၁၆ ဒီဇင်ဘာ၊၂၀၂၅ (နေပြည်တော်)-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမြန်မာနိုင်ငံ ဆိုင်ရာ ဘရူနိုင်းဒါရူဆလမ် နိုင်ငံ သံအမတ်ကြီး H.E, Haji Mohamad Sarif Pudin bin Matserudin နှင့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် နိုင်ငံသံအမတ်ကြီး H.E. Mr. Tariq Karim တို့သည် သီးခြားစီခွဲ၍ ဒီဇင်ဘာ ၁၆ ရက် နံနက် က နေပြည် တော်ရှိအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ယင်းတို့၏ သံအမတ်ခန့်အပ်လွှာများကို ပေးအပ်ခဲ့သည်။
ဘရူနိုင်းသံအမတ်ကြီး၏သံအမတ်ခန့်အပ်လွှာကိုလက်ခံခဲ့စဉ် ဗိုလ်ချုပ်မှူးကြီးနှင့် ဘရူးနိုင်းသံအမတ် အသစ်တို့သည် မြန်မာနှင့်ဘရူနိုင်းအကြားပညာရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍနှင့် လေကြောင်းပျံသန်းမှုကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်းအာဆီယံပဋိဉာဉ်အတိုင်းလိုက်ပါဆောင်ရွက်လျက်ရှိမှုနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးများတွင် ဝင်ရောက်စွက်ဖက်မှုမရှိသည့်အခြေအနေများကိုဆွေးနွေး ခဲ့ကြကြောင်းသိရှိရသည်။

ပါကစ္စတန်သံအမတ်အသစ်နှင့်တွေ့ဆုံရာတွင်လည်း ဗိုလ်ချုပ်မှူးကြီးနှင့် သံအမတ်အသစ်တို့သည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ နိုင်ငံရေးဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဘာသာရေး
ဆိုင်ရာနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့် အခြေ အနေများကိုဆွေးနွေးခဲ့ကြသည်။
ဗိုလ်ချုပ်မှူးကြီးက သံအမတ်နှစ်ဦးစလုံးကို မြန်မာနိုင်ငံတွင်လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည့် အခြေအနေများနှင့် နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖိတ်ခေါ်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
အဆိုပါသံအမတ်ခန့်အပ်လွှာပေးအပ်ပွဲများသို့ ကော်မရှင်အတွင်းရေးမှူးဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့်သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွေးတို့တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။
#yng/knl
ကမ္ဘောဒီးယားနဲ့ ထိုင်းနယ်စပ်တိုက်ခိုက်မှုတွေကြား မိသားစုတွေဟာ နေအိမ်တွေကနေ ထွက်ပြေးစွန့်ခွာကြရပြီး ဘာလုပ်ရမှန်းမသိ စောင့်ဆိုင်းနေကြရပါတယ်။
#Asia_News
Published 16 December 2025
#ကမ္ဘောဒီးယား # ထိုင်း
#YMG #Yangon_Times #Yangon_Media_Group
မကွေးတိုင်းဒေသကြီး ၊မကွေးမြို့နယ်မှာ ဥစားကြက်မွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 16 December 2025
#ဥစားကြက် #မကွေးမြို့နယ်
#YMG/NN #Yangon_Times
လူငယ်ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆)ကို ဇန်နဝါရီလ(၁၃)ရက်မှ(၁၅)ရက်အထိ နေပြည်တော်မှာ ကျင်းပသွားမယ်လို့သိရပါတယ်။
#Local_News
Published 16 December 2025
#လူငယ်ငြိမ်းချမ်းရေးဖိုရမ် #နေပြည်တော်
#YMG/SW #Yangon_Times
လူငယ်ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆)ကို ဇန်နဝါရီလ(၁၃)ရက်မှ(၁၅)ရက်အထိ နေပြည်တော်မှာ ကျင်းပသွားမယ်လို့သိရပါတယ်။
