ပြည်ပမှာသွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေအနေနဲ့ မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ မဖြစ်ပေါ်စေရေးအတွက် သတ်မှတ်ချက်နဲ့အညီဆောင်ရွက်ကြဖို့ လိုတယ်လို့ အလုပ်သမားဦးစီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။
#Local_News
Published 9 January 2025
#အလုပ်သမားဦးစီးဌာန #ဥပဒေနှင့်အညီဆောင်ရွက်ရန်
#YMG/SW #Yangon_Times
အင်းလေးဒေသထွက် ခရမ်းချဉ်သီးတွေ လာမယ့်ဖေဖော်ဝါရီလမှသာ အများအပြားပြန်လည် ထွက်ရှိနိုင်မယ်လို့ စိုက်ပျိုးသူတွေနဲ့ပွဲရုံတွေကနေသိရပါတယ်။
#Local_News
Published 9 January 2025
#ခရမ်းချဉ်သီး #အင်းလေးဒေသ
#YMG/NN #Yangon_Times
မြန်မာနိုင်ငံမှာ ပထမဆုံးအဖြစ် Coffee Quality Instituteက အသိအမှတ်ပြုတဲ့ Robusta သင်တန်းCQI certified Robusta for Arabica Lovers အတန်းသစ် ကို ဖွင့်လှစ်ပေးသွားမယ်လို့ မြန်မာနိုင်ငံကော်ဖီအသင်းက သိရပါတယ်။
#Local_News
Published 9 January 2025
#Coffee_Quality_Institute #မြန်မာနိုင်ငံကော်ဖီအသင်း
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ်အတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန်နှစ်သန်းကျော်တင်ပို့ထားပြီး လျာထားချက်နီးပါးပြည့်မှီနေပြီလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ စာရင်း တွေအရ သိရပါတယ်။
#Local_News
Published 9 January 2025
#ဆန်နှင့်ဆန်ကွဲ #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
#World_News
Published 09 January 2025
▪️ ဗုဒ္ဓဟူးနေ့က လော့စ်အိန်ဂျလိစ်(LA)မှာ တောမီး အပြင်းအထန် လောင်ကျွမ်းသဖြင့် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အိမ်ရာနဲ့ချီ ပျက်စီးကာ မီးသတ်ရေးပစ္စည်းများနဲ့ ရေများကို အဆုံးအထိ တိုးမြှင့်ထားရတဲ့အပြင် လူပေါင်း ၁ သိန်းကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ရန် ညွှန်ကြားထားပါတယ်။
▪️ ဟာရီကိန်း တိုက်ခတ်လေကြောင့် မီးသတ်လုပ်ငန်းများ အဟန့်အတားဖြစ်ရကာ အင်္ဂါနေ့တည်းက စတင်လောင်ကျွမ်းခဲ့ရာမှာ အတားအဆီးမရှိ ပျံ့နှံ့နေခဲ့ပါတယ်။
▪️ ခြောက်သွေ့လာတဲ့လေကြောင့် ခြောက်သွေ့မြေပြင်တွေမှာ မီးတောက်များ ဖြစ်လာစေပြီး ဗုဒ္ဓဟူးနေ့ နေဝင်လာတာနဲ့အမျှ အန္တရာယ်အများဆုံး မီးလောင်ကျွမ်းမှုနှစ်ခု ဆက်လက်ကြီးထွားလာခဲ့တယ်လို့ တာဝန်ရှိသူများ ပြောပြပါတယ်။
▪️ ဗုဒ္ဓဟူးနေ့ညနေက လော့စ်အိန်ဂျလိစ် ဟောလိဝုဒ်ဟေးလ်စ်အပိုင်းမှာ နောက်ထပ်မီးတစ်ခု လောင်ကျွမ်းခဲ့ပြီး နောက်ထပ် ထွက်ပြေးတိမ်းရှောင်ဖို့ ညွှန်ကြားခဲ့ရကာ လော့စ်အိန်ဂျလိစ်ကောင်တီမှာ တောမီးလောင်ကျွမ်းမှု ၆ ခုအထိ ရှိလာတယ်လို့ မီးသတ်အကြီးအကဲ ခရစ္စတင်ခရော်လေက မီဒီယာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
