တရုတ်အလယ်ပိုင်း ဟူဘေပြည်နယ်ရှိ နှင်းလျှောစီးအပန်းဖြေစခန်းတစ်ခုမှာ ရေခဲပြင်နဲ့ နှင်းပွဲတော်ကျင်းပနေပြီး နှင်းလျှောစီးသူအရေအတွက် များပြားလာတာ တွေ့ရပါတယ်။
#World_Event
Published 25 December 2024
#နိုင်ငံတကာနှင်းလျှောစီး #ရေခဲပြင်နှင့်နှင်းအားကစားပွဲများ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 25 December 2024
၁။ ကိုရီးယားတွင် အလုပ်လုပ်မည့် အမျိုးသမီးများအတွက် အလုပ်လျှောက်လွှာများ စတင်ခေါ်ယူမည်
၂။ မြန်မာနိုင်ငံတွင် နိုရိုဗိုင်းရပ်စ်ကူးစက်မှုမရှိသေးဟု ကျန်းမာရေးဝန်ကြီးဌာနဆို
၃။ နှစ်သစ်ကူးရုံးပိတ်ရက်အတွင်း အထူးရထားများပြေးဆွဲသွားမည်
၄။ တရုတ်နိုင်ငံ နိုင်ငံတကာနှင်းလျှောစီးအပန်းဖြေစခန်း၌ ရေခဲပြင်နှင့်နှင်းအားကစားပွဲများကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
စက်သုံးဆီ အရောင်းဆိုင်တွေ ဈေးနှုန်းတွေနဲ့ ဝယ်ယူနိုင်မှုအခြေအနေေတွကို ကြည့်ရှုနိုင်မယ့် Mobile Appကို ဇန်နဝါရီ ၁ရက်မှာ စတင်အသုံးပြုနိုင်မယ်လို သိရပါတယ်။
#Local_News
Published 25 December 2024
#စက်သုံးဆီအခြေအနေ #Mobile_App
#YMG/SW #Yangon_Times
နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအဆင်ပြေစွာ ခရီးသွားလာနိုင်ဖို့အတွက် အထူးရထားခရီးစဉ်တွေ ပြေးဆွဲပေးသွားမယ်
#Local_News
Published 25 December 2024
#အထူးရထားများပြေးဆွဲ #နှစ်သစ်ကူးရုံးပိတ်ရက်
#YMG/SW #Yangon_Times
၂၅ ဒီဇင်ဘာ ၂၀၂၄
အဇာဘာဂျန်မှ ရုရှားသို့ ပျံသန်းနေသည့် အဇာဘာဂျန်လေကြောင်းလိုင်း Embraer လေယာဉ်တစ်စီး ဒီဇင်ဘာ ၂၅ရက်နေ့က ကာဇက်စတန်နိုင်ငံ အက်တိုမြို့အနီးပျက်ကျခဲ့ရာ လေယာဉ်ပါခရီးသည် ၆၂ဦးနှင့် လေယာဉ်အမှုထမ်းငါဦး အနက် ၂၇ ဦးသာ အသက်ရှင်၍ ကျန်သူများသေဆုံးခဲ့ရပါတယ်။
မီးသတ်ဌာနဟာ လေယာဉ်ပျက်မှာ တောက်လောင်နေတဲ့မီးကို ငြှိမ်းသတ်ခဲ့ရပြီး အသက်ရှင်သူတွေကို ကယ်တင်ခဲ့ရာမှာ ကလေးသုံးဦးလည်းပါဝင်တယ်လို့ ကာဇက်စတန်နိုင်ငံ အရေးပေါ်ဝန်ကြီးဌာနက ပြောပါတယ်။
Embraer 190 လေယာဉ်ခရီးစဉ်အမှတ် J2-8243 ဟာ ဘာကူးမှ ရုရှားနိုင်ငံ ချက်ညှာပြည်နယ် မြို့တော် ဂရောဇ်နီမြို့သို့ပျံသန်းနေစဉ် အက်တိုမြို့မှ ၁.၈ မိုင်ခန့်အကွာအရောက်မှာ အရေးပေါ်ဆင်းသက်ရင်း ပျက်ကျခဲ့တာဖြစ်တယ်လို့ လေကြောင်းလိုင်းက သတင်းထုတ်ပြန်ပါတယ်။
