လျှပ်စစ်ကားထုတ်လုပ်ရေး ထိပ်သီးကုမ္ပဏီ BYDနဲ့ ကမ္ဘာ့ထိပ်သီး ဒရုန်းထုတ်လုပ်သူ DJIကုမ္ပဏီတို့ ပူးပေါင်းကာ ကမ္ဘာ့ပထမဆုံး ဒရုန်းတပ်ဆင်မော်တော်ကားစနစ် လင်ယွမ်ကို တနင်္ဂနွေနေ့က ချပြသွားပါတယ်။
#World_Industry
Published 5 March 2025
#BYDလျှပ်စစ်ကား #ဒရုန်းတပ်ဆင်ကားစနစ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 5 March 2025
၁။ ရွှေဓာတ်ခွဲခန်းများကို ရန်ကုန်အပြင် အခြားမြို့ကြီးများတွင်လည်း ဖွင့်လှစ်ရန်ရှိ
၂။ မုံရွာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပရန်ဆောင်ရွက်နေ
၃။ နွေရာသီအပူချိန်လျော့ကျနိုင်သော်လည်း Heat-stroke ဖြစ်နိုင်၍ သတိပြုရန်လိုအပ်
၄။ BYD လျှပ်စစ်ကားနှင့် DJI ကုမ္ပဏီတို့ပူးပေါင်း၍ ဒရုန်းတပ်ဆင်ကားစနစ်ဖန်တီး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 5 November 2024
▪️ ဧရာဝတီတိုင်းတွင် ယနေ့မနက်ပိုင်းက ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြို့အနီး၌ ယနေ့ နေ့လယ်ပိုင်းတွင် ငလျင်ထပ်မံ လှုပ်ခတ်ခဲ့ရာတစ်ရက်တည်းတွင် ငလျင်ငါးကြိမ်လှုပ်ခတ်ခဲ့ ကြောင်း မြေငလျင်ဌာနခွဲမှ သိရသည်။
▪️ ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂) နာရီ၊ (၀၆) မိနစ်၊ (၃၅) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၃၅) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဟုမ္မလင်းမြို့၏ အနောက်တောင်ဘက် (၂၃) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၆၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၇) ဒီဂရီ၊ အနက် (၆၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၅) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိ ကြောင်း သိရသည်။
▪️ ထို့အပြင် ယနေ့မနက်အစောပိုင်းကလည်း ညောင်တုန်းမြို့ကိုဗဟိုပြုပြီးငလျင်(၄)ကြိမ်လှုပ်ခတ်ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ ဧရာဝတီတိုင်း၌လှုပ်ခတ်ခဲ့သည့်ငလျင်ဒဏ်ကြောင့် မအူပင်မြို့ရှိ စိမ်းမြကန်သာ ဘုရားကြီး အက်ကြောင်းဖြစ်၍ မှန်ကွဲကြေကာ မုဒ်ဦးထိသွား ကြောင်း ၊ ၁၀၈တောင်စေတီဟောင်းမှာမူ သုံးပုံတပုံပြိုကျ၍ လူအထိအခိုက်မရှိကြောင်း ဒေသခံများနှင့် ဒေသတွင်းသတင်းများအရ သိရသည်။
▪️ သို့သော် မအူပင်မြို့ အမှတ် ၁ ရပ်ကွက် ၌ ဂိုဒေါင်ပြိုကျမှုဖြစ်ပွားခဲ့ရာ ဂို ဒေါင်အနီးတွင် နေထိုင်သူ သုံးဦးထိခိုက်ဒဏ်ရာအနည်းငယ်ရရှိ၍ ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 5 March 2025
