်ကုန်များနှင့် ဈေးဆိုင်ခန်းမျိုးစုံ စုစုပေါင်း (၃၀၀)ကျော်တို့ဖြင့် ဖွင့်လှစ်ရောင်းချကြမည်ဖြစ်ကြောင်း သိရသည်။
▪️ အလားတူ ရဟတ်၊ ပင်လယ်ဓားပြလှေ၊ ပျော့အိ၊ ကလေးစီးကား နှင့် ရထားဝိုင်း၊ ကလေးစီးလှုပ်စိ နှင့် ဒုံးစသည့်ကစားနည်းများလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
#YMG/PP #Yangon_Times
#World_Health
Published 31 October 2025
■ အသက်ကြီးရင့်လာခြင်းက သဘာဝဖြစ်စဉ်ဖြစ်ပြီး ပြင်ပရုပ်ပိုင်းဆိုင်ရာသာမက နှလုံးကပါ အိုမင်းလာပါတယ်။
■ အသက်ကြီးလာတဲ့အခါ နှလုံးဖွဲ့စည်းပုံ၊ လုပ်ဆောင်ချက်တွေ ပြောင်းလဲလာပြီး နှလုံးသွေးကြောရောဂါများ ဖြစ်လာစေနိုင်ပါတယ်။
■ ဒါကြောင့် Max ဆေးရုံ နှလုံးသိပ္ပံဌာနမှ ဒေါက်တာ ဘယ်ဘီယာဆင်းက နှလုံးကို နုပျိုကျန်းမာနေစေမယ့် နည်းလမ်းတွေကို မျှဝေသွားပါတယ်။
■ (၁) သွေးပေါင်ချိန် ပုံမှန်စစ်ဆေးခြင်းဖြင့် သွေးပေါင်အခြေအနေကို သိရှိစေပြီး သွေးတိုးတဲ့အခါ နှလုံးနဲ့ ကျောက်ကပ်တို့ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
■ (၂) သွေးတွင်းသကြားဓာတ်နဲ့ သွေးတွင်းအဆီဓာတ်တို့ကို ပုံမှန်စစ်ဆေးထိန်းချုပ်သင့်ပြီး နေထိုင်စားသောက်မှုပုံစံတွေ ဆေးဘက်ဆိုင်ရာ ထိန်းချုပ်မှုတွေ ပေါင်းစပ်အသုံးပြုနိုင်ပါတယ်။
■ (၃) ဂျုံ၊ အသီးအနှံ၊ ဟင်းရွက်၊ ပရိုတိန်း၊ ကျန်းမာသောအဆီတို့ စားသုံးပေးကာ ဆား၊ အချို၊ အဆင့်ဆင့်ထုတ်လုပ်စားစရာများ လျှော့ချခြင်းဖြင့် သွေးတိုးနဲ့ နှလုံးရောဂါတို့ ဖြစ်နိုင်ခြေနည်းစေပါတယ်။
■ (၄) တစ်နေ့ကိုအနည်းဆုံး မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်းတို့က နှလုံးသန်မာစေပြီး သွေးလည်ပတ်မှုကောင်းစေကာ ကိုယ်အလေးချိန် ထိန်းသိမ်းပေးပါတယ်။
■ (၅) ဆေးလိပ်နဲ့အရက်တို့က နှလုံးအပေါ် ဆိုးကျိုးသက်ရောက်စေတာကြောင့် ရှောင်ရှားခြင်းဖြင့် နှလုံးအိုမင်းခြင်းကို နှောင့်နှေးစေပါတယ်။
■ (၆) ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းဖြင့် နှလုံးအပေါ် ဝန်ထုပ်ဝန်ပိုးလျော့နည်းစေပြီး သွေးတိုးဆီချိုဖြစ်နိုင်ခြေတို့ကို လျှော့ချပေးနိုင်ပါတယ်။
■ နှလုံးအတွက် ဘေးဖြစ်စေမယ့်အရာတွေကို ထိန်းသိမ်းပြီး နှလုံးကျန်းမာရေးအတွက် နေထိုင်စားသောက်မှုပုံစံတွေ ကျန်းမာအောင် နေထိုင်သင့်ပါတယ်။
Source: NDTV
#World_Health
Published 31 October 2025
■ "သူများတွေမကြားရတဲ့ နားထဲက အဆက်မပြတ် မြည်သံတွေကို ကြားနေရပါတယ်။ မရှိတဲ့အသံကို ကြားနေရတာဖြစ်ပြီး စိတ်စူးစိုက်မှု၊ အိပ်စက်မှုတို့ကို နှောင့်ယှက်နေပါတယ်။ ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ ခေါင်းထဲမှာ ဆူညံသံလှိုက်ထွက်လာပါတယ်" လို့ အသက် ၆၆ နှစ်အရွယ် အာမစ်ချန်ဒရာက ပြောပါတယ်။
■ သူဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် နားထဲအသံမြည်တဲ့ပြဿနာ ခံစားနေရပြီး ဒါဟာ အပြင်ကနေမဟုတ်ဘဲ နားထဲမှာ အသံတွေထွက်နေတာ ဖြစ်ပါတယ်။