▪️ အနောက်ပိုင်းက ပယ်လီဆိတ်စ်မီးကြောင့် ဆန်တာမော်နီကာနဲ့ မယ်လီဘူကြား တောင်ကုန်းတွေမှာ ၁၅၈၃၂ ဧကနဲ့ အဆောက်အအုံ ၁ ထောင်ခန့် ပျက်စီးသွားပါတယ်။
▪️ အရှေ့ပိုင်းမှာ အီတန်မီးကြောင့် ဆန်ဂေဘရီယယ်တောင်ခြေက ၁၀၆၀၀ ဧကနဲ့ အဆောက်အအုံ ၁ ထောင်ခန့် ပျက်စီးခဲ့ပြီး အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့တယ်လို့ တာဝန်ရှိသူများ ပြောပါတယ်။
▪️ သမိုင်းဝင် သဘာဝဘေးကပ်ဆိုးကြီးနဲ့ ရင်ဆိုင်နေရတယ်လို့ လော့စ်အိန်ဂျလိစ် အရေးပေါ်ထိန်းသိမ်းရေး ညွှန်ကြားရေးမှူး ကယ်ဗင်မက်ဂိုဝမ်က ပြောပြပါတယ်။
▪️ လော့စ်အိန်ဂျလိစ်ကောင်တီမှာ နေအိမ်နဲ့ စီးပွားလုပ်ငန်းပေါင်း ၁ သန်းနီးပါး လျှပ်စစ်ဓာတ်အားမရဘဲ ဖြစ်နေပါတယ်။
▪️ LAမှာ မီးသတ်သမား မလုံလောက်တာကြောင့် အခြားပြည်နယ် ၆ ခုမှ မီးသတ်သမားများ ကယ်လီဖိုးနီးယားသို့ ရောက်လာကြပြီး နောက်ထပ် မီးသတ်ကုမ္ပဏီ ၂၅၀ က အင်အား ၁ ထောင်ခန့်ဖြင့် ရောက်ရှိလာကြပါတယ်။
▪️ မီးသတ်ရေပိုက်ခေါင်းတွေမှာ ရေပြတ်လပ်လာသဖြင့် လူနေရပ်ကွက်မှ ရေများကိုအသုံးပြုကြလာကြပါတယ်။
▪️ ပစိဖိတ်ပယ်လီဆိတ်စ်ဟာ အမေရိကန်မှာ တန်ဖိုးအကြီးဆုံးရပ်ကွက်တွေထဲက တစ်ခုဖစ်ပြီး သာမန်အိမ်တစ်အိမ်လျှင် ဒေါ်လာ ၃.၇ သန်းခန့် တန်ဖိုးရှိပါတယ်။
▪️ သမ္မတဂျိုးဘိုင်ဒင်က ကယ်လီဖိုးနီးယားအတွက် ကပ်ဘေးကြီးအဖြစ် ကြေညာထားကာ ဇန်နဝါရီ ၂၀ ရက်နေ့ အာဏာမလွှဲခင်အထိ ရသမျှအကူအညီများ တောင်းခံထားပါတယ်။
#Source: Reuters
#Local_News
Published 9 January 2025
▪️ ရွှေကြိုမောင်မယ်များအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးအဆင့်ထိတက်ရောက်ကာ ရွေးချယ်ခြင်းမခံခဲ့ရသူများအနေဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ၏ ဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
▪️ "အမှန်တကယ်အချိန်ပေးနိုင်ပြီး ရုပ်ရှင်ဝါသနာပါတဲ့ နောက်ဆုံးအဆင့်မှာ ရွေးချယ်မခံခဲ့ရတဲ့ ရွှေက်ြုမောင်မယ်တွေက ရုပ်ရှင်အစည်းအရုံးမှာအမြန်ဆုံးစာရင်းပေးသွင်းဖို့လိုပါတယ်"ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
▪️ ပြိုင်ပွဲဝင် ရွှေကြိုမောင်မယ်များသည် တစ်ဦးနှင့်တစ်ဦး အရည်အသွေးအပြတ်အသတ်ကွာခြားခြင်းမရှိခဲ့ရာ ရွှေကြိုမောင်မယ်များအဖြစ် အရွေးမခံရသော်လည်း ကျန်ရစ်ခဲ့သူ အရည်အသွေးရှိပြီး ဝါသနာကြီးမားသော မောင်မယ်အားလုံးကို မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ၏ ဖျော်ဖြေရေးကဏ္ဍတွင် ပါဝင်နိုင်ရေး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 9 January 2025
▪️ သထုံမြို့လေးဆူဓါတ်စံရွှေစာရံစေတီတော်မြတ်ကြီး၏ (၃၃)ကြိမ်မြောက်ပဌာန်းဒေသနာတော်နှင့် ဗြဟ္မဇလသုတ်ရွတ်ဖတ်ပူဇော်ပွဲကို ကျင်းပနေကြောင်း သိရသည်။
