Published_ 2 August 2023
ကလေးတွေ ဘယ်အချိန်မှာ အိပ်ရာဝင်သင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်က မိဘတိုင်းသိချင်နေကြကာ အဖြေကလည်း အမျိုးမျိုးဖြစ်နေပါတယ်။
မွေးကာစကလေးတွေဟာ ပုံမှန်အိပ်ချိန်ရှိသင့်တယ်လို့ အများစုက သဘောတူထားကြပါတယ်။
ဒါကြောင့် မွေးကင်းစအရွယ်ကစလို့ ဆယ်ကျော်သက်အရွယ်အထိ ကလေးတွေ ဘယ်အချိန်အိပ်သင့်လဲဆိုတာကို ကျွမ်းကျင်သူများ ရှင်းပြထားချက်ကို Sleepsisters.com ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။
အသက် ၃ လအထိ မွေးကင်းစကလေးများ - နေ့နဲ့ညအချိန်တွေမှာ ၂ နာရီခန့်စီ အချိန်ပိုင်းခြား အိပ်စက်သင့်ပြီး ညဘက်ဆိုရင်တော့ ၈ နာရီနဲ့ ၁၁ နာရီကြား အိပ်ရာဝင်စေသင့်ပါတယ်။
အသက် ၄ လမှ ၈ လကြား - ပုံမှန်တရေးအိပ်ခြင်းများအပြင် ကောင်းစွာဖွံ့ဖြိုးနိုင်ရန်အတွက် ညနေ ၅ နာရီခွဲမှ ၇ နာရီခွဲအတွင်း ညသိပ်သင့်ပါပြီ။
၈ လမှ ၁၀ လကြား - နေ့ခင်းဘက် ဒုတိယတစ်ကြိမ် အိပ်စက်ပြီးနောက် ၅ နာရီထက် နောက်မကျစေဘဲ ညဘက်သိပ်သင့်ပါတယ်။
၁၀ လမှ ၁၅ လကြား - ထိုကလေးတွေက တရေးအိပ်ချိန်တိုတောင်းတာကြောင့် ညနေ ၆ နာရီမှ ၇ နာရီအတွင်း အိပ်စက်သင့်ပါတယ်။
အသက် ၁၅ လမှ ၃ နှစ်ကြား - ဒီအသက်အရွယ်မှာလည်း တရေးအိပ်ချိန်တိုတောင်းတာကြောင့် ညနေ ၆ နာရီနဲ့ ၇ နာရီကြား အိပ်ရာဝင်စေဖို့ လိုအပ်ပါတယ်။
၃ နှစ်မှ ၆ နှစ်ကြား - သူတို့က ည ၆ နာရီမှ ၈ နာရီကြား အိပ်ရာဝင်သင့်ပြီး တရေးမအိပ်ဘူးဆိုရင် ညဘက်မှာ နောက်ထပ်တစ်နာရီကြာအောင် ပိုအိပ်သင့်ပါတယ်။
၇ နှစ်မှ ၁၂ နှစ်ကြား - ကျောင်းတက်စဉ် ခွန်အားပြည့်ဖြိုးနေစေဖို့ အိပ်စက်ခြင်းက အလွန်အရေးကြီးလာပြီး ည ၇ နာရီခွဲမှ ၉ နာရီကြား အိပ်စက်သင့်ပါတယ်။
၉ နှစ်မှ ၁၈ နှစ်ကြား - ဒီအချိန်မှာ အရွယ်ရောက်တော့မှာဖြစ်တာကြောင့် ညစဉ် ၁၀ နာရီမှာ အိပ်ပေးသင့်ပါတယ်။
အိပ်ချိန်စုစုပေါင်းနဲ့ ပတ်သက်လို့..
