နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြိုနယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်နဲ့ ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ (၂) ရက်နေ့ကနေ (၄) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမယ်လို့ ဈေးရောင်းပွဲတော်နှင့် အများပြည်သူဖျော်ဖြေရေးအစီအစဉ်များဆောင်ရွက်ရေးဆပ်ကော်မတီက သိရပါတယ်။
#Local_News
Published 30 October 2025
#မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး #နေပြည်တော်
#YMG/NN #Yangon_Times
ဘူဆန်၊ တောင်ကိုရီးယား၊ အောက်တိုဘာ ၃၀ (ဆင်ဟွာ) -- တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးအတွက် ခိုင်မာသော အခြေခံ အုတ်မြစ်တစ်ခု တည်ဆောက်ရန်နှင့် နှစ်နိုင်ငံလုံး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးရန် ဆက်လက်လုပ်ဆောင် သွားရန် အဆင်သင့်ရှိကြောင်း ကြာသပတေးနေ့က ပြောကြားခဲ့သည်။
ထရမ့်နှင့် တွေ့ဆုံမှုတွင် ရှီက ၎င်းတို့နှစ်ဦး၏ ပူးတွဲလမ်းညွှန်မှုအောက်တွင် တရုတ်-အမေရိကန် ဆက်ဆံရေး သည် ယေဘုယျအားဖြင့် တည်ငြိမ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
"တရုတ်နဲ့ အမေရိကန်ဟာ မိတ်ဖက်တွေ၊ မိတ်ဆွေတွေဖြစ်သင့်ပါတယ်။ ဒါဟာ သမိုင်းက ကျွန်တော်တို့ကို သင်ကြားပေးခဲ့တာဖြစ်ပြီး လက်တွေ့မှာလည်း လိုအပ်နေတဲ့အရာ ဖြစ်ပါတယ်" ဟု ရှီက ပြောကြားခဲ့သည်။
မတူညီသော နိုင်ငံအခြေအနေများကြောင့် နှစ်ဖက်စလုံး အမြဲတမ်း သဘောထားချင်း တိုက် ဆိုင်ကြသည်တော့ မဟုတ်ကြောင်း၊ ကမ္ဘာ့ထိပ်တန်း စီးပွားရေး အင်အားကြီး နှစ်နိုင်ငံကြား တစ်ခါ တစ်ရံ ပွတ်တိုက်မှုများ ရှိနေခြင်း မှာလည်း ပုံမှန်ပင်ဖြစ်ကြောင်း ရှီကထပ်လောင်းပြောကြားခဲ့ သည်၊
"အဆွေတော်နဲ့ ကျွန်တော်ဟာ တရုတ်-အမေရိကန် ဆက်ဆံရေးကို တက်မကိုင်ထားသူတွေဖြစ် ပါတယ်" ဟု ရှီက ပြောကြားခဲ့သည်။ "လေပြင်းလှိုင်းတံပိုးတွေနဲ့ စိန်ခေါ်မှုတွေရင်ဆိုင်ရတဲ့ အခါမှာ၊ ကျွန်တော်တို့ဟာ လမ်းကြောင်းမှန်ပေါ်မှာ ဆက်ရှိနေရမယ်၊ ရှုပ်ထွေးတဲ့ မြင်ကွင်းကို ဖြတ်ကျော်မောင်းနှင်ရမယ်၊ ပြီးတော့ တရုတ်-အမေရိကန် ဆက်ဆံရေးဆိုတဲ့ ဧရာမသင်္ဘောကြီး အသေအချာ ရှေ့ဆက်ခိုင်မာစွာရွက်လွှင့်နိုင်ရ ပါမယ်”ဟုရှီကပြောသည်။
တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကောင်းမွန်သော အရှိန်အဟုန် ရှိနေကြောင်း ရှီက ပြောကြားခဲ့ပြီး၊ ယခုနှစ် ပထမ သုံးလပတ်အတွင်း တရုတ်၏ စီးပွားရေးသည် ၅.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ကမ္ဘာ့ အခြားနိုင်ငံများနှင့် ကုန်စည် တင်သွင်းမှု၊ တင်ပို့မှု ကုန်သွယ်ရေးမှာ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်းလည်း ထပ် လောင်းပြောကြားခဲ့သည်။
