#World_Health
Published 02 June 2026
■ ဗိုက်တာမင် B12 ဟာ ပုံမှန်အားဖြင့် သွေးနီဥဆဲလ်များ၊ အာရုံကြောကျန်းမာရေးတို့နဲ့သာ ဆက်စပ်လေ့ ရှိကြပေမယ့် ကော်နယ်တက္ကသိုလ်မှ သုတေသနအသစ်များအရ ခန္ဓာကိုယ်မှ စွမ်းအင်ထုတ်လုပ်ပုံနဲ့ ကြွက်သားများ ထိန်းသိမ်းပုံတို့အပေါ်မှာ ပိုမိုသက်ရောက်မှုရှိကြောင်း ဖော်ပြနေပါတယ်။
■ Journal of Nutrition မှာ ဖော်ပြခဲ့တာဖြစ်ပြီး ဗိုက်တာမင် B12 က ဆဲလ်တွင်း ဇီဝကမ္မဖြစ်စဉ်ကို ယခင်က သတိမပြုမိခဲ့တဲ့ နည်းလမ်းများဖြင့် ထောက်ပံ့ပေးပုံကို ဖော်ပြထားပါတယ်။
■ ဒါ့အပြင် ဗိုက်တာမင်ချို့တဲ့မှု လက္ခဏာများ မပေါ်လာခင်ကတည်းက ကြိုတင်သိရှိနိုင်မယ့် အစောပိုင်း သတိပေးအချက်ပြမှုများကိုလည်း ရှာဖွေဖော်ထုတ်ထားပါတယ်။
■ B12 ချို့တဲ့မှုက အရိုးငြမ်းကြွက်သား မိုင်တိုကွန်ဒရီယယ် စွမ်းအင်ထုတ်လုပ်ခြင်းအပေါ် သက်ရောက်မှု ရှိတယ်ဆိုတာကို ပထမဆုံး လေ့လာတွေ့ရှိတာပဲလို့ သုတေသနပြုစုသူ မာသာဖီးလ်က ပြောပါတယ်။
■ သုတေသနပြုချက်အရ ဗိုက်တာမင် B12 ဟာ အဆီဓာတ်ချေဖျက်မှု၊ ဆဲလ်တွင်းအင်္ဂါစုများ ဖိစီးမှုဖြစ်စဉ်နဲ့ မျိုးရိုးဗီဇဆိုင်ရာ ပြင်ပလွှမ်းမိုးမှု ထိန်းညှိခြင်းတို့နဲ့ ဘယ်လိုပတ်သက်နေလဲဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပြီး အပြန်အလှန် ချိတ်ဆက်နေတဲ့ ဇီဝကမ္မစနစ် အများအပြားမှာ အဓိကကျတဲ့ ထိန်းညှိမှုအခန်းကဏ္ဍကနေ ပါဝင်နေကြောင်း ပြသနေကာ B12 အနည်းငယ်မျှ လျော့နည်းရုံဖြင့် ခန္ဓာကိုယ်အနှံ့အပြားမှာ ကျယ်ပြန့်တဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ကြောင်း ဖော်ပြနေပါတယ်။
■ ကြွက်နဲ့ ဆဲလ်ပုံစံငယ် စမ်းသပ်ချက်များထဲမှာ ဗိုက်တာမင် B12 ချို့တဲ့ခြင်းက ကြွက်သားထုထည်နဲ့ ကြွက်သားခွန်အား လျော့နည်းခြင်းတို့နဲ့ ဆက်စပ်နေကြောင်း ဖော်ပြနေပါတယ်။
■ ဗိုက်တာမင် B12 လုံလောက်စွာမရှိခြင်းက ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ဖိစီးမှုများနဲ့ အိုမင်းရင့်ရော်မှု ရင်ဆိုင်နိုင်စွမ်းကို ကျဆင်းစေကြောင်း ညွှန်ပြနေပါတယ်။
Source: SciTechDaily
ငြိမ်းချမ်းရေးလိုလားတဲ့ ဖွဲစည်းပုံအခြေခံဥပဒေကို ဂျပန်အစိုးရ ပြင်ဆင်ရန်ကြိုးပမ်းမှုများနဲ့ စစ်ရေးချဲ့ထွင်မှုမူဝါဒများကို ဂျပန်ပြည်သူတွေ တိုကျိုမြို့မှာ အင်္ဂါနေ့ကစုဝေးဆန္ဒပြခဲ့ကြပါတယ်။
#Asia_News
Published 01 June 2026
#ဂျပန်
#YMG #Yangon_Times #Yangon_Media_Group