အသက် ၃ လအထိ မွေးကင်းစကလေးများ - ၁၄ နာရီမှ ၁၇ နာရီကြား
အသက် ၄ လမှ ၁၁ လကြား - ၁၂ နာရီမှ ၁၅ နာရီကြား
အသက် ၁ နှစ်မှ ၂ နှစ်ကြား - ၁၁ နာရီမှ ၁၄ နာရီကြား
အသက် ၃ နှစ်မှ ၅ နှစ်ကြား - ၁၀ နာရီမှ ၁၃ နာရီကြား
၆ နှစ်မှ ၁၃ နှစ်ကြား - ၉ နာရီမှ ၁၁ နာရီကြား
၁၄ နှစ်မှ ၁၇ နှစ်ကြား - ၈ နာရီမှ ၁၀ နာရီကြား
Source: The Jerusalem Post
#World_Health
Published_ 2 August 2023
ကျန်းမာရေးကောင်းမွန်ရန်အတွက် ရေပိုမိုသောက်သုံးဖို့၊ လမ်းလျှောက်ပေးဖို့၊ အရက်သေစာလျှော့သောက်ဖို့ လိုအပ်တာကို သိကြပြီးဖြစ်ပါတယ်။
တရားမှတ်ခြင်းကြောင့် စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကို သက်သာစေတဲ့အပြင် ကောင်းစွာအိပ်စက်နိုင်ခြင်း၊ ဖိစီးမှုလျှော့ချခြင်း၊ နာကျင်ကိုက်ခဲမှုလျှော့ချပေးခြင်းတို့မှာ အကူအညီဖြစ်စေကြောင်း သုတေသန တွေ့ရှိထားပါတယ်။
အခုမှ တရားထိုင်ဖူးတာဆိုရင်တော့ ဘယ်လိုစလုပ်ရမလဲဆိုတာသိဖို့ ခက်ခဲနိုင်တာကြောင့် နံနက်တိုင်း စိတ်ချမ်းမြေ့တည်ငြိမ်စေရန် ၅ မိနစ်ခန့် အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် စတင်သင့်ပါတယ်။
ပထမဆုံးအနေနဲ့ တရားထိုင်မယ့် အချိန်နဲ့နေရာကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
ချီကာဂိုမှ နေနှင့်လတရားကျင့်စဉ်စတူဒီယိုပိုင်ရှင် 'အယ်လ်မာအီဗန်နိုဗစ်'က မနက်တိုင်း အိပ်ရာထပြီးနောက် အိပ်ရာနဲ့ဆန့်ကျင်ဘက်မှာ ထိုင်ပြီး တရားထိုင်လေ့ရှိကာ ထိုနေရာမှာပဲ တစိုက်မတ်မတ် ကျင့်ကြံနေပါတယ်။
မနက်ပိုင်းမှာ လုပ်စရာတွေများနေရင်တောင် ၅ မိနစ်ခန့်တရားထိုင်ခြင်းဖြင့် စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချနိုင်ပါတယ်။
အီဗန်နိုဗစ်ကတော့ သဲနာရီဖြင့် အချိန်သတ်မှတ်လေ့ရှိသလို ဒီဂျစ်တယ်နာရီ လက်ကိုင်ဖုန်းတို့ဖြင့်လည်း နိုးစက်သတ်မှတ်ပေးနိုင်ပါတယ်။
ရှိသမျှအာရုံတွေကို ခန္ဓာကိုယ်မှာစုစည်းပြီး ကြမ်းပြင်နဲ့ခြေထောက် ထိနေတာမျိုး၊ ကျောကုန်းညောင်းညာလာတာမျိုး၊ ဆူညံသံများ၊ အနံ့အသက်များ၊ အလင်းရောင်၊ ပါးစပ်ထဲက အရသာတစ်ခုခုကို ခံစားတာမျိုး ပြုလုပ်နိုင်ပြီး အသုံးအဝင်ဆုံးကတော့ အသက်ရှူသွင်းရှူထုတ်ခြင်းကို အာရုံစိုက်နေသင့်ပါတယ်။
မန္တန်အခြေခံပြီး တရားထိုင်ခြင်းက စိတ်ကျန်းမာရေးကို အထောက်အကူဖြစ်နိုင်ပြီး သွေးတိုးအခြေအနေကိုပင် လျှော့ချနိုင်တယ်လို့ သုတေသနပြုချက်များအရ သိရပါတယ်။
