#World_Health
Published 24 August 2024
▪️ လေယာဉ်စီးရင်း အရက်သောက်ခြင်းက အထက်တန်းကျတယ်လို့ ထင်ရပေမယ့် မကြာသေးမီက လေ့လာချက်အရ ကျန်းမာရေးအန္တရာယ် ရှိနိုင်တယ်လို့ တွေ့ရှိလာပါတယ်။
▪️ အရက်သေစာနဲ့ အမြင့်ပေအထက်ပိုင်းရောက်နေတဲ့ လေယာဉ်ခန်းထဲက ဖိအားတို့ ရောစပ်တဲ့အခါ ခရီးစဉ်ကြာရှည်မယ်ဆိုရင် ခရီးသည်ရဲ့ နှလုံးကျန်းမာရေးကို အန္တရာယ် ဖြစ်စေနိုင်တယ်လို့ Thorax ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။
▪️ လေယာဉ်ပေါ်မှာ အရက်သောက်ပြီး အိပ်ပျော်သွားတဲ့အခါ သွေးပေါင်ချိန် ကျသွားပြီး နှလုံးခုန်နှုန်း မြင့်တက်လာကြောင်း တွေ့ရှိထားပါတယ်။
▪️ နှလုံးရောဂါအခံ ရှိသူတွေမှာ ပိုအန္တရာယ်များပြီး အရက်နဲ့ အမြင့်ပေအထက်ပိုင်း ဖိအားသက်ရောက်မှု နည်းတဲ့အနေအထားမှာ သွေးတွင်းအောက်ဆီဂျင်ပမာဏ သိသိသာသာ လျော့ကျသွားပါတယ်။
▪️ ထိုအခါမှာ ဦးနှောက်သို့ အောက်ဆီဂျင် ရောက်ရှိမှုနည်းပါးသွားပြီး အသက်အန္တရာယ် ရှိနိုင်ပါတယ်။
▪️ ထိုအချိန်မှာ အောက်ဆီဂျင်ပြည့်ဝနှုန်းက ၈၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားကာ နှလုံးခုန်နှုန်းက တစ်မိနစ်ကို ၈၈ ချက်နှုန်းအထိ မြင့်တက်လာပါတယ်။
▪️ ဒါ့အပြင် ညဘက်နှစ်ခြိုက်စွာ အိပ်ပျော်သွားတဲ့ REM အိပ်စက်မှုပုံစံကိုလည်း တိုတောင်းစေပါတယ်။
▪️ ငယ်ရွယ်သူတွေမှာ ထိုအခြေအနေကြောင့် နှလုံးကျန်းမာရေးကို ဖိစီးမှုဖြစ်စေပြီး နှလုံးနဲ့ အဆုတ်ရောဂါတို့ ရှိတဲ့သူတွေမှာ ရောဂါလက္ခဏာ ပိုဆိုးစေပါတယ်။
#Source: India Today
#World_Health
Published 24 August 2024
▪️ အခုနောက်ပိုင်း ဆိုရှယ်မီဒီယာတွေမှာ ရေခဲစိမ်ခြင်းက နာမည်ကြီးလာပြီး ဆယ်လီတွေ၊ လေ့ကျင့်ခန်းဆရာတွေ ကိုယ်တိုင်လည်း ပြုလုပ်လာပါတယ်။
▪️ ရေခဲရေနဲ့ ရေခဲတုံးတွေထည့်ထားတဲ့ ရေချိုးကန်ထဲမှာ စိမ်နေရတာဖြစ်ပြီး ကျန်းမာရေးအကျိုးကျေးဇူး အမျိုးမျိုး ရနိုင်တယ်လို့ ဆိုနေကြပါတယ်။
▪️ ရှေးခေတ်တွေကတည်းက ထိုအလေ့အထပေါ်ပေါ်က်ခဲ့ပြီး အခုအခါမှာ တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း၊ ရေကူးခြင်းတို့နဲ့ တွဲဖက်လုပ်ဆောင်လာကြပါတယ်။
▪️ ဒါပေမဲ့ ဒီအလေ့အထနဲ့ ပတ်သက်လို့ စံနှုန်းသတ်မှတ်ချက်တွေ တရားဝင်ရှိမနေပါဘူး။