ပြည်တွင်းနှင့် ပြည်ပ အခက်အခဲများ ရှိနေသည့်ကြားမှ ဤသည်မှာ လွယ်ကူသော အောင်မြင်မှု မဟုတ်ကြောင်း ရှီက မှတ်ချက်ပြုခဲ့ပြီး၊ တရုတ်စီးပွားရေးသည် ကြီးမား၊ ခံနိုင်ရည်ရှိပြီး အလားအလာကောင်းသော ကျယ်ပြန့် သည့် သမုဒ္ဒရာကြီးတစ်ခုနှင့် တူကြောင်းထပ်လောင်းပြောကြားခဲ့သည်။

"ကျွန်တော်တို့မှာ ဘယ်လိုအန္တရာယ်နဲ့ စိန်ခေါ်မှုမျိုးကိုမဆို ဖြတ်ကျော်မောင်းနှင်နိုင်မယ့် ယုံကြည်မှုနဲ့ စွမ်းဆောင်ရည် ရှိပါတယ်" ဟု ရှီက ထပ်လောင်း ပြောကြားခဲ့သည်။
အကြိမ် (၂၀) မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ စတုတ္ထအကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် လာမည့် ငါးနှစ်အတွင်း စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အတွက် အကြံပြုချက်များကို ဆွေးနွေး ဆုံးဖြတ်ခဲ့ပြီး အတည်ပြုခဲ့ကြောင်း ရှီက ပြောကြား ခဲ့သည်။
"လွန်ခဲ့တဲ့ ဆယ်စုနှစ် ၇ ခုကျော်အတွင်းမှာ၊ ဒီပုံစံဒီဇိုင်းတစ်ခုတည်းကိုပဲ လက်တွေ့အကောင် အထည်ပေါ်လာဖို့ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ကျွန်တော်တို့ လုပ်ဆောင်ခဲ့ကြပါတယ်။ ဘယ်သူ့ကိုမှ စိန်ခေါ်ဖို့ ဒါမှမဟုတ် အစားထိုးဖို့ ကျွန်တော်တို့မှာ ရည်ရွယ်ချက်မရှိပါဘူး။ ကျွန်တော်တို့ရဲ့ အဓိကအာရုံစိုက်မှုဟာ အမြဲတမ်း တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်အရေးကိစ္စတွေကို ကောင်းမွန်စွာ စီမံခန့်ခွဲဖို့၊ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်ဖို့၊ ပြီးတော့ ကမ္ဘာတစ်ဝန်းက နိုင်ငံအားလုံးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းတွေကို မျှဝေဖို့ပဲ ဖြစ်ပါတယ်" ဟု သူက ထပ် လောင်းပြောကြားခဲ့သည်။
ယင်းကို တရုတ်နိုင်ငံ၏ အောင်မြင်မှုအတွက် အရေးကြီးသော လျှို့ဝှက်ချက်တစ်ခုအဖြစ် ဖော်ပြခဲ့ပြီး၊ တရုတ်နိုင်ငံသည် ကဏ္ဍပေါင်းစုံတွင် ပြုပြင်ပြောင်းလဲမှုကို ပိုမိုနက်ရှိုင်းစေမည်ဖြစ်ပြီး၊ တံခါးဖွင့်မှုကို ချဲ့ထွင်မည်ဖြစ်ကာ၊ သင့်လျော်သော စီးပွားရေး ထုတ်လုပ်မှု တိုးတက်မှု ရရှိအောင် လုပ်ဆောင်ရင်း အရည် အသွေးမြင့်မားသော စီးပွားရေး တိုးတက်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် လူသားအားလုံးအတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုနှင့် ဘုံကြွယ်ဝမှုကို မြှင့် တင်သွားမည်ဖြစ်ကြောင်း ရှီကပြောကြားခဲ့သည်။ ဤအချက် သည် တရုတ်နှင့် အမေရိကန်ကြား ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်ကိုလည်း ချဲ့ထွင်ပေးလိမ့်မည်ဖြစ်ကြောင်း ရှီက ထပ်လောင်းပြောကြားခဲ့သည်။
နှစ်နိုင်ငံ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးအဖွဲ့များသည် အရေးကြီးသော စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အတွင်းကျကျ အမြင်ချင်းဖလှယ်ခဲ့ကြပြီး၊ ပြဿနာအမျိုးမျိုးကို ဖြေရှင်းရန် သဘော တူညီ ချက် ရရှိခဲ့ကြောင်း ရှီက မှတ်ချက်ပြုခဲ့သည်။
