#World_Health
Published 17 February 2025


▪️ ဟော်မုန်းတွေက ခန္ဓာကိုယ်ထဲမှာ လုပ်ဆောင်ချက်အမျိုးမျိုးကို ထိန်းညှိလုပ်ဆောင်ပေးတဲ့ ကဏ္ဍမှာ အရေးပါတဲ့ ဓာတုမက်ဆင်ဂျာတွေ ဖြစ်ပါတယ်။

▪️ အထူးသဖြင့် မျိုးပွားဟော်မုန်းတွေ မညီမမျှဖြစ်ရင် ခန္ဓာကိုယ်မှာ ပြဿနာအမျိုးမျိုးဖြစ်နိုင်ပြီး ဓမ္မတာစက်ဝန်း ပြဿနာများ၊ မျိုးမအောင်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

▪️ ဒါကြောင့် မျိုးပွားစွမ်းရည်ကို သက်ရောက်စေတဲ့ ဟော်မုန်းတွေအကြောင်း မီးယပ်ဆရာဝန် ဒေါက်တာ အိန်ဂျလီကူမာ ပြောကြားသွားတာကို ဖော်ပြသွားပါမယ်။

(၁) AMH
▪️ Anti-Mullerian ဟော်မုန်းလို့ခေါ်ပြီး သားဥအိမ်ထဲမှာ မျိုးဥထိန်းသိမ်းမှုကို ညွှန်ပြတဲ့ ဟော်မုန်းဖြစ်ပြီး မျိုးအောင်နိုင်စွမ်း အလားအလာနဲ့ ဆိုင်နေပါတယ်။

(၂) FSH
▪️ ပစ်ကျူထရီဂလင်းမှ ထုတ်လုပ်တဲ့ Follicle Stimulating ဟော်မုန်းဟာ မျိုးဥပိုင်း ဖွံ့ဖြိုးမှုနဲ့ ရင့်ကျက်မှုတို့အတွက် အရေးကြီးပြီး မျိုးဥတွေ ပိုထုတ်နိုင်အောင် လှုံ့ဆော်ပေးပါတယ်။

(၃) အီစထရာဒိုင်အောလ်
▪️ အီစထရိုဂျင်ပုံစံဖြစ်ပြီး မျိုးဥလှုံ့ဆော်မှုအတွင်း စောင့်ကြည့်ပေးကာ မျိုးဥအိတ်ကြီးထွားဖို့ ကူညီပေးပါတယ်။

(၄) TSH
▪️ သိုင်းရွိုက်လှုံ့ဆော်ဟော်မုန်းက ဓမ္မတာစက်ဝန်းကို နှောင့်ယှက်စေကာ TSHများလွန်းခြင်း၊ နည်းလွန်းခြင်းက မျိုးဥကြွေခြင်းနဲ့ ကိုယ်ဝန်ရနိုင်ခြေကို ထိခိုက်စေပါတယ်။

(၅) ပရိုဂျက်စထရုန်း
▪️ ပရိုဂျက်စထရုန်းက သန္ဓေအောင်တဲ့ မျိုးဥတည်နိုင်ဖို့အတွက် သားအိမ်နံရံပြင်ဆင်ပေးကာ ကိုယ်ဝန်ထိန်းသိမ်းစေပါတယ်။

#Source: DoctorNDTV