#Health_Tips
Published 10 August 2022
အစာစားပြီးနောက် ခဏတဖြုတ်လမ်းလျှောက်ခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးပြီး ဆီးချိုရောဂါဒုတိယအမျိုးအစားဖြစ်နိုင်ချေကို လျော့ကျစေကြောင်း အကြံပြုထားကြပါတယ်။
စားသောက်ပြီး မိနစ် ၆၀ မှ မိနစ် ၉၀ အတွင်း သွေးတွင်းသကြားဓာတ်အမြင့်ဆုံးဖြစ်နေချိန်မှာ ပေါ့ပေါ့ပါးပါးလမ်းလျှောက်ခြင်းဖြင့် ကြွက်သားတွေအနေနဲ့ အစားအစာမှရရှိတဲ့ အဟာရလောင်စာများကို စုပ်ယူသုံးစွဲကြပါတယ်။
၁၅ မိနစ်ခန့် လမ်းလျှောက်သင့်ပေမယ့် အနည်းဆုံး ၂ မိနစ်မှ ၅ မိနစ်အတွင်းလျှောက်ရင်တောင် ကောင်းကျိုးရရှိစေမှာဖြစ်တယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။
အိုင်ယာလန် လိုင်မဲရစ်တက္ကသိုလ်မှသုတေသီများက နှလုံးကျန်းမာရေး၊ အင်ဆူလင်နဲ့ သွေးတွင်းသကြားဓာတ်ပမာဏတိုနဲ့ပတ်သက်ပြီး မတ်တပ်ရပ်နေခြင်းနဲ့ လမ်းလျှောက်ခြင်းတိုရဲ့ အကျိုးသက်ရောက်မှုများကို လေ့လာချက် ၇ ရပ်ဖြင့် နှိုင်းယှဉ်ခဲ့ကြပါတယ်။
စားသောက်ပြီးနောက် အပေါ့စားလမ်းလျှောက်ပေးခြင်းက သွေးတွင်းသကြားဓာတ်ပမာဏကို အကောင်းဆုံးထိန်းညှိပေးနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
စမ်းသပ်မှုမှာပါဝင်တဲ့သူတွေကို မိနစ် ၂၀ ကနေ မိနစ် ၃၀ ကြာတိုင်း ၂ မိနစ်မှ ၅ မိနစ်အထိ လမ်းလျှောက်ခြင်း ဒါမှမဟုတ် မတ်တပ်ရပ်ခြင်းတိုကို ပြုလုပ်ခိုင်းခဲ့ပါတယ်။
လေ့လာချက် ၇ ခုစလုံးမှာတော့ အစာစားပြီးနောက် မိနစ်အနည်းငယ်မျှ ပေါ့ပေါ့ပါးပါးလမ်းလျှောက်ခြင်းဟာ ထိုင်နေတာထက်စာရင် သွေးတွင်းသကြားဓာတ်ကို သိသိသာသာထိန်းညှိပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။
ဆီးချိုရောဂါထိန်းနေရသူတွေကတော့ သွေးတွင်းသကြားဓာတ် အတက်အကျမများစေဖို့တော့ ဂရုစိုက်ဖို့လိုပါတယ်။
အတက်အကျများတယ်ဆိုရင် ဒါဟာ ဆီးချိုရောဂါဖြစ်လာနိုင်တဲ့ အလားအလာရှိနေပါတယ်။
မတ်တပ်ရပ်နေခြင်းကလည်း လမ်းလျှောက်ခြင်းလောက် မသိသာပေမယ့် သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်ပါတယ်။