အဖွဲ့နှစ်ဖွဲ့အား နောက်ဆက်တွဲ ခြေလှမ်းများကို အမြန်ဆုံး ရေးဆွဲ အပြီးသတ်ရန်နှင့်၊ ခိုင်မာသော အကောင် အထည်ဖော်မှုများမှတစ်ဆင့် နှစ်နိုင်ငံအပြင် ကမ္ဘာ့စီးပွားရေးကိုပါ ယုံကြည်မှု တိုးစေရန်အတွက် ဘုံနားလည် မှုများကို ထိရောက်စွာ ဆုပ်ကိုင် အသေအချာအကောင်အထည်ဖော်စေရေးကိုလည်း သူက တိုက်တွန်းခဲ့သည်။
တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံရေးသည် မကြာသေးမီက အနိမ့်အမြင့် အတက် အကျများ ကြုံတွေ့ခဲ့ရပြီး၊ ဤအချက်က နှစ်ဖက်စလုံးအား ထိုးထွင်းသိမြင်မှု အချို့ကိုပေးခဲ့ကြောင်း ရှီက မှတ်ချက်ပြုခဲ့သည်။
စီးပွားရေး ဆက်ဆံရေးသည် တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် အခက်အခဲ သို့မဟုတ် ပွတ်တိုက်မှု အချက် ဖြစ်မည့်အစား၊ ကျောက်ဆူးနှင့် တွန်းအားအဖြစ် ဆက်လက် တည်ရှိနေသင့်သည်ဟု ရှီက ပြောကြား ခဲ့သည်။
နှစ်ဖက်စလုံးသည် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသင့်ပြီး ပူးပေါင်းဆောင်ရွက်မှု၏ ရေရှည်အကျိုးကျေးဇူးကို အသိအမှတ်ပြုသင့်ကြောင်း၊ အပြန်အလှန် လက်တုံ့ပြန်ခြင်းတည်းဟူသော သံသရာလည်မှုထဲသို့ မကျ ရောက်စေရမည်ဖြစ်ကြောင်း သူက ထပ်လောင်းပြောကြားခဲ့သည်။ ထို့ပြင် အဖွဲ့နှစ်ဖွဲ့အား တန်းတူညီမျှမှု၊ အပြန် အလှန် လေးစားမှုနှင့် အပြန်အလှန် အကျိုးရှိမှု စိတ်ဓာတ်ဖြင့် ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်ရန်၊ ပြဿနာများ စာရင်းကို ဆက်တိုက်တိုစေပြီး ပူးပေါင်းဆောင်ရွက်မှု စာရင်းကို ရှည်စေရန် တိုက်တွန်းခဲ့သည်။
ထိပ်တိုက်ရင်ဆိုင်ခြင်းထက် ဆွေးနွေးညှိနှိုင်းခြင်းက ပိုကောင်းကြောင်း ရှီက ပြောကြားခဲ့ပြီး၊ တရုတ်နှင့် အမေရိကန်သည် အပြန်အလှန် နားလည်မှု မြှင့်တင်ရန်အတွက် လမ်းကြောင်းအမျိုးမျိုး၊ အဆင့် အမျိုးမျိုးမှတစ်ဆင့် ဆက်သွယ်မှုကို ထိန်းသိမ်းထားသင့်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
တရားမဝင် ဝင်ရောက်မှုနှင့် ဆက်သွယ်ရေး လိမ်လည်မှုများ တိုက်ဖျက်ရေး၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး၊ ဉာဏ်ရည်တု (AI) နှင့် ကူးစက်ရောဂါများ တုံ့ပြန်ရေးတို့တွင် နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်ရန် အလား အလာကောင်းများ ရှိကြောင်း သူက ထပ်လောင်းပြောကြားခဲ့သည်။
သက်ဆိုင်ရာ ဌာနများသည် ဆွေးနွေးမှုနှင့် အမြင်ချင်းဖလှယ်မှုများကို အားကောင်းစေပြီး အပြန်အလှန် အကျိုး ရှိသော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သင့်ကြောင်း ရှီက ပြောကြားခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံသည် ဒေသ ဆိုင်ရာနှင့် နိုင်ငံတကာ စင်မြင့်များတွင်လည်း အပြုသဘောဆောင်သော အပြန်အလှန် ဆက်ဆံမှုများတွင် ပါဝင် သင့်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