အသက် ၇ နှစ်က ၁၆ နှစ် အတွင်းရှိ ကျောင်းသားကျောင်းသူများပါဝင်ယှဥ်ပြိုင်ကြတဲ့ ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲ World Robot Contest (WRC 2026)ကို ရန်ကုန်မြို့ရှိ Rose Garden Hotel မှာ မေလ ၃၀ရက်နဲ့ ၃၁ရက်တွေမှာပြုလုပ်ခဲ့ပါတယ်။
#Local_News
Published 01 June 2026
#World_Robot_Contest
#YMG/SW #Yangon_Times
ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ ယခုဇွန်လအတွင်း ကုန်သေတ္တာတင်သင်္ဘော(၅၅)စင်းဝင်ရောက်ဆိုက်ကပ်မယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့အစည်းမှ အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 01 June 2026
#ကုန်သေတ္တာတင်သင်္ဘော
#YMG/SW #Yangon_Times
အခုနှစ် မိုးရာသီမှာအယ်လ်နီညိုရာသီဥတုကြောင့် မုတ်သုံလေအဆုတ်မြန်ပြီး မိုးစောစောပြတ်နိုင်ခြေရှိတယ်လို့သိရပါတယ်။
#Local_News
Published 01 June 2026
#အယ်လ်နီညို #မိုးရာသီ
#YMG/NN #Yangon_Times
#Daily_News
Published 01 June 2026
၁။ မော်လမြိုင်-ရန်ကုန် DEMU မြန်နှုန်းမြင့်ရထား ဇူလိုင် လဆန်းတွင် နေ့ချင်းပြန်ပြေးဆွဲမည်
၂။ ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲ World Robot Contest (WRC 2026 )ရန်ကုန်တွင်ပြုလုပ်ခဲ့
၃။ ယခုလအတွင်းကုန်သေတ္တာတင်သင်္ဘော(၅၅)စင်းဝင်ရောက်ဆိုက်ကပ်မည်
၄။ ဖွဲစည်းပုံအခြေခံဥပဒေပြင်ဆင်ရန်ကြိုးပမ်းပြီးစစ်ရေးချဲ့ထွင်ရန်ကြံစည်နေသည့်ဂျပန်အစိုးရအား ပြည်သူများဆန္ဒပြ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 01 June 2026
■ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက် (MAGD-PL) ၏ ခေတ်မီသိုလှောင်ရုံ အမှတ် (၁) လုပ်ငန်းစတင်ခြင်းအခမ်းအနားကို ယမာန်နေ့နံနက်ပိုင်းတွင် သီလဝါဆိပ်ကမ်းဒေသရှိ အကွက်အမှတ် (၂၉) ၌ ကျင်းပသည်။
■ အဆိုပါ ခေတ်မီသိုလှောင်ရုံအတွင်းရှိ ခန်းမတွင်ဖွင့်ပွဲအခမ်းအနားတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက နိုင်ငံ၏ကုန်သွယ်မှုကို မြှင့်တင်ပေးနိုင်မည့် Transit Trade နှင့် Transshipment လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သီလဝါဒေသဆိပ်ကမ်းများသည် အဓိကအားကိုးရာနေရာများဖြစ်ကြောင်း၊ မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက် (MAGDPL) အနေဖြင့် သီလဝါဆိပ်ကမ်းဒေသတွင် နိုင်ငံတကာကုန်သွယ်မှုအတွက် လိုအပ်သော အခြေခံအဆောက်အအုံဖြစ်သည့် ခေတ်မီသိုလှောင်ရုံကြီးကို အောင်မြင်စွာ တည်ဆောက်လည်ပတ်လုပ်ကိုင်နိုင်ပြီဖြစ်သည့်အတွက် ကျန်ရှိသည့် သိုလှောင်ရုံသုံးလုံးကိုလည်း အဆင့်လိုက်ရင်းနှီးမြှုပ်နှံတည်ဆောက်သွားရန်နှင့် သီလဝါဆိပ်ကမ်းဒေသရှိ တည်ဆောက်ဆဲနှင့် တည်ဆောက်ရန်ကျန်သည့် လုပ်ငန်းရှင်များအနေဖြင့်လည်း အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