လမ်းလျှောက်ခြင်းဟာ မတ်တပ်ရပ်နေတာထက်စာရင် ကြွက်သားများ ပိုမိုပါဝင်လှုပ်ရှားရပြီး သွေးထဲမှာလည်ပတ်နေတဲ့သကြားဓာတ်တွေကို အသုံးပြုရတာကြောင့်ဖြစ်ပါတယ်။
ရုံးတက်အလုပ်လုပ်နေရသူတွေက ပြေးစက်ပေါ်ပြေးတာတို၊ ရုံးထဲမှာပတ်ပြေးနေတာတို့ မပြုလုပ်ရတာကြောင့် ကော်ဖီထဖျော်တာပဲဖြစ်ဖြစ်၊ လျှောက်လမ်းမှာ ခဏတဖြုတ်လမ်းလျှောက်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။
စတန်းဖိုဒ်တက္ကသိုလ်မှ နှလုံးအထူးကုဒေါက်တာ'ယူအမ်အက်ရှ်လေ'က အနည်းငယ်မျှလှုပ်ရှားရင်တောင် သိသာတဲ့ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း၊ လမ်းလျှောက်ဖို့အခွင့်မသာတဲ့သူတွေအနေနဲ့ မတ်တပ်ရပ်ခြင်းဖြင့် အကျိုးကျေးဇူးရရှိနိုင်ကြောင်း မှတ်ချက်ပြုသွားပါတယ်။
Source: Daily Mail
#Yangon_Media_Group
Published 9 August 2022
တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တော်နှင့် အနီးတစ်ဝိုက်မှာ တနင်္လာနှင့် အင်္ဂါနေ့တွေတုန်းက မိုးကြီးပြီး ရေလွှမ်းမိုးခဲ့တဲ့အတွက် အနည်းဆုံး လူ(၈)ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရသွားခဲ့ပါတယ်။
မုန်တိုင်းကြောင့် ရေလွှမ်းမိုးခဲ့တဲ့အတွက် လူ(၆)ဦးလည်း ပျောက်ဆုံးနေပါတယ်။
အင်္ဂါနေ့ မနက်၅နာရီအထိ ဆိုးလ်မြို့တော်မှာ မိုးရေချိန်လက်မ၄၂၀ မီလီမီတာရှိခဲ့ပြီး မိုးတွေထပ်ရွာဦးမယ့် အခြေအနေလည်းရှိပါတယ်။
မိုးကြီးလေကြီးထဲမှာ အချို့သောလမ်းတွေ၊ပန်းခြံတွေနှင့် မြေအောက်ရထားဘူတာရုံတွေ ရေနစ်မြုပ်ခဲ့ပြီး လူတွေဟာ ရေတွေထဲမှာ ပိတ်မိနေပါတယ်။ ရေလွှမ်းမိုးခံရတဲ့ အိမ်ခြေ ၁၀၀ ကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
မုန်တိုင်းကြောင့် မြေပြိုမယ့်အန္တရာယ်ကို သက်ဆိုင်ရာက သတိပေးထားပါတယ်။ လာမယ့်ရက်အနည်းငယ်အထိ မိုးသည်းနေဦးမယ်လို့ မိုးဇလဌာနက ပြောပါတယ်။
Source: CCTV Plus
#Heavy_rainfall_Seoul
#South_Korea_Seoul_Flood
#Climate_Change
#World_Climate
Published 9 August 2022
ဩစတြီးယားနိုင်ငံ ဂျမ်တယ်လ်ရေခဲပြင်ကြီးမှ နှင်းများနဲ့ရေခဲများ အရင်ကထက် ပိုမိုလျင်မြန်စွာအရည်ပျော်လျက်ရှိပြီး သိပ္ပံနည်းကျဆိုင်ရာ အဖိုးတန်အချက်အလက်များ အပြီးတိုင်ပျောက်ကွယ်သွားမှာကို သိပ္ပံပညာရှင်'အန်ဒရီယာဖစ်ရှာ'က စိုးရိမ်နေပါတယ်။