▪️ အဆိုပါ အခမ်းအနားကို သထုံမြို့နယ်ရှိဩဝါဒါစရိယဆရာတော်ကြီးများဦးစီး၍ ရွှေစာရံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပပြီး သံဃာတော်(၂၄)ပါးတို့မှ ယမန်နေ့မနက်၇နာရီမှစတင်၍ သု၀ဏ္ဏဘူမိသာသနာ့ဗိမာန်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် သထုံမြို့နယ်ရှိဩဝါဒါစရိယ ဆရာတော်ကြီးများများမှ နမောတဿ(၃)ကြိမ် ရွတ်ဆိုပြီးအခမ်းအနား ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာကြသောသူများမှသထုံမြို့ညောင်လေးပင်ကျောင်းတိုက်ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တပညာထံမှ ငါးပါးသီလခံယူဆောက်တည်တော်မူကြပြီး တရားတော်မြတ်ကို နာယူတော်မူခဲ့ကြသည်။
▪️ ရွှေစာရံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဌ ဦးခွန်သိန်းရွှေမှ ပဌာန်းပွဲကျင်းပပြုလုပ်ရခြင်းအား ဆရာတော်အရှင်သူမြတ်များထံ တင်ပြလျှောက်ထားခဲ့ကြောင်း၊ (၃၃)ကြိမ်မြောက် ပဌာန်းဒေသနာတော်နှင့်ဗြဟ္မဇလသုတ်ရွတ်ဖတ်ပူဇော်ပွဲအတွက် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများမှ စုပေါင်း၍လှူဒါန်းသည့် အလှူတော်ငွေကျပ်-၉၀၀,၀၀ဝိ/(ကိုးသိန်းကျပ်)အား သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးရဲနိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇော်မိုးစိုးမှ ရွှေစာရံစေတီတော်ဘဏ္ဍာတော်ထိန်းဥက္ကဌ ဦးခွန်သိန်းရွှေထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ ယင်းနောက်မြို့နယ်သံဃနာယကဥက္ကဌဆရာတော်ဘဒ္ဒန္တသူရိယမှနတ်ပင့်ဂါထာအစပြု၍ ပဌာန်းဒေသနာတော်စတင်ရွတ်ဖတ်ဖွင့်လှစ်ခဲ့ပြီး ရွတ်ဖတ်တော်မူကြမည့်သံဃာတော်အရှင်သူမြတ်တို့မှ ပဌာန်းဒေသနာရွတ်ဖတ်တော်မူခဲ့ကြောင်း၊
ပဌာန်းဒေသနာတော်နှင့်ဗြဟ္မဇလသုတ် ရွတ်ဖတ်ပူဇော်ပွဲအား ၁၃၈၆-ခုပြာသိုလဆန်း(၁၀)ရက်နေ့ ဇန်နဝါရီ ၈ ရက်မှ ပြာသိုလပြည့်နေ့၁၃ရက် အထိ(၅)ရက်တိုင်တိုင်ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 9 January 2025
▪️ ရန်ကုန်-ပြည်လမ်းတွင် ယနေ့မနက်ပိုင်း၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး လူနှစ်ဦးညှပ် နေ၍ ကယ်ထုတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇန်နဝါရီ ၉ရက်နေ့၊ မနက်၇ နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာအုပ်စု၊ ရန်ကုန်-ပြည်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညှပ်နေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ယင်းဖြစ်စဉ်ကြောင့် ကားအတွင်းညှပ်နေသောကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) တို့အား ၇ နာရီ၂၇မိနစ် အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး မိုးစေတနာလူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဉ်ဖြင့် တိုက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 9 January 2025