ရှူသွင်းရှူထုတ်ပြုလုပ်ခြင်းမှာ 'ဝင်လေ' 'ထွက်လေ'ဆိုပြီး မှတ်သားရွတ်ဆိုပေးခြင်းဖြင့် ပိုမိုအာရုံစိုက်နိုင်မှာဖြစ်ပါတယ်။
စိတ်က အခြားနေရာကို လွင့်ချင်ပြီဆိုလျှင် အသက်ရှူသွင်းရှူထုတ်ခြင်းဆီကို ပြန်လည်အာရုံစိုက်သင့်ပြီး တရားထိုင်ကျင့်ကြံလမ်းညွှန် နားထောင်ခြင်းဖြင့်လည်း ပိုမိုအာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။
၅ မိနစ်ကြာ တရားထိုင်ခြင်းကိုပင် သက်တောင့်သက်သာ မထိုင်နိုင်တဲ့သူတွေလည်း ရှိတဲ့အပြင် အတွေးတွေကို ငြိမ်ငြိမ်းလေးနဲ့ ထိုင်ဖို့က အလွန်ခက်ခဲပါတယ်။
လမ်းလျှောက်ပြီး တရားမှတ်ခြင်းဖြင့်လည်း စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ စိတ်ဓာတ်ကျခြင်းတို့ကို လျော့ပါးစေနိုင်ကြောင်း သုတေသန တွေ့ရှိထားပါတယ်။
အခြားအတွေးတွေဝင်လာရင် ပြန်လည်ထိန်းချုပ်ပြီး လမ်းလျှောက်နေစဉ် ခန္ဓာကိုယ်ခံစားရခြင်းကို သတိမူသင့်ပါတယ်။
Source: CNA
#World_Health
#Local_News
#YMG #Yangon_Times
တရုတ်-ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး SCO အဖွဲ့ စီးပွားရေးနှင့်ကုန်သွယ်မှုဆိုင်ရာ အင်စတီကျုမှ နိုင်ငံတကာအိတ်စ်ချိန်းစင်တာ စတင်ဖွင့်လှစ်
တရုတ်-ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ (SCO) စီးပွားရေးကုန်သွယ်ရေးအဖွဲအစည်းရဲ့ နိုင်ငံတကာအိတ်စ်ချိန်းစင်တာကို တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမြို့ ချင်ဒေါင်မှာ သောကြာနေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။
#World_Development
#Published_ 1 August 2023
#Local_News
#YMG #Yangon_Times
#Daily_News
Published_ 1 August 2023
၁။ သင်္ဘောမတက်ခင် မိသားစုဝင်များကို သင်္ဘောသားရပိုင်ခွင့် အထောက်အထားစာရွက်များ ပေးထားသင့်ဟုဆို
၂။ ခရီးဝေး ရထားစီးနင်းသူများ မှတ်ပုံတင်ပြ၍ သုံးရက်ကြိုတင် လက်မှတ်ဝယ်ယူစီးနင်းနိုင်
၃။ တစ်နိုင်ငံလုံးတွင် ယနေ့နံနက်ပိုင်းမှစ၍ နောက်သုံးရက်အတွင်း မိုးကြီးနိုင်၊ မြစ်ဝကျွန်းပေါ်တွင် မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးမည်
၄။တရုတ်-ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး SCO အဖွဲ့ စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ အင်စတီကျုမှ နိုင်ငံတကာအိတ်စ်ချိန်းစင်တာ စတင်ဖွင့်လှစ် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 1 August 2023