#Yangon_Media_Group
#DailyNews
Published - 9 August 2022
၁။ မြန်မာ-တရုတ် နယ်စပ်ဂိတ်များဖြစ်သည့် ကန်ပိုက်တီနှင့် လွယ်ဂျယ်ကို အဆင့်မြှင့်တင်မည်
၂။ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် သွားရောက်သည့်အလုပ်သမားများ စာချုပ်ပါအတိုင်း မကိုက်ညီမှုရှိနေသည်ဟုဆို
၃။ မွန်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး သဘာဝဘေးကြုံတွေ့နိုင်၍ ကြိုတင်ပြင်ဆင်နေ
၄။ ရေခဲပြင်များ အရည်ပျော်ကျလာခြင်းနှင့် ပတ်သက်၍ ဩစတြီးယားသိပ္ပံပညာရှင်များ လျှို့ဝှက်ချက်တွေ ဖော်ထုတ်နိုင်ရန်ကြိုးပမ်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Politics
Published 9 August 2022
အက်ဖ်ဘီအိုင်အေးဂျင့်များက သမ္မတဟောင်းဒေါ်နယ်ထရမ့်ရဲ့ မာရာလာဂိုအိမ်ယာကို တနင်္လာနေ့က ဝင်ရောက်စီးနင်းခဲ့ပြီး သူ့သားရဲ့ပြောဆိုချက်အရ မီးခံသေတ္တာကိုပါ ချိုးဖျက်ခဲ့ကြပါတယ်။
ဒါဟာ အိမ်ဖြူတော်ကနေ ဖလော်ရီဒါအပန်းဖြေအိမ်ယာသို့ ထရမ့်ရွှေ့ပြောင်းခဲ့တဲ့ တရားဝင်သမ္မတမှတ်တမ်းမှတ်ရာများအပေါ် စုံစမ်းစစ်ဆေးတဲ့သဘောဖြစ်ပါတယ်။
သမ္မတဟောင်းနေအိမ်ကို ရှာဖွေစစ်ဆေးတာဟာ မကြုံစဖူးဖြစ်ရပ်ဖြစ်ပြီး မှတ်တမ်းစုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ အခြေအနေတွေတင်းမာလာဦးမှာ ဖြစ်ပါတယ်။
ထရမ့်ဟာ သမ္မတရာထူးထမ်းဆောင်နေစဉ်ကတည်းကစလို ပုဂ္ဂလိကလုပ်ငန်းများအထိ အကြိမ်ကြိမ်ရှာဖွေစစ်ဆေးခြင်း ခံထားရပြီးပါပြီ။
ရှာဖွေစစ်ဆေးမှုနဲ့ပတ်သက်ပြီး အမေရိကန်တရားရေးဌာနဘက်က မှတ်ချက်ပြုခြင်းမရှိသေးဘဲ ထရမ့်ရဲ့ထုတ်ပြန်ချက်မှာတော့ အက်ဖ်ဘီအိုင်အေးဂျင့်အများအပြား ပါဝင်ခဲ့တယ်လို သိရပါတယ်။
ဝါရှင်တန်ရှိ အက်ဖ်ဘီအိုင်ရုံးချုပ်နဲ့ မိုင်ယာမီရုံးတိုကလည်း မှတ်ချက်ပြုဖို့ ငြင်းဆိုထားပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ သားတစ်ယောက်ဖြစ်တဲ့'အဲရစ်ထရမ့်'က Fox News သတင်းဌာနကို ပြောကြားခဲ့ရာမှာ အိမ်ဖြူတော်ကနေပါလာတဲ့ မှတ်တမ်းစာချုပ်သေတ္တာများကို ရှာဖွေခဲ့တဲ့အပြင် အဖေဖြစ်သူ အမျိုးသားမော်ကွန်းတိုက်နဲ့ ပူးပေါင်းနေတယ်ဆိုတဲ့ အချက်အလက်မှတ်တမ်းများကိုလည်း ရှာဖွေခဲ့ကြတယ်လို သိရပါတယ်။