▪️ ၂၀၂၄ ခုနှစ်အတွက် ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားတွင် ပါဝင်တင်ဆက်ရန် ရွေးချယ်ခံရသည့် ရွှေကြိုမောင်/မယ် အယောက် ၄၀ စာရင်းကို ဇန်နဝါရီလ ၈ရက် ည၈နာရီက တရားဝင်ထုတ်ပြန်လိုက်သည်။
▪️ ရွှေကြိုမောင်အဖြစ်ရွေးချယ်ခံရသူများမှာ ပီမန်း၊ ယံသက်ခ၊ အောင်သူဆန်း၊ ဩနေသိမ်၊ စွမ်းဘုန်းတေဇ၊မဂ္ဂ၊ စပ်ဝဏ္ဏကျော်စွာ၊ သျှိုင်းမာန်၊ ဘုန်းမြတ်မောင်၊ အောင်မြင့်မြတ်၊ ကောင်းခန့်၊ ဉာဏ်မင်းဆက်၊ နန်းဦးလှိုင်၊ လျန်းထက်အောင်၊ ပြည့်စုံ၊ သူရိန်၊ ကိုကိုကျော်၊ အောင်သီဟ၊ ဘုန်းဟိန်း၊ ဖြိုးဟန်ကျော် တို့ဖြစ်ပြီး
ရွှေကြိုမယ် အဖြစ်ရွေးချယ်ခံရသူများမှာ ဆုကျော့ခိုင်၊ သော်တာလှိုင်ထွန်း၊ ချစ်မမမိုး၊ သဒ္ဒါနန်းထိုက်၊ ထံထျာလင်း၊ ဝိုင်းပြည့်ပြည့်စန်းလွင်၊ မေမီလင်း၊ မီကိုခန့်၊ ကြည်ဇေယျရှင်၊ ကေဇင်ခန့်၊ ဆုစန္ဒီမိုး၊ ကေကေဖြိုး၊ ကြယ်စင်သန့်၊ စီလာဝင်း၊ လင်းဝသန်ဦး၊ ဩမြတ်ခင်၊ ဖူးဖူးနန်းတော်၊ ရှင်းသီရိသူ၊ သင်းနန္ဒီဇော်၊ မိုကိုခန့်တို့ဖြစ်ကြောင်း သိရသည်။
▪️ ဖေဖော်ဝါရီလတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ်အတွက်မြန်မာ့ရုပ်ရှင်ဆုပေးပွဲတွင် ရွှေကြိုမောင်မယ်အဖြစ်ပါဝင်နိုင်ရန် လျှောက်ထားခဲ့သူ ဦးရှိခဲ့ပြီး ထိုသူများထဲမှ အဆင့်ဆင့်ယှဥ်ပြိုင်စေကာ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published_9 Jan 2025
▪️ တရားမဝင်ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ ဈေးကွက်အတွင်း မျှတစွာ ယှဉ်ပြိုင်နိုင်မှု မရှိခြင်းနှင့် ဈေးကွက် ပျောက်ဆုံးခြင်း တို့ ဖြစ်ပေါ်စေကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီက ထုတ်ပြန်လိုက်သည်။
▪️ ယခုဇန်နဝါရီလ ၆ ရက် နှင့် ၇ ရက်တို့တွင် တရားမဝင်သစ်မျိုးစုံ၊ လုပ်ငန်းသုံးလူသုံးကုန်၊ ဆိုင်ကယ်အပိုပစ္စည်းနှင့်လိုင်စင်မဲ့မော်တော်ဆိုင်ကယ်မော်တော်ယာဉ်များ ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၇၂)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၉၂၁,၅၉၅,၂၉၃) ဖြစ်ကြောင်းယင်းကော်မတီက ထုတ်ပြန်ထားသည်။
▪️ ဇန်နဝါရီလ ၆ ရက်ကမကွေးတိုင်းဒေသကြီး မကွေးမြို့နယ်နှင့် မင်းလှမြို့နယ်တို့၌လိုင်စင်မဲ့မော်တော်ယာဉ် (၁)စီးနှင့် မော်တော်ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၁၈၀,၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ မင်းဘူးမြို့၊ မန်းရေနံမြေဝင်းအတွင်း၌ တရားမဝင် ရေနံစိမ်း(၂၃)ဂါလန် (ခန့်မှန်းတန် ဖိုးငွေကျပ် ၈၀,၅၀၀)ကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆,၂၆၀,၅ဝဝ)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ ထို့အတူ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော် ရပ်ကွက်၌ တရားမဝင်ကျွန်းသစ် (ဝ.