"ယနေ့ကမ္ဘာကြီးဟာ ခက်ခဲတဲ့ ပြဿနာများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ တရုတ်နဲ့ အမေရိကန်ဟာ နိုင်ငံကြီးများအနေနဲ့ ကျွန်တော်တို့ရဲ့ တာဝန်ကို ပူးတွဲ ထမ်းဆောင်နိုင်ပြီး၊ ကျွန်တော်တို့ နှစ်နိုင်ငံနဲ့ ကမ္ဘာ ကြီးတစ်ခုလုံးရဲ့ အကျိုးအတွက် ကြီးမားပြီး ခိုင်မာတဲ့ အရာတွေကို ပိုမိုပြီးမြောက်အောင် အတူတကွ လုပ်ဆောင် နိုင်ပါတယ်" ဟု သူက ထပ်လောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် APEC အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုသည် လာမည့်နှစ်တွင် G20 ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း ရှီက မှတ်ချက်ပြုခဲ့သည်။
ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို မြှင့်တင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စီမံအုပ်ချုပ်မှုကို တိုးတက် စေရန်အတွက် ထိပ်သီးအစည်းအဝေး နှစ်ခုစလုံး အကျိုးဖြစ်ထွန်းစေရေးတွင် နှစ်ဖက်စလုံးက အပြန်အလှန် ပံ့ပိုးကူညီနိုင်ကြောင်း သူက ထပ်လောင်းပြောကြားခဲ့သည်။
ရှီနှင့် တွေ့ဆုံရခြင်းသည် အလွန်ဂုဏ်ယူဖွယ်ဖြစ်ကြောင်း မှတ်ချက်ပြုရင်း ထရမ့်က တရုတ်နိုင်ငံသည် ကြီးမြတ် သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး သမ္မတရှီသည် လူအများလေးစားရသော ကြီးမြတ်သည့် ခေါင်းဆောင် တစ်ဦးဖြစ်ကာ ရှီနှင့် နှစ်ပေါင်းများစွာ မိတ်ဆွေကောင်းများ ဖြစ်ခဲ့ပြီး အမြဲတမ်း အဆင်ပြေခဲ့ကြောင်း ပြောကြား ခဲ့သည်။
အမေရိကန်နှင့် တရုတ်သည် အမြဲတမ်း အံ့သြဖွယ်ကောင်းသော ဆက်ဆံရေး ရှိခဲ့ပြီး၊ ယင်းသည် ပို၍ပင် ကောင်းမွန်လာမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့ပြီး၊ တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံလုံးအတွက် ပိုမို ကောင်းမွန်သော အနာဂတ်အတွက် မျှော်လင့်ချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ အကြီးမားဆုံး မိတ်ဖက်ဖြစ်ပြီး၊ ပူးတွဲကြိုးပမ်းမှုများဖြင့် နှစ်နိုင်ငံ သည် ကမ္ဘာကြီးအတွက် ကြီးမားသော အရာများစွာကို လုပ်ဆောင်နိုင်ပြီး နှစ်ပေါင်းများစွာ အောင်မြင်မှု ရရှိနိုင် ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ၂၀၂၆ APEC စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုက လာမည့်နှစ်တွင် G20 ထိပ်သီးအစည်းအဝေးကို လက်ခံ ကျင်းပမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့ပြီး၊ ဤအရေးကြီးသော ပွဲများတွင် နှစ်ဖက်စလုံး အောင်မြင်မှု အဖြာဖြာ ရရှိစေရန် ဆုမွန်ကောင်းတောင်းခဲ့သည်။
