#World_Education
Published 13 September 2022
ကိုလံဘီယာတက္ကသိုလ်ဟာ တက္ကသိုလ်နာမည်ကျော်ကြားမှုအဆင့်ဖော်ပြရာ၌ အချက်အလက်အချို့ကို မမှန်မကန်ဖော်ပြခဲ့ကြောင်း ဝန်ခံပြီးနောက် အမေရိကန်မှ အကောင်းဆုံးကောလိပ်များ စာရင်းတွင် နံပါတ် ၁၈ နေရာသို့ ကျဆင်းသွားခဲ့ပါတယ်။
ပရင့်စ်တန်တက္ကသိုလ်ရဲ့နောက် နံပါတ် ၂ နေရာမှာ ရှိနေခဲ့တဲ့ အိုင်ဗီလိဂ်ကျောင်းက သူတို့မှာ အတန်းမည်မျှရှိကြောင်း၊ PhD ဘွဲ့ အမြင့်ဆုံးဘွဲ့များအတွက် မေဂျာမည်မျှရှိကြောင်း အလွန်အကျူးဖော်ပြခဲ့တဲ့တယ်လို့ ဆိုပါတယ်။
ကိုလံဘီယာတက္ကသိုလ်ဟာ သူတို့တင်ပြထားတဲ့ အချက်အလက်တွေထက် လျော့နည်းနေကာ ဘယ်လိုပဲအကြောင်းပြချက် ပေးစေကာမူ ကိုလံဘီယာ တက္ကသိုလ်ကိုယ်တိုင်က ကိုင်ဆောင်ထားတဲ့ စံချိန်စံညွှန်းများနဲ့ မကိုက်ညီကြောင်း တက္ကသိုလ်စီမံခန့်ခွဲရေးမှူး'မေရီဘွိုက်စ်'က သောကြာနေ့ကထုတ်ပြန်လိုက်ပါတယ်။
"အရင်ကတင်ပြခဲ့တဲ့အထဲမှာ မှားယွင်းမှုတွေရှိနေတဲ့အတွက် အနူးအညွတ်တောင်းပန်ပါတယ်၊ ဒီထက်ပိုကောင်းစေဖို့အတွက် အခုလိုဝန်ခံခဲ့တာဖြစ်ပါတယ်" လို့ ဆိုခဲ့ပါတယ်။
'ဘွိုက်စ်'ကဆက်လက်ပြီး "ကိုလံဘီယာဘွဲ့ကြိုသင်ကြားရေးက အဆင့်မြင့်ပညာရေးဌာနတွေကနေ သင်ကြားနေတဲ့ အတန်းတွေအပေါ် အမြဲတမ်းဗဟိုပြုထားပြီး ဒီအချက်က မပြောင်းလဲပါဘူး" လို့ ပြောပြခဲ့ပါတယ်။
၂၀၂၁ ခုနှစ်အတွက် အမေရိကန်ဘွဲ့ကြိုတက္ကသိုလ်များရဲ့အဆင့်ထုတ်ပြန်ချက်မှာ တင်ပြခဲ့တဲ့ Upper Manhattan ကျောင်းရဲ့အချက်အလက်တိကျမှုအပေါ် ကိုလံဘီယာတက္ကသိုလ်သင်ကြားရေးအဖွဲ့ဝင်တစ်ဦးက မေးခွန်းထုတ်လိုက်တဲ့အချိန်မှာ အခုလို သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။
ဖေဖော်ဝါရီလတုန်းက သင်္ချာပရော်ဖက်ဆာ'မိုက်ကယ်သဲဒီးယပ်စ်'က ကိုလံဘီယာရဲ့ အဆင့်သတ်မှတ်ချက်ဟာ မမှန်ကန်ခြင်း၊ သံသယဖြစ်ဖွယ်ရှိခြင်း၊ အထင်လွဲမှားစရာရှိခြင်းစသဖြင့် အဓိကပါဝင်ပတ်သက်သူများကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
'သဲဒီးယပ်စ်'ရဲ့ပြောကြားချက်အရ ကိုလံဘီယာဟာ သူတို့ရဲ့ပညာသင်ကြားရေးအဖွဲ့ဝင်အားလုံးဟာ PhD ဘွဲ့ ဒါမှမဟုတ် အဆင့်မြင့်ဆုံးဘွဲများရရှိထားတယ်လို့ ဆိုခဲ့ပေမယ့် တကယ်တမ်းမှာတော့ သင်ကြားသူ ၉၅.၃ ရာခိုင်နှုန်းကသာ ဒီလိုဘွဲ့မျိုးတွေ ရရှိထားတာဖြစ်ပါတယ်။