▪️ အစားအသောက်နှင့်ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေး လုပ်ငန်းအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းလုပ်ငန်းကို ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းမပေါ်ရှိ Ocean စျေးဝယ်စင်တာ ခန်းမ၌ယနေ့ ကျင်းပခဲ့ကြောင်း သိရသည်။
▪️ ဗဟန်းမြို့နယ်၌ အစားအသောက်နှင့်ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေး လုပ်ငန်းအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျှက်ရှိရာOcean စျေးဝယ်စင်တာ ခန်းမ၌ယနေ့ကျင်းပသော အခမ်းအနားတွင် ဦးစွာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက အစားအသောက်နှင့်ရေမှတစ်ဆင့်ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေး လုပ်ငန်းအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ကာကွယ်ရေးဆိုင်ရာများဖြစ်သည့် ကူးစက်နိုင်သည့်နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ သတိပြုရမည့်အချက်များ၊ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်များကိုရှင်းပြောကြားခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ Ocean စျေးဝယ်စင်တာရှိ ဆိုင်ခန်းပေါင်း(၃၂)ခန်းတို့တွင် အစားအသောက် ပြင်ဆင်ရောင်းချသည့် ဆိုင်များ၏ သန့်ရှင်းမှုနှင့် ကြွက်၊ ယင်၊ ပိုးဟပ်ကင်းစင်ရန်စီစဉ်ထားရှိမှု၊ သန့်ရှင်းသောရေ (Chlorinated water) အသုံးပြုခြင်း ရှိ/မရှိ၊ အစားအသောက်ပြင်ဆင်ရောင်းချသူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် Mask Cap ၊ Glove နှင့် Apron အပါအဝင် လိုအပ်သည့် ကာကွယ်ရေးပစ္စည်းများအသုံးပြုခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
၂၀၂၅ ခုနှစ်အတွက် အာဆီယံဆုတွေပေးအပ်ဖို့ အဆိုပြုလွှာတွေ စတင် ခေါ်ယူနေပြီလို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ သိရပါတယ်။
#Local_News
Published 5 March 2025
#အဆိုပြုလွှာခေါ်ယူ #အာဆီယံဆု
#YMG/SW #Yangon_Times
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက်စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 5 March 2025
#မုံရွာသင်္ကြန်ပွဲတော် #မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်
#YMG/NN #Yangon_Times
နိုင်ငံတကာအဆင့်မီ ရွှေဓာတ်ခွဲခန်းတွေကို ရန်ကုန်အပြင်အခြားနယ်မြို့ကြီးတွေမှာလည်း ဖွင့်လှစ်သွားဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း(YGEA)ဥက္ကဌ ဦးမျိုးမြင့်က ပြောပါတယ်။
#Local_News
Published 5 March 2025
#ရွှေဓာတ်ခွဲခန်း #ရွှေလုပ်ငန်းရှင်များအသင်း
#YMG/SW #Yangon_Times
အခု၂၀၂၅ ခုနှစ်နွေရာသီအပူချိန်ဟာ ယမန်နှစ်ထက်လျော့ကျနိုင်ပေမယ့် Heat-stroke ဖြစ်နိုင်တာကြောင့် သတိထားကြဖို့ လိုအပ်တယ်လို့မိုးလေဝသပြင်ပ ပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။
#Local_News
Published 5 March 2025
#Heat-stroke #နွေရာသီအပူချိန်လျော့ကျနိုင်
#YMG/NN #Yangon_Times
#World_News
Published 05 March 2025
▪️ ပြီးခဲ့တဲ့ရက်သတ္တပတ် အမေရိကန် ဘဲဥပုံရုံးခန်းမှာ ဒေါ်နယ်ထရမ့်နဲ့ အချေအတင် ပြောဆိုခဲ့ကြတာကို စိတ်မကောင်းဖြစ်မိကာ အမေရိကန်နဲ့ဆက်ဆံရေးကို ပြုပြင်သွားမယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီက အင်္ဂါနေ့မှာ ကတိပြုလိုက်ပါတယ်။
▪️ အငြင်းအခုံဖြစ်နေကြတဲ့ တွင်းထွက်သတ္တုပစ္စည်း အပေးအယူကတော့ ဘာဆက်ဖြစ်မလဲဆိုတာ သေချာမသိရသေးပါဘူး။
▪️ ယူကရိန်းသတ္တုပစ္စည်းတွေကို အမေရိကန်ကို တူးဖော်ထုတ်ယူခွင့်ပေးသွားမယ့် သဘောတူညီချက်မှာ ထရမ့်အစိုးရအဖွဲ့နဲ့ ယူကရိန်းတို့ လက်မှတ်ရေးထိုးရန် စီစဉ်နေတယ်လို့ သတင်းရင်းမြစ် ၄ ဦးမှ ရိုက်တာသတင်းဌာနကို ပြောခဲ့ပေမယ့် အင်္ဂါနေ့နှောင်းပိုင်းမှာတော့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က လက်မှတ်ရေးထိုးဖို့ အစီအစဉ်မရှိဘူးလို့ Fox Newsကို ပြောသွားပါတယ်။
▪️ ဒါနဲ့ပတ်သက်ပြီး အိမ်ဖြူတော်၊ ယူကရိန်းသမ္မတအစိုးရအဖွဲ့နဲ့ ဝါရှင်တန်ရှိ ယူကရိန်းသံရုံးတို့က တုံ့ပြန်ပြောကြားခြင်း မရှိသေးပါဘူး။
▪️ ဘဲဥပုံရုံးခန်းမှာ အချေအတင်ဖြစ်ပြီး သတ္တုတွင်းထွက်ပစ္စည်း အပေးအယူမဖြစ်ခဲ့တဲ့နောက် ဇယ်လန်စကီက အားလုံးကိုအဆင်ပြေအောင် ပြုလုပ်လိုကာ သတ္တုပစ္စည်းသဘောတူညီချက်မှာ အချိန်မရွေး တရားနည်းလမ်းကျကျ လက်မှတ်ရေးထိုးဖို့ အဆင်သင့်ရှိနေတယ်လို့ ဆိုလိုက်ပါတယ်။
▪️ စစ်ပွဲအပေါ် အမေရိကန်မူဝါဒ ပြောင်းပြန်လှန်ပစ်ပြီး ရုရှားဘက်ကို ပြေရာပြေကြောင်း ဦးတည်လာတဲ့ ထရမ့်က ယူကရိန်းထံ စစ်ရေးအကူအညီ ထောက်ပံ့မှုများ ရပ်ဆိုင်းလိုက်ပြီးနောက်နေ့မှာ အခုလို ဇယ်လန်စကီ ပြောလာတာ ဖြစ်ပါတယ်။
▪️ "အဆုံးမရှိတဲ့စစ်ပွဲကို ဘယ်သူမှ အလိုမရှိသလို ယူကရိန်းတွေလောက် ဘယ်သူမှ ငြိမ်းချမ်းရေးအလိုရှိမနေနိုင်ပါဘူး။ ကြာရှည်တည်မြဲမယ့် ငြိမ်းချမ်းရေးရဖို့အတွက် သမ္မတထရမ့်ရဲ့ ဦးဆောင်မှုအောက်မှာ လုပ်ဆောင်သွားဖို့ အဆင်သင့်ရှိပါတယ်" လို့ ဇယ်လန်စကီက Xဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
▪️ "ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ လွတ်လပ်ရေး ထိန်းသိမ်းရာမှာ အမေရိကားမှ အကူအညီတွေ ပေးခဲ့တာကို ကျွန်ုပ်တို့ အမှန်တကယ် တန်ဖိုးထားပါတယ်။ ဝါရှင်တန်က ဆွေးနွေးမှုမှာ ဖြစ်သင့်သလို မဖြစ်ခဲ့တာကို စိတ်မကောင်းဖြစ်မိပြီး အခုတော့ အားလုံးကို အဆင်ပြေအောင် ပြုလုပ်သွားမှာပါ" လို့ ရေးထားပါတယ်။