သမ္မတနှစ်ဦးသည် စီးပွားရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်နှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် ရန်နှင့် ပြည်သူအချင်းချင်း ဖလှယ်မှုများ ပိုမိုအားပေးရန် သဘောတူညီခဲ့ကြသည်။
သူတို့သည် ပုံမှန် အပြန်အလှန် ဆက်ဆံမှုများ ထိန်းသိမ်းရန်ကိုလည်း သဘောတူညီခဲ့ကြသည်။ ထရမ့်က လာမည့်နှစ်အစောပိုင်းတွင် တရုတ်နိုင်ငံသို့ လာရောက်ရန် မျှော်လင့်နေပြီး၊ သမ္မတရှီအား အမေရိကန် ပြည်ထောင်စုသို့ လာရောက်ရန် ဖိတ်ကြားခဲ့သည်။■
ရှမ်းပြည်နယ်တောင်ကြီးမြို့ရဲ့ ၂၀၂၅ ခုနှစ်တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကို တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းမှာ စည်ကားသိုက်မြိုက်စွာကျင်းပနေတယ်လို့သိရပါတယ်။
#Local_News
Published 30 October 2025
#တောင်ကြီးမြို့ #တန်ဆောင်တိုင်မီးပုံးပျံပွဲတော်
#YMG/NN #Yangon_Times
#Daily_News
Published 30 October 2025
၁။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော် ကျင်းပမည်
၂။ ဗဟိုဘဏ်က စက်သုံးဆီကဏ္ဍအတွက် ယခုလအတွင်းနိုင်ငံခြားငွေများ (၅)ကြိမ်မြောက် ရောင်းပေးမည်
၃။ စည်းကမ်းချက်မလိုက်နာသည့် ဆန်သိုလှောင်ရုံပိုင်ရှင်များကို အရေးယူမည်
၄။ တောင်ကိုရီးယားနှင့်ဗုဒ္ဓဘာသာဆက်နွယ်မှုနက်ရှိင်းစွာရှိနေသည့် တရုတ်ပြည်မှကျူဟွာတောင်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 30 October 2025
▪️ National Petroleum Laboratory & Online Monitoring Center ကို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရည်မှန်းဆောင်ရွက်နေကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
▪️ ရေနံထွက်ပစ္စည်းဆိုင်ရာ ဖြည့်ဆည်းမှုကွင်းဆက် (Petroleum Products Supply Chain)အတွင်း စက်သုံးဆီ တင်သွင်းမှု၊ သိုလှောင်မှုနှင့် သယ်ယူပို့ဆောင်မှုမှသည် End User များသို့ ဖြန့်ဖြူးမှုအခြေအနေများအား လေ့လာစောင့်ကြည့် ထိန်းသိမ်းနိုင်ရေး၊ ရေနံထွက်ပစ္စည်းများ အရည်အသွေးပြည့်မီမှန်ကန်မှုရှိမရှိ စစ်ဆေးဆောင်ရွက်နိုင်ရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စက်သုံးဆီဖူလုံမှုရှိစေရေး သိုလှောင်ထားရှိမှု (Stockpiling) အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ (Real Time) စစ်ဆေးကြပ်မတ်ဆောင်ရွက်နိုင်ရေးအတွက် National Petroleum Laboratory & Online Monitoring Center ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။
▪️ ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ သက်ဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်နှင့် အဖွဲ့အစည်းများအတွက် အကျပ်အတည်းမဖြစ်စေရန် စီမံကိန်းအား အဆင့်လိုက်အကောင်အထည်ဖော် လိုက်ပါဆောင်ရွက်စေခြင်း၊ အချို့ကိစ္စရပ် များအား ဖြေလျှော့ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ် ကြောင်းသိရသည်။