ကိုလံဘီယာက အခုနှစ်အတွက် ဘွဲ့ကြိုတက္ကသိုလ်အဆင့်သတ်မှတ်ချက်မှာ အချက်အလက်တွေ လျှောက်ထားမှာမဟုတ်ဘူးလို့ ဇွန်လက ကြေညာခဲ့ပါတယ်။
US News ကနေ ပြီးခဲ့တဲ့နှစ်က နံပါတ် ၂ နေရာမှာ ကိုလံဘီယာတက္ကသိုလ်နဲ့အတူ ဟားဗတ်ဒ်၊ မာဆာချူဆက်တက္ကသိုလ်တို ပူးတွဲရရှိခဲ့ပါတယ်။
လက်ရှိမှာတော့ နံပါတ် ၁ နေရာမှာ ပရင့်စ်တန်တက္ကသိုလ် ဆက်လက်ဦးဆောင်နေပြီး မာဆာချူဆက်က နံပါတ် ၂ နဲ့ ဟားဗတ်ဒ်၊ စတန်းဖိုဒ်၊ ယေးလ်တက္ကသိုလ်တို့က ပူးတွဲနံပါတ် ၃ ဖြစ်နေပါတယ်။
"နိုင်ငံတဝှမ်းက တက္ကသိုလ်တွေရဲ့ အရည်အသွေးကို မှန်မှန်ကန်ကန်တင်ပြဖို့လိုပါတယ်၊ ဒါမှ ကျောင်းသားတွေနဲ့ အုပ်ထိန်းသူတွေက ကျောင်းတက်ဖို့ ရှာဖွေဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်" လို့ US News က ပြောကြားခဲ့ပါတယ်။
#Source: NY Post
#Yangon_Media_Group
#World_Health
Published 13 September 2022
ကလေးငယ်တွေ မနက်စာမလွတ်တမ်းစားသင့်တဲ့အကြောင်း လေ့လာကြရာ မနက်စာမစားတဲ့ကလေးတွေဟာ စိုးရိမ်ပူပန်ခြင်း၊ ကိုယ့်ကိုယ်ကိုတန်ဖိုးမထားခြင်း၊ စိတ်ခံစားချက်မကောင်းခြင်းစတဲ့ အပြုအမူဆိုးများပေါ်ပေါက်လာနိုင်ချေ ၃ ဆပိုများနေပါတယ်။
သုတေသီတွေက စပိန်မှ အသက် ၄ နှစ်နဲ့ ၁၄ နှစ်ကြားကလေး ၃,၇၀၀ ကို စစ်တမ်းကောက်ယူပြီး မနက်စာစားတဲ့အကျင့်က သူတို့ရဲ့စိတ်ကျန်းမာရေးကို ဘယ်လောက်အထိသက်ရောက်လဲဆိုတာကို လေ့လာခဲ့ကြပါတယ်။
ဒါ့အပြင် အပြင်ဆိုင်တွေမှာ မနက်စာစားတာကလည်း အိမ်မှာစားတာထက် စိတ်ကျန်းမာရေးအခြေအနေ ပေါ်ပေါက်နိုင်ချေရှိနေကြောင်း တွေ့ရှိခဲ့ပါတယ်။
မနက်စာမစားတဲ့အခါ ကလေးတွေက တစ်နေ့လုံးအားအင်လုံလောက်စွာ မရရှိတော့ပါဘူး။
ဒီလိုအခြေအနေမျိုးမကြုံရအောင် ကလေးတွေအနေနဲ့ နေ့စဉ်မနက်စာစားသုံးသင့်တယ်လို့ ဒေါက်တာ'ဟိုဆေးဖရန်ဆစ္စကိုလိုပက်ဇ်ဂီလ်'က ဖော်ပြခဲ့ပါတယ်။
'လိုပက်ဇ်ဂီလ်'က အိမ်မှာပဲ အဟာရပြည့်ဝတဲ့မနက်စာစားသုံးခြင်းက အဓိကအချက်ဖြစ်ကြောင်း၊ ဆိုင်တွေမှာစားသုံးခြင်း၊ အချို့သောအစားအစာများကို စားသုံးခြင်းတိုကလည်း ကလေးတွေမှာ လူမှုပေါင်းသင်းဆက်ဆံရေးပြဿနာများ ဖြစ်နိုင်ချေနဲ့ဆက်စပ်နေကြောင်း ပြောပြခဲ့ပါတယ်။
