#Local_News
Published 26 December 2024
▪️ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ရှေ့ပြေးလူဦးရေစာရင်းကို ယခု ဒီဇင်ဘာလကုန်၌ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
▪️ အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကို ၂၀၂၄ခုနှစ် အောက်တိုဘာ၁ရက်နေ့မှစတင်၍ ကောက်ယူခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့ကောက်ယူခဲ့သည့်ရှေ့ပြေးလူဦးရေစာရင်းများကို ဒီဇင်ဘာ ၃၁ရက်၌ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
▪️ ထို့ကြောင့် စာရင်းအချက်အလက်များရယူလိုပါက ပြည်သူ့အင်အားဦးစီးဌာန၏ website www.dop.gov.mm တွင်ရယူနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မန်းရွှေစက်တော်ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို ၇၅ ကြာကျင်းပသွားမယ်လို့ မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့မှ သိရပါတယ်။
#Local_News
Published 26 December 2024
#မန်းရွှေစက်တော် #ဗုဒ္ဓပူဇနိယဘုရားပွဲတော်
#YMG/SW #Yangon_Times
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကို ခရစ္စမတ်ကာလအတွင်း တစ်ရက်ကို ဘုရားဖူးဧည့်သည် ဦးရေနှစ်သောင်းကျော်ကနေ သုံးသောင်းဝန်းကျင်အထိဝင်ရောက်နေတယ်လို့ စေတီတော်ဂေါပက အဖွဲ့ထံက သိရပါတယ်။
#Local_News
Published 26 December 2024
#ကျိုက်ထီးရိုးစေတီတော် #ကျိုက်ထိုမြို့
#YMG/NN #Yangon_Times
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ခရစ္စမတ်နဲ့နှစ်သစ်ကူးပွဲတော်ခြောက်ရက်ကြာကျင်းပနေတယ်လို့ သိရပါတယ်။
#Local_News
Published 26 December 2024
#ရန်ကုန်တိရစ္ဆာန်ဥယျာဉ် #ခရစ္စမတ်နှင့်နှစ်သစ်ကူးပွဲတော်
#YMG/NN #Yangon_Times
လာမယ့်နှစ်မှာ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ဝါဂွမ်းတွေကို ဗီယက်နမ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဈေးကွက်တွေကို တိုးမြှင့်တင်ပို့သွားဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 26 December 2024
#ဝါဂွမ်း #ဗီယက်နမ်နှင့်ဘင်္ဂလားဒေ့ရှ်
#YMG/SW #Yangon_Times
#Local_News
Published 26 December 2024
▪️ မုံရွာငုံးမွေးမြူရေးဇုန်၌ ငုံးကောင်ရေ ၆ သိန်းကျော်မွေးမြူထားရာတစ်ရက်လျှင် ငုံးဥ အရေအတွက် ၅ သိန်းကျော်ထွက်ရှိနေကြောင်း သိရသည်။
▪️ အဆိုပါ မုံရွာငုံးမွေးမြူရေးဇုန်အတွင်း ငုံးမွေးမြူရေးလုပ်ငန်းရှင် ၄၀ ဦးကျော်မှ ငုံးကောင်ရေ ၆ သိန်းကျော်အား ငုံးခြံ ၉၀ ဖြင့်မွေးမြူလျက်ရှိခြင်းဖြစ်သည်။