▪️ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်အဖြစ် ဇယ်လန်စကီက လမ်းကြောင်းတစ်ခု ချပြထားကာ အကျဉ်းသားများ လွှတ်ပေးခြင်း၊ လေကြောင်းနဲ့ ရေကြောင်းတိုက်ခိုက်မှုများ ရပ်စဲခြင်းတို့ကို ရုရှားဘက်ကလည်း ပြုလုပ်ပေးပါက စတင်ဆွေးနွေးနိုင်မယ်လို့ ဆိုပါတယ်။
#Source: Reuters
#Local_News
Published 5 March 2025
▪️ ယခုလ ၈ရက်တွင် ကျရောက်မည့် ၇၉-နှစ်မြောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနေ့ အခမ်းအနားကို Myawadi Media Center တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ၁၉၄၆ ခုနှစ် မတ်လ ၈ ရက်တွင် စတင်ထူထောင်ခဲ့သည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ၇၉-နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ပျော်ပွဲရွှင်ပွဲများ၊ ကျွေးမွေးလှုဒါန်းပွဲများ၊ သင်တန်းသားဟောင်းများစကားဝိုင်း၊ ဗီဒီယိုလောကသားများ စကားဝိုင်းများ၊ ဖြူမဲရှားပါးရုပ်ရှင်ပြသပွဲများအပြင် Trust double nine ရေသန့်မှ အမှန်တကယ်နွမ်းပါးသူ ရုပ်ရှင်အစည်းအရုံးဝင် လောကသားများကို ငွေသားကျပ် သိန်း၂၀၀ကို မဲဖောက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ကား ၆ကားကိုလည်း ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 05 March 2025
▪️ လူတွေက စမတ်ဖုန်းကို နေ့စဉ်ပျမ်းမျှအားဖြင့် ၃ နာရီမှ ၅ နာရီလောက် အသုံးပြုကြပြီး ငယ်ရွယ်သူတွေဆိုရင် ၆ နာရီမှ ၇ နာရီလောက်အထိ ရှိတယ်လို့ ခန့်မှန်းနိုင်ပါတယ်။
▪️ သုတေသနတစ်ခုအရ ဖုန်းအသုံးပြုချိန်များခြင်းရဲ့ ဘေးအန္တရာယ်တွေကို လျှော့ချပြီး ပိုမိုကောင်းမွန်ဖို့ လုံးဝအသုံးမပြုဘဲ နေစရာမလိုပါဘူး။
▪️ လေ့လာချက်တစ်ခုမှာ ပါဝင်စမ်းသပ်ခံသူ ၄၆၇ ဦးကို ဖုန်းအင်တာနက် အသုံးပြုခွင့် နှစ်ပတ်ကြာအောင် ပိတ်ဆို့တဲ့ appတစ်ခု ထည့်သွင်းခိုင်းခဲ့ရာမှာ စိတ်ကျန်းမာရေး၊ အာရုံစူးစိုက်မှုတို့ သိသိသာသာ မြင့်တက်လာတာ တွေ့ခဲ့ကြပါတယ်။
▪️ စမ်းသပ်ချက်အပြီးမှာ အင်တာနက်ပြန်ရခဲ့ကြပြီး ထိုကဲ့သို့ ပြောင်းလဲမှုလေးတစ်ခုက ရလဒ်သိသာကြီးမားတဲ့သဘော မြင်ခဲ့ရပါတယ်။
▪️ စမ်းသပ်ခံသူတွေထဲက ၇၁ ရာခိုင်နှုန်းလောက်ဟာ စိတ်ကျန်းမာရေး အခြေအနေ ပိုကောင်းခဲ့ပြီး စိတ်ကျသက်သာဆေး သုတေသနထက်ပင် စိတ်ကျလက္ခဏာတိုးတက်မှု ပိုမိုသိသာခဲ့ပါတယ်။
▪️ စမတ်ဖုန်းတွေကြောင့် ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း လူတွေရဲ့ဘဝနဲ့ အပြုအမူတွေ သိသိသာသာ ပြောင်းလဲခဲ့တယ်လို့ တက္ကဆပ်စ်မက်ကုမ့်စ် စီးပွားရေးတက္ကသိုလ်မှာ မားကတ်တင်းမန်နေဂျာ အက်ဒရီယန်ဝါ့ဒ်က ပြောပါတယ်။
▪️ ၄၆၇ ဦးထဲမှာမှ ၂၆၆ ဦးသာ အဆိုပါ Freedom appထည့်သွင်းခဲ့ပြီး ၁၁၉ ဦးသာ အနည်းဆုံး ၁၀ ရက်အထိ အင်တာနက်အသုံးမပြုဘဲ နေခဲ့ကြပါတယ်။