ကလေးတွေရဲ့မိဘတွေကို သူတို့ကလေးတွေ မနက်စာစားတဲ့ပုံစံ၊ အစားအစာတွေအကြောင်း မေးမြန်းပြီးနောက် သူတို့ရဲ့ အပြုအမူ ပေါင်းသင်းဆက်ဆံရေးအခြေအနေကိုလည်း မေးမြန်းခဲ့ကြပါတယ်။
အသက်အရွယ်၊ ကျား/မ၊ ဒေသနေရာ စတဲ့အချက်အလက်တွေနဲ့ မပတ်သက်အောင်လည်း မှတ်တမ်းတင်ခဲ့ကြပါတယ်။
ထိုအခါ မနက်စာမစားတဲ့ကလေးတွေက စားတဲ့ကလေးတွေထက် အမူအရာမမှန်တဲ့ပြဿနာမျိုးဖြစ်နိုင်ချေ ၃.၂၉ ဆပိုများနေခဲ့ကာ ဆိုင်တွေမှာ စားလေ့ရှိတဲ့ ကလေးတွေကတော့ ၂.၀၆ ဆ ပိုများပါတယ်။
စားသောက်ဆိုင်တွေမှာ မနက်စာစားတာက ကျန်းမာရေးနဲ့မညီညွတ်တာကြောင့် ဒီလိုပြဿနာဖြစ်နိုင်ကြောင်း ယူဆနေကြပါတယ်။
စားတဲ့အမျိုးအစားတွေအရ ပေါင်မုန့်မီးကင်၊ အဟာရကွေကာတိုက ဒီလိုပြဿနာဖြစ်နိုင်ချေ ၃၁ ရာခိုင်နှုန်းပိုများကာ ကြက်ဥ၊ ချိစ်၊ အသားပြားတွေမပါဘဲစားသောက်ရင်တော့ မူမမှန်တဲ့ပြဿနာဖြစ်နိုင်ချေ ၄၄ ရာခိုင်နှုန်းလျော့နည်းပါတယ်။
ဒါ့အပြင် မနက်စာကို အိမ်မှာစားဖို့တိုက်တွန်းတာကလည်း ကျန်းမာစေမယ့်နည်းလမ်းဖြစ်ပါတယ်။
ကလေးတွေမှာ စိတ်ကျန်းမာရေးပြဿနာလျော့ကျစေဖို့ ကာဗိုဟိုက်ဒရိတ်နဲ့ နို့ထွက်ပစ္စည်းစားသုံးသင့်ပေမယ့် အဆီများတဲ့ ဝက်ပေါင်ခြောက်၊ ကြက်ဥတို့ကို မစားသင့်ပါဘူး။
Source: The Jerusalem Post
#Yangon_Media_Group
#World_Art
Published 12 September 2022
ပြင်သစ်နိုင်ငံပဲရစ်မြို့ နိုထာဒမ်းဘုရားကျောင်းရဲ့ ပန်းချီကားကြီး ၂၂ ချပ်ကို ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် လူအများအပြားက အချိန်မီအောင် ကြိုးပမ်းဆောင်ရွက်နေကြရပါတယ်။
#Yangon_Media_Group
Published 12 Sept 2022
မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုန်းအန်က နိုင်ငံရဲ့ နျူကလီးယားနိုင်ငံအဆင့်အတန်းဟာ နောက်ပြန်လှည့်သွားလို့ မရတော့ဘူးလို့ ပြောလိုက်ပါတယ်။
ပြုံးယမ်းဟာ သမားရိုးကျတိုက်ခိုက်မှုနှင့်ရင်ဆိုင်နေရတာတွေပါ အပါအဝင် တိုက်ခိုက်မှုတွေရှိလာတဲ့အခါ ကာကွယ်မှုအရ နျူကလီးယားတိုက်ခိုက်မှုပြုလုပ်ဖို့ အဆင်သင့်ဖြစ်စေရေး ကြေညာတဲ့ ဥပဒေတစ်ခု အတည်ပြုပြီးနောက် သူက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