▪️ ထိုသို့မွေးမြူရာတွင် တစ်ရက်လျှင် ငုံးဥအရေအတွက် ၅ သိန်းကျော်ထွက်ရှိရာ ဒေသတွင်းစားသုံးရန် လုံလောက်သည့်အပြင်အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ပါ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 26 December 2024
▪️ ယနေ့ ဒီဇင်ဘာလ၂၆ ရက် နံနက်ပိုင်းက ဗဟန်းမြို့နယ်ရှိ စတိုးဆိုင်ဖွင့်နေသည့် ဆိုင်ရှင်ကို လုယက်ကာ ဓားဖြင့် ထိုးသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ ဒီဇင်ဘာလ၂၆ ရက်နံနက် ၈း၃၀ နာရီအချိန်ကဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ် ၁၄၀၊ မြေညီထပ်ရှိ AK Cosmetic ဆိုင်ကို ဝင်ရောက်လုယက်ပြီး ဆိုင်ရှင်ကိုဓါးဖြင့်ထိုးသတ်သွားခြင်းဖြစ်ကြောင်း၊ ဆိုင်ရှင်ဖြစ်သူ ဒေါ်အေးအိခိုင်သည်ဆိုင်ဖွင့်နေစဥ် အမျိုးသားတစ်ဦးက ဒေါ်အေးအိခိုင်ဝတ်ဆင်ထားသောရွှေဆွဲကြိုးကိုဝင်ရောက်လုယက်ခဲ့ရာ ဆိုင်ရှင်ကပြန်လည်ခုခံသဖြင့် လုယက်သူကဓါးဖြင့်ထိုးခဲ့ခြင်းကြောင့် ဆိုင်ရှင်သည်အခင်းဖြစ်ရာနေရာ၌သေဆုံးခဲ့ကြောင်း သိရသည်။
▪️ အခင်းဖြစ်ပွားပြီးနောက် တရားခံထွက်ပြေးလွတ်မြောက်သွားရာ တာဝန်ရှိသူများက ရှာဖွေဖမ်းဆီးရေးဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 26 December 2024
▪️ ယနေ့နံနက် ၉နာရီ အချိန်ခန့်က မန္တလေးရှိရွှေဆိုင်တစ်ဆိုင်ဓားပြတိုက်ခံရပြီး ရွှေတစ်ပိဿာခန့်နှင့် ငွေသားများပါသွားကြောင်း သိရသည်။
▪️ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ၇၇လမ်း၊ ၃၂လမ်းနှင့်၃၃လမ်းကြားတွင် ဖွင့်လှစ်ထားသည့်နဂါးနန်းတော် စိန်ရွှေရတနာဆိုင်ကို နံနက် ၉နာရီခန့်က ဆိုင်ရှင်နှင့်ဝန်ထမ်းများ၊ လုံခြုံရေးများက ဆိုင်ဖွင့်ရန်ပြင်ဆင်နေစဉ် 110 Wave ဆိုင်ကယ် စိမ်း/ဖြူရောင် စီးနင်းလာသော အမျိုးသားနှစ်ဦးက သေနတ်အတိုတစ်လက်၊ အရှည်တစ်လိုက်ကိုင်ဆောင်ရောက်ရှိလာပြီး ဓါးပြတိုက်သွားခြင်းဖြစ်ေကြာင်း သိရသည်။
▪️ ထိုဓားပြတိုက်မှုဖြစ်စဉ်တွင် ကောင်တာအတွင်း ခင်းကျင်းထားသည့် ရွှေတစ်ပိဿာခန့်နှင့် ငွေသိန်းသုံးဆယ်ကျပ်ခန့်အား ယူဆောင်သွားကြောင်း သိရသည်။
▪️ မန္တလေးမြို့တွင်းရှိ ရွှေဆိုင်များ မကြာခဏ ဓားပြတိုက်ခံရမှုများဖြစ်ပွားနေလျှက်ရှိရာ ပြီးခဲ့သည့် ၁၈ရက်ညပိုင်းကလည်း မန္တလေးမြို့ရှိရွှေစင်အကယ်ဒမီရွှေဆိုင်ဓားပြတိုက်ခံရပြီး ရွှေချိန် ၄ ပိဿာကျော် လုယက်ခံခဲ့ရကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 26 December 2024