ထိုကိစ္စနဲ့နီးစပ်သူတစ်ဦးကလည်း ရိုက်တာသတင်းဌာနကို ပြောပြရာမှာ ဝင်ရောက်စီးနင်းမှုက အိမ်ဖြူတော်ကနေ ထရမ့်သယ်ဆောင်လာတဲ့ မှတ်တမ်းမှတ်ရာများနဲ့ ဆက်စပ်နေလိမ့်မယ်လို အတည်ပြုခဲ့ပါတယ်။
"အိမ်ယာကြီးကို ဝင်ရောက်စီးနင်းထားပြီးတော့ ဝိုင်းရံထားပါတယ်၊ ဘာကြောင့် ဝင်စီးလဲဆိုတာကိုတော့ မသိရသေးပါဘူး" လို 'ထရမ့်'ကဆိုပါတယ်။
"အစိုးရအေဂျင်စီတွေနဲ့ ပူးပေါင်းပြောဆိုအပြီးမှာတော့ အခုလို ဝင်ရောက်စီးနင်းတာက မသင့်တော်တဲ့လုပ်ရပ်ဖြစ်ပြီး မီးခံသေတ္တာကိုပါ ဖောက်သွားပါတယ်" လို ပြောကြားခဲ့ပါတယ်။
ဝင်ရောက်စီးနင်းခံရချိန် တနင်္လာနေ့မှာ ထရမ့်က နယူးယော့ခ်ကိုရောက်ရှိနေတာဖြစ်ပြီး Fox News သတင်းထောက်တစ်ဦးက ထရမ့်တာဝါကနေ ဒေါ်နယ်ထရမ့်ထွက်ခွာလာတဲ့ဓာတ်ပုံကို မှတ်တမ်းတင်ကာ Fox News သတင်းဌာနမှ ဖော်ပြထားပါတယ်။
ထရမ့်ဟာ ၂၀၂၁ ဇန်နဝါရီလက အိမ်ဖြူတော်ကနေ ထွက်ခွာလာပြီးနောက် ပါးလ်မ်ကမ်းခြေမှာ နေထိုင်နေခဲ့ကာ နွေရာသီကာလ မာရာလာဂိုအိမ်ယာပိတ်ထားတဲ့အချိန်မှာတော့ နယူးဂျာစီ ဘတ်ဒ်မင်စတာရှိ ဂေါက်ရိုက်ကလပ်မှာ အချိန်ဖြုန်းနေခဲ့တာဖြစ်ပါတယ်။
ဖက်ဒရယ်ဥပဒေဖြစ်တဲ့ အမေရိကန်သမ္မတမှတ်တမ်းအက်ဥပဒေမှာ သမ္မတရဲ့တရားဝင်တာဝန်များနဲ့ပတ်သက်တဲ့ မှတ်စုတိုများ၊ စာစောင်များ၊ မှတ်စုများ၊ အီးမေးလ်များ၊ ဖက်စ်များနဲ့ လက်ရေးဖြင့်ရေးသားထားတဲ့ အခြားဆက်သွယ်မှုများကို သိမ်းဆည်းထားခြင်းတို လိုအပ်ပါတယ်။
ရှာဖွေစစ်ဆေးခြင်းက တရားမျှတမှုရှိရမယ်လို တရားဥပဒေစိုးမိုးရေးအဖွဲက သရုပ်ပြဆောင်ရွက်ပြီးနောက် ပုဂ္ဂလိကနေအိမ်တွေကို ရှာဖွေစစ်ဆေးရန်အတွက် တရားသူကြီးတစ်ဦးက အတည်ပြုပေးရမှာဖြစ်ပါတယ်။
Source: Reuters
#Yangon_Media_Group
P
Published 9 August 2022