၁၁၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၆,၅၀၀)ကို သစ်တောဥပဒေ အရလည်းကောင်း၊ ချမ်းအေးသာစံမြို့ နယ်၊ ကဉ္စဏမဟီရပ်ကွက်၌ တရားဝင်စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန် ပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၅၇၁,၅၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်း ကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၉၈၈,၀၀၀) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ အလားတူ ဇန်နဝါရီလ ၇ ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ အမှတ်(၃၁၆-B)၌ တရားဝင်စာရွက်စာတမ်းအထောက် အထား တင်ပြနိုင်ခြင်း မရှိသည့် ဆိုင်ကယ်အပိုပစ္စည်း (၈၇)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၆၃၈,ဝ၅ဝ)၊မွန်ပြည်နယ် မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့ အတွင်း၌ လိုင်စင်မဲ့ မော်တော်ယာဉ် (၂)စီးနှင့် မော်တော်ဆိုင်ကယ် (၆)စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,ဝဝဝ,ဝဝဝ)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
▪️ ထို့အတူ ရှမ်းပြည်နယ် ၊ ကျိုင်းတုံမြို့၊ မြို့ရှောင်လမ်း၊ နောင်နွန်း ကျေးရွာအနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂,၅၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ မယ်ယန်းကုန်သွယ်ရေးစခန်းအလွန် မိုင်းကိုးကျေး ရွာအုပ်စု၊ ရန်နိုင်(၁)ကျေးရွာအနီး၌ ရပ်တန့်ထားသော မော်တော်ယာဉ် (၁၀)စီးပေါ်မှ တရားဝင် စာရွက်စာ တမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၃၈)မျိုး၊ လူသုံးကုန်ပစ္စည်း (၁၈)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၈,၂၉၄,၉၆၃)နှင့် အဆိုပါပစ္စည်းများ Nissan Diesel Truck (၃) စီး Mitsubishi Fuso Truck (၃) စီး Isuzu Giga Truck (၂)စီး၊ Hino Profia Truck (၁)စီး၊ စက်မှုဇုန်ထုတ် Mahar Nwe Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၇၅,၇၉၄,၉၆၃)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
▪️ ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းမြို့၊ ရတနာပုံတံတားပူးပေါင်း စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Landcruiser မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀,ဝဝဝ,ဝဝဝ)ကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၌ တရားမဝင် အခြားသစ် (၁.၁၇၄)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၉,၇၄၆)ကို သစ်တောဥပဒေအရ လည်းကောင်း၊ လပွတ္တာမြို့နယ်၊ (၄)မိုင်စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda ADV မော်တော်ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၁၅၉,၇၄၆)ကို ဖမ်းဆီးအရေးယူဆောင်ရွက် လျက် ရှိကြောင်း သိရသည်။
