#Daily_News
Published_ 24 June 2023
၁။ မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသပြည်နယ်၌ ရေလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းလည်ပတ်ဖို့အခက်အခဲရှိနေ
၂။ အာနန္ဒာဘုရားနှင့်ဓမ္မရံကြီးဘုရားတွင်ရေဝပ် ၊ရေလျှံရသည့် အကြောင်းရင်းများသိရပြီဖြစ်
၃။ ကြိမ်၊ ဝါးထုတ်ကုန်များ ပြည်ပဈေးကွက်ပြန်ရရှိရန် လိုအပ်နေသေး
၄။ တရုတ်ပြည် စီချွမ်ပြည်နယ်မှ ကမ္ဘာ့အကြီးဆုံးရေနှင့်ဆိုလာဓာတ်အားပေးစခန်းကြီးအား ဇွန်လ(၂၅)ရက်နေ့တွင် စတင်လည်ပတ်ရန်မျှော်မှန်း.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
#World_News
Published 24 June 2023
ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာနေတဲ့ 'ကက်သေပစိဖိတ်'လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းဟာ စနေနေ့က တာယာဘီးပေါက်ထွက်သွားပြီး လူ ၁၁ ဦးဒဏ်ရာရရှိခဲ့ကာ လေယာဉ်ထွက်ခွာမှုကိုဖျက်သိမ်းခဲ့ရပါတယ်။
ဟောင်ကောင်မှ လော့စ်အိန်ဂျလိစ်သို့ပျံသန်းမယ့် ခရီးစဉ် CX880 ဟာ လေယာဉ်ဝန်ထမ်း ၁၇ ဦးနဲ့ ခရီးသည် ၂၉၃ ဦး လိုက်ပါခဲ့ပါတယ်။
လေယာဉ်တာယာဘီးတစ်ခုက အပူလွန်ပြီး ပေါက်ကွဲခဲ့ကာ လေယာဉ်ပေါ်ရှိ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ ညသန်းခေါင် ၁၂ နာရီ ၅၁ မိနစ်မှာ ရဲတွေက ဖုန်းလက်ခံရရှိခဲ့ကြောင်းဆိုပါတယ်။
လူနာတင်ကားတွေ ထိုနေရာသို့ရောက်လာကာ ဒဏ်ရာရသူများကို ပရင့်ဆက်စ်မာဂရက်ဆေးရုံနဲ့ မြောက်လန်ထောင်ဆေးရုံများသို့ ပို့ဆောင်ခဲ့ပါတယ်။
လေယာဉ်ဝန်ထမ်းတွေမှ နည်းပညာပိုင်းပြဿနာကို တွေ့ရှိပြီးနောက် စံညွှန်းလုပ်ထုံးများနဲ့အညီ လေယာဉ်ထွက်ခွာမှုကို ဖျက်သိမ်းခဲ့ကြောင်း ကက်သေပစိဖိတ်မှ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။
လေဆိပ်ဂိတ်သို့ လေယာဉ်ပြန်ရောက်ပြီးနောက် ဝန်ထမ်းများက ခရီးသည်များကို သတိထားပြီးထွက်ခွာခိုင်းခဲ့ပါတယ်။
ဆေးရုံရှိ ကုသမှုလိုအပ်တဲ့ခရီးသည်တွေကို အကူအညီပေးရန် ကက်သေပစိဖိတ်မှဝန်ထမ်းများ ရောက်ရှိနေပြီး ဆက်လက်ထောက်ပံ့ကူညီသွားမှာ ဖြစ်ပါတယ်။