သောကြာနေ့က မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ KCTVက ထုတ်လွှင့်တဲ့ သူ့ရဲ့ မိန့်ခွန်းမှာ သူက “ နျူကလီးယားအင်အား မူဝါဒကို ဥပဒေအဖြစ်ပြဋ္ဌာန်းလိုက်ခြင်းကြောင့် ကျွန်တော်တို့နိုင်ငံကို နျူကလီးယားလက်နက်နိုင်ငံအဖြစ် အဆင့်အတန်းကို မပြောင်းလဲနိုင်တော့ပါဘူး” လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
Source AFP/KCTV
#Kim_Jong_Un
#Nuclear_state
#North_Korea
#DailyNews
Published _ 12 September 2022
၁။ ကျိုက်ထီးရိုးရှိ စားသောက်ဆိုင်နှင့် ထမင်းဆိုင်များ ပြန်ဖွင့်ရန်ပြင်ဆင်နေ
၂။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲပုပ်ဧက ၁သောင်း တိုးချဲ့စိုက်ပျိုးသွားမည်
၃။ လက်ကျန်ပဲများကိုသာ ပြည်ပသို့တင်ပို့နေရဟုဆို
၄။ နိုထာဒမ်းဘုရားကျောင်းမှ ပျက်စီးသွားသောပန်းချီပိတ်ကားများအား အချိန်မီပြီးစီးအောင် မွမ်းမံလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 12 Sept 2022
အီလွန်မတ်စ်ရဲ့ ကောလိပ်တုန်းက ရည်းစားဟောင်းက သူတို့နှစ်ယောက်ရဲ့ အမှတ်တရပစ္စည်းတွေကို လေလံတင်ရောင်းချရာ အဲဒါတွေဟာ ရေပန်းစားနေပါတယ်။
ဂျနီဖာဂွင်းဟာ ပဲင်စီလ်ဗေးနီးယား တက္ကသိုလ်တက်တုန်းက အခုကမ္ဘာ့အချမ်းသာဆုံးဖြစ်နေတဲ့ တစ်ကျောင်းတည်းသား အီလွန်မတ်စ်နှင့် တွဲခဲ့ပါ တယ်။ အခုသူက အဲဒီတုန်းက သူတို့ရဲ့ ဓာတ်ပုံတွေနှင့် အခြားအမှတ်ရစရာပစ္စည်းအတိုအထွာတွေကို ဘော့စတွန်အခြေစိုက် PR လေလံမှာ လေလံတင်ရောင်းချနေပါတယ်။
အဲဒီအထဲမှာ အီလွန်မတ်စ်ရဲ့ တက္ကသိုလ်ကျောင်းသားဘဝ နုပျိုရွှင်လန်းနေတဲ့ လျှပ်တစ်ပြက် ဓာတ်ပုံ ၁၈ ပုံ၊ မွေးနေ့ဆုတောင်း လက်ရေးကတ်နှင့် မတ်စ်လက်ဆောင်ပေးခဲ့သော ရွှေလည်ဆွဲလေးတစ်ခုတို့ပါဝင်ပါတယ်။

တနင်္ဂနွေညကတော့ အချစ်များစွာဖြင့်-အီလွန်လို့ လက်မှတ်ရေးထိုးထားတဲ့ မွေးနေ့ကတ်ကလေးကို ဒေါ်လာ တစ်သောင်းနှင့် ၂၃ဦးလေလံအပြိုင်ဆွဲခဲ့ပါတယ်။