ဂရော့ဇ်နီမှာ မြူတွေထူထပ်နေလို့ လေယာဉ်ဟာ လမ်းကြောင်းပြောင်းလဲခဲ့တယ်လို့ ရုရှားသတင်း အေဂျင်စီတွေက သတင်းရေးသားကြပါတယ်။
ငှက်နှင့်တိုက်မိပြီးတဲ့နောက် လေယာဉ်မှူးဟာ အရေးပေါ်ဆင်းသက်ဖို့ဆုံးဖြတ်ခဲ့တာလို့ ကနဦးသတင်း အချက်အလက်တွေအရသိရပါတယ်လို့ ရုရှား လေကြောင်းအာဏာပိုင်အဖွဲ့ကပြောပါတယ်။
ကရင်မလင်ကထောက်ခံထားတဲ့ ချက်ညှာခေါင်းဆောင် ရမ်ဇန်ကာဒရော့ဗ်က ဝမ်းနည်းကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဆေးရုံတင်ထားရသူတွေဟာလည်း အလွန်စိုးရိမ်နေရတဲ့အနေအထားမှာရှိနေ ကြလို့ သူတို့ပြန်လည်နေကောင်းပါစေလို့ဆုတောင်းပါတယ်လို့လည်း သူကဆိုပါတယ်။
Source Rreuters
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ကျေးရွာမှာ ကာလဝမ်းရောဂါပိုးကြောင့် ဖြစ်ပွားတဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသာဖြစ်ပြီး လက်ရှိအချိန်အထိတစ်ဦးသေဆုံးခဲ့ပေမယ့် မြန်မာနိုင်ငံမှာ နိုရိုဗိုင်းရပ်စ်ကူးစက်မှုမရှိသေးဘူးလို့
ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
#Local_News
Published 25 December 2024
#နိုရိုဗိုင်းရပ်စ် #ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ
#YMG/NN #Yangon_Times
တောင်ကိုရီးယားသို့ သွားရောက်အလုပ်လုပ်ကိုင်မယ့်အမျိုးသမီးတွေအတွက် အလုပ်လျှောက်လွှာတွေ စတင်ခေါ်ယူသွားမယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှ သိရပါတယ်။
#Local_News
Published 25 December 2024
#ကိုရီးယား #အလုပ်လျှောက်လွှာစတင်ခေါ်ယူ
#YMG/SW #Yangon_Times
#Local_News
Published 25 December 2024
▪️ ၂၀၂၄ ခုနှစ်ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ရွှေကြိုမောင်မယ်အဖြစ်ပါဝင်ရန် ရွှေကြိုမောင်မယ်များကို နောက်ဆုံးအဆင့်ရွေးချယ်ရာတွင် ရွေးချယ်ရေးအဖွဲ့၏ အမှတ် ၆၀ရာခိုင်နှုန်းနှင့် ပရိတ်သတ် ဆန္ဒမဲ ၄၀ ရာခိုင်နှုန်း ထည့်သွင်းကာရွေးချယ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ရွှေကြိုရွေးချယ်ရေးကော်မတီမှ သိရသည်။