ခရီးသည်တွေရဲ့ခရီးစဉ် အနှောင့်အယှက်ဖြစ်ရတဲ့အတွက် အနူးအညွတ်တောင်းပန်ကြောင်း၊ အာဏာပိုင်များနဲ့ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမှာဖြစ်ကြောင်း လေကြောင်းလိုင်းက ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် လေကြောင်းလိုင်းက ခရီးသည်တွေအတွက် ဟိုတယ်မှာညပိုင်းနေထိုင်ရန် စီစဉ်ပေးခဲ့ပါတယ်။
လော့စ်အိန်ဂျလိစ်သို့ သွားရောက်မယ့် ခရီးစဉ် CX880 အတွက် နောက်ထပ်လေယာဉ်တစ်စင်း စီစဉ်ပေးခဲ့ကာ စနေနေ့ နံနက် ၁၀ နာရီမှာ ထွက်ခွာရန် သတ်မှတ်လိုက်ပါတယ်။
လေယာဉ်ပေါ်မှ ကျန်ရှိတဲ့ခရီးသည် ၂၇၅ ဦးကတော့ ဒဏ်ရာမရရှိခဲ့ဘူးလို့ အတည်ပြုခဲ့ပါတယ်။
Source: South China Morning Post #World_News #လေယာဉ်တာယာဘီးပေါက်ထွက်သဖြင့် လူ ၁၁ ဦးဒဏ်ရာရ
#Yangon_Times
#World_Health
Published 24 June 2023
ပီရူးနိုင်ငံမှာ အလှုပ်ရှားဆုံးမီးတောင်ဖြစ်တဲ့ ယူဘီနက်စ်မီးတောင်ဟာ လေးနှစ်ကြာမပေါက်ကွဲခဲဘဲ ယခုတစ်ကျော့ပြန် ပေါက်ကွဲနေပါတယ်။
တောင်ထိပ်ကနေ ချော်ရည်မှုန်တွေ ထုလိုက်ထောင်တက်လာတာကို တွေ့ရပါတယ်။
#Yangon_Times
#World_Health
Published 24 June 2023
သီရိလင်္ကာမှအမျိုးသားတစ်ဦးဟာ သူ့ခန္ဓာကိုယ်ကနေ ကျောက်ကပ်ကျောက်တုံးကြီးကို ဖယ်ရှားခဲ့ရကာ ယခုလအတွင်း ကမ္ဘာ့စံချိန်နှစ်ခုတင်ခဲ့ကြောင်း ဂင်းနစ်ကမ္ဘာ့စံချိန်များအရ သိရှိရပါတယ်။
အသက် ၆၂ နှစ်ရှိ အငြိမ်းစားစစ်သားတစ်ဦးဖြစ်တဲ့ 'ကာနစ္စတပ်စ်ကွန်း'ရဲ့ ကျောက်ကပ်မှ ကျောက်တုံးဟာ အကြီးဖြစ်ရုံမက အလေးလံဆုံးဖြစ်ခဲ့ကာ ဇွန်လ ၁ ရက်နေ့က ဖယ်ရှားခဲ့ပါတယ်။
ကျောက်က ၁.၇၆ ပေါင်လေးကာ ဘေ့စ်ဘော ၅ လုံးရဲ့အလေးချိန်နဲ့ အကြမ်းဖျင်းတူညီပြီး အကြီးဆုံးကျောက်ကပ်ကျောက်တုံးအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
အရွယ်အစားကတော့ ၅.၂၆ လက်မနဲ့ ၄.၁၅ လက်မတို့ရှိပါတယ်။
ကျောက်ကပ်ထဲမှာ သတ္တုဓာတ်တွေနဲ့ ဆားများအနည်ထိုင်ရာကနေ ကျောက်တည်လာတတ်ပါတယ်။
အစားအသောက်အမျိုးအစား၊ ကိုယ်အလေးချိန်များခြင်း၊ အချို့သောကျန်းမာရေးပြဿနာ၊ ဖြည့်စွက်စာများ၊ ဆေးဝါးများကြောင့် ကျောက်တည်လာရပြီး ရေအလုံအလောက် မသောက်ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။