▪️ Freedom appဟာ ဝက်ဘ်ဆိုက်တွေ appတွေကို ပိတ်ပင်ပြီး အင်တာနက်တစ်ခုလုံးကိုတောင် ပိတ်ပင်နိုင်ပါတယ်။
▪️ App Store ၊ Google Play ၊ Freedom ဒေါင်းလုဒ်စာမျက်နှာတို့မှာ ရှာနိုင်ပြီး လစဉ် ၈.၉၉ ဒေါ်လာပေးသွင်းကာ အသုံးပြုနိုင်ပါတယ်။
▪️ ပန်ဆယ်လ်ဗေးနီးယားတက္ကသိုလ် သုတေသနမှာ ဆိုရှယ်မီဒီယာ အသုံးပြုချိန် တစ်နေ့ကို မိနစ် ၃၀မျှသာ ကန့်သတ်ထားရှိခြင်းဖြင့် စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အထီးကျန်ခြင်းတို့ သိသာစွာ လျော့နည်းစေနိုင်ပါတယ်။
▪️ စမ်းသပ်မှုထဲမှာ ပါဝင်ခဲ့သူတွေဟာ ဝါသနာပါရာတွေ လုပ်နိုင်လာပြီး လူတွေနဲ့ မျက်နှာချင်းဆိုင် စကားပြောဆိုခြင်း၊ သဘာဝပတ်ဝန်းကျင် သွားရောက်ခြင်းတွေ ပြုလုပ်လာနိုင်တဲ့အပြင် ပိုမိုအိပ်စက်နိုင်ခြင်း၊ လူမှုဆက်ဆံရေး အကျိုးရလာကာ ဆုံးဖြတ်ချက်တွေဥို ထိန်းချုပ်လာနိုင်တယ်လို့ ပြောသွားပါတယ်။
#Source: New York Post
#Local_News
Published 5 March 2025
▪️ ယခုရက်ပိုင်းအတွင်း မြေငလျင်ငယ် များ ရက်ခြားနှင့် နောက်ဆက်တွဲ အကြိမ်ရေ များပါ လှုပ်ခတ်ခဲ့ပြီးနောက်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မြေငလျင် သတိပေးချက်များကို ထုတ်ပြန်လာကြောင်း သိရသည်။
▪️ ပြီးခဲ့သည့် မတ်လ၃ရက်နေ့က တိုက်ကြီးမြို့နယ်အနီး၌ မြေငလျင်ငယ် တစ်ကြိမ်၊ ယနေ့မတ်လ၅ရက်နေ့၌ ညောင်တုန်းမြို့နယ်အနီး၌ မြေငလျင်ငယ်တစ်ကြိမ်နှင့် နောက်ဆက်တွဲငလျင်သုံးကြိမ်အထိ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ ကဲ့သို့လှုပ်ခတ်ခဲ့ပြီးနောက် ငလျင်မလှုပ်မီ၊ ငလျင်လှုပ်စဉ်နှင့် ငလျင်လှုပ်ပြီးချိန်များတွင် သတိပြုလိုက်နာရမည့်အချက်များအား ထုတ်ပြန်ပေးခဲ့ပြီး ယင်းထုတ်ပြန်ချက်၌ ငလျင်လှုပ်ရှားနိုင်သည့် ဒေသ (သို့ မဟုတ်) ငလျင်ပြတ်ရွေ့တည်ရှိရာဒေသများတွင် နေထိုင်ကြသူများအနေဖြင့် ငလျင်သတိ အမြဲရှိနေကြရန်နှင့် ငလျင်လှုပ်ရှားမှုကြောင့် ထိခိုက်ဆုံးရှုံးမှုများ မရှိရစေရန် ကြိုတင်ပြင်ဆင်ထားမှုများ ပြုလုပ်ထားကြရမည်ဖြစ်ပါ၍ ငလျင်မလှုပ်မီ၊ ငလျင်လှုပ်စဉ်နှင့် ငလျင်လှုပ်ပြီးချိန်များတွင် ပြုလုပ်ကြရမည်များကို သိရှိထားရန် လိုအပ်ကြောင်း ဖော်ပြထားသည်။
▪️ ထို့အပြင် ငလျင်မလှုပ်မီဆောင်ရွက်ရန် အချက်များမှာ
(၁) အခန်းတိုင်းတွင် လုံခြုံသောနေရာကိုသိထားရမည်၊
(၂) လုံခြုံသောနေရာသို့ ဝင်ရန်၊ အကာအကွယ်ယူရန်၊ ဆွဲကိုင်ထားရန်တို့အား လေ့ကျင့်ထားရမည်၊
(၃) အန္တရာယ်ရှိသော နေရာများကို သိထားရမည်၊
(၄) အိမ်ပြင်တွင်ရှိလျှင် လုံခြုံစိတ်ချရသောနေရာများကို သိထားရမည်၊
(၅) ထွက်ပြေးရန် လမ်းကြောင်းများ၊ အရံထွက်လမ်းများကို လေ့လာမှတ်ထားရမည်၊