▪️ နောက်ဆုံးအဆင့်ယှဉ်ပြိုင်ရမည့်ရွှေကြိုအမျိုးသမီး ၃၀ ဦး၊အမျိုးသား၂၅ ဦး စာရင်းကိုထုတ်ပြန်လိုက်ပြီး ထိုနောက်ဆုံးအဆင့်ယှဉ်ပြိုင်ခွင့်ရသူများသည် ဇန်နဝါရီလ ၅ ရက်တွင် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ နောက်ဆုံးအဆင့်ယှဉ်ပြိုင်ရန်အတွက် ၁။ ကျပမ်းဇာတ်ကောင်စရိုက်နှင့် ခံစားချက်အမူအရာကိုသရုပ်ဆောင်ပြခြင်း၊၂။ သရုပ်ဆောင်တစ်ယောက်တွင်ရှိသင့်သည့် အရည်အသွေးဆိုင်ရာဗဟုသုတကို ကျပမ်းမေးခွန်းများမေးကာစစ်ဆေးခြင်း။ ၃။ TikTok တွင် Trend ဖြစ်သည့် အကြောင်းအရာများအနက်မှ မိမိနှစ်သက်ရာ တစ်ခုကို ရွေးချယ်ရိုက်ကူး ဆော့ကစားပြီး ထိုသို့ ရိုက်ကူးထားသည့် TikTok Video ကို ရွှေကြိုရွေးချယ်ရေးအဖွဲ့ ၏ Telegram +959880896957 သို့ ၂၇-၁၂-၂၀၂၄ နေ့ရက် ည၁၀နာရီနောက်ဆုံးထားမဖြစ်မနေ ပေးပို့ရန်။ ( အဆိုပါ TikTok Video အား နောက်ဆုံးပြိုင်ပွဲနေ့ ပြိုင်ပွဲအစီအစဉ် တိုက်ရိုက်ထုတ်လွင့်မှု ၌ ပြသမည်။ ပရိတ်သတ်ဆန္ဒမဲ ရယူရန် ပြိုင်ပွဲဝင်များ၏ Promo vdo အဖြစ် အကယ်ဒမီရွှေကြိုမောင်မယ် Facebook page တွင် ၂၀၂၄ ဒီဇင်ဘာ၂၈ရက်နေ့မှစတင် ဖေါ်ပြကြေညာမည်) တို့ကို ကြိုတင်ပြင်ဆငါထားရမည်ဖြစ်ကြောင်း သိရသည်။
▪️ ပရိတ်သတ်ရွေးချယ်မှု ၄၀ရာခိုင်နှုန်းအတွက် ဆန္ဒမဲများကို( က ) Hey Play App မှတဆင့် ဆန္ဒပြုခြင်း (အခမဲ့)၊ ( ခ ) Atom ၏ SMS နံပါတ် 6666 သို့SMS ပေးပို့ ဆန္ဒပြုခြင်းစသည့် နည်းလမ်းနှစ်မျိုးဖြင့် ပါဝင်ဆန္ဒပြုနိုင်ပြီး မဲပေးခြင်းကို ဒီဇင်ဘာလ၂၅ရက် နေ့လည်၁နာရီတွင်စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ဒုတိယအဆင့် ယှဉ်ပြိုင်စဉ်က ရွှေကြိုများ၏ သရုပ်ဆောင်စွမ်းရည်ကို (၃) မိနစ်ထက်မပိုပဲပြသယှဉ်ပြိုင်စေခဲ့ပြီး နောက်ဆုံးအဆင့်အတွက်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ယခုနောက်ဆုံးအဆင့်ရွေးချယ်ခံရသူများထဲမှ ရွှေကြိုအမျိုးသမီး ၁၀ဦး၊ ရွှေကြိုအမျိုးသား ၁၀ဦးကို ၂၀၂၄ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားတွင် ပါဝင်နိုင်ရန်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 25 December 2024