■ ထို့နောက် ခေတ်မီသိုလှောင်ရုံတည်ဆောက်ခြင်းနှင့် သက်ဆိုင်သည့် အချက်အလက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြပြီး သိုလှောင်ရုံတည်ဆောက်မှုဆိုင်ရာမှတ်တမ်း Video Clip ကို ရှင်းလင်းတင်ပြကြကာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ခေတ်မီသိုလှောင်ရုံအတွင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် အသင်းအဖွဲ့အသီးသီးမှ ပြသထားသည့် ပြခန်းများ၊ ပြည်ပသို့တင်ပို့မည့် ပြောင်းစေ့များ စုပုံသိုလှောင်ထားမှုနှင့် ဆက်လက်တည်ဆောက်မည့် သိုလှောင်ရုံနေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
■ ဆက်လက်၍ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ဒေါပုံရုံးခွဲ) သို့ ရောက်ရှိကြပြီး Computer Based Examination (CBE) Centre ကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ ပြည်ထောင်စုဝန်ကြီးက CBE စနစ်ကို သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ သင်္ဘောသားများအနေဖြင့် ပင်လယ်ပြင်တွင် အန္တရာယ်ကင်းရှင်းရေးအတွက် ဆုံးဖြတ်ချက်မှန်ကန်စွာ ချမှတ်နိုင်ခြင်းသည် အရေးကြီးသဖြင့် Decision-making ဆိုင်ရာမေးခွန်းများ ထည့်သွင်းနိုင်ရေး၊ စံပြအဖြေများကို သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းနိုင်ရေးနှင့် နောင်စာမေးပွဲများတွင် မေးမြန်းနိုင်ရေး၊ မေးခွန်းများကို ခေတ်နှင့်အညီ ပြင်ဆင်မွမ်းမံရေးအထူးအလေးထားဆောင်ရွက်ကြရန် ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 01 June 2026
■ အမေရိကန် အစိုးရအဖွဲ့ဟာ စစ်တပ်အတွက် ဉာဏ်ရည်တု AI စွမ်းရည်ကို အပြည့်အဝအသုံးချရန် တွန်းအားပေးနေပေမယ့် လျင်မြန်စွာတိုးတက်နေသော ထိုနည်းပညာအပေါ် ထိန်းချုပ်ကန့်သတ်ချက်များ ထားရှိပေးရန် အချို့ကုမ္ပဏီများရဲ့ တောင်းဆိုမှုများနဲ့ ရင်ဆိုင်နေရပြီး စစ်ဘက်ဆိုင်ရာ ထိပ်သီးခေါင်းဆောင်များပင် သတိပေးနေပါတယ်။
■ အမေရိကန် အထူးစစ်ဆင်ရေးဌာနချုပ် ရေတပ်ဗိုလ်ချုပ်ကြီး ဖရန့်ခ်ဘရက်ဒ်လေက ညီလာခံမှာ ပြောကြားရာမှာ တပ်မတော်သားများအနေဖြင့် လူသတ်နိုင်စွမ်းရှိတဲ့ လက်နက်စနစ်များ ပံ့ပိုးပေးရာမှာ AI ကို ဘယ်လိုမျိုး အသုံးချမလဲ ပေါင်းစပ်ထည့်သွင်းမလဲဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး အထူးသတိထားကြရန် လိုအပ်ကြောင်း ဆိုပါတယ်။