နောက်စိတ်ဝင်စားစရာတစ်ခုက လည်ဆွဲပါ။ မတ်စ် အဖေအာရိုးပိုင်တဲ့ ဇမ်ဘီယာ သတ္တုတွင်းကထွက်တဲ့ မြစိမ်းနှင့် လုပ်ထားတာပါ။ ဓာတ်ပုံတွေထဲမှာ မတ်စ်က သူငယ်ချင်းတွေနှင့် အပြင်ထွက်သွားလာတာ၊ အဆောင်အနားတစ်ဝိုက် လမ်းသလားတာ၊ ပြီးတော့ ဂွင်းကို ပွေ့ဖက်ထားတာ စသဖြင့်ပါဝင်ပါတယ်။
၁၉၉၄ ခုနှစ်ဝန်းကျင်မှာ မတ်စ်ကို တွဲခဲ့တဲ့ ဂွင်းဟာ သူ့ မွေးစားသား တက္ကသိုလ်တက်ဖို့ ကျောင်းလခရရှိဖို့ ဒီပစ္စည်းတွေကို လေလံတင်ရောင်းချတာဖြစ်ပါတယ်။

RR Auction မှာ နာမည်ကျော်လုပ်ငန်းရှင်ကြီးတွေနှင့်ပတ်သက်တဲ့ ပစ္စည်းတွေ လေလံတင်ရောင်းတာ ဒါဟာ ပထမဦးဆုံး အကြိမ်တော့မဟုတ်ပါဘူး။ ကုမ္ပဏီဟာ ဩဂုတ်လတုန်းက စတိဗ်ဂျော့ဗ်ရဲ့ ပထမဆုံး Apple-1 prototype ကို ဒေါ်လာ ခြောက်သောင်းရှစ်ထောင်နီးပါးနှင့် လေလံတင်ရောင်းချပေးခဲ့ပါတယ်။
သူတို့နှစ်ယောက်တွဲခဲ့ကြတဲ့ လွန်ခဲ့တဲ့ နှစ်(၃၀)ကတည်းက ယခု တယ်လ်ဆာရဲ့ ပိုင်ရှင်သူဋ္ဌေးဖြစ်နေတဲ့ မတ်စ်ဟာ လျှပ်စစ် ကားတွေကို အမြင်ရှိနေပြီလို့ Insiderရဲ့အင်တာဗျူးမှာ ဂွင်းက ပြောပါတယ်။
“ သူဟာ လျှပ်စစ်ကားတွေအကြောင်းပြောတယ်။ ပြီးတော့ သမားရိုးကျမဟုတ်တဲ့ စွမ်းအင်တွေအကြောင်းသူပြောတယ်” လို့ သူမက ဆက်ပြောပါတယ်။








Source: Insider
#Elon_Musk
#Jennifer_Gwynne
#RR_Auction
#World_Business
Published 12 September 2022
အမေရိကန်ပြည်ထောင်စုဟာ ငွေကြေးဖောင်းပွမှုကြောင့် တိုင်းပြည်စီးပွားရေးတိုးတက်ရေး နှောင့်နှေးနေရတဲ့အပြင် စီးပွားရေးဆုတ်ယုတ်မှုအန္တရာယ်နဲ့လည်း ရင်ဆိုင်နေရပေမယ့် ဆိုးဆိုးရွားရွားကြီးဖြစ်မလာအောင်တော့ ရှောင်ရှားနိုင်သေးကြောင်း ဘဏ္ဍာရေးဝန်ကြီး'ဂျဲနတ်ယဲလန်'က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
ငွေကြေးဖောင်းပွမှုကို ဖြေရှင်းရန် ဗဟိုဘဏ်စနစ်က ငွေကြေးမူဝါဒပေါ်လစီကို တင်းကြပ်လိုက်တဲ့အခါ အမေရိကန်က ဆုတ်ယုတ်လာနိုင်တဲ့အန္တရာယ် ရှိနေတယ်လို့ သမ္မတ'ဂျိုးဘိုင်ဒန်'က ငွေကြေး၊ စီးပွားရေး၊ အခွန်မူဝါဒအကြောင်းများနဲ့ ပတ်သက်ပြီး CNN ကို ပြောကြားခဲ့ပါတယ်။
ဒီအန္တရာယ်က သေချာစောင့်ကြည့်ရမယ့် အခြေအနေဖြစ်တယ်လို့ 'ယဲလန်'ကဆိုကာ အမေရိကန်မှာ အလုပ်အကိုင် အခွင့်အလမ်းကောင်းမွန်နေတယ်လို့ ပြောကြားလိုက်ပါတယ်။