▪️ ထိုင်းနိုင်ငံမှာ နှစ်သစ်ကူးသုံးစွဲမှုကနေ စီးပွားရေးလည်ပတ်မှု ဘတ် ၁၀၉ ဘီလီယံ ထုတ်လုပ်ပေးနိုင်မယ်လို့ မျှော်မှန်းထားပေမယ့် စီးပွားရေးက အပြည့်အဝ ပြန်လည်မကောင်းမွန်သေးတာကြောင့် လူတွေက သတိယှဉ်ပြီး သုံးစွဲနေကြတယ်လို့ ထိုင်းကုန်သည်ကြီးများအသင်းတက္ကသိုလ် (UTCC)က ပြောပါတယ်။
▪️ လာမယ့် နှစ်သစ်ကာလအတွက် UTCC မှ စစ်တမ်းကောက်ယူရာမှာ သုံးစွဲသူများ အသုံးစရိတ်များလာနိုင်တဲ့ကာလလို့ ယူဆထားပါတယ်။
▪️ စုစုပေါင်း ၁၀၉ ဘီလီယံဘတ် လည်ပတ်ရန် မျှော်မှန်းထားရာ ၃.၂ ရာခိုင်နှုန်း မြင့်တက်လာတဲ့သဘောဖြစ်ပြီး ဒါဟာ ထိုင်းနိုင်ငံမှာ စီးပွားရေး ပြန်လည်ဦးမော့လာမှု လက္ခဏာများ မြင်နေရတာ ဖြစ်ပါတယ်။
▪️ ဒီဇင်ဘာ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့ကြား နိုင်ငံတဝှမ်းမှ ဖြေဆိုသူ ၁၃၀၀ထံမှ စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။
▪️ အသုံးစရိတ် မြင့်တက်လာမယ်လို့ ခန့်မှန်းထားပေမယ့် စီးပွားရေးမှာ တိုးတက်မှုအနည်းငယ်သာ တွေ့ရတာကြောင့် လူအများစုက စိတ်လွတ်ကိုယ်လွတ် သုံးဖြုန်းဖို့ လက်တွန့်နေကြသေးတယ်လို့ UTCCဥက္ကဌ ထာနာဝက်ဖွန်ဝီချိုင်က ပြောပါတယ်။
▪️ ယမန်နှစ်နဲ့ယှဉ်ရင် ကုန်စည်တည်ငြိမ်လာတာက ယခုလို သတိထားချဉ်းကပ်ဖို့ ဖြစ်လာပါတယ်။
▪️ ထိုင်းလူမျိုးတွေက ပါတီတွေ၊ အလှူအတန်းတွေ၊ အဝတ်အစားဝယ်ယူမှုတွေ၊ လက်ဆောင်ဝယ်ပေးတာတွေ စတာတွေမှာ သုံးစွဲဖို့စီစဉ်နေကြတယ်လို့ UTCC ကောင်စီအကြံပေး ဆာဝါနီးထိုင်ရွန်ဂရိုက ပြောပါတယ်။
▪️ ခရီးသွားအသုံးစရိတ်က စုစုပေါင်း ၅၁.၄ ဘီလီယံဘတ်ရှိမယ်လို့ မျှော်မှန်းထားပြီး ပြည်ပခရီးစဉ်အတွက် ၅.၄၇ ဘီလီယံနဲ့ ပြည်တွင်းအတွက်က ၄၅.၉ ဘီလီယံ ခန့်မှန်းထားပါတယ်။
▪️ အခြားဝယ်ယူသုံးစွဲမှုများအတွက်တော့ ၅၇.၈ ဘီလီယံဘတ် သုံးစွဲမယ်လို့ ခန့်မှန်းထားပါတယ်။
▪️ စစ်တမ်းဖြေဆိုသူ ၄၇ ရာခိုင်နှုန်းက ငွေစုပြီးမှ သူတို့ရဲ့ ဝင်ငွေတွေကို သုံးစွဲမှာဖြစ်ပြီး စုဆောင်းငွေထဲက ထုတ်ယူသုံးစွဲမယ့်သူတွေက ၃၇.၄ ကနေ ၄၅.၆ ရာခိုင်နှုန်း မြင့်တက်လာတာကြောင့် ရရှိတဲ့လစာက ကုန်ကျစရိတ်နဲ့ မကာမိဘဲ ဖြစ်နေပါတယ်။
▪️ ၂၀၂၅ ခုနှစ် ပထမ ၃လနဲ့ ဒုတိယ ၃လတို့မှာ စီးပွားရေး ပြန်လည်ဦးမော့ရန် မျှော်လင့်ထားတယ်လို့ မစ္စတာထာနာဝက်က ပြောသွားပါတယ်။
#Source: Bangkok Post
#World_Health
Published 25 December 2024