▪️ နေပြည်တော် ၊ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့တွင်လည်း လိုင်စင်မဲ့ မော်တော် ယာဉ်(၆)စီးနှင့် မော်တော်ဆိုင်ကယ်(၃)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၃,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေ အရလည်းကောင်း၊ ပျဉ်းမနားခရိုင်၊ လယ်ဝေးခရိုင်နှင့် ဥတ္တရခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၂.၅၇၁) တန်၊ အခြားသစ် (၅၂.၆၈၇)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆,၄၅၂,၄၈၈)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၉,၄၅၂,၄၈၈)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ ယင်းနောက်အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန် သေတ္တာ (၁၃)လုံး အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံး ပစ္စည်း (၁၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၉,၄၀၆,၁၇၈)ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန် သေတ္တာ (၆)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံး ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၆,၀၈၇,၄၃၈)ကိုလည်းကောင်း၊ သီလဝါဆိပ်ကမ်း၌ ကုန်သေတ္တာ (၃)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံး ပစ္စည်း (၇)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၉,၈၀၇,၉၃၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၈၅,၃၀၁,၅၄၆)ကို ဖမ်းဆီးရမိခဲ့ပြီး လုပ်နည်းများနှင့်အညီအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published_9 Jan 2025
▪️ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကပေးပို့သည့်ပုံစံ (၆၆/၆)ကို အခြေခံသည့်လူဦးရေစာရင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကပေးပို့သည့် မြေပြင်လူဦးရေစာရင်း နှစ်ခုကို အခြေခံပြီး ကော်မရှင်က ပြုစုရပါကြောင်း၊ကော်မရှင်အနေဖြင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ဗဟိုကော်မတီက ပေးပို့လာ သည့် လူဦးရေစာရင်းများကို ဗဟိုမဲဆန္ဒရှင် စာရင်းများစီမံခန့်ခွဲမှုစနစ် (CVLMS) အတွင်း ထည့်သွင်းပြုစုထားပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။
▪️ ယနေ့ ဇန်နဝါရီလ ၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အိမ်ထောင်စုအမှတ်စဉ်များ ဖြည့်သွင်းနိုင်ရေးနှင့် လူဦးရေစာရင်း များ မြေပြင်စိစစ်အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ယင်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