▪️ ယူနိုက်တက်အဲလိုင်းစ်မှ လေယာဉ်တစ်စင်းဟာ ဟာဝိုင်အီ မာဝီကျွန်းမှာ ဆိုက်ရောက်ပြီးနောက် လေယာဉ်ဘီးသိမ်းရာနေရာမှာ လူအလောင်းတစ်ခု တွေ့ရှိခဲ့တယ်လို့ လေကြောင်းလိုင်းက ပြောပါတယ်။
▪️ အင်္ဂါနေ့မွန်းလွဲပိုင်းက ချီကာဂိုမှ ကာဟူလူဝီလေဆိပ်သို့ သွားတဲ့ United Flight 202 ခရီးစဉ် ဆိုက်ရောက်ချိန်မှာ လေယာဉ်ဆင်းသက်ဂီယာ တပ်ဆင်ထားတဲ့ နေရာတွေထဲကတစ်ခုမှာ အလောင်းကို တွေ့ရှိခဲ့တာဖြစ်ကြောင်း လေကြောင်းလိုင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပြီး သေဆုံးသွားသူရဲ့ အသေးစိတ်အကြောင်းတော့ မသိရပါဘူး။
▪️ ထိုနေရာဟာ လေယာဉ်အပြင်ဘက်ကနေသာ ဝင်ရောက်နိုင်ပြီး ထိုလူက လေယာဉ်ဘီးသိမ်းရာနေရာသို့ ဘယ်အချိန်မှာ ဘယ်လိုရောက်ရှိခဲ့လဲဆိုတာ သေချာမသိရပါဘူး။
▪️ ယူနိုက်တက်အဲလိုင်းစ်က အာဏာပိုင်များနဲ့အတူ စုံစမ်းစစ်ဆေးနေပြီး ဖက်ဒရယ်လေကြောင်းကွပ်ကဲရေးကတော့ တုံ့ပြန်ပြောကြားခြင်း မရှိသေးပါဘူး။
▪️ လေယာဉ်ဘီးတွေနဲ့ ကုန်ပစ္စည်းတွေထားတဲ့ နေရာတွေဟာ လေဖိအားပုံမှန်မဟုတ်ဘဲ ခိုးစီးသူတွေအနေနဲ့ အပူချိန် အနုတ် ၅၀ မှ ၆၀ ဒီဂရီဆဲလ်စီးယပ်စ်ကြား ခံစားရနိုင်သလို အောက်ဆီဂျင်ပြတ်လပ်မှုနဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်။
▪️ လေယာဉ်ဘီးတွေကနေ လိုက်ပြီးခိုးစီးသူအများစုအတွက် အသက်သေဆုံးမှုအန္တရာယ် မြင့်မားပေမယ့် အသက်ရှင်ကျန်တဲ့သူ အချို့လည်းရှိပါတယ်။
▪️ ယမန်နှစ် ပဲရစ်မြို့က အယ်လ်ဂျီးရီးယား ခရီးသည်တင်လေယာဉ်တစ်စီးရဲ့ လေယာဉ်ဘီးမှာ လူတစ်ယောက် အသက်ရှင်လျက် တွေ့ရှိခဲ့ပါတယ်။
▪️ ၂၀၂၂ ဇန်နဝါရီလက အာဖရိကမှ အမ်စတာဒမ် ရှီဖောလ်လေဆိပ်သို့ ဆိုက်ရောက်တဲ့ Cargolux ကုန်တင်လေယာဉ်တစ်စီးရဲ့ အရှေ့ခြမ်းအောက်ဘက်က ဘီးနေရာမှာ ခိုးစီးလိုက်ပါသူတစ်ဦး အသက်ရှင်လျက် တွေ့ရှိခဲ့ပါတယ်။
#Source: Reuters
#Local_News
Published 26 December 2024
▪️ ယခင်ရပ်နားထားခဲ့သည့် ရန်ကုန်မြို့၏ အထင်ကရပွဲတစ်ခုဖြစ်သော လမ်းမတော်ပွဲစျေးကို ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ပွဲစျေးကို ဒီဇင်ဘာ၂၇ရက်မှ ၃၀ရက်အထိ ကျင်းပမည်ဖြစ်ပြီး လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဈေးရောင်းပွဲတော်အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ လမ်းမတော်ပွဲစျေးကို ကိုဗစ်ကာလမတိုင်ခင်နှစ်များက တန်ဆောင်မုန်းလတွင် ကျင်းပခြင်းဖြစ်ပြီး ကိုဗစ်ကာလနောက်ပိုင်းတွင် မကျင်းပဖြစ်တော့ဘဲ ယခုနှစ်တွင်ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