ဟောလီဝုဒ်နာမည်ကျော်ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ Six Days Seven Nights ကားမှာ မင်းသား ဟဲရစ်ဆင်ဖို့ဒ်နှင့်အတူ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး အန်း ဟက်ချ် Anne Heche ဟာ လွန်ခဲ့တဲ့လေးရက်က ယာဉ်တိုက်မှုတစ်ခုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ဆေးရုံမှာ အသက်ရှုစက်တပ်ထားရဲ့အထိ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့ ရိုက်တာက ရေးပါတယ်။
အသက် ၅၃နှစ်အရွယ် ဟက်ချ်ဟာ ပြီးခဲ့တဲ့သောကြနေ့ နှောင်းပိုင်းမှာ သူမမောင်းနှင်လာတဲ့ကား အရှိန်မထိန်းနိုင်ဘဲ လော့အင်ဂျလိရဲ့ ဝက်ဆိုက်ရပ်ကွက်က အိမ်တစ်အိမ်ထဲ အရှိန်နှင့်ဝင်တိုက်မိပြီး မီးလောင်ခဲ့တယ်လို့ ရဲဌာနမှ သိရပါတယ်။
အိမ်ထဲက တစ်ဦးမျှ ဒဏ်ရာမရရှိကြဘဲ အိမ်ကတော့ မီးစွဲလောင်သွားခဲ့ကာ မီးသတ်သမား ဒါဇင်ကျော် လာရောက်မီးညှိမ်းသတ်ခဲ့ကြရပါတယ်။
ကားမတော်တဆမှုဖြစ်ပြီး သိပ်မကြာခင်ဘဲ ဟက်ချ်ဟာ သတိပြန်မရတော့ဘဲ ကိုမာ ဝင်သွားခဲ့ပါတယ်လို့ သူမကိုကိုယ်စားပြုထားတဲ့ အနုပညာရှင်တွေကို စီမံခန့်ခွဲပေးတဲ့ Zero Gravity Management က အဖွဲ့ဝင် မိုက်ကယ်မက်ကော်နယ်ကပြောပါတယ်။
အဲဒီကတည်းက သူမဟာ အတော်စိုးရိမ်ရတဲ့အခြေအနေရှိနေခဲ့ပါတယ် လို့ သူက ရိုက်တာကိုပြောပါတယ်။
သူမဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေက လူရွှင်တော်အမျိုးသမီး Ellen DeGeneres နှင့် ချစ်ကြိုးသွယ်ခဲ့တယ်ဆိုပြီး အပျော်ဖတ် မီဒီယာတွေမှာ ခေါင်းစီးသတင်းတွေဖြစ်ခဲ့တာပါ။ အဲဒီတုန်းက DeGeneresဟာ သူမကိုယ်သူမ လိင်တူဆက်ဆံသူလို့ လူသိရှင် ကြားပြောထားတဲ့အချိန်ပါ။ သူတို့ခွာပြဲသွားကြပြီးနောက် ဟက်ချင်ဟာ ကင်မရာမင်း ကိုလလမင်း လက်ဖွန်နှင့်လက်ထပ်ပြီး နောက်ပိုင်း ကွာရှင်းခဲ့ကြပါတယ်။ အဲဒီနောက်သူမဟာ Men in Trees ရုပ်သံအစီအစဉ်မှာ သူမနှင့်အတူတွဲဖက်ပါဝင်တဲ့ မင်းသား James Tupper နှင့် အချိန်အတိုင်းအတာတစ်ခုအထိ ချစ်ကြိုးသွယ်ခဲ့ကြပါတယ်။
Source: Reuters
#Anne_Heche
#Anne_heche_Coma
#Anne_Heche_car_accident

#Health_Tips
Published 9 August 2022
နေ့စဉ် အကြောဖြေလျှော့ခြင်းဖြင့် ဦးနှောက်အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်ပြီး စိတ်ဖောက်ပြန်ခြင်းမှ ကင်းဝေးစေနိုင်ပါတယ်။