မန်ယူအသင်းအနေဖြင့် လာလည်ရာသီတွင် ပြီးခဲ့သည်ရာသီ တိုးတက်မှု ထက်ပိုမိုရမည်ဖြစ်ပြီး ပိုပိုကောင်းသော စွမ်းဆောင်ရည်ကို ပြသရသည်ဟု နည်းပြတန် ဟက်က သတိပေးပြောကြားခဲ့သည်။
မန်ယူအသင်းသည် ၂၀၂၁-၂၂ ရာသီက ဆိုးရွားသောခြေစွမ်းများကြောင့် နည်းပြများကို ထုတ်ပယ်ခဲ့ပြီး နောက်တန်ဟက်က တာဝန်ယူကိုင်တွယ်ခဲ့ရသည်။
ထို့ကြောင့် ပုံစံကောင်းတစ်ခုပြသနိုင်ခဲ့ပြီး ရာသီကုန်တွင် ပရီးမီးယားလိဂ် အဆင့် ၃၊ ကာရာဘောင်းဖလားချန်ပီ ယံ နှင့် FAဖလားဖိုင်နယ်သို့ တက်ရောက်နိုင် သည့်မှတ်တမ်းရရှိခဲ့သည်။
ကမ္ဘာ့ဘောလုံး အဆင့်အတန်းမှာ တိုးတက်လျက်ရှိနေပြီး မိမိတို့အနေဖြင့် နောက်ထပ် အဆင့်တစ်ခုသို့မဖြစ်မနေတက်လှမ်းရမည်ဖြစ်ကြောင်းတန် ဟက်ကပြောကြားခဲ့သည်။
ပရီးမီးယားလိဂ် သည် ပြီးခဲ့သည့်၄ နှစ် ၅နှစ်နှင့်ယှဉ်လျှင်ပိုမိုအင်အားတောင့်တင်းလာပြီဖြစ်ကြောင်း၊ မိမိတို့သည်စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်၍ရာသီသစ်ကို စတင်ကျော်ဖြတ်ရမည်ဖြစ်ကြောင်း ရောက်ရှိလာသော ကစားသမားသစ်များအနေဖြင့် ပရော်ဖက်ရှင်နယ်ပီသစ္စာလုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း တန်ဟက်ကဆိုသည်။
ဆက်စပ်သတင်းတစ်ရပ်တွင် ဒေါ်မွန်နှင့်ခြေစမ်းပွဲမှ မန်ယူအသင်း၏ ခြေစွမ်းကိုတန်ဟက်ကပြစ်တင်ဝေဖန်သွားခဲ့ပြီး ခွင့်လွှတ်နိုင်ဖွယ်ရာမရှိကြောင်း ပြောကြားခဲ့သည်။.
#World Sport
#YMG #Yangon_Times
Published_ 1 August 2023
နိုင်ဂျာမှာ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်များက ဖြုတ်ချခံရတဲ့ 'မိုဟာမက်ဘာဇူးမ်'အစိုးရဟာ သမ္မတနန်းတော်မှာ စစ်ရေးဝင်ရောက်စွက်ဖက်ရန်နဲ့ ဖြုတ်ချခံရတဲ့ သမ္မတကို လွတ်မြောက်အောင် ကူညီပေးရန် ပြင်သစ်ကို ခွင့်ပြုလိုက်ကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။
နိုင်ဂျာမှာ စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရန် နည်းလမ်းများရှာဖွေရေးအတွက် နိုင်ဂျီးရီးယားအချို့ပါဝင်တဲ့ ပြင်သစ်က နိုင်ဂျီးရီးယားနိုင်ငံတော်ကာကွယ်ရေး စစ်ဦးစီးချုပ်နဲ့ တွေ့ဆုံကာ လိုအပ်တဲ့ နိုင်ငံရေးနဲ့ စစ်ရေးခွင့်ပြုချက်ရရှိရန် ဆွေးနွေးခဲ့ကြကြောင်း စစ်အာဏာရှင်က နိုင်ငံတော်တီဗီကနေ ထုတ်ပြန်ခဲ့တယ်လို့ AFP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