■ ဆူညံသံတွေကို အဆက်မပြတ် နားထောင်နေရသူတွေ၊ ရှိုးပွဲတွေ၊ ပေါက်ကွဲသံတွေ၊ ဆူညံပတ်ဝန်းကျင်မှာ အလုပ်လုပ်ရသူတွေမှာ ဒီလိုမျိုး ဖြစ်တတ်တယ်လို့ ဒေလီမှ ဒေါက်တာ ဆန်ဂျေဆက်ဒီဗာက ပြောပါတယ်။
■ နားထဲအသံမြည်ခြင်းက အသက်အရွယ်နဲ့ဆိုင်သလို ဆူညံသံကြောင့် အကြားအာရုံဆုံးရှုံးခြင်းနဲ့လည်း အတော်လေး သက်ဆိုင်ပါတယ်။
■ ပြင်ပကအသံ ကောင်းစွာမကြားရတော့တဲ့အတွက် ဦးနှောက်က အသံအစားထိုးမြည်ပေးတာ ဖြစ်ပါတယ်။
■ ကျယ်လောင်တဲ့ ဆူညံသံ၊ အတော်အသင့်ဆူညံသံကို ရေရှည်ကြားနေရခြင်းတို့က အကြားအာရုံထိခိုက်စေနိုင်ပါတယ်။
■ လူငယ်မျိုးဆက်တွေမှာ နားထဲအသံမြည်ခြင်းဖြစ်ရတဲ့ အဓိကအကြောင်းအရင်းတွေက နားကြပ်တပ်နားထောင်ခြင်း၊ ကျယ်လောင်စွာ သီချင်းနားထောင်ခြင်းတို့ ဖြစ်ပါတယ်။
■ ဒီဝေဒနာအတွက် သိပ္ပံနည်းကျ ကုသနည်းမရှိသေးဘဲ အာရုံကြောလုပ်ဆောင်ချက် ချို့ယွင်းမှုတွေကို နှောင့်ယှက်နိုင်မယ့် အသံနည်းလမ်းတွေတော့ ရှိပါတယ်။
■ ဆူညံသံတွေနဲ့ ထိတွေ့ခြင်းက နားအတွင်းပိုင်းကို ပြန်ပြင်မရလောက်အောင် ထိခိုက်စေနိုင်ကာ အသံတွေကြားနေရတဲ့ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။
Source: Indian Express.
တောင်ကိုရီးယားနဲ့ နှစ် ၁,၀၀၀ သက်တမ်းကြာအောင် ဘာသာရေးနွယ်နေတဲ့ တရုတ်အန်ဟွေ့ပြည်နယ် ချီကျိုးမြို့ရှိ ဗုဒ္ဓတောင်ထိပ်ဖြစ်တဲ့ ကျူဟွာတောင်ဟာ အခုဆိုရင်ဧည့်ခရီးသွားလုပ်ငန်းနဲ့ ယဉ်ကျေးမှုဖလှယ်ရေးတို့ တိုးတက်မြင့်မားလာကာ နှစ်နိုင်ငံကြားဆက်ဆံရေးဖွံဖြိုးမှုမှာ အရေးပါနေပါတယ်။
#Asia_Culture
Published 30 October 2025
#တောင်ကိုရီးယား #ချီကျိုးမြို့
#YMG #Yangon_Times #Yangon_Media_Group
၂၀၂၅ခုနှစ် အောက်တိုဘာ ၃၀ ရက်
◾️စမ်းသပ်မှုအောင်မြင်ခြင်း
🔺သမ္မတ ဗလာဒီမာ ပူတင်က နျူကလီးယားစွမ်းအင်သုံး၊ အလိုအလျောက်မောင်းနှင်နိုင်သော Poseidon တော်ပီဒိုကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။
🔺စမ်းသပ်မှုတွင် ရေငုပ်သင်္ဘောမှ ပစ်လွှတ်ခြင်းနှင့် ၎င်း၏ နျူကလီးယားစွမ်းအင်ယူနစ်ကို အသက်သွင်း ခြင်း နှစ်မျိုးလုံး ပါဝင်ခဲ့သည်။
◾️လက်နက်၏ စွမ်းဆောင်ရည်များ
🔺Poseidon သည် ကမ်းရိုးတန်းဒေသများကို ပျက်စီးစေနိုင်သော ကြီးမားသည့် ရေဒီယိုသတ္တိကြွ သမုဒ္ဒရာ လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေနိုင်သည်။
🔺ခန့်မှန်းခြေ ပစ်ခတ်နိုင်သည့်အကွာအဝေး: ၁၀,၀၀၀ ကီလိုမီတာ (၆,၂၀၀ မိုင်)၊ အမြန်နှုန်း တစ်နာရီလျှင် ၁၈၅ ကီလိုမီတာ
🔺ကြားဖြတ်တားဆီးရန် မဖြစ်နိုင်ဟု ဆိုသည်။
🔺အရှည် မီတာ ၂၀၊ အချင်း ၁.၈ မီတာ နှင့် အလေးချိန် တန် ၁၀၀ ရှိသည်။
🔺အရည်-သတ္တုဖြင့် အအေးပေးထားသော ဓာတ်ပေါင်းဖိုဖြင့် စွမ်းအင်ပေးထားသည့် ၂-မီဂါတန် အလေးချိန်ရှိ ထိပ်ဖူးကို သယ်ဆောင်နိုင်ဖွယ်ရှိသည်။

◾️မဟာဗျူဟာမြောက် အခြေအနေ
နျူကလီးယား အင်အားပြသမှု၏ တစ်စိတ်တစ်ပိုင်း
🔺ယင်းသည် မကြာသေးမီက Burevestnik နျူကလီးယား ခရုစ်ဒုံးကျည် (အောက်တိုဘာ ၂၁) နှင့် နျူကလီးယား ပစ်လွှတ်မှု လေ့ကျင့်ခန်းများ (အောက်တိုဘာ ၂၂) ပြုလုပ်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