(၆) ရေ၊ ဓာတ်ငွေ့နှင့် လျှပ်စစ်မီးတို့ကို အရေးပေါ် ဖြတ်တောက်နိုင်မည့်နေရာများကို သိထားရမည်ဖြစ်ကြောင်း သိရသည်။
▪️ ငလျင်လှုပ်ရှားစဉ် လုပ်ဆောင်ရန်အချက်များမှာ
(၁) မြေကြီး(သို့မဟုတ်) အဆောက်အဦတုန်ခါခြင်းကြောင့် ပြိုကျလာသည့် အကျိုးအပဲ့များ ထိခိုက်မည့်အန္တရာယ်မှ လွတ်ကင်းအောင် စာရေးခုံ၊ စားပွဲအောက်တွင် ချက်ချင်းအမြန်ဆုံးဝင်၍ ပုန်းလျှိုးနေလိုက်ပါ၊
(၂) ပြိုကျနေသည့်အကျိုးအပဲ့များ၊ မြင့်မားသည့်ပရိဘောဂများ၊ ကြမ်းပြင်ပေါ်တွင် လျောကျနိုင်သော (သို့မဟုတ်) မှောက်လဲနိုင်သော လေးလံသည့် အရာဝတ္တုများကို သတိထားပါ၊
(၃) အပြင်ထွက်သော တံခါးပေါက်၊ ပြူတင်းပေါက်များမှ ဝေးဝေးနေပါ၊
(၄) ငလျင်လှုပ်စဉ် အိမ်အပြင်သို့ ထွက်မပြေးပါနှင့်၊
(၅) မိမိသည် တိုက်အမြင့်ကြီး၌ နေထိုင်ပါက လှေကားများ(သို့မဟုတ်) ဓာတ်လှေကားများတွင် တိုးဝှေ့ခြင်း မပြုပါနှင့်၊
(၆) မိမိသည် လမ်းပေါ်သို့ရောက်နေပါက အဆောက်အဦများ၊ လျှပ်စစ်ကြိုးများနှင့် ဝေးကွာသော ကွင်းပြင်သို့ ရောက်ရှိရန် ကြိုးပမ်းရမည်၊
(၇) မိမိသည် ကားအတွင်းတွင်ရှိနေလျှင် ကားကို စက်သတ်ရပ်ထား၍ ကားအတွင်း၌ပင် ဆက်နေပြီး တံတားများ၊ အဆောက်အဦးများနှင့် ဝေးဝေးနေရမည်၊
(၈) ပင်လယ်ကမ်းခြေ၊ နိမ့်သော မြစ်ကမ်းပါးတို့မှ ဝေးနိုင်သမျှ ဝေးဝေးနေပါ။ ဆူနာမီရေလှိုင်းကြီးများ ဝင်ရောက်လာနိုင်ကြောင်း သိရသည်။
▪️ ယင်းအပြင် ငလျင်လှုပ်ပြီးလျှင် လုပ်ဆောင်ရန်အချက်များ
(၁) မိမိကိုယ်ကို အနာတရ ဖြစ် မဖြစ် စစ်ဆေးပါ၊
(၂) နောက်ဆက်တွဲဖြစ်နိုင်သည့် အန္တရာယ်တို့ကို ကာကွယ်ပါ၊
(၃) ရှေးဦးသူနာပြုစုနည်းများဖြင့် ပြုစုပါ၊
(၄) အဆောက်အဦတွင် ထိခိုက်မှု မမာဏကို စစ်ဆေးပါ၊
(၅) မီးဘေးအန္တရာယ်ကို တွက်ဆပါ၊
(၆) မီးခြစ် မသုံးပါနှင့်၊ မီးခလုတ်များကို ပိတ်ထားပြီး ဓာတ်မီးနှင့် ဘတ္ထရီမီးတို့ကို သုံးပါ၊
(၇) ဓာတ်ငွေ့နံ့၊ ဓာတ်ဆီနံ့စသည့် လောင်စာနံ့ရပါက အမြန်ဆုံး ထွက်ခွာပါ၊
(၈) နောက်ဆက်တွဲငလျင်များ လှုပ်နိုင်သည်ကို သတိပြု ပြင်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။
ငလျင်လှုပ်ပြီးနောက် နောက်ဆက်တွဲ ဘေးအန္တရာယ်များမှာ
(၁) နောက်ဆက်တွဲငလျင်များ၊
(၂) မြို့ပြမီးဘေးအန္တရာယ်၊
(၃) ရေကာတာကြီးများ ကျိုးပျက်၍ ရေကြီးခြင်း၊
(၄) တောင်ပြိုခြင်း၊ မြေပြိုခြင်း၊
(၅) ရွံ့မီးတောင်များ ပေါက်ကွဲပန်းထွက်ခြင်း၊
(၆) ဆူနာမီရေလှိုင်း ဖြစ်ပေါ်ရိုက်ခတ်ခြင်း၊
(၇) ကောလဟာလ သတင်းလွှင့်ခြင်း စသည့်အချက်များကို ငလျင်မလှုပ်မီ၊ ငလျင်လှုပ်စဉ်နှင့် ငလျင်လှုပ်ပြီးချိန်များတွင် သတိပြုလိုက်နာဆောင်ရွက်သင့်ကြောင်း ထုတ်ပြန်ထားသည်။
#YMG/NN #Yangon_Times
Page 100 of 1669