#Local_News
Published 16 December 2025
#လူငယ်ငြိမ်းချမ်းရေးဖိုရမ် #နေပြည်တော်
#YMG/SW #Yangon_Times
အဆိပ်ရှိပစ္စည်းနှစ်မျိုးဖြစ်တဲ့ Thiamethoxam နဲ့ Clothianidin ပိုးသတ်ဆေးတွေကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် (၇) ခုမှာ သုံစွဲခြင်းမပြုကြဖို့ တားမြစ်ထားပြီးမလိုက်နာပါက ပိုးသတ်ဆေးဥပဒေအရအရေးယူသွားမယ်လို့ မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
#Local_News
Published 16 December 2025
#ပိုးသတ်ဆေး
#YMG/NN #Yangon_Times
မြန်မာ့ရွှေပြင်ပပေါက်ဈေး ဆက်တိုက်မြင့်တက်လျှက်ရှိရာ ယနေ့ဒီဇင်ဘာလ ၁၆ရက်နေ့မှာတော့ တစ်ကျပ်သားကို ကျပ်သိန်းကိုးဆယ်နှစ်သောင်းနဲ့ စတင်ဈေးဖွင့်လာခဲ့ပါတယ်။
#Local_News
Published 16 December 2025
#အခေါက်ရွှေ #ရွှေ
#YMG/SW #Yangon_Times
#Daily_News
Published 16 December 2025
၁။ အဆိပ်ရှိ ပိုးသတ်ဆေး (၂) မျိုးကို မသုံးစွဲရန်တားမြစ်ထားပြီး မလိုက်နာပါကပိုးသတ်ဆေးဥပဒေအရအရေးယူမည်
၂။ လူငယ်ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆)ကို ဇန်နဝါရီလ(၁၃)ရက်မှ(၁၅)ရက်အထိ ကျင်းပမည်
၃။ မကွေး၌ ဥစားကြက် မွေးမြူရေးဇုန်အကောင်အထည်ဖော်ဆောင်ရွက်နေ
၄။ စစ်ဘေးရှောင်ကမ္ဘောဒီးယားပြည်သူများ နေရပ်စွန့်ခွာပြီးနောက်ဘာဆက်လုပ်ရမှန်းမသိဖြစ်နေကြပြီ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 16 December 2025
■ လက်ရှိထွက်ပေါ်နေသည့်သတင်းများမှာ သတင်းအမှားသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်းနှင့် မကြာမီရက်ပိုင်းအတွင်း မြန်မာနိုင်ငံတွင်ကျင်းပပြုလုပ်မည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား နှောင့်ယှက်လိုသည့်အတွက် အချိန်ကိုက်လုပ်ကြံဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာမှတဆင့် ယနေ့အသိပေးထုတ်ပြန်လိုက်သည်။
■ အဆိုပါ ထုတ်ပြန်ချက်တွင်၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှုပြုလုပ်ခဲ့မှုအပါအဝင် အမှုပေါင်းများစွာဖြင့် အကျဉ်းကျခံနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူကင်မ်အဲရစ်မှ ထောင်ထဲတွင် ကွယ်လွန်ပြီးဖြစ်နိုင်သည်ဟု ယခုရက်ပိုင်းတွင် အချိန်ကိုက်ပြောဆိုလာမှုကို ပြည်ဖျက်မီဒီယာများကလည်း သတင်းတု၊ သတင်းအမှားများဖြင့် ပုံကြီးချဲ့လှုံ့ဆော်ဝါဒဖြန့်ဝေခြင်းသာဖြစ်ကြောင်း ဖော်ပြပါရှိသည်။
#YMG/SW #Yangon_Times
#Local_News
Published 16 December 2025
▪️ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊နွားထိုးကြီးတစ်မြို့နယ်လုံးအနေဖြင့် ၂၅ ရာခိုင်နှုန်းခန့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ရာ ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများကို လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူး ပေးနိုင်ရေးအတွက် ပြုပြင်ရန်ကျန်ရှိသော ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ နွားထိုးကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၀ ရက်မှစ၍ နယ်မြေမငြိမ်မသက်မှုများ စတင်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ ဖျက်ဆီးမှုကြောင့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ထိခိုက်ပျက်စီးခဲ့ကာ ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊နွားထိုးကြီးမြို့နယ်အား ၂၃၀ ကေဗွီ မြင်းခြံ(သံမဏိ) - သပြေဝဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ သာစည်-မြင်းခြံ ဓာတ်အားလိုင်းတို့ဖြင့် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားကို ၁၃၂ ကေဗွီ မြင်းခြံပင်မဓာတ်အားခွဲရုံမှ ၃၃ ကေဗွီ မြင်းခြံ-နွားထိုးကြီး ဓာတ်အားလိုင်းဖြင့် ဓာတ်အားရယူထားပြီး နွားထိုးကြီးမြို့ပေါ်ရှိ ရပ်ကွက် ၈ ရပ်ကွက်နှင့် ကျေးရွာအချို့အား ၃၃/ ၁၁ ကေဗွီ မြို့မထပ်ဆင့်ဓာတ်အားခွဲရုံမှ လည်းကောင်း၊ ကျန်ကျေးရွာများအား ၃၃/ ၁၁ ကေဗွီ ပြင်စည် ထပ်ဆင့်ဓာတ်အားခွဲရုံနှင့် ဝက်လူးထပ်ဆင့် ဓာတ်အားခွဲရုံများမှ လည်းကောင်း၊ မြို့ပေါ်ရပ်ကွက် ၈ ရပ်ကွက်နှင့် ကျေးရွာပေါင်း ၁၈၈ ရွာမှ မီးသုံးသူဦးရေ စုစုပေါင်း ၂၇၉၃၁ ဦးအား ဓာတ်အားဖြန့်ဖြူးပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
▪️ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၀ ရက်တွင် အကြမ်းဖက် သောင်းကျန်းသူများ ဝင်ရောက်ဖျက်ဆီးမှုကြောင့် ယင်းနေ့မှစတင်၍ ဓာတ်အားလိုင်းများ ပြတ်တောက်ခဲ့သော်လည်း တပ်မတော်လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လုံခြုံရေးဆောင်ရွက်ပေးမှုကြောင့် ၂၃၀ ကေဗွီ မြင်းခြံ(သံမဏိ) - သပြေဝဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ သာစည်-မြင်းခြံ ဓာတ်အားလိုင်းတို့ကို လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အင်ဂျင်နီယာများဦးဆောင်၍ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၃၈ ဦးဖြင့် စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာတွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ထို့အတူ ၁၃၂ ကေဗွီ မြင်းခြံပင်မဓာတ်အားခွဲရုံမှ နွားထိုးကြီးမြို့သို့ ဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃ ကေဗွီ မြင်းခြံ-နွားထိုးကြီးဓာတ်အားလိုင်းအား ဆက်လက်ပြုပြင်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာတွင် ပြီးစီးခဲ့ပြီး မြို့တွင်းဖြန့်ဖြူးရေး ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံနှင့် ထရန်စဖော်မာများအား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်တွင် စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများကိုဆက်လက် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