🔺ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ အနောက်နိုင်ငံများ၏ ဖိအားပေးမှုများရှိနေသော်လည်း ရုရှားသည် အဓိက စစ်အင်အားကြီးနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေကြောင်း ပူတင်က ပြသလိုပုံရသည်။
◾️ကမ္ဘာလုံးဆိုင်ရာ လက်နက်ပြိုင်ဆိုင်မှု
🔺Poseidon ကို ရုရှား၊ အမေရိကန်နှင့် တရုတ်တို့အကြား နျူကလီးယားလက်နက်များ ခေတ်မီအောင် ပြုလုပ်နေသည့် လက်နက်ပြိုင်ဆိုင်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်ကြသည်။
🔺နေတိုး (NATO) က ယင်းကို Kanyon ဟု အမည်ပေးထားသည်။
🔺ယင်း၏ စွမ်းအားသည် Sarmat (SS-X-29/Satan II) တိုက်ချင်းပစ် ဒုံးကျည်ထက် သာလွန်ကြောင်း ပူတင်က အခိုင်အမာ ပြောကြားသည်။
◾️နိုင်ငံရေးနှင့် သံတမန်ရေးဆိုင်ရာ သက်ရောက်မှုများ
▪️အမေရိကန်နှင့် နေတိုးကို တုံ့ပြန်ခြင်း
🔺ပူတင်က ယင်းကို အောက်ပါတို့ကို ကိုးကား၍ တုံ့ပြန်မှုပြောဆိုသည်။
🔺၂၀၀၁ ခုနှစ်တွင် ၁၉၇၂ ခုနှစ် ဒုံးကျည်ကာကွယ်ရေးစာချုပ် (Anti-Ballistic Missile Treaty) မှ အမေရိကန် နုတ်ထွက်ခဲ့ခြင်း။
🔺နေတိုး (NATO)က အရှေ့ဘက်သို့ ချဲ့ထွင်လာခြင်း။
◾️ထရမ့် (Trump) ၏ တုံ့ပြန်မှု
🔺အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ် ထရမ့်က ရုရှားကို "စက္ကူကျား" ဟု ခေါ်ဆိုခဲ့သော်လည်း မော်စကိုသည် နျူကလီးယား ပြိုင်ဘက်အဖြစ် ဆက်လက်ရှိနေသည်ကို ဝန်ခံခဲ့သည်။
🔺နျူကလီးယား စမ်းသပ်မှုအသစ်များ ပြုလုပ်မည့်အစား ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် ပူတင်ကို တိုက်တွန်းခဲ့သည်။
Ref: Reuters သတင်းကိုအခြေခံသည်။
ဆန်တန်ချိန် (၂၅) တန်နှင့်အထက် (သိုမဟုတ်) စပါးတင်း (၂,၅၀၀) နှင့်အထက်သိုလှောင်ထားတဲ့ ဆန်စပါးသိုလှောင်ရုံတွေကို မှတ်ပုံတင်ဖို့ ညွှန်ကြားထားပြီး မလိုက်နာတဲ့လုပ်ငန်းရှင်တွေကို အရေးယူသွားမယ်လို့စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။
#Local_News
Published 30 October 2025
#ဆန် #စပါး
#YMG/SW #Yangon_Times
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် နိုင်ငံခြားငွေတွေကို ယခု အောက်တိုဘာလအတွင်း (၅)ကြိမ်မြောက်အဖြစ်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 30 October 2025
#ဗဟိုဘဏ် #စက်သုံးဆီ
#YMG/SW #Yangon_Times
နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြိုနယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်နဲ့ ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ (၂) ရက်နေ့ကနေ (၄) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမယ်လို့ ဈေးရောင်းပွဲတော်နှင့် အများပြည်သူဖျော်ဖြေရေးအစီအစဉ်များဆောင်ရွက်ရေးဆပ်ကော်မတီက သိရပါတယ်။
#Local_News
Published 30 October 2025
#မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး #နေပြည်တော်
#YMG/NN #Yangon_Times
Page 103 of 1915