▪️ ပရော်ဖက်ဆာ ဟယ်ပန်နဲ့ ဒေါက်တာရှာဟာတို့ရဲ့ ပြောကြားချက်အရ အအေးထိတွေ့ခြင်းဖြင့် အအေးခံနိုင်ရည်ရှိလာခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ခြင်း၊ ဖိစီးမှုခံနိုင်ခြင်း၊ ဓာတ်တိုးဆန့်ကျင်နိုင်ခြင်း၊ သွေးပေါင်ချိန်၊ ကိုယ်ခံအားစနစ်၊ နှလုံးသွေးကြော ကျန်းမာရေးတို့မှာ တိုးတက်နိုင်တယ်လို့ ဆိုပါတယ်။
▪️ ရေခဲကန်အပူချိန်က ၀ မှ ၁၅ ဒီဂရီဆဲလ်စီးယပ်စ်လောက်ရှိပြီး မိနစ်ပိုင်းကြာတဲ့အထိ စိမ်ခြင်းဖြင့် အကျိုးကျေးဇူးရရှိစေတယ်လို့ ဆိုကြပေမယ့် တိတိကျကျ ဖော်ပြထားတာတော့ မရှိပါဘူး။
▪️ သုတေသနအရ ရောင်ရမ်ခြင်းကို လျော့ကျစေကာ သွေးလည်ပတ်မှု၊ ကိုယ်ခံအား ကောင်းမွန်ခြင်း၊ လေ့ကျင့်ခန်းလုပ်ပြီးနောက် သက်သာစေခြင်း၊ ဇီဝကမ္မဖြစ်စဉ် မြှင့်တင်ပေးခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။
▪️ ရေခဲစိမ်ခြင်းက ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပြီး အအေးနဲ့ ဓာတ်မတည့်ခြင်း၊ နီမြန်းခြင်း၊ ဖောရောင်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ ရေခဲကိုက်ခြင်း၊ အာရုံကြောပြဿနာတွေ ဖြစ်နိုင်ပါတယ်။
▪️ အအေးထဲနေခြင်းကြောင့် နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန် မြင့်တက်စေနိုင်သလို နှလုံးခုန်မမှန်ခြင်း ပြဿနာ ရှိလာနိုင်ပါတယ်။
▪️ အချုပ်ပြောရရင် ရေခဲစိမ်ခြင်းဟာ အကျိုးကျေးဇူးရှိနိုင်သလို ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။
▪️ ဆေးပညာအရ အတည်ပြုဖို့ လုံလောက်တဲ့ အချက်အလက်လည်း မရှိသေးတာကြောင့် သတိပြုသင့်ပါတယ်။
#Source: The Jerusalem Post
တရုတ်ပြည်ထုတ် ARJ21 အရပ်ဖက်သုံးလေယာဉ်အား ကုန်းပြင်အမြင့်ပိုင်းဒေသများ၌ စမ်းသပ်ပျံသန်း
တရုတ်ပြည်မှ အရပ်ဖက်သုံးလေယာဉ် ARJ21 ဟာ စီချွမ်ပြည်နယ်မှ ဗုဒ္ဓဟူးနေ့က ကနဦးသရုပ်ပြပျံသန်းမှုများ စတင်ပြုလုပ်ခဲ့ကြောင်း တရုတ်အရပ်ဖက်လေယာဉ်ကော်ပိုရေးရှင်း (COMAC)က ဖော်ပြလိုက်ပါတယ်။
#Asia_Aviation
Published 23 August 2024
#အရပ်ဖက်သုံးလေယာဉ် #စမ်းသပ်ပျံသန်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 23 August 2024
၁။ ရန်ကုန်၊ မန္တလေးလေဆိပ်များအပါအဝင် နယ်စပ်ဝင်ထွက်ပေါက်(၅)နေရာတွင် မျောက်ကျောက်ရောဂါစောင့်ကြပ်စစ်ဆေးခြင်းများ စတင်နေ
၂။ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများ စက်တင်ဘာ(၁)ရက်မှ စတင်လျှောက်ထားနိုင်
၃။ ဓာတ်ဆီနှင့်ဒီဇယ်ဈေးအနည်းငယ်ပြန်ကျ