ထိုကဲ့သို့အကြောဖြေလျှော့ခြင်းက နှလုံးလေ့ကျင့်ခန်းတွေလိုမျိုး ထိရောက်မှုရှိစေကြောင်း လေ့လာတွေ့ရှိထားပါတယ်။
မှတ်ဉာဏ်ချို့ယွင်းမှုလက္ခဏာအပျော့စား(MCI) ခံစားနေရပြီး လှုပ်ရှားလေ့ကျင့်ခန်းမပြုလုပ်ကြတဲ့ လူကြီး ၃၀၀ နီးပါးကို စမ်းသပ်ခဲ့ကြပါတယ်။
MCI ဝေဒနာက အသက်ကြီးသူတွေရဲ့ဦးနှောက်မှာ မှတ်ဉာဏ်နဲ့ပတ်သက်ပြီး ပြောင်းလဲမှုများဖြစ်ပေါ်နိုင်ပေမယ့် နေ့စဉ်လှုပ်ရှားပြုလုပ်ခြင်းတွေကိုတော့ မထိခိုက်စေပါဘူး။
အသက် ၆၅ နှစ်အထက်လူကြီးရွယ်အို ၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းတိုဟာ MCI ဝေဒနာကို ခံစားနေကြရပါတယ်။
ဒါက စိတ်ဖောက်ပြန်တဲ့ရောဂါမျိုးမဟုတ်ပေမယ့် MCI ဝေဒနာခံစားနေရတဲ့သူတွေဟာ စိတ်ဖောက်ပြန်ခြင်း ဖြစ်နိုင်ချေရှိလာနိုင်ပါတယ်။
စမ်းသပ်မယ့်သူတွေကို အဖွဲ့ ၂ ဖွဲ့ခွဲကာ တစ်ဖွဲ့က စက်ဘီးစီးစက်၊ ပြေးစက်တို့ဖြင့် လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်ခိုင်းကာ ကျန်တစ်ဖွဲ့ကတော့ အကြောဖြေလျှော့ခြင်းမျိုး ပြုလုပ်ခဲ့ကြပါတယ်။
တစ်နှစ်ကြာပြီးနောက် သုတေသီများက ဦးနှောက်ဓာတ်မှန်ရိုက်ခြင်းနဲ့ မှတ်ဉာဏ်စမ်းသပ်မှုများ ပြုလုပ်ကြပါတယ်။
အဆိုပါ ၂ ဖွဲ့စလုံးမှာ မှတ်ဉာဏ်စွမ်းရည်ကျဆင်းတာမျိုး မရှိတဲ့အပြင် ဦးနှောက်ကျုံသွားတာမျိုးလည်း မရှိကြောင်း သုတေသီများဖော်ပြခဲ့ကြပါတယ်။
အကြောဖြေလျှော့ခြင်းဆိုတာက လူတိုင်းလုပ်ဆောင်နိုင်တဲ့အရာဖြစ်ကြောင်း ဦးဆောင်သုတေသီဒေါက်တာ'လော်ရာဘိတ်ကာ'က ရှင်းပြပါတယ်။
"MCI ဝေဒနာခံစားရသူတွေက မှတ်ဉာဏ်ပိုင်းမှာ ပုံမှန်မဟုတ်တော့ပေမယ့် စိတ်ဖောက်ပြန်တာမျိုးလည်း မဟုတ်ပါဘူး၊ သူတို့ဘာသာသူတို့ စောင့်ရှောက်နေထိုင်နိုင်ပေမယ့် မောပန်းခြင်းတော့ ကြုံတွေ့နေရမှာပါ" လို့ CNN ကိုရှင်းပြခဲ့ပါတယ်။
လေ့ကျင့်ခန်းညွှန်ကြားပြသပေးသူ'ရှောင်ကင်စ်မန်'က အကြောဖြေလျှော့ခြင်းဟာ ထိခိုက်ဒဏ်ရာကာကွယ်ပေးခြင်း၊ အဆစ်အမြစ်လှုပ်ရှားခြင်း၊ ရောင်ရမ်းမှုကိုလျှော့ချခြင်းတို့မှာ ကူညီပေးနိုင်ပါတယ်လို့ ပြောကြားသွားပါတယ်။
Source: The Sun
#Yangon_Media_Group
Page 991 of 1180