▪️ ယခုအခါ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အဆိုပါ National Petroleum Laboratory & Online Monitoring Center ကို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိရာ သတ်မှတ်ချိန်အတွင်းပြီးစီးနိုင်ရေး စက်သုံးဆီတင်သွင်းသိုလှောင် သယ်ယူဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ပုဂ္ဂလိကလုပ်ငန်းရှင်နှင့်အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် အသိပေးထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 30 October 2025
▪️ ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး တစ်ဦးေ-သဆုံးခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
▪️ အောက်တိုဘာ ၃၀ ရက်နေ့၊ မနက်၅ နာရီ၂၀ မိနစ်အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ စက္ကော့-ဇလွန်-ဓနုဖြူ ကားလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၈/၄)အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဓနုဖြူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း
ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါကျား(၂)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)နှင့် ကျား(၁)ဦး ( ေ-သဆုံး)တို့အား လပြည့်ဝန်းလူမှုကူညီရေးအသင်းယာဉ်ဖြင့် ဓနုဖြူပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
Published 30 October 2025
■ ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA)က ကျူးဘားအပေါ် စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ငွေကြေးဆိုင်ရာ ပိတ်ဆို့မှုများ အဆုံးသတ်ပေးရန် အမေရိကန်ကို တိုက်တွန်းထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်ပါတယ်။
■ ဒီဆုံးဖြတ်ချက်မူကြမ်းဟာ ထောက်ခံမဲ ၁၆၅ မဲ၊ ဆန့်ကျင်မဲ ၇ မဲနဲ့ မဲမပေးသူ ၁၂ နိုင်ငံရှိခဲ့ပါတယ်။
■ ဒီထဲမှာမှ အာဂျင်တီးနား၊ ဟန်ဂေရီ၊ အစ္စရေးလ်၊ မြောက်မက်ဆီဒိုးနီးယား၊ ပါရာဂွေး၊ ယူကရိန်းနဲ့ အမေရိကန်တို့က ဆန့်ကျင်မဲပေးခဲ့ကြပါတယ်။
■ UNGA ထုတ်ပြန်လိုက်တဲ့ ဥပဒေကြမ်းဟာ ကုန်သွယ်ရေးနဲ့ ရေကြောင်းခရီးသွားလာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အတည်ပြုထားတဲ့ ကုလသမဂ္ဂ မဟာမိတ်စာချုပ်နဲ့ နိုင်ငံတကာ ဥပဒေများအရ ယင်းတို့ရဲ့ တာဝန်များကို လိုက်နာဆောင်ရွက်သောအားဖြင့် စာသားကျမ်းမှာ ဖော်ပြထားတဲ့ ဥပဒေအစီအမံများ ထုတ်ပြန်ခြင်း၊ အသုံးချခြင်းတို့မှ ရှောင်ကြဉ်ရန် ကုလအထွေထွေညီလာခံက အဖွဲ့ဝင်နိုင်ငံများအားလုံးကို ထပ်မံပြီးတောင်းဆိုထားပါတယ်။