▪️ ထိုသို့ဆောင်ရွက်ရာတွင် ပထမအဆင့်အနေဖြင့် နွားထိုးကြီးမြို့ပေါ် အရေးကြီးနေရာများနှင့် ဌာနဆိုင်ရာ ရုံးများအား ဓာတ်အားအမြန်ရရှိနိုင်ရေးအတွက် မူလမြို့မဓာတ်အားခွဲရုံရှိ ပျက်စီးသွားသော ထရန်စဖော်မာအား ယာယီအစားထိုးဆောင်ရွက်ခြင်း၊ ၃၃ ကေဗွီ မြင်းခြံ-နွားထိုးကြီး ဓာတ်အားလိုင်းအား ပြန်လည်စစ်ဆေးပြုပြင်ခြင်း၊ မြို့ပေါ် ရပ်ကွက်များရှိ ဖြန့်ဖြူးရေး ထရန်စဖော်မာအချို့အား ပြန်လည်စစ်ဆေးပြုပြင်ခြင်း၊ ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အတွက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်၊ မွန်းလွဲ ၂ နာရီ မိနစ် ၅၀ မှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ယာယီအခြေစိုက်ရုံးများနှင့် အရေးကြီးနေရာအချို့အား ဓာတ်အားပြန်လည်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 16 December 2025
■ ဒေါ်နယ်ထရမ့်က ယင်းမိန့်ခွန်းပြောတဲ့ ဗီဒီယိုရုပ်သံတွေကို တည်းဖြတ်ရာမှာ အသရေဖျက်ဖော်ပြခဲ့တယ်ဆိုပြီး BBC သတင်းဌာနကို တနင်္လာနေ့က တရားစွဲလိုက်ပါတယ်။
■ ၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့ ထရမ့်မိန့်ခွန်းပြောကြားရာမှာ သူ့ရဲ့ထောက်ခံသူတွေကို အမေရိကန် လွှတ်တော်အဆောက်အအုံ ကပ်ပီတိုလ်ကို ဝင်ရောက်သောင်းကျန်းရန် ညွှန်ကြားခဲ့တဲ့ပုံစံဖြစ်အောင် BBC က တည်းဖြတ်ဖော်ပြခဲ့တယ်လို့ စွပ်စွဲလိုက်ပြီး မီဒီယာကို လူသိရှင်ကြား ရင်ဆိုင်လိုက်တာ ဖြစ်ပါတယ်။
■ အသရေဖျက်ခြင်း၊ အထင်အမြင်လွဲမှားအောင် မဖော်ပြရဘူးဆိုတဲ့ ဖလော်ရီဒါဥပဒေကို ဖောက်ဖျက်ခြင်းတို့ဖြင့် BBC ကို တရားစွဲထားပြီး ဒီအမှုတစ်ခုစီအတွက် လျော်ကြေးဒေါ်လာ ၅ ဘီလီယံ အလိုရှိနေပါတယ်။
■ မှားယွင်းစွာ ဖော်ပြမိတဲ့အပေါ် BBC က ထရမ့်ကို တောင်းပန်ထားပြီး တရားစွဲဆိုရမယ့် အနေအထားမဟုတ်ဘူးလို့ ဆိုပါတယ်။
■ BBC ဟာ တောင်းပန်မှုပြုခဲ့ပေမယ့် ယခင်ပြုလုပ်ခဲ့တဲ့ အမှားများအတွက် နောင်တရခြင်းမတွေ့ရသလို သတင်းသမားများရဲ့ အလွဲသုံးစားပြုမှုများကို တားဆီးသွားဖို့ အဖွဲ့အစည်းအတွင်း အပြောင်းအလဲများလည်း မတွေ့ရဘူးလို့ စွဲဆိုချက်ထဲမှာ ဖော်ပြထားပါတယ်။
■ ထရမ့်ရှေ့နေတွေနဲ့ ပြောရေးဆိုခွင့်ရှိသူတွေကတော့ ဒါနဲ့ပတ်သက်ပြီး ပြောကြားခြင်းမရှိသေးပါဘူး။
■ BBC ကတော့ အကြီးတန်းအရာရှိတွေ နုတ်ထွက်ခြင်း၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ကွဲလွဲခြင်းတွေ အပါအဝင် ပြဿနာကြီးတွေ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
#Local_News
Published 16 December 2025
■ Myantade Website ကို myantrade.gov.mm အမည်ဖြင့်သာ သုံးစွဲလျက်ရှိကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
■ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် ပို့ကုန်မြှင့်တင်နိုင်ရန်ရည်ရွယ်၍ မြန်မာပို့ကုန်လုပ်ငန်းရှင်များနှင့် MSME လုပ်ငန်းရှင်များကို နိုင်ငံတကာစီးပွားရေးနှင့်ကုန်သွယ်မှုသတင်းအချက်အလက် ဝန်ဆောင်မှုများပေးရန် Myantade Website ကို myantrade.gov.mm အမည်ဖြင့်သာသုံးစွဲလျက်ရှိကြောင်း သိရသည်။
■ ထို့ပြင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အနေဖြင့် (myantrade.gov.mm) domain မှလွဲ၍ အခြား domain name များကို သုံးစွဲမှုမရှိကြောင်းနှင့် myantrade အမည်ကိုသုံးစွဲ၍ လွှင့်တင်ထားသော အခြား website (ဥပမာ - myantrade.org ၊ myantrade.com) များသည် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် အသိပေးဖော်ပြထား သည်။
#YMG/SW #Yangon_Times
Page 102 of 1950