■ ဗိုလ်ချုပ် ဘရက်ဒ်လေက အနာဂတ်မှာ AI ဟာ စစ်ရေးပစ်မှတ်များကို ရွေးချယ်ပေးလိမ့်မယ်လို့ စိတ်ကူးပုံဖော်ထားပြီး လူသားများအနေဖြင့် ထို AI ပစ်မှတ်တာတွေကိုပဲ သေချာပေါက်တိုက်ခိုက်မှု ပြုလုပ်မှာဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။
■ နည်းပညာကုမ္ပဏီများနဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအမံများ ပဋိပက္ခဖြစ်ပွားနေချိန်အတွင်း ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က စစ်ဘက်ဆိုင်ရာ AI အလျင်အမြန် အသုံးပြုရန် တွန်းအားပေးနေပါတယ်။
■ တရုတ်နိုင်ငံအပေါ် စစ်ရေးပြိုင်ဆိုင်မှုအသာစီး ဆက်လက်ရယူရန် ရီပတ်ဘလစ်ကန်အစိုးရက စစ်ဘက်ဆိုင်ရာ AI အရှိန်မြှင့်တင်ရေးကို ဦးစားပေးလုပ်ဆောင်နေတာ ဖြစ်ပါတယ်။
■ အမေရိကန်ရဲ့ နည်းပညာဆန်းသစ်တီထွင်မှုနှုန်းကို အဟန့်အတားမဖြစ်စေရန် သမ္မတ ဒေါ်နယ်ထရမ့်က AI ဘေးကင်းလုံခြုံရေး အကာအကွယ်များပေးရန် ရည်ရွယ်ထားတဲ့ အမိန့်တစ်ခုကို ဖျက်သိမ်းပေးခဲ့ပါတယ်။
Source: Reuters
#Local_News
Published 01 June 2026
■ နေရောင်ခြည်စွမ်းအင်အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်ယူအသုံးပြုခြင်းနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကိုဇူလိုင်လပထမအပတ်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှသိရသည်။
■ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုတွင် ဆိုလာဓာတ်အားစနစ် သိသာစွာတိုးမြှင့်ပါဝင်လာစေရန် ရည်ရွယ်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ကြီးမှူးကာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လပထမအပတ်အတွင်း ကျယ်ပြန့်စွာကျင်းပနိုင်ရေးစီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။
■ မြန်မာနိုင်ငံသည် နေရောင်ခြည်ကို ပေါကြွယ်ဝစွာရရှိနေသော်လည်း နေရောင်ခြည်စွမ်းအင်အရင်းအမြစ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲနိုင်မှုပမာဏသည် နည်းပါးလျက်ရှိနေကြောင်း သိရသည်။
■ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားတိုးမြှင့်ထုတ်ယူနိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းများအတွင်းသို့ သင့်တင့်သည့် အချိုးအစားဖြင့် ဆိုလာစနစ်အား ထည့်သွင်းနိုင်ရေးနှင့် တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆိုလာစနစ်အား တပ်ဆင်အသုံးပြုနိုင်ရေးဟူ၍ နည်းလမ်း ၂ ခုဖြင့် အားပေးဆောင်ရွက်လျက်ရှိကြောင်း ဆိုထားသည်။