■ ဒါ့အပြင် အဆိုပါဥပဒေများနဲ့ အစီအမံများကို ဆက်လက်အကောင်အထည်ဖော်နေတဲ့ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဥပဒေစနစ်နဲ့အညီ လိုအပ်တဲ့အဆင့်များကို အမြန်ဆုံးဖျက်သိမ်းပယ်ဖျက်ရန်လည်း တိုက်တွန်းထားပါတယ်။
■ ၁၉၉၂ ကစပြီး UNGA ဟာ ၁၉၆၂ နောက်ပိုင်း ကျူးဘားအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုကို အဆုံးသတ်ဖို့အတွက် နှစ်စဉ်ဖြေရှင်းဆုံးဖြတ်ချက်ကို အင်အားအလုံးအရင်းဖြင့် အတည်ပြုကျင့်သုံးခဲ့ပါတယ်။
Source: Xinhua
#Local_News
Published 30 October 2025
▪️ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား ၇၅ ဦး၊ အိန္ဒိယနိုင်ငံသား ၇၃ ဦး၊ တရုတ်နိုင်ငံသား ၁၇ ဦးနှင့် ကာဇက်စတန်နိုင်ငံသားတစ်ဦး၊ စုစုပေါင်းပြည်ပနိုင်ငံသား ၁၆၆ ဦးကို ထပ်မံစစ်ဆေးနိုင်ခဲ့ကြောင်း သိရသည်။
▪️ ယခုအခါ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့်ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်း လုပ်ငန်းတို့ကို လုပ်ဆောင်နေကြောင်း သိရသည်။
▪️ ဇန်နဝါရီလ ၃၀ ရက်မှ အောက်တိုဘာလ ၂၉ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၀၆၄၀ ဦး ထိန်းသိမ်းနိုင်ခဲ့ကာ ၁၀၄၅၃ ဦးကို စစ်ဆေးခဲ့ပြီး ၎င်းတို့အနက်မှ ၉၃၆၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည် နှင်လွှဲပြောင်းပေးခဲ့ကာ ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၁၂၇၅ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းသိရသည်။
#YMG/PP #Yangon_Times
#World_Health
Published 30 October 2025
▪️ ညဘက်အိပ်စက်တဲ့အခါ ကောင်းစွာအိပ်ပျော်နိုင်စေမယ့် အလွယ်ဆုံးနည်းလမ်းတစ်ခုက ခြေထောက်ကို စောင်အပြင်ဘက် ထုတ်ထားရုံပဲ ဖြစ်ပါတယ်။
▪️ ဆိုရှယ်မီဒီယာနာမည်ကြီးအချို့ဆိုရင် ဆောင်းတွင်းကာလမှာတောင် ခြေထောက်ကို စောင်အပြင်ဘက်ထုတ်ပြီး အိပ်ပျော်အောင်လုပ်ကြတယ်လို့ ဖော်ပြထားကြပါတယ်။
▪️ တကယ်တမ်းမှာလည်း ခြေချောင်းလေးတွေကို မသိလိုက်မသိဘာသာ အပြင်ဘက်သို့ ထုတ်ထားတတ်ကြပြီး ဒါဟာ ချက်ချင်းအိပ်ပျော်သွားစေနိုင်ပါတယ်။
▪️ ခြေထောက်တစ်ဖက်ကို စောင်အပြင်ဘက် ထုတ်ထားခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကို ချိန်ညှိပေးနိုင်တယ်လို့ စိတ်ပိုင်းဆိုင်ရာနဲ့ အိပ်စက်ရေးပညာရှင် လီယာကေလာက ပြောပါတယ်။
▪️ ဒီနည်းလမ်းဟာ အေးလွန်းခြင်းနဲ့ ပူလွန်းခြင်းကြားကို ထိန်းညှိစေပြီး တစ်ညလုံးအိပ်ပျော်စေနိုင်မယ့် အဓိကအချက် ဖြစ်ပါတယ်။
▪️ ခြေထောက်မှာ အထူးသွေးကြောတွေ ပိုမိုပါရှိပြီး ခန္ဓာကိုယ်ထဲမှာ အပူကို ထိရောက်စွာ ချိန်ညှိပေးနိုင်တာဖြစ်ကြောင်း ကေလာက ရှင်းပြပါတယ်။
▪️ အချို့က ကိုယ်တိုင်မသိလိုက်ဘဲ ခြေထောက်ကို စောင်အပြင်ဘက်ထုတ်တဲ့အခါ ပိုပြီးသက်တောင့်သက်သာရှိသလို ခံစားကြရပါတယ်။