ကျောက်တည်ခြင်းကြောင့် အသက် ၇၀ အထက် လူကြီးတွေထက်စာရင် အသက် ၃၁ မှ ၅၀ ဝန်းကျင်လူတွေမှာ ပိုမိုနာကျင်ရကြောင်း အာဆူတာအက်ရှ်ဒေါ့တက္ကသိုလ်ဆေးရုံမှ ၂၀၂၂ ခုနှစ်မှာ လေ့လာခဲ့ပါတယ်။
ဒါဟာ ကျောက်ကြီးတည်တဲ့ အသက်ကြီးသူတွေမှာလည်း ထိုလေ့လာချက်အတိုင်း ဖြစ်ပျက်နေတာကို တွေ့ရှိခဲ့ကြပါတယ်။
Source: The Jerusalem Post #World_Health #ကမ္ဘာ့အကြီးဆုံး ကျောက်ကပ်ကျောက်တည်ခြင်း
#Yangon_Time
#World_Science
Published 24 June 2023
နိုင်ငံတကာအာကာသစခန်းမှ အာကာသယာဉ်မှူးများက ဆီးကိုပေါင်းခံပြီး အစိုဓာတ်ကိုစုပ်ယူခြင်းဖြင့် ရေကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့တာကြောင့် အာကာသစူးစမ်းလေ့လာရေးမှာ ထင်ရှားတဲ့အောင်မြင်မှုတစ်ခု ရရှိခဲ့ကြပါတယ်။
အာကာသစခန်းမှ ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့်သက်ကယ်စနစ်(ECLSS) ကို အသုံးပြုပြီး ဒီအောင်မြင်မှုရခဲ့တာဖြစ်ပါတယ်။
အာကာသယာဉ်မှူးများ ရှူထုတ်လိုက်တဲ့လေနဲ့ ချွေးတွေကနေ အစိုဓာတ်အပါအဝင် အညစ်အကြေးရေများကိုစုဆောင်းကာ သောက်သုံးရေထုတ်လုပ်မယ့် WPA သို့ ပို့ဆောင်ရပါတယ်။
ဒါ့အပြင် UPA ဖြင့် လေဟာနယ်ပေါင်းခံခြင်းမှတဆင့် ဆီးကနေ ရေကိုပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ပေါင်းခံခြင်းလုပ်ငန်းစဉ်ဟာ ရေဓာတ်အချို့ပါဝင်နေသေးတဲ့ ဆီးကိုထုတ်လုပ်နေဆဲဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေက အငံရည်ကနေ ရေကိုထပ်မံထုတ်ယူနိုင်မယ့် BPA နည်းပညာအသစ်ကို စမ်းသပ်နေပါတယ်။
BPA ကတော့ ဆွဲငင်အားမရှိတဲ့နေရာမှာ အညစ်အကြေးရေကနေ ထုတ်ယူနိုင်တဲ့စနစ်ဖြစ်ပါတယ်။
UPA မှထုတ်လုပ်တဲ့ရေငန်ကိုယူပြီး အထူးအမြှေးပါးနည်းပညာကို အသုံးပြုပြီးရေကိုအငွေ့ပျံစေရန် ရေငန်ကို ပူနွေးခြောက်သွေ့တဲ့လေကို မှုတ်ထုတ်လိုက်ပါတယ်။
အာကာသယာဉ်မှူးတွေ ရှူထုတ်တဲ့လေ၊ ချွေးနဲ့အတူ စိုစွတ်တဲ့လေကို ဖန်တီးကာ အာကာသရေစုဆောင်ရေးစနစ်ကနေ စုဆောင်းလိုက်တာဖြစ်ပါတယ်။
ဂျွန်ဆန်အာကာသစင်တာအဖွဲ့ဝင် 'ခရစ္စတိုဖာဘရောင်း'က သက်ကယ်စနစ်တိုးတက်ရေးမှာ ထင်ရှားတဲ့ခြေလှမ်းလှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