▪️ စားသုံးလိုက်တဲ့ အချို့သောအစာတွေက အူမကြီးထဲက ကင်ဆာဆဲလ်တွေ တိုက်ထုတ်နိုင်စွမ်းကို ဆိုးရွားစွာ ထိခိုက်စေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
▪️ အဆင့်ဆင့် ထုတ်လုပ်ထုတ်ပိုးထားတဲ့ စားစရာတွေမှာ အများဆုံးပါဝင်တဲ့ အိုမီဂါ-၆ ဖက်တီးအက်ဆစ်ကို အလွန်အကျွံစားမိပါက အိုမီဂါ-၃ ဖက်တီးအက်ဆစ်ရဲ့ ရောင်ရမ်းခြင်းနဲ့ အကျိတ်တို့ကို တိုက်ဖျက်ပေးနိုင်စွမ်း လျော့ကျစေနိုင်ပါတယ်။
▪️ အစာအိမ်အူလမ်းကြောင်းထဲမှာ နေ့စဉ်နဲ့အမျှ ဆင့်ကဲပြောင်းလဲမှုတွေ ဖြစ်နေပြီး အိုမီဂါ-၃မှရတဲ့ မော်လီကျူးများ အကူအညီဖြင့် ကိုယ်ခံအားစနစ်က တိုက်ဖျက်ပေးနေတယ်လို့ ဒေါက်တာတင်မိုသီယိမန်းက ဖော်ပြထားပါတယ်။
▪️ အိုမီဂါ-၆ များပြားလာခြင်းကြောင့် ခန္ဓာကိုယ်ထဲမှာ နာတာရှည်ရောင်ရမ်းခြင်း ဖြစ်လာတဲ့အခါ ဆင့်ကဲပြောင်းလဲမှု ဖြစ်လွယ်လာပြီး ခန္ဓာကိုယ်က တိုက်ထုတ်ရခက်လာတယ်လို့ တမ်ပါအထွေထွေဆေးရုံမှ ပရော်ဖက်ဆာယိမန်းက ဆိုပါတယ်။
▪️ အနောက်တိုင်းမှ အစားအစာတွေမှာ ဟင်းရွက်ဆီကြောင့်ဖြစ်တဲ့ အိုမီဂါ-၆ ဖက်တီးအက်ဆစ် အများအပြားပါဝင်နေပြီး အမေရိကန်မှာရှိတဲ့ စားစရာ ၇၀ ရာခိုင်နှုန်းလောက်က အဆင့်ဆင့်ထုပ်ပိုးစားစရာများ လွှမ်းမိုးနေပါတယ်။
▪️ အိုမီဂါ-၆ ဖက်တီးအက်ဆစ်တစ်မျိုးဖြစ်တဲ့ လီနိုလစ်အက်ဆစ်ကို နေကြာဆီ၊ ပြောင်းဆီ၊ ပဲဆီ၊ ပဲပိစပ်ဆီတို့မှ ရရှိပါတယ်။
▪️ အမေရိကန်တွေက အိုမီဂါ-၆ ကြောင့်ဆိုတာထက် အိုမီဂါ-၃ ကြွယ်ဝတဲ့ ငါးတွေကို မကြိုက်တာက အဓိကပြဿနာဖြစ်တယ်လို့ ဆောက်သ်ဒါကိုတာတက္ကသိုလ်မှ ဒေါက်တာဘီလ်ဟားရစ်က ဆိုပါတယ်။
#Source: WION
#World_Health
Published 25 December 2024
▪️ နေထိုင်စားသောက်မှုပုံစံ ရွေးချယ်မှုတွေက ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေနဲ့ ဦးနှောက်ထဲမှာ အိုမင်းရင့်ရော်မှု လက္ခဏာများ စောစောဖြစ်ပေါ်ခြင်းတို့ကြား ဆက်စပ်မှုရှိကြောင်းကို ဆန်းရှိုင်းကို့စ်သွန်ဆန်တက္ကသိုလ်မှ သုတေသန တွေ့ရှိထားပါတယ်။
▪️ နေထိုင်စားသောက်မှုပုံစံကြောင့် ဒီမန်ရှာဖြစ်နိုင်ခြေ များသူတွေရဲ့ ဦးနှောက်ထဲမှာ အဖြူသားထုထည် လျော့နည်းပြီး လျှပ်စီးလှုပ်ရှားမှု မညီမျှတာကို တွေ့ရှိခဲ့ကြပါတယ်။