၄။ တရုတ်ပြည်ထုတ် ARJ21 အရပ်ဖက်သုံးလေယာဉ်အား ကုန်းပြင်အမြင့်ပိုင်းဒေသများ၌ စမ်းသပ်ပျံသန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၃ ဩဂုတ် ၂၀၂၄
ယမန်နေ့ကပျက်ကျခဲ့တဲ့ ထိုင်းစင်းလုံးငှားလေယာဉ်တွင်လိုက်ပါသွားသူ အားလုံး သေဆုံးကုန်ပြီလို့ မှတ်ယူရလိမ့်မယ်လို့ ကယ် ဆယ်ရေး သမားတွေကပြောပါတယ်။
Cessna Caravan C208B အမျိုးအစား စင်းလုံးငှားလေယာဉ်ဟာ ယမန်နေ့ကြာသပတေးနေ့မွန်းလွဲပိုင်းက သုဝဏ္ဏဘူမိ လေဆိပ်မှ ပျံတက်ခဲ့ပြီး ၁၁မိနစ်အကြာမှာ အဆက်အသွယ်ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။
လေယာဉ်ပေါ်မှာ လူ (၉)ဦးလိုက်ပါသွားပြီး ထိုသူတို့မှာ တရုတ်နိုင်ငံမှ ခရီးသွား (၅)ဦးနှင့် လေယာဉ်မှူးများအပါအဝင် ထိုင်းနိုင်ငံသား (၄) ဦးတို့ဖြစ်ကြပါတယ်။
လေယာဉ်ဟာ ဘန်ကောက်မြို့ အရှေ့တောင်ဖက် ၆၂မိုင်ခန့်အကွာမှာ ထိုးစိုက်ပျက်ကျသွားခဲ့တာပါ။
“ ရုပ်အလောင်းတွေအများကြီးတွေ့ရတယ်” လို့ ချချိုအင်ဆောင်ပြယ်နယ်အုပ်ချုပ်ရေးမှူး ချွန်လက်တီယွန်တရောင်းက ပြောပါတယ်။ လေယာဉ်ဟာ ဒေါင်လောက်စောက်ထိုးဆင်းသွားတာဖြစ်လို့ မြေကြီးကို ၃၃ပေလောက်တူးဖော်ရမယ် လို့လည်း သူကပြောပါတယ်။
Thai Flying Service ကုမ္ပဏီမှာ မှတ်ပုံတင်ထားတဲ့ အဆိုပါ လေယာဉ်ဟာ ဘန်ကောက်မှ အရှေ့ပိုင်း တရက်ပြည်နယ်ကို ဦးတည် ပျံသန်းရင်းပျက်ကျခဲ့တာဖြစ်ပါတယ်။
Source: Reuters
၂၃ ဩဂုတ် ၂၀၂၄
နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုကျူးလွန်ခဲ့တဲ့ တရုတ်နိုင်ငံသား ၃၀၇ ဦးကို မြန်မာအာဏာပိုင်တွေက တရုတ်နိုင်ငံသို့ ဩဂုတ် ၂၁ရက်က လွှဲပြောင်းပေးခဲ့ပါတယ်။
အဆိုပါ တရုတ်နိုင်ငံသား ၃၀၇ ဦးကို မကြာသေးမီက မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှုတွေနှိမ်နှင်းရာမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
Source CCTV
#World_News
Published 23 August 2024
▪️ ၂၄၉၂ ကာရက်ရှိတဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံးစိန်တုံးကို ဘော့စ်ဝါနာမှာ တွေ့ရှိခဲ့ကြောင်း ကနေဒါကျောက်တူးဖော်ရေး ကုမ္ပဏီက ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။
▪️ ဘော့စ်ဝါနာအရှေ့မြောက်ပိုင်းရှိ ခရိုဝီစိန်သတ္တုမိုင်းနေရာမှာ အိတ်စ်ရေးရှာဖွေရေး နည်းပညာကို အသုံးပြုပြီး ထိုစိန်ကို ရှာတွေ့ခဲ့တာ ဖြစ်တယ်လို့ လူကာရာစိန်ကော်ပိုရေးရှင်းက ထုတ်ပြန်လိုက်ပါတယ်။