▪️ ယင်းအပြင်ကော်မရှင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ကလက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပြီး မဲစာရင်းပြည့်စုံမှန်ကန်ရေး၊ မဲဆန္ဒရှင်များ အဆင်ပြေစွာ မဲပေး နိုင်ရေးနှင့် လူဦးရေစာရင်းများကို မြေ ပြင်စိစစ် အတည်ပြုနိုင်ရေး စသည့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်သည့်အတွက် အရေးကြီးသည့်လုပ်ငန်း ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများထံမှလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ တောင်းခံသွားကြရမည်ဖြစ်ကြောင်းလည်း ယင်းကပြောကြားခဲ့သည်။
▪️ ၎င်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဝင်များက မြေပြင်စိစစ် အတည်ပြုနိုင်ရေးလုပ်ငန်းများနှင့် ဝန်ကြီးဌာနအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် ဆွေးနွေးကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က သတ်မှတ်မဲရုံ အလိုက် မဲစာရင်းပြုစုရာတွင် သက် ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၏ အိမ်ထောင်စုအမှတ်စဉ်များ သတ်မှတ်ဖြည့်သွင်းနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြကြောင်း သိရသည်။
▪️ အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှတာဝန်ရှိသူများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#Yangon_Times/PP
#World_Health
Published 09 January 2025
▪️ ဗိုက်တာမင်-ဘီ၁၂ ချို့တဲ့ခြင်းကြောင့် လက္ခဏာအများအပြား ဖြစ်ပေါ်နိုင်ပြီး လူသိနည်းတာတစ်ခုက ခြေထောက်မှာဖြစ်တဲ့ လက္ခဏာတစ်မျိုး ဖြစ်ပါတယ်။
ဘီ၁၂ကို ကြက်ဥ၊ အမဲသား၊ ကြက်သား၊ ချိစ်တို့ကနေ အဓိကရရှိကာ အစာခြေစနစ်သို့ စုပ်ယူသွားပါတယ်။
▪️ ဗိုက်တာမင်-ဘီတွေက ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင် လှည့်ပတ်မှုကို အားပေးတဲ့ သွေးနီဥဆဲလ်တွေကို ထုတ်လုပ်ပေးပြီး ဒဏ်ရာအနာတရ သက်သာအောင် ကူညီတဲ့အပြင် အမြင်အာရုံ၊ ကိုယ်ခံအားစနစ်၊ ပရိုတိန်း စုပ်ယူမှု၊ ဒီအင်န်အေ ထုတ်လုပ်မှုတို့ကိုလည်း ထိန်းသိမ်းပေးပါတယ်။
▪️ ဗိုက်တာမင်-ဘီ၁၂ ချို့တဲ့ပါက ဒဏ်ရာသက်သာမှုကို နှောင့်နှေးစေပါတယ်။
ခြေထောက်မှာ စူးရှတဲ့ခံစားမှုမျိုး ကြုံတွေ့ပါက ဗိုက်တာမင်-ဘီ ချို့တဲ့တဲ့လက္ခဏာဖြစ်ပြီး ဆရာဝန်နဲ့ ပြသသင့်တယ်လို့ နော်တင်ဂမ်တက္ကသိုလ်မှ ကျွမ်းကျင်သူတစ်ဦးက ဖော်ပြသွားပါတယ်။
▪️ ချို့တဲ့မှုအခြေအနေပေါ် မူတည်ပြီး ဗိုက်တာမင်-ဘီ၁၂ ဖြည့်စွက်ဆေးများ၊ ဆေးထိုးမှုများ ပြုလုပ်နိုင်ပါတယ်။
▪️ ဘီ၁၂ ချို့တဲ့မှုကို ဖြေရှင်းရန်လိုအပ်ပြီး လျစ်လျူရှုထားပါက အာရုံကြောပြဿနာများနဲ့ သွေးကြောပြဿနာများ ဖြစ်လာနိုင်ပါတယ်။
▪️ ဗိုက်တာမင်-ဘီ၁၂ ချို့တဲ့ခြင်းက တဖြည်းဖြည်းနဲ့မှ ပိုသိသာလာတာဖြစ်ပြီး ကိုယ်အလေးချိန်ကျ ခွဲစိတ်မှု ပြုလုပ်ပြီးနောက် ဘီ၁၂ ချို့တဲ့မှု ဖြစ်ပေါ်နိုင်တယ်လို့ ဟားဗတ်ဆေးတက္ကသိုလ်က သတိပေးထားပါတယ်။
▪️ ရင်ပူသက်သာဆေးများ အလွန်အကျွံ သုံးစွဲပါက ဗိုက်တာမင်-ဘီ၁၂ စုပ်ယူမှုအတွက် အရေးပါတဲ့ အစာအိမ်အက်ဆစ်ထုတ်လုပ်မှု လျော့နည်းစေပါတယ်။
#Source: SurreyLive
Page 102 of 1616