▪️ ရန်ကုန်မြို့တွင် နှစ်စဉ်ကျင်းပလျှက်ရှိသည့်ပွဲတော်များကို ကိုဗစ်ကာလမှစတင်ကာရပ်နားထားခဲ့ပြီး ယခုနှစ်မှစ၍ပြန်လည်ကျင်းပခြင်းဖြစ်ကာ အထင်ကရပွဲတော်များထဲမှတစ်ခုဖြစ်သော ရေကျော်ပွဲစျေးကိုလည်း နိုဝင်ဘာလအတွင်းက ပြန်လည်ကျင်းပခဲ့သည်။
#YMG/SW #Yangon_Times
#World_Health
Published 26 December 2024
▪️ ယနေ့ခေတ်မှာ လူတွေက ဖိစီးမှုလျော့ကျပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမြှင့်တင်နိုင်မယ့် နည်းလမ်းများ ရှာဖွေလာကြပါတယ်။
▪️ အခုဆိုရင် အသံပဲ့တင်တုန်ခါမှု ကုထုံးနည်းလမ်းဟာ လူသိများလာပါတယ်။
▪️ ငြိမ်သက်သာယာတဲ့ အသံတွေနဲ့ သက်သာမှုပေးနိုင်တဲ့ တုန်ခါမှုတွေ ပေါင်းစပ်ကာ နက်နက်ရှိုင်းရှိုင်း စိတ်ပြေမှုကို ပေးစွမ်းနိုင်တဲ့ ကုထုံးတစ်မျိုး ဖြစ်ပါတယ်။
▪️ လဲလျောင်းနေတဲ့အချိန်မှာ မောင်း၊ တိဘက်ခွက်များ၊ ခေါင်းလောင်းများနဲ့ အခြားတူရိယာများရဲ့ ပဲ့တင်သံတွေကို နားထောင်ရတာ ဖြစ်ပါတယ်။
▪️ အသံနဲ့ တုန်ခါမှုတွေက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် ကောင်းမွန်စေတယ်လို့ ယူဆထားကာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက အသံတုန်ခါမှုစည်းချက်အတိုင်း ပြန်လည်မျှတစေပြီး ခန္ဓာကိုယ်စွမ်းအင်ကို ထိန်းညှိပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
▪️ အသံပဲ့တင်တုန်ခါမှုနည်းလမ်းမှာ ထုတ်လုပ်တဲ့ ကြိမ်နှုန်းနိမ့် တုန်ခါမှုတွေက ဦးနှောက်လှိုင်းလှုပ်ရှားမှုတွေကို သက်ရောက်ကာ ဦးနှောက်လုပ်ဆောင်ချက် ပြေလျော့စေပြီး စိတ်ကိုပိုမိုတည်ငြိမ်စေတယ်လို့ ယူဆထားပါတယ်။
▪️ ဖိစီးမှုနဲ့ သွေးပေါင်ချိန်တို့ကို လျော့ကျစေကာ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျခြင်း လက္ခဏာများ သက်သာစေတယ်လို့ ယုံကြည်နေကြပါတယ်။
▪️ ဒီနည်းလမ်းက ဘယ်လိုအလုပ်လုပ်လဲဆိုတော့..
(၁) ပဲ့တင်ထပ်ခြင်းနဲ့ သဟဇာတဖြစ်ခြင်း - ကြိမ်နှုန်းတစ်ခုကို ကြားတဲ့အခါ ထိုကြိမ်နှုန်းအတိုင်း စည်းချက်ညီအောင် စတင်တုန်ခါလာပြီး ခန္ဓာကိုယ်မှာ မျှခြေဖြစ်အောင် ထိန်းညှိပေးပါတယ်။
▪️ (၂) parasympathetic အာရုံကြောစနစ်လှုံ့ဆော်ခြင်း - ထိုအသံမျိုးတွေက parasympathetic ကို လှုံ့ဆော်ပေးကာ နှလုံးခုန်နှုန်း၊ ဖိစီးမှုဟော်မုန်းများ လျှော့ချပေးပြီးတော့ စိတ်ပြေလျော့စေပါတယ်။
▪️ (၃) ဖိအားလျှော့ချခြင်း - အသံလှိုင်းတွေက ခန္ဓာကိုယ်တစ်ရှူးတွေထဲထိ ဝင်ရောက်သွားကာ ကြွက်သားများ၊ အဆစ်အမြစ်များ၊ အင်္ဂါများမှာ ပြေလျော့စေပါတယ်။
▪️ ဒီကုထုံးအသုံးပြုခြင်းရဲ့ များစွာသော အကျိုးကျေးဇူးတွေထဲမှာ..