■ ယင်းသို့ဆောင်ရွက်ရာ၌ တွေ့ကြုံနေရသည့် နည်းပညာဆိုင်ရာ ကန့်သတ်ချက်များ၊ စီမံခန့်ခွဲမှုဆိုင်ရာ အခက်အခဲများကို ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်ခြင်းဖြင့် အကျိုးရှိထိရောက်သည့် အစီအမံများ၊ စီမံကိန်းများသည် လျင်မြန်စွာ အကောင်အထည်ပေါ်လာမည်ဖြစ်သည်။
■ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ဆိုလာနည်းပညာ၊ ဘက်ထရီနည်းပညာ၊ ဆိုလာဓာတ်အားပေးစနစ်တို့နှင့်ပတ်သက်သည့် ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား ကျောင်းသူများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးအကြံပြုကြပါရန်နှင့် ဆွေးနွေးလိုသည့်ခေါင်းစဉ်များကို ဆက်သွယ်ပေးပို့ကြပါရန် အသိပေးဖိတ်ခေါ်ထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 01 June 2026
■ သွေးထိန်းဆေးတစ်မျိုးက အဖြစ်အများဆုံး ကုသရအခက်ဆုံး ဘက်တီးရီးယားကူးစက်မှု တစ်ခုကို တိုက်ဖျက်နိုင်စွမ်းရှိတယ်လို့ တွေ့ရှိထားပါတယ်။
■ Candesartan cilexetil လို့ခေါ်တဲ့ဆေးက ပဋိဇီဝဆေးယဉ်ပါးတဲ့ Staphylococcus aureus (ခေါ်) MRSA ဘက်တီးရီးယားကို တားဆီးနိုင်တယ်လို့ တက္ကဆပ် ဟူစတန်မက်သဒစ်သုတေသနမှ သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ပါတယ်။
■ ဒီရောဂါပိုးက လူအများကျန်းမာရေးအတွက် ခြိမ်းခြောက်မှုကြီးဖြစ်နေပြီး နှစ်စဉ် ရောဂါဆိုးဆိုးရွားရွား ကူးစက်နေကြကာ ထောင်ပေါင်းများစွာ သေဆုံးနေကြပါတယ်။
■ ပဋိဇီဝဆေး ထုတ်လုပ်ခြင်းက အခက်အခဲတွေရှိပြီး ဘဏ္ဍာရေးပြဿနာက ပဋိဇီဝဆေးယဉ်ပါး ဘက်တီးရီးယားတွေ တိုက်ဖျက်ရာမှာ အဟန့်အတား ဖြစ်စေပါတယ်။
■ သုတေသီတွေက ဒြပ်ပေါင်း ၈ သောင်းကို စစ်ဆေးခဲ့ရာ CC လို့ခေါ်တဲ့ဆေးက MRSA ကို တိုက်ဖျက်နိုင်စွမ်းရှိမယ်လို့ ဖော်ထုတ်ခဲ့ကြပါတယ်။
■ CC က MRSA ရဲ့ အမြှေးပါးကို ဖောက်ထွင်းပြီး အပျက်အစီးတွေ ဘက်တီးရီးယား သေဆုံးမှုတွေ ဖြစ်စေပါတယ်။
■ လက်ရှိ ပဋိဇီဝဆေးကို CC နဲ့ ပေါင်းစပ်မယ်ဆိုရင် ဆေးပမာဏနည်းနည်းဖြင့် ထိရောက်မှုမြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
■ ကြွက်တွေနဲ့ စမ်းသပ်ရာမှာ CC က ဘက်တီးရီးယား သိသိသာသာ လျှော့ချပေးနိုင်ပြီး လူသားတွေမှာ အသုံးပြုနိုင်ဖွယ် ရှိပါတယ်။
■ သုတေသီတွေက လူသားစမ်းသပ်မှုတွေအတွက် ဆေးဝါးကုမ္ပဏီတွေနဲ့ လက်တွဲဖို့ ရည်မှန်းထားပြီး CC တွေရဲ့ သက်ရောက်နိုင်စွမ်းကို မြှင့်တင်မှာဖြစ်ပါတယ်။