▪️ စားသောက်မှုပုံစံတွေ၊ အိပ်စက်မှုပုံစံတွေ၊ ကိုယ်လက်လှုပ်ရှားမှုပုံစံတွေက ဦးနှောက်ကို သက်ရောက်နေကြတယ်လို့ ဦးဆောင်သုတေသီ ဒေါက်တာသောမတ်စ်ပေ့စ်က ဖော်ပြထားပါတယ်။
▪️ နေထိုင်စားသောက်မှုပုံစံတွေက ဦးနှောက် စောစီးစွာအိုမင်းမှုကို ဖြစ်စေတယ်လို့ အတိအကျ မဆိုနိုင်ပေမယ့် ဆက်စပ်မှုရှိနေပါတယ်။
▪️ ဒေါက်တာပေ့စ်နဲ့ အဖွဲ့က ဩစတြေးလျ အာရုံကြောသိပ္ပံသုတေသနနဲ့ နယူးဆောက်သ်ဝေးလ်စ်တက္ကသိုလ်တို့မှ ထုတ်လုပ်ထားတဲ့ အွန်လိုင်းကိရိယာဖြင့် ပါဝင်စမ်းသပ်သူတွေရဲ့ အခြေအနေပြဇယားနဲ့ နေထိုင်စားသောက်မှုပုံစံတို့ကို အခြေခံပြီး ဒီမန်ရှာဖြစ်နိုင်ခြေကို တွက်ချက်ခဲ့ကြပါတယ်။
▪️ ပြောင်းလဲလို့မရတဲ့ အသက်အရွယ်၊ ကျား/မ၊ ပညာရေးတို့ကို အခြေထားပြီး နေထိုင်စားသောက်မှုပုံစံကြောင့်ပဲ ဒီမန်ရှာဖြစ်နိုင်ခြေကို အလေးထားခဲ့ကြပါတယ်။
▪️ MRI ၊ EEG တို့လို ဦးနှောက်ဓာတ်မှန် ကိရိယာများ သုံးပြီးတော့ မှတ်ဉာဏ်နဲ့ စဉ်းစားနိုင်စွမ်းတို့ကို အကဲဖြတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပါတယ်။
▪️ ဦးနှောက်အဖြူသားဟာ ဦးနှောက်အစောပိုင်းရင့်ရော်ခြင်းကို တိုင်းတာနိုင်တဲ့ အရာဖြစ်တာကြာပြီဖြစ်ပေမယ့် လျှပ်စီးလှုပ်ရှားမှုမျှခြေကတော့ အခုမှ တွေ့ရှိလာတာ ဖြစ်ပါတယ်။
▪️ ဒီမန်ရှာဖြစ်နိုင်ခြေ လျှော့ချဖို့အတွက် စောစီးစွာကာကွယ်ဖို့က အရေးကြီးကြောင်းကို သွန်ဆန်အင်စတီကျုမှ ဦးနှောက်ကျန်းမာရေးအစီအစဉ်ကို ဦးဆောင်တဲ့ ဒေါက်တာဆိုဖီအန်ဒရူးက ဖော်ပြသွားပါတယ်။
▪️ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံ ကျင့်ကြံခြင်းဖြင့် ဦးနှောက်အိုမင်းခြင်းလက္ခဏာများ လျော့နည်းစေနိုင်ပါတယ်။
▪️ ဥပမာအနေဖြင့် မက်ဒီတာရေနီးယန်း စားသောက်မှုပုံစံ၊ တစ်ညကို ၇-၉နာရီအိပ်စက်မှုပုံစံ၊ ပုံမှန်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းပုံစံ၊ လူမှုဆက်ဆံရေး ထိန်းသိမ်းမှုပုံစံတို့ကို ဦးစားပေးသင့်ပါတယ်။
#Source: Medical Xpress
သက်ကြီးရွယ်အိုဦးရေတိုးများလာတဲ့ တောင်ကိုရီးယားမှာ အသက်ကြီးခရီးသွားတွေ များပြားလာတာနဲ့အညီ ဖြည့်ဆည်းပေးဖို့ ခရီးသွားလိုက်ပါဝန်ဆောင်မှုများ ပေါ်ထွက်လာပါတယ်။
#Asia_Travel
Published 24 December 2024
#တောင်ကိုရီးယား #သက်ကြီးရွယ်အိုခရီးသွား
#YMG #Yangon_Times #Yangon_Media_Group
Page 119 of 1617