နိုင်ဂျာဟာ ၁၉၆၀ ခုနှစ်က လွတ်လပ်ရေးမရခင်အထိ နှစ်ပေါင်း ၅၀ ကျော်ကြာအောင် ပြင်သစ်ကိုလိုနီလက်အောက်ခံ ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် အာဏာသိမ်းမှုမတိုင်ခင်အထိ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ခိုင်မာနေခဲ့ပါတယ်။
ပြင်သစ်အနေဖြင့် မည်သည့်စစ်ရေးတိုက်ခိုက်မှုကိုမျှ ဆောင်ရွက်မယ်လို့ မကြေညာပေမယ့် သမ္မတ'အီမန်နျူယယ်မက်ခရွန်'က အကယ်၍ နိုင်ဂျာမှာရှိတဲ့ ပြင်သစ်နိုင်ငံသားများနဲ့ အကျိုးစီးပွားတို့ကို ထိခိုက်လာပါက ချက်ချင်းအရေးယူဆောင်ရွက်မယ်လို့ တနင်္ဂနွေနေ့က ကတိပြုခဲ့ပါတယ်။
အဆိုပါ အနောက်အာဖရိကနိုင်ငံမှာ စစ်ရေးကြားဝင်စွက်ဖက်တယ်ဆိုတဲ့ စွပ်စွဲချက်များကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့က ငြင်းဆိုတုန့်ပြန်လိုက်ပါတယ်။
နီယမ်မေရှိ သံရုံးအပြင်ဘက်မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ စုဝေးပြီး တံခါးကို မီးရှို့ပြီးနောက်တစ်နေ့မှာ ပြင်သစ်နိုင်ငံသားတွေရဲ့ ဘေးကင်းစိတ်ချရရေးကို အာရုံစိုက်နေပါတယ်။
ယင်းဆန္ဒပြမှုက နိုင်ဂျာမှာ ပြင်သစ်ဆန့်ကျင်ရေးစိတ်ဓာတ်နဲ့ ရုရှား၊ တရုတ်တို့ လွှမ်းမိုးလာမှုကို ထင်ဟပ်နေစေပါတယ်။
ပြည်တွင်းသတင်းအေဂျင်စီများရဲ့ အဆိုအရ ပြင်သစ်ဆန့်ကျင်ရေးနဲ့ ရုရှားလိုလားတဲ့ ကြွေးကြော်သံတွေကို တနင်္ဂနွေနေ့ စုဝေးပွဲ ကြားခဲ့ရပါတယ်။
ရုရှားအလံများ ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူအချို့က ပြင်သစ်တွေဟာ ဂျီဟဒ်တွေထံကနေ မကာကွယ်ပေးနိုင်ဘူးလို့ ဆိုနေကြကာ ရုရှားကသာ မဟာမိတ်ကောင်းလို့ ဆိုနေကြပါတယ်။
တနင်္လာနေ့က ဘာဇူးမ်ပါတီမှ ဝန်ကြီးအများအပြားလည်း အဖမ်းခံခဲ့ရတယ်လို့ သတင်းရထားပါတယ်။
ဘာဇူးမ်ကို တစ်ပတ်အတွင်း ပြန်လည်အုပ်ချုပ်ခွင့်ပေးရန် အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုင်းအဝန်းက စစ်အစိုးရကို ခြိမ်းခြောက်ခဲ့ပြီး ထိုသို့မလုပ်ပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာအမိန့် ပြန်လည်ရရှိရန် အင်အားသုံးရမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
Source: WION
#World_Politics
#YMG #Yangon_Times
#World_Health
Published 1 August 2023