▪️ စိန်ရဲ့တန်ဖိုးကို ဘယ်လောက်ရှိနိုင်မလဲဆိုတာကို လူကာရာက မဖော်ပြထားပါဘူး။
▪️ ကာရက်နဲ့ တိုင်းတာမယ်ဆိုရင် ၁၉၀၅ ခုနှစ် တောင်အာဖရိကမှာ တွေ့ခဲ့တဲ့ ၃၀၁၆ ကာရက်ရှိ ကာလီနန်စိန်ပြီးရင် ဒုတိယအကြီးဆုံးစိန် ဖြစ်လာပါတယ်။
▪️ ဒီလိုမျိုး ဧရာမစိန်တုံးကြီးကို တွေ့ရှိတဲ့အတွက် အလွန်ဝမ်းသာကျေနပ်နေကြတယ်လို့ လူကာရာဥက္ကဌ ဝီလျံလမ့်ဘ်က ပြောထားပါတယ်။
▪️ ဒီတွေ့ရှိမှုက ကမ္ဘာပေါ်က တူးဖော်ရရှိခဲ့တဲ့ အကြီးဆုံးစိန်ရိုင်းတွေထဲက တစ်ခုဖြစ်ပြီး အရည်အသွေးမြင့် စိန်တုံးများ ရှာဖွေရန် ၂၀၁၇ ခုနှစ်က စတင်အသုံးပြုခဲ့တဲ့ မဂ္ဂါဒိုင်းမွန်းရီကာဗာရီ အိတ်စ်ရေးနည်းပညာကို အသုံးပြုကာ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
▪️ လူကာရာဘော့စ်ဝါနာရဲ့ ကြီးကြပ်ညွှန်ကြားရေးမှူး နာဆင်းမ်လာရီက ဥက္ကဌ မော့ဂ်ဝီဆီမာဆီဆီကို လက်ဖဝါးအရွယ်လောက်ရှိတဲ့ စိန်တုံးပြသခဲ့ကာ တွေ့ရှိခဲ့တဲ့ကုမ္ပဏီအတွက် ဂုဏ်ယူတယ်လို့ ပြောပါတယ်။
▪️ ဘော့စ်ဝါနာဟာ ကမ္ဘာပေါ်မှာ စိန်အများဆုံးထွက်ရှိရာ နေရာတွေထဲက တစ်ခုဖြစ်ပြီး စိန်တွေက ယင်းရဲ့အဓိက ဝင်ငွေရပေါက်ဖြစ်နေကာ ဂျီဒီပီ ၃၀ ရာခိုင်နှုန်းနဲ့ တင်ပို့မှု ၈၀ ရာခိုင်နှုန်းအထိ ပတ်သက်နေပါတယ်။
▪️ ခရိုဝီမှထွက်ရှိရောင်းချတဲ့ စိန်ရိုင်း စိန်ချောတွေရဲ့ အမြတ်ငွေ ၁၀ ရာခိုင်နှုန်းကို အစိုးရသို့ ပေးအပ်တယ်လို့ လူကာရာက ဆိုပါတယ်။
▪️ နည်းပညာသစ်ဖြင့် တွေ့ရှိနိုင်ခဲ့တာဖြစ်ပြီး စိန်တုံးကြီးတွေကို မကျိုးမပဲ့ဘဲ ထုတ်ယူနိုင်ခဲ့တာ ဖြစ်တယ်လို့ 77 Diamonds မှ တိုဘီယက်စ်ကော်မိုင်းက ဆိုပါတယ်။
▪️ ဒီမတိုင်ခင်က ဘော့စ်ဝါနာမှာ တွေ့ရှိထားတဲ့ အကြီးဆုံးစိန်က ၁၇၅၈ ကာရက်ရှိကာ ၂၀၁၉ ခုနှစ် လူကာရာကနေ ခရိုဝီသတ္တုမိုင်းမှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။
▪️ ဓာတ်ခွဲခန်းထုတ် စိန်တွေကြောင့် စိန်တူးဖော်ရေးလုပ်ငန်းတွေ ထိပါးလာကာ ဝယ်ယူမှု လျော့ကျလာကြောင်း၊ တူးဖော်ရရှိသမျှ စိန်တိုင်းက တန်ဖိုးရှိပြီး အကောင်းဆုံး အရည်အသွေးဖြင့် အသင့်လျော်ဆုံးဈေးရအောင် ပြုလုပ်ကြောင်း လူကာရာဘော့စ်ဝါနာဥက္ကဌ မော့ဂ်ဝီဆီမာဆီဆီက ဆိုပါတယ်။
▪️ လူကာရာနဲ့ နီးစပ်သူတွေရဲ့ ပြောကြားချက်အရ ထိုစိန်ဟာ ဒေါ်လာသန်း ၄၀ ခန့်အထိ တန်ကြေးရှိနိုင်တယ်လို့ သိရပါတယ်။
#Source: AFP
Page 454 of 1211