▪️ ဒီနည်းလမ်းဟာ အပူကို လျင်မြန်စွာထုတ်လွှတ်ပေးပြီး ဦးနှောက်ကို နားချိန်တန်ပြီလို့ အချက်ပြပါတယ်။
▪️ သိပ္ပံနည်းအရ ခန္ဓာကိုယ်က အိပ်ပျော်ဖို့ဆိုရင် အပူချိန် ၁ - ၂ ဒီဂရီလောက် လျော့ကျဖို့လိုပါတယ်။
▪️ ဒီနည်းလမ်းဟာ စတင်အိပ်ပျော်စေရုံမက နှစ်ခြိုက်စွာအိပ်ပျော်နေစေဖို့လည်း အကူအညီဖြစ်စေတယ်လို့ ပြောသွားပါတယ်။
Source: Bustle
#World_Health
Published 30 October 2025
■ အသက်အရွယ် မအိုသေးခင်မှာပဲ ဆံပင်ဖြူထွက်လာတတ်ကြပါတယ်။
■ ဆံပင်တွေက ဆက်လက်ရှည်ထွက်နေဆဲ ဖြစ်ပေမယ့် ဆံကေသာမွေးညင်းပေါက်ထဲက ဆဲလ်တွေကြောင့် ဆံပင်အရောင်ဖျော့လာတာ ဖြစ်ပါတယ်။
■ မွေးညင်းပေါက်တွေထဲက ရောင်ခြယ်ဆဲလ်တွေကြောင့် ဆံပင်အရောင် စတင်ဖြစ်ပေါ်ပါတယ်။
■ Melanocyte stem cells လို့ခေါ်တဲ့ ဆဲလ်တွေက မရွေ့တော့တဲ့အခါ အရောင်မဖြစ်ပေါ်တော့ဘဲ ဆံပင်ကတော့ ဆက်လက်ရှည်နေပါတယ်။
■ ဒါကြောင့် မရွေ့တော့တဲ့ဆဲလ်တွေကို နောက်တစ်ခါရွေ့လျားအောင် ပြုလုပ်ခြင်းဖြင့် ဆံပင်ဖြူကာကွယ်ခြင်းနဲ့ ဖြူပြီးသားကိုတောင် အရောင်ပြန်ဖြစ်စေနိုင်မယ့် နည်းလမ်းတစ်ခုကို NYU Langone Health မှ ဦးဆောင်သုတေသီ ကျိစွန်းက ပြောပါတယ်။
■ လေ့လာမှုပြုလုပ်ရာမှာ ကြွက်တွေထဲက RNA ဖြစ်စဉ်နဲ့ တိုက်ရိုက်ပုံရိပ်တွေ အသုံးပြုပြီး ဆဲလ်ရွေ့လျားပုံတွေနဲ့ အမျှင်အရောင်အပေါ် သက်ရောက်ပုံများကို စောင့်ကြည့်ခဲ့ကြပါတယ်။
■ ထိုအခါမှာ အသက်အရွယ်တစ်ခုတည်းထက်စာရင် အချိန်ကိုက်ဖြစ်ခြင်းနဲ့ ဆဲလ်ရွေ့လျားမှုတို့ကပါ အမွှေးအရောင်ဆုံးရှုံးခြင်းရဲ့ အဓိကအကြောင်းအရင်းတွေ ဖြစ်နေပါတယ်။
■ သိပ္ပံပညာရှင်တွေက ပင်မဆဲလ်ရွေ့လျားမှု ပြန်လည်ရှင်သန်စေပြီး မွေးညင်းပေါက်များ ပြန်လည်အလုပ်လုပ်စေမယ့် နည်းလမ်းတွေကို ဖန်တီးဖို့ ရည်ရွယ်ထားပါတယ်။
■ လက်ရှိမှာတော့ ကုသနည်းတွေ မရသေးပေမယ့် ယခုသုတေသနအရဆိုရင် အနာဂတ်မှာ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေအတွက် လမ်းစဖြစ်လာနိုင်ပါတယ်။
Source: Earth.
၂၉ အောက်တိုဘာ ၂၀၂၅
ခေတ်သမိုင်းကို ဒုန်းဆိုင်းမည့်သူများ ရွေးကောက်ပွဲ အသိပညာပေးဇာတ်လမ်း၊ ဧရာဝတီမြစ်ကူး ရတနာသိင်္ခတံတားကို အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးခဲ့မှု၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်တို့နှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကရှင်းလင်းပြောကြားခဲ့ရာ ပြောကြားချက်အပြည့်အစုံရုပ်သံကိုဖော်ပြပေးပါတယ်။
တောင်အာဖရိကမှ နှစ်ရာချီသက်တမ်းရှိတဲ့ ရထားလမ်းကြောင်းစနစ်ကို တရုတ်ကုမ္ပဏီတစ်ခုရဲ့ AI နည်းပညာများဖြင့် အသွင်ပြောင်းလဲပေးလိုက်ပြီဖြစ်ပါတယ်။
#World_Development
Published 29 October 2025
#AI #တရုတ်ကုမ္ပဏီ
#YMG #Yangon_Times #Yangon_Media_Group
Page 104 of 1915