လော့စ်အိန်ဂျလိစ်မှ ထရပ်ကားမောင်းသူတစ်ဦးဟာ မွေးဖွားစဥ်ကတည်းက ငယ်ပါ ၂ ခုပါရှိလာပါတယ်။
ထူးခြားတဲ့ လိင်မှုဘဝအကြောင်းကို ပြောပြသွားကာ သူ့ချစ်သူတွေက သူ့မှာ ငယ်ပါ ၂ ခုပါတာကို သဘောကျတယ်လို့ ဆိုပါတယ်။
တန့်ခ်လို့ခေါ်တဲ့လူဟာ မျိုးရိုးဗီဇချို့ယွင်းခြင်းရောဂါတစ်ခုဖြစ်တဲ့ ငယ်ပါ ၂ ခုဖြင့်မွေးဖွားလာတာ ဖြစ်ပါတယ်။
ဒီရောဂါက အင်မတန်ရှားပါးပြီး အမေရိကန်တခွင် အမျိုးသားပေါင်း ၁ ထောင်အောက်မှာ ခံစားနေရတယ်လို့ ခန့်မှန်းရပါတယ်။
သူဟာ အသက် ၁၂ နှစ်အရွယ်မှာ လူသတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရကာ လူငယ်ထိန်းသိမ်းရေးစင်တာသို့ ပို့ဆောင်ခံခဲ့ရကြောင်း အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ် ထိန်းသိမ်းခံရစဉ်အထိ တန့်ခ်ဟာ လူပျိုဖြစ်နေခဲ့ပြီး လွတ်လပ်ခွင့်ရပြီးနောက် သူ့ရဲ့ငယ်ပါ ၂ ခုကို အသုံးချခဲ့ပါတယ်။
"ကျွန်တော့်မှာ ငယ်ပါ ၂ ခုရှိတာကို အမျိုးသမီးတွေက မယုံကြပါဘူး။ ဒီနောက် အခန်းထဲခေါ်ပြီး ပြသခဲ့ရတယ်" လို့ ဆိုပါတယ်။
ငယ်ပါတစ်ခုတည်းကို လှုံ့ဆော်ပေးရင်ကို ၂ ခုစလုံးကနေ တပြိုင်တည်း သုတ်ရည်ထုတ်လွှတ်နိုင်တယ်လို့ ရှင်းပြပါတယ်။
သူ့ရဲ့ငယ်ပါ ၂ ခုစလုံး တပြိုင်တည်းအသုံးပြုတာကို ကျေနပ်ကြတဲ့ အမျိုးသမီးတွေရှိပြီး ရည်းစားတစ်ယောက်ဆိုရင် အဆိုပါခံစားမှုကို စွဲလမ်းနေခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာပါတယ်။
သူမဟာ ငယ်ပါတစ်ခုတည်းနဲ့ မတင်းတိမ်နိုင်တော့တာကြောင့် တန့်ခ်နဲ့လမ်းခွဲပြီးနောက်ပိုင်း ၂ ယောက် ၁ ယောက်အနေအထား စတင်နေထိုင်လာကြောင်း ဆိုလာပါတယ်။
သူမက အပြာကားသရုပ်ဆောင် ဖြစ်ချင်နေပြီး ဗီဒီယိုတွေ ရိုက်ကူးချင်နေခဲ့ကာ သူလည်း ငွေတွေအများကြီး ရှာနိုင်ခဲ့ရမှာဖြစ်ကြောင်း တန့်ခ်က ဆိုပါတယ်။
တစ်ချိန်တည်းမှာ ငယ်ပါတစ်ခုတည်းကိုသာ အသုံးပြုနေရတာ သူ့အတွက်ခက်ခဲသလို နှစ်ခုစလုံးသုံးပြန်ရင်လည်း အမျိုးသမီးအများစုအတွက် နာကျင်ရစေတယ်လို့ ရှင်းပြပါတယ်။
ခွဲစိတ်ရန် ဆုံးဖြတ်ပြီးနောက် အခုအချိန်မှာ တန့်ခ်ဟာ ငယ်ပါတစ်ခုတည်းသာ ရှိတော့တာဖြစ်ပြီး သူ့ရဲ့မိသားစုဝင်အများအပြားဟာလည်း ထိုနေရာတဝိုက်မှာ ထူးထူးဆန်းဆန်းတွေ ဖြစ်နေကြပါတယ်။
သူ့ဦးလေးဟာလည်း ငယ်ပါ ၂ ခုဖြင့်မွေးဖွားလာခဲ့သလို သူ့အဖေကတော့ ဝှေးစေ့ကြီးမားနေပါတယ်။
Source: NY Post #World_Health
Page 349 of 827