- ဖိစီးမှုလျှော့ချခြင်း
- အိပ်စက်မှုတိုးတက်စေခြင်း
- စိတ်ခံစားချက်ကျန်းမာရေး မြှင့်တင်ပေးခြင်း
- အာရုံစူးစိုက်မှုနဲ့ စိတ်ကြည်လင်ပြတ်သားခြင်း
- နာကျင်ကိုက်ခဲမှုသက်သာစေခြင်း
- ကိုယ်ခံအားစနစ်ကြံ့ခိုင်စေခြင်း
- အသိနဲ့သတိ နက်နဲစွာကျင့်ကြံနိုင်ခြင်းတို့ ရရှိစေနိုင်ပါတယ်။
▪️ ဒီနည်းလမ်းက စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ငြင်သာထိရောက်စွာ ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။
Source: DoctorNDTV
#World_Health
Published 26 December 2024
▪️ ရုရှားက သူတို့ကိုယ်ပိုင် ကင်ဆာကာကွယ်ဆေး ထုတ်လုပ်လိုက်ပြီလို့ နိုင်ငံ့သတင်းအေဂျင်စီ TASS က ဖော်ပြသွားပါတယ်။
▪️ ကင်ဆာကာကွယ်ပေးမယ့် mRNA အမျိုးအစား ကာကွယ်ဆေးဖြစ်ပြီး လူနာတွေထံ အခမဲ့ဖြန့်ချိသွားမယ်လို့ ရုရှားကျန်းမာရေး ဝန်ကြီးဌာန ဓာတ်ရောင်ခြည်ဆေးသုတေသနစင်တာမှ ညွှန်ကြားရေးမှူးချုပ် အန်ဒရီကာပရင်က ပြောသွားပါတယ်။
▪️ ဒီကာကွယ်ဆေးကို သုတေသနစင်တာ အများအပြားနဲ့ ပူးပေါင်းထုတ်လုပ်ခဲ့ကာ ၂၀၂၅ အစောပိုင်းမှာ အများပြည်သူအသုံးပြုနိုင်ရန် ထုတ်ဝေသွားဖို့ရှိပါတယ်။
▪️ လက်တွေ့အကြိုစမ်းသပ်မှုတွေမှာ ကာကွယ်ဆေးက အကျိတ်ကြီးထွားမှုကို နှိမ်နင်းနိုင်ကာ နောက်ထပ်ဖြစ်လာနိုင်တဲ့ အကျိတ်များကိုလည်း ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့တယ်လို့ ဂါမယ်လီယာ အမျိုးသားသုတေသနစင်တာ ညွှန်ကြားရေးမှူး အလက်ဇန်ဒါဂင့်စ်ဘတ်ဂ်က TASSကို ပြောလိုက်ပါတယ်။
▪️ မျိုးဆက်သစ် ကင်ဆာကာကွယ်ဆေးတွေနဲ့ ကိုယ်ခံအားပြုပြင် ဆေးဝါးများ ဖန်တီးနိုင်ဖို့ အလွန်နီးစပ်လာကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ယခုနှစ်အစောပိုင်းမှာ မိန့်ကြားခဲ့ပါတယ်။
▪️ mRNA ကာကွယ်ဆေးဆိုတာက mRNA အစိတ်အပိုင်းသေးတစ်ခုကို အသုံးပြုကာ ကင်ဆာဆဲလ်တွေနဲ့ ပတ်သက်တဲ့ ပရိုတိန်းတစ်မျိုး ထုတ်လုပ်ရန် ခန္ဓာကိုယ်ဆဲလ်တွေကို ညွှန်ကြားပါတယ်။
▪️ ကိုယ်ခံအားစနစ်က ထိုကင်ဆာဆဲလ်တွေကို မှတ်မိပြီး တိုက်ခိုက်ကာ ရောဂါကိုပစ်မှတ်ထားဖို့ ခန္ဓာကိုယ်ကို ထိရောက်စွာ ညွှန်ကြားပေးပါတယ်။
▪️ ရောဂါပိုးအသေများကို အသုံးပြုတဲ့ သာမန်ကာကွယ်ဆေးတွေနဲ့ မတူတာက mRNAကာကွယ်ဆေးဟာ ကင်ဆာကုသနိုင်မယ့် ကိုယ်ခံအားတုံ့ပြန်မှု တိတိကျကျ ဖန်တီးနိုင်ရန် ခန္ဓာကိုယ်ဆဲလ်လည်ပတ်မှုကို အသုံးချတာပဲ ဖြစ်ပါတယ်။
#Source: India Today
Page 118 of 1617