ရေအကန့်အသတ်ဖြင့်ထုတ်လုပ်ကာ အာကာသမှာ ရေပြန်လည်အသုံးချခြင်း အရေးကြီးပုံကို ရှင်းပြလိုက်ကာ ရေအလေးချိန် ၂ ပေါင်သာဆုံးရှုံးခဲ့ပြီး ကျန်တဲ့ ၉၈ ရာခိုင်နှုန်းက ဆက်လက်လည်ပတ်နေနိုင်ခဲ့ပါတယ်။
ထိုစနစ်ဖြင့်ထုတ်လုပ်လိုက်တဲ့ရေဟာ ကမ္ဘာပေါ်မှာ လူတွေသောက်သုံးတဲ့ရေထက် ပိုမိုသန့်ရှင်းကြောင်း သိပ္ပံပညာရှင်များဆိုပါတယ်။
အာကာသယာဉ်မှူးများက ဆီးကိုတိုက်ရိုက်သောက်တာမဟုတ်ဘဲ စစ်ထုတ်ပြီးသား သန့်ရှင်းတဲ့ရေကိုသာ သောက်သုံးတာဖြစ်ပါတယ်။
ကြာရှည်စွာသွားရတဲ့ အာကာသခရီးလိုမျိုးမှာ ရေကအလွန်ကြီးပါတယ်။
ဦးစွာအနေနဲ့ အာကာသယာဉ်မှူးများ အသက်ရှင်ကျန်းမာနေစေရန်၊ ရေဓာတ်ရရှိရန်၊ အစားအစာ၊ တစ်ကိုယ်ရည်သန့်ရှင်းမှုတို့အတွက် ရေကမရှိမဖြစ်လိုအပ်ပါတယ်။
ဒါ့အပြင် အပင်ကြီးထွားခြင်း၊ စမ်းသပ်ချက်ပြုလုပ်ခြင်း၊ သုတေသနပြုလုပ်ခြင်း၊ စားစရာထုတ်လုပ်ခြင်းတို့အတွက်လည်း ရေက အရေးပါတဲ့ရင်းမြစ်ဖြစ်ပါတယ်။
Source: India Today #World_Science #အာကာသအတွင်းယင်းတို့၏ဆီးများမှသောက်သုံးရေထုတ်လုပ်နိုင်ခဲ့
#YMG #Yangon_Times
စွမ်းအင်သစ်သုံးကားများအတွက်ဘက်ထရီများပြန်လည်အသုံးချသုံးစွဲရေးကဏ္ဍကို တရုတ်ဆက်လက်မြှင့်တင်သွားမည်
တရုတ်ပြည်မှာ စွမ်းအင်သစ်ကားများအတွက် ဘက်ထရီများ ပြန်လည်အသုံးပြုခြင်းကို အရှိန်မြှင့်တင်နေပြီလို အရာရှိတစ်ဦးက ပေကျင်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။
#Asia_Development
#Published_ 23 June 2023
#Yangon_Times
#Daily_News
Published_ 23 June 2023
၁။ မြို့ပြရောဂါဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါ ယခုနှစ်တွင်ကျေးလက်၌အဖြစ်ပိုများလာ
၂။ နိုင်ငံခြားငွေကြေးရောင်းဝယ်ခြင်းကို Online Trading စနစ်ဖြင့်ဆောင်ရွက်နေ၊ တစ်ဒေါ်လာ ကို ၂၉၂၀/၂၉၂၂ကျပ် ဗဟ်ိုဘဏ် သတ်မှတ်
၃။ ဒုတိယအကြိမ် ဉရုချောင်းရေကြီးမှုဖြစ်ပွားပါက ကယ်ဆယ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ဟုဆို
၄။ စွမ်းအင်သစ်သုံးကားများအတွက် ဘက်ထရီများပြန်လည်အသုံးချသုံးစွဲရေးကဏ္ဍကို တရုတ်ဆက်လက်မြှင့်တင်သွားမည် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
Page 376 of 828