နှစ် ၄၀ အတွင်း ငွေကြေးဖောင်းပွမှု အမြင့်ဆုံးအနေအထားဖြင့် ဇွန်လက ၉.၁ ရာခိုင်နှုန်းရောက်ရှိခဲ့ကာ ဗဟိုဘဏ်က ပြည်သူများအပေါ်ဖိအားသက်သာစေရန် ဘဏ်နှုန်းထားများတဖြည်းဖြည်း မြှင့်တင်ပေးခဲ့ပြီး ကမ္ဘာ့စီးပွားရေးအင်အား အတောင့်တင်းဆုံးအမေရိကန်ရဲ့ စီးပွားရေးအခြေအနေ မပျက်စီးသွားစေရန် မျှော်လင့်နေရပါတယ်။
ကူးသန်းရောင်းဝယ်ရေးဘဏ်တွေကလည်း ဖောက်သည်တွေနဲ့ အဆင်ပြေစေရန် ဗဟိုဘဏ်အတိုးနှုန်းအတိုင်းသတ်မှတ်လိုက်ကာ အတိုးနှုန်းမြင့်မားမှ ဝယ်ယူသုံးစွဲမှုများနဲ့ ရင်းနှီးမြှုပ်နှံမှုများ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
ပေါ်လစီချမှတ်သူများက အန္တရာယ်ကြီးထွားမလာခင် ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ရမှာဖြစ်ပေမယ့် အမေရိကန်စီးပွားရေးဆုတ်ယုတ်မှုကြောင့် တစ်ကမ္ဘာလုံးကိုထိခိုက်မှာကိုလည်း မလိုလားပါဘူး။
'ယဲလန်'က ငွေကြေးဖောင်းပွမှု မြင့်မားလွန်းနေပြီး ပြန်လည်လျှော့ချဖို့လိုအပ်နေကြောင်း ဆိုပါတယ်။
စီးပွားရေးဆုတ်ယုတ်မှုဖြစ်ပေါ်မလာအောင် မူလရည်မှန်းထားတဲ့ ငွေကြေးဖောင်းပွမှုနှုန်း ၂ ရာခိုင်နှုန်းဆီသို့ အကျမနာဘဲ ပြန်လည်ရောက်ရှိအောင် ဗဟိုဘဏ်က ကြိုးပမ်းနေပါတယ်။
"ဒီအတွက် နည်းလမ်းရှိမယ်လို့ ယုံကြည်ပါတယ်၊ ငွေကြေးဖောင်းပွမှုကို မထိန်းနိုင်ဘဲ အလုပ်သမားအင်အား မတောင့်တင်းနိုင်ပါဘူး"လို့ ဆိုပါတယ်။
၂၀၂၂ ပထမနှစ်ဝက်အတွင်း တိုင်းပြည်ရဲ့ဝင်ငွေတိုးတက်မှု လျော့နည်းတာကြောင့် စီးပွားရေးဆုတ်ယုတ်လာတယ်လို့ ဆိုနိုင်ပါတယ်။
"လုံးဝဆုတ်ယုတ်နေတာတော့ မဟုတ်ပါဘူး၊ အလုပ်အကိုင်အခွင့်အလမ်း တောင့်တင်းနေပြီး အလုပ်ရှာနေတဲ့သူတစ်ဦးချင်းစီအတွက် အလုပ်အကိုင် ၂ နေရာလောက်ရှိနေပါတယ်"လို့ ပြောပြခဲ့ပါတယ်။
တကယ်တမ်းတော့ အလုပ်အကိုင်ခက်ခဲနေပြီး အလုပ်သမားပြတ်လတ်မှုများဖြစ်ပေါ်နေပါတယ်။
ဩဂုတ်လတုန်းက အလုပ်မဲ့ဦးရေ ၃.၇ ရာခိုင်နှုန်းသို့ လျော့လာခဲ့ကာ ကိုဗစ်ကြောင့် အလုပ်နားရသူတွေ အလုပ်ခွင်ပြန်ဝင်လာရတာကြောင့်လည်း ပတ်သက်နေပါတယ်။
Source: CNA
#Yangon_Media_Group
Page 928 of 1151