Source: Science Alert
#World_Health
Published 01 June 2026
■ ယနေ့ခေတ် ရုံးကိုရောက်တဲ့အချိန်ကစပြီး ရုံးဆင်းချိန်အထိ တစ်ချိန်လုံး ကွန်ပျူတာအသုံးပြုနေရခြင်းဟာ ဦးနှောက်ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ အကြီးမားဆုံး အန္တရာယ်တွေထဲကတစ်ခု ဖြစ်လာပါတယ်။
■ တောင်ကိုရီးယားရဲ့ ဒီမန်ရှာရောဂါ ခံစားရသူဦးရေဟာ ၂၀၂၆ မှာ ၁ သန်းအထိ ရှိလာပြီး ၂၀၄၄ မှာ ၂ သန်းရှိလာမယ်လို့ ခန့်မှန်းရပါတယ်။
■ ဦးနှောက်အသိဉာဏ် ယိုယွင်းမှုခံစားရသူဦးရေက ၂၀၃၃ မှာ ၄ သန်းကျော်လာနိုင်ပြီး အသက် ၆၅ နှစ်အထက် လူကြီးတွေရဲ့ ၂၈ ရာခိုင်နှုန်းကျော်မှာ လက်ရှိသက်ရောက်နေပါတယ်။
■ နေ့စဉ် ၈ နာရီကျော် အထိုင်များခြင်းကြောင့် ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေကို ၂၇ ရာခိုင်နှုန်း မြင့်မားစေကြောင်း ကနေဒါ ယော့ခ်တက္ကသိုလ်မှ လေ့လာတွေ့ရှိထားပါတယ်။
■ အထိုင်များခြင်းကြောင့်ဖြစ်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို လေ့ကျင့်ခန်းတွေလုပ်ပြီး ဖုံးကွယ်လို့ မရဘူးလို့ သုတေသီတွေ ဆိုပါတယ်။
■ လေ့ကျင့်ခန်း ပုံမှန်လုပ်သူတွေတောင်မှ နေ့စဉ် ၆ နာရီကျော်အောင် အထိုင်များခြင်းက စောစီးစွာဆုံးပါးခြင်းအတွက် အကြောင်းအရင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။
■ အချိန်ကြာမြင့်စွာ ထိုင်ခြင်းက ဇီဝကမ္မဖြစ်စဉ် နှေးစေပြီး ထရိုင်ဂလစ်ဆရိုက်တွေ များလာစေကာ ကိုယ်လက်လှုပ်ရှားမှုရဲ့ အကျိုးကျေးဇူးတွေကို ထိခိုက်စေနိုင်ပါတယ်။
■ ဇီဝကမ္မဖြစ်စဉ်အပြင် ဆီးချို၊ ဒီမန်ရှာ၊ နှလုံးရောဂါတို့လည်း ဖြစ်နိုင်ခြေ များစေပါတယ်။
■ ရေရှည်ကျန်းမာရေး ရှေးရှုတဲ့အနေနဲ့ အဆက်မပြတ်ထိုင်ခြင်း မပြုလုပ်ဘဲ မိနစ် ၃၀ ကြာပြီးတိုင်း ၂ မိနစ်ခန့် လမ်းလျှောက်ခြင်းဖြင့် သွေးတွင်းသကြားဓာတ် ထိန်းညှိစေမှာဖြစ်ပါတယ်။
■ အကောင်းဆုံး အလေ့အကျင့်ကတော့ နာရီဝက်ကြာတိုင်း ခဏတဖြုတ် လှုပ်ရှားပေးသင့်ပါတယ်။
Source: Seoul Economic Daily
စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့များရှိ ငလျင်ဒဏ်သင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများMSME လုပ်ငန်းများအတွက်ပြန်လည်ထူထောင်ရေး ရန်ပုံငွေထောက်ပံ့ပေးအပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
#Local_News
Published 31 May 2026
#စစ်ကိုင်း #မန္တလေး #MSME
#YMG/SW #Yangon